တချို့ က ပြောတယ်။ ကျွန်တော်က နိုင်ငံရေး အကြောင်းတွေ ရေးတယ်တဲ့။
ကျွန်တော် အမှန်အတိုင်းဝန်ခံပါ့မယ်။
ကျွန်တော်ရေးတာ နိုင်ငံရေး အကြောင်းမဟုတ်ပါဘူး။နိုင်ငံ ရေး စာအုပ်တွေ၊ နိုင်ငံရေးကျမ်းတွေ ကို မှီငြမ်းတာမျိုးလဲ မလုပ်ပါဘူး။ နိုင်ငံရေးသမားကြီးတွေ ရဲ့ အဆိုအမိန့် တွေကိုလဲ၊ ကိုးကားပြတာမျိုးမရှိပါဘူး။ အဓိကအချက်ဖြစ်တဲ့ နိုင်ငံရေးသမားတစ်ယောက် အဖြစ်နဲ့လဲ ကျွန်တော့်ဘ၀ ကို မဖြတ်သန်းခဲ့ဖူးပါဘူးခင်ဗျာ ။
ကျွန်တော် ရေးတဲ့ status တွေ အားလုံးနီးပါးဟာ ကျွန်တော်ဖြတ်သန်းခဲ့ဖူးတဲ့ တကယ်တွေ့ကြုံခဲ့ဖူးတဲ့ သာမာန်အရပ်သား တစ်ယောက်ရဲ့ အတွေ့အကြုံတွေ နဲ့ အသိအမြင်တွေသာဖြစ်ပါတယ်။
ဥပမာပြရမယ်ဆိုရင်တော့၊ ဗိုလ်ချုပ်ကြီး စောမောင်က ရွေးကောက်ပွဲ ပြီးရင် တပ်မတော်က စစ်တန်းလျား ပြန်မယ်ဆိုတာ တကယ်ပြောခဲ့တာပါ။ မြန်မာ့ရုပ်မြင်သံကြားသတင်း အစီအစဉ်ကြေညာစဉ်က ကျွန်တော့်မျက်စိနဲ့မြင်ခဲ့ ရ၊ကျွန်တော့်နားနဲ့ကြားခဲ့ရ တာပါ။ (တကယ်တမ်း ရွေးကောက်ပွဲ ပြီးသွားတဲ့ အခါ မြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာကို ပြောင်ပြောင်တင်းတင်းလိမ်ညာ ခဲ့ပါတယ်)
၈၈ ကာလ ကရင်ပြည်နယ် နယ်စပ်မှာ အကြီးအကျယ် ထိုးစစ်တွေဆင်ပြီး တပ်မတော်သားတွေ ရဲ့ အသက်တွေ၊ တိုင်းရင်းသားတွေ ရဲ့ ဘ၀ တွေ ပျက်ဆီးဆုံးရှုံးနေတဲ့ အချိန်မှာ တပ်မတော်က စစ်အရာရှိကြီးရဲ့ ညီတော်မောင် က သစ်တွေ စိတ်ကြိုက်ခိုးထုတ်ပြီး ထိုင်းနိုင်ငံ ကို ရောင်းစားခဲ့တယ်ဆိုတာ တကယ့်အဖြစ်အပျက်ပါ။ ကျွန်တော် စာအုပ်ဖတ်ပြီး ရေးတာမဟုတ်ပါဘူး။ မိတ်ဆွေ တို့ လဲ စုံစမ်းကြည့်လို့ရပါတယ်။
ထို့အတူဘဲ၊ စင်္ကာပူ က ဂေါက်ကွင်းမှာ ဂေါက်လာရိုက်ပြီး၊ လက်ဆောင်လာယူတဲ့ ဖြစ်စဉ် တွေ၊ ဂွင် လာညှိ တဲ့ ကိစ္စ တွေကလဲ၊ တကယ့်အဖြစ်အပျက်တွေပါဘဲ။
တစ်လ သိန်း (၅၀၀) မုန့်ဖိုး ရတဲ့ လူကြီးတစ်ယောက်ရဲ့ သား အကြောင်းလဲ သိတဲ့သူတွေအများကြီးပါဘဲဗျ။ မရမ်းကုန်း ကဘီယာဆိုင်ကို မီးရှို့မယ် လုပ်တဲ့ကိစ္စ၊ လုံထိန်းတပ်ရင်း တွေနဲ့ ၀ိုင်း ခဲ့တဲ့ကိစ္စ၊ အာဏာရှိ ပုဂ္ဂိုလ်တစ်ဦးကို ဖုန်းဆက်ခေါ်လိုက်လို့ လုံထိန်းတွေ ထရပ်ကားကြီးတွေ အပေါ်အူကြောင်ကြောင်နဲ့ ပြန်တက်ပြီး ကုတ်ကုတ်လေး ထိုင်နေခဲ့ရတဲ့ ကိစ္စ တွေ ဟာလဲ တကယ့်ဖြစ်ရပ်မှန်တွေပါဘဲ။
အနှစ်ချုပ်ပြောရရင်တော့၊ ကျွန်တော်ရေးတာတွေဟာ နိုင်ငံရေးစာပေ အဆင့်မရှိပါဘူး။ သာမာန် အခြေခံအဆင့်ပါဘဲ။ Data တွေ ပါ ပြီး ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ရေးထားလို့၊ ထူးခြားသလိုလို ဖြစ်နေတာပါ။
ကျွန်တော့်မျှော်မှန်းချက်က ရှင်းပါတယ်။ ကျွန်တော်မွေးဖွားကြီးပြင်း လူလားမြောက်ခဲ့တဲ့ တိုင်းပြည်မှာ ကောင်းမွန်တဲ့ စနစ်ပေါ်ပေါက်ပြီး၊ ပြည်သူကို စေတနာ ထားတဲ့ အစိုးရ အုပ်ချုပ်တာကို လိုချင်တာတစ်ခုဘဲရှိပါတယ်။ ကျွန်တော့်အတွက်၊
ကျွန်တော့်မိသားစု အတွက်၊ ဘာမှ မျှော်လင့်မထားသလို၊ နိုင်ငံရေးသမားတစ်ယောက်ရဲ့ အရည်အသွေး မျိုး၊ သတ္တိမျိုးလဲ ကျွန်တော့်မှာ မရှိပါဘူးခင်ဗျာ။
ကျွန်တော် အမှန်အတိုင်းဝန်ခံပါ့မယ်။
ကျွန်တော်ရေးတာ နိုင်ငံရေး အကြောင်းမဟုတ်ပါဘူး။နိုင်ငံ
ကျွန်တော် ရေးတဲ့ status တွေ အားလုံးနီးပါးဟာ ကျွန်တော်ဖြတ်သန်းခဲ့ဖူးတဲ့
ဥပမာပြရမယ်ဆိုရင်တော့၊ ဗိုလ်ချုပ်ကြီး စောမောင်က ရွေးကောက်ပွဲ ပြီးရင် တပ်မတော်က စစ်တန်းလျား ပြန်မယ်ဆိုတာ တကယ်ပြောခဲ့တာပါ။ မြန်မာ့ရုပ်မြင်သံကြားသတင်း
၈၈ ကာလ ကရင်ပြည်နယ် နယ်စပ်မှာ အကြီးအကျယ် ထိုးစစ်တွေဆင်ပြီး တပ်မတော်သားတွေ ရဲ့ အသက်တွေ၊ တိုင်းရင်းသားတွေ ရဲ့ ဘ၀ တွေ ပျက်ဆီးဆုံးရှုံးနေတဲ့ အချိန်မှာ တပ်မတော်က စစ်အရာရှိကြီးရဲ့ ညီတော်မောင် က သစ်တွေ စိတ်ကြိုက်ခိုးထုတ်ပြီး ထိုင်းနိုင်ငံ ကို ရောင်းစားခဲ့တယ်ဆိုတာ တကယ့်အဖြစ်အပျက်ပါ။ ကျွန်တော် စာအုပ်ဖတ်ပြီး ရေးတာမဟုတ်ပါဘူး။ မိတ်ဆွေ တို့ လဲ စုံစမ်းကြည့်လို့ရပါတယ်။
ထို့အတူဘဲ၊ စင်္ကာပူ က ဂေါက်ကွင်းမှာ ဂေါက်လာရိုက်ပြီး၊ လက်ဆောင်လာယူတဲ့ ဖြစ်စဉ် တွေ၊ ဂွင် လာညှိ တဲ့ ကိစ္စ တွေကလဲ၊ တကယ့်အဖြစ်အပျက်တွေပါဘဲ။
တစ်လ သိန်း (၅၀၀) မုန့်ဖိုး ရတဲ့ လူကြီးတစ်ယောက်ရဲ့ သား အကြောင်းလဲ သိတဲ့သူတွေအများကြီးပါဘဲဗျ။
အနှစ်ချုပ်ပြောရရင်တော့၊ ကျွန်တော်ရေးတာတွေဟာ နိုင်ငံရေးစာပေ အဆင့်မရှိပါဘူး။ သာမာန် အခြေခံအဆင့်ပါဘဲ။ Data တွေ ပါ ပြီး ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ရေးထားလို့၊ ထူးခြားသလိုလို ဖြစ်နေတာပါ။
ကျွန်တော့်မျှော်မှန်းချက်က
ကျွန်တော့်မိသားစု အတွက်၊ ဘာမှ မျှော်လင့်မထားသလို၊ နိုင်ငံရေးသမားတစ်ယောက်ရဲ့ အရည်အသွေး မျိုး၊ သတ္တိမျိုးလဲ ကျွန်တော့်မှာ မရှိပါဘူးခင်ဗျာ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။