Sand Creek Massacre,
အမေရိကန်ပြည်ထောင်စုကလည်း အင်အားသုံးပြီး ပြည်ထောင်စုကို ထူထောင်ခဲ့ကြောင်း တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဌာနေတိုင်းရင်းသားများကို ချေမှူန်းခဲ့ပုံမှာ လက်ခံနိုင်စရာ မရှိလှပါ။ လက်ရှိအမေရိကန်ပြည်ထောင်စုေ မြပုံအတိုင်း နောက်ဆုံးမပေါ်ထွန်းလာမီ အခု စာရေးသူတို့ နေနေတဲ့ ကိုလိုရာဒိုအုပ်ချုပ်ရေးဒေသ တွေမှာ အမေရိကန်နဲ့ ဌာနေတိုင်းရင်းသားတွေ အကြီးအကျယ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဌာနေတိုင်းရင်းသားတို့ထက် လူဖြူအခြေချနေထိုင်သူတို့က ပိုယုတ်မာခဲ့ကြပါတယ်။ လူဖြူများကို ရိုးရိုးသားသားနဲ့ ယုံစားမိတဲ့ ဌာနေတိုင်းရင်းသားခေါင်းဆော င်များဟာ မိမိတို့ မုဆိုးလိုက်နေတဲ့အချိန်မှာ မိမိတို့စခန်းမှာ ကျန်နေခဲ့တဲ့ အမျိုးသမီးများနဲ့ ကလေးများ မရှုမလှ အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ကြရပါတယ်။ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကို Sand Creek Massacre လို့ ခေါ်ပါတယ်။ ကိုလိုရာဒိုပြည်နယ် အရှေ့တောင်ပိုင်းမှာ ရှိနေပါတယ်။ ကိုလိုရာဒိုပြည်နယ်၊ ဝိုင်အိုမင်ပြည်နယ်၊ ဒါကိုတာပြည်နယ်များ အစရှိတဲ့ဒေသများဟာ ဌာနေတိုင်းရင်းသားတို့ နောက်ဆုံးခုခံခဲ့ကြတဲ့ ဒေသများ ဖြစ်ပါတယ်။ အချိန်ရရင် ဒီအကြောင်းကို ဆောင်းပါးတစ်ပုဒ် ရေးပါဦးမယ်။
လူဖြူများက ကောင်းတဲ့ အင်ဒီယန်းတစ်ယောက်မှ မရှိ၊ ကောင်းတဲ့ အင်ဒီယန်ဆိုတာ သင်ချိုင်းမှာပဲ ရှိတယ်လို့ ကြွေးကြော်ပြီး ဌာနေတိုင်းရင်းသားများကို Reservation လို့ ခေါ်တဲ့နေရာမှာ ထားလိုက်ကြတယ်။ အဲဒီနေရာတွေမှာ ရွှေထွက်ကြောင်း သိရတဲ့အခါ ကတိကို ချိုးဖောက်ပြီး နေရာယူကြပြန်တယ်။ ပြီးတော့ အင်ဒီယန်များကို တိုက်ကြပြန်တယ်။ နောက်ဆုံး ဌာနေတိုင်းရင်းသားတို့ကို အစာရေစာဖြတ်ဖို့ Buffalo (နွားနောက်ပုံပေါက်၊ ကျွဲပုံမပေါက်) တွေသတ်ဖြတ်ပွဲ ကျင်းပကြရာ Buffalo အရေအတွက်မှာ သန်းဂဏန်းကနေ ရာဂဏန်းမျှသာ ကျန်ပါတော့တယ်။ ဒီနောက်မှာ ဌာနေတိုင်းရင်းသားတို့က လူဖြူတို့ကို အရှုံးပေးလိုက်ရပါတော့တယ်။
ဒီအကြောင်းတွေကို အမေရိကန်ကျောင်းတွေမှာ သင်ပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာလို မြန်မာတို့က သူတစ်ပါးကိုလည်း ကျူးကျော်တယ်၊ သူတစ်ပါးကိုလည်း ထဆဲသေးတယ်၊ မြန်မာတို့ပဲ လူသတ်တယ်၊ မြန်မာတို့ပဲ ဓားပြတိုက်တယ်၊ မြန်မာတို့ပဲ နယ်ချဲ့တယ်....ရှိသမျှမကောင်းမှုကို လုပ်ပြီး မြန်မာတို့ပဲ သူတော်ကောင်းဖြစ်ကြပါပေတယ်လို့ ရေးကြတယ်မလား။ အဲဒါနယ်ချဲ့ဝါဒကိုပဲ ပြည်ထောင်စုသမိုင်းလို့ လံကြုပ်လုပ်ကြံရေးပြီး စာသင်ခန်းထဲမှာ သင်ကြရတာပဲမဟုတ်လား။ အမေရိကန်မှာ အဲဒီလိုမဟုတ်ဘူး။ သူတို့မှားခဲ့တဲ့ သမိုင်းကို နှောင်းလူတို့ မမှားရလေအောင် အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့နေရာကို Historical Park အဖြစ်နဲ့ ထားပြီး ကျောင်းသူကျောင်းသားများကို လေ့လာစေတယ်။ မြန်မာပြည်မှာ အဲဒီ Historical Park တွေ ထားရှိရင် တစ်နိုင်ငံလုံး ပြည့်နေမှာပဲ။
ဒါပေမဲ့ သမိုင်းကို အမှန်အတိုင်း သင်ကြရပါ့မယ်။ သမိုင်းဆိုတာ လူလိမ်လူညစ်တွေ ကျက်စားတဲ့အရာမဟုတ်ဘူး။ ပညာရှင်တို့ ညာဏ်ကစားရာနယ်မြေပါ။
အမေရိကန်ပြည်ထောင်စုကလည်း အင်အားသုံးပြီး ပြည်ထောင်စုကို ထူထောင်ခဲ့ကြောင်း တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဌာနေတိုင်းရင်းသားများကို ချေမှူန်းခဲ့ပုံမှာ လက်ခံနိုင်စရာ မရှိလှပါ။ လက်ရှိအမေရိကန်ပြည်ထောင်စုေ
လူဖြူများက ကောင်းတဲ့ အင်ဒီယန်းတစ်ယောက်မှ မရှိ၊ ကောင်းတဲ့ အင်ဒီယန်ဆိုတာ သင်ချိုင်းမှာပဲ ရှိတယ်လို့ ကြွေးကြော်ပြီး ဌာနေတိုင်းရင်းသားများကို Reservation လို့ ခေါ်တဲ့နေရာမှာ ထားလိုက်ကြတယ်။ အဲဒီနေရာတွေမှာ ရွှေထွက်ကြောင်း သိရတဲ့အခါ ကတိကို ချိုးဖောက်ပြီး နေရာယူကြပြန်တယ်။ ပြီးတော့ အင်ဒီယန်များကို တိုက်ကြပြန်တယ်။ နောက်ဆုံး ဌာနေတိုင်းရင်းသားတို့ကို အစာရေစာဖြတ်ဖို့ Buffalo (နွားနောက်ပုံပေါက်၊ ကျွဲပုံမပေါက်) တွေသတ်ဖြတ်ပွဲ ကျင်းပကြရာ Buffalo အရေအတွက်မှာ သန်းဂဏန်းကနေ ရာဂဏန်းမျှသာ ကျန်ပါတော့တယ်။ ဒီနောက်မှာ ဌာနေတိုင်းရင်းသားတို့က လူဖြူတို့ကို အရှုံးပေးလိုက်ရပါတော့တယ်။
ဒီအကြောင်းတွေကို အမေရိကန်ကျောင်းတွေမှာ သင်ပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာလို
ဒါပေမဲ့ သမိုင်းကို အမှန်အတိုင်း သင်ကြရပါ့မယ်။ သမိုင်းဆိုတာ လူလိမ်လူညစ်တွေ ကျက်စားတဲ့အရာမဟုတ်ဘူး။ ပညာရှင်တို့ ညာဏ်ကစားရာနယ်မြေပါ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။