Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 26, 2014

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀ဒိုင်ယာရီ

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀ဒိုင်ယာရီ

(ဆောင်းပါးရှင် - တင်နိုင်တိုး)

ဗိုလ်ချုပ်အောင်ဆန်းသည် စာရေးဝါသနာပါသူတစ်ဦးဖြစ်ပါသည်။ ငယ်စဉ် မူလတန်းကျောင်းသားဘ၀ကပင် ဖတ်စာအုပ်ထက်၌ ဇာတ်လမ်းတိုကလေးတစ်ပုဒ် ရေးသားခဲ့ဖူးသည်ကိုလည်း တွေ့ရှိရ၏။

ဗိုလ်ချုပ်၏ ကျောင်းသားဘဝ

ဗိုလ်ချုပ်အောင်ဆန်းက သူ၏ကျောင်းသားဘ၀နှင့်ပတ်သက်၍ ကျောင်းစနေဖြစ်ခဲ့ပုံကို ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင်"ကျွန်တော်တို့၏မိဘများသည် ပညာကိုလည်း အထူးလိုလားသည်။ ကျွန်တော်၏ အစ်ကိုများကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ ကျွန်တော်တစ်ယောက်သာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာထားသဖြင့် အသက်ရှစ်နှစ်ရောက်မှသာလျှင်ကျောင်းစနေရပေသည်" ဟု ရေးသားဖော်ပြထားပါသည်။

ရေနံချောင်း အမျိုးသားကျောင်းသားဘ၀ကို ဆက်လက်ရေးသားဖော်ပြရာ၌ "တန်းကျော်တက်ခဲ့ရပြန်သဖြင့် လေးနှစ်နှင့် ၁၀ တန်းအောင်မြင်သည်။ အင်္ဂလိပ်မြန်မာ သတ္တမတန်းစာမေးပွဲတွင် ဗမာတစ်ပြည်လုံး န၀မစွဲခဲ့၍ အထက်တန်းစကောလားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသားကျောင်းများတွင် ပထမစွဲခဲ့၍ ဦးရွှေခိုဆုရရှိခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ခြောက်နှစ်ခွဲမျှနေခဲ့ရသည်"ဟူ၍ပါရှိခဲ့သည်။

တတိယတန်း ဖတ်စာအုပ်

ဗိုလ်ချုပ်အောင်ဆန်း တတိယတန်းကျောင်းသားဘ၀ ဆရာတော်ဦးသောဘိတကျောင်းတွင် ပညာဆည်းပူးခဲ့စဉ်က တတိယတန်းဖတ်စာအုပ်ထဲတွင် ဇာတ်လမ်းကလေးတစ်ပုဒ် ရေးသားထားခဲ့ဖူးပါသည်။ ကလေးတို့သဘာဝ ဖတ်စာအုပ်မှ ပိုနေသောနေရာတွင် ရောက်တတ်ရာရာ ရေးသားထားခြင်းဖြစ်သည်။ ယင်းဖတ်စာအုပ်ကို နတ်မောက်မြို့နေ ဆွေမျိုးသားချင်းများက ထိန်းသိမ်းထားခဲ့ပြီး ဗိုလ်ချုပ်နှင့် ငယ်စဉ်ကကျောင်းနေဖက်ဖြစ်ခဲ့ဖူးသူနှင့် ဆရာအချို့က မူလတန်းကျောင်းသားဘ၀ မောင်အောင်ဆန်း၏ စာအုပ်ဖြစ်ကြောင်း အတည်ပြုပေးခဲ့ကြသည်။

ဇာတ်လမ်းတိုတစ်ပုဒ်

မူလတန်းကျောင်းသားကလေး မောင်အောင်ဆန်း၏ ဇာတ်လမ်းတိုမှာ "လိမ္မာသောသူပြော - ဆိုးသောကလေးများသည် ငှက်များကိုပစ်ကြသည်။ အလွန်မှားသည်။ အလွန်ဆိုးသည်။ ဆိုးသောလူပြော - ဘာမှားသလဲကွ။ ဘာဆိုးသလဲကွဟင်။ လိမ္မာသောသူပြော - ငှက်ပစ်တာဆိုးတယ်ကွေ့ (ကွ)။ ဆိုးသောလူပြော - ဒါဖြင့် မင်းငှက်သားမစားဘူးလား။ လိမ္မာသောလူပြော - စားတယ်။ ဆိုးသောလူပြော - မင်းငှက်သား မစားချင်ဘူးလား။ လိမ္မာသောလူပြော - စားချင်တယ်။ ဆိုးသောလူပြော - မင်းစားချင်ရဲ့သားနဲ့ ငှက်ပစ်တဲ့လူမိုက်တယ်၊ ဆိုးတယ်လို့ ဘာလို့ပြောရတုန်း။ လိမ္မာသောလူပြော - မင်း ငါကပြောတာမှာ ဆိုးတယ်လို့ပြောသည် မဟုတ်ဘူးလား။ ဆိုးသောလူပြော - အေး။ လိမ္မာသောလူပြော - မင်းတို့ငှက်ပစ်လို့ မိုက်တာဆိုတာ ကမ္ဘာပေါ်မှာ အမိုက်ဆုံးပဲ။ ဆိုးသောလူပြော - နောက်မပြောနဲ့ကွာ။ မင်းစားချင်ရဲ့သားနဲ့ မိုက်တယ်လို့ဆိုတာကိုကွ" ဟူ၍ ဖြစ်ပါသည်။

အထက်တန်းကျောင်းသားဘဝ

ဗိုလ်ချုပ်အောင်ဆန်းသည် ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် အထက်တန်းကျောင်းသားတစ်ဦးအဖြစ် ပညာဆည်းပူးခဲ့စဉ်က နေ့စဉ်မှတ်တမ်းရေးသားလေ့ရှိကြောင်း အမှတ်အသားတွေ့ရှိရပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀ ဒိုင်ယာရီမှာ ၁၉၇၁ ခုနှစ်ကပင် ဆွေးမြေ့လျက် စာရွက်များ ၀ါကြန့်နေပြီဖြစ်ပြီး စာလုံးများပင် မှိန်စပြုနေကြောင်း ဆိုပါသည်။ ထိုစဉ်ကပင် စာအားလုံးမှာ ဖတ်မရတော့ဘဲ စာရွက်အချို့က ပြုတ်ထွက်နေပြီဖြစ်သည်ဆို၏။ ဖတ်ရှု၍ရရှိသမျှကို စာပေတာဝန်သိသူတို့က မှတ်တမ်းတင်ခဲ့ကြရာ နှောင်းခေတ်သုတေသီများ၊ စာပေ၀ါသနာရှင်များ ဖတ်ရှုလေ့လာခွင့် ရရှိခဲ့သည်။

၁၉၃၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်

၁၀ တန်းကျောင်းသား ကိုအောင်ဆန်းက သူ၏ဒိုင်ယာရီတွင် (၈-၂-၁၉၃၂) ရက်စွဲဖြင့် " ၈-၂-၃၂ ကစ၍ နေ့ကျောင်းသား ၁၀ တန်းသားတွေတက်ရ၊ လေးယောက်သာတက်သည်။ ပျင်းစရာကောင်းလှ၏။ သို့ရာတွင် ဦးပုကား ပျင်းဟန်မတူ၊ စိတ်ပါစွာ ပြုပေ၏။ ချီးမွမ်းဖွယ်ပင်" ဟူ၍ ရေးမှတ်ထားပါသည်။ ၁၀ တန်းကျောင်းသား ကိုအောင်ဆန်းက စေတနာပါသည့် ဆရာဦးပုကို တလေးတစား မှတ်တမ်းတင်ထားခြင်းဖြစ်သည်

၁၉၃၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်

ကျောင်းသားကိုအောင်ဆန်း၏ ဒိုင်ယာရီတွင် (၁၄-၂-၁၉၃၂) ရက်စွဲဖြင့် မှတ်တမ်းရေးသားထားရာ၌ "၁၄-၂-၃၂ (တပို့တွဲလဆန်း ၁ ရက်) တနင်္ဂနွေနေ့ ယနေ့ ဘချမ်းဆိုင်သွားသည်။ လမ်း၌ သံဃသြ၀ါဒခံ ၀ံသာနုရက္ခိတအသင်းဝင် နံပတ် ၁ စသည်ဖြင့် ၀ံသာနုအိမ်များတွင် ကပ်ထားသည်ကို တွေ့ရသည်" ဟူ၍ မှတ်သားထားပါသည်။

ကိုအောင်ဆန်းအနေဖြင့် ပတ်ဝန်းကျင်အပေါ် အကဲခတ်တတ်မှု၊ အလေးဂရုပြုမှုများကို ထင်ရှားစေပါသည်။

၁၉၃၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်

၁၀ တန်းကျောင်းသား ကိုအောင်ဆန်း၏ဒိုင်ယာရီတွင်(၁၅-၂-၁၉၃၂) ရက်စွဲဖြင့် ရေးမှတ်ထားရာ၌လည်း " မနေ့က ဘချမ်းဆိုင်တွင် ပုလိပ်စာဇင်တစ်ယောက်က သူကြီးကို ခင်ဗျားတို့အရပ်ထဲမယ် ဘာပြုလို့ ကင်းစောင့်မထားသလဲ၊ ဘာလဲနှင့် ဘာမှမဆိုင်ဘဲနှင့် ငေါက်နေတာ မတရားဘူး။ သည်ကောင်က ဘာလုပ်တုန်း၊ ညာလုပ်တုန်း စသဖြင့် ပြောသံကြားရ။ သြော်ပုလိပ်များက ကြောက်မှတ်လို့ ဖြဲခြောက်တာ ဘာရမလဲ" ဟူ၍ တွေ့ရှိရပါသည်။

ဤတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားဘ၀ကပင် မတရားမှုကို မုန်းတီးသူဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ယင်းဒိုင်ယာရီပါစာသားများက ကိုအောင်ဆန်း၏ မျိုးချစ်စိတ်နှင့် ဇာတိစိတ်ကို ပြသနေပါသည်။

၁၉၃၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်

ကိုအောင်ဆန်း၏ (၁၆-၂-၁၉၃၂) ရက်စွဲဖြင့် ရေးသားထားသော ဒိုင်ယာရီတွင် "၁၆-၂-၃၂ (တပို့တွဲလဆန်း ၁၀ ရက်) အင်္ဂါနေ့ ယနေ့ အစ်ကိုကိုအောင်သန်းထံမှ စာရရှိသည်။ စာနှစ်စောင်ပါသည်။ တစ်စောင်ကား ကျွန်ုပ်ထံ၊ တစ်စောင်ကား အစ်ကိုကြီးထံထည့်သည်။ စာပါအကျဉ်းချုပ်မှာ ကျွန်ုပ်ထံစာ၌ ယူနီယံမဂ္ဂဇင်း ပို့လိုက်ကြောင်း။ နိုင်ငံရေးများသာထည့်ကြောင်း။ ထုတ်ဝေနေကျ ကောလိပ်မဂ္ဂဇင်းနှင့်မတူကြောင်း စသည်တို့ ပါသည်။ ကျွန်ုပ်ထံပေးစာကို ၂၉-၁-၃၂ ခု ရက်စွဲတပ်ပါလာသည်။ အစ်ကိုကြီးထံစာမှာ မည်သည့်ရက်တွင် ပို့သည်ကို မသိရ။ သေချာမကြည့်မိလေ" ဟူ၍ ရေးသားဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

ကိုအောင်ဆန်း၏ စိတ်ဓာတ်

ကိုအောင်ဆန်း ၁၀ တန်းကျောင်းသားဘ၀တွင် အစ်ကိုကိုအောင်သန်းမှာ ရန်ကုန်တက္ကသိုလ်သို့ရောက်ရှိနေရာ ညီဖြစ်သူကို အောင်ဆန်းဖတ်ရှုရန်အတွက် စာနှင့်အတူ မဂ္ဂဇင်းစာအုပ်ပေးပို့ခဲ့ခြင်းဖြစ်သည်။ ယင်းစာနှင့်အတူ ကိုအောင်ဆန်းတို့ အစ်ကိုကြီးဟုခေါ်ဆိုကြသည့် ဦးဘ၀င်းထံပေးစာလည်း ပါဝင်ခဲ့သည်။ သို့သော် ကိုအောင်ဆန်းက အစ်ကိုကြီးထံပေးပို့သောစာကို ခွင့်ပြုချက်မဲ့၊ စည်းမဲ့ကမ်းမဲ့ ဖတ်ရှုခဲ့ခြင်း ရှိခဲ့ဟန်မတူပေ။ ကိုအောင်ဆန်းသည် ဒိုင်ယာရီရေးလေ့ရှိသော်လည်းမည်သည့်အရွယ်မှ စရေးသည်ကို ကောင်းစွာမသိရပေ။

ပန်းချီလက်ရာ

နေရှင်နယ်ကျောင်းသား ကိုအောင်ဆန်းသည် တစ်ခါတစ်ရံ ရောက်တတ်ရာရာ ရုပ်ပုံကလေးများလည်း လျှောက်ဆွဲတတ်သည်။ ပန်းချီပုံတစ်ပုံတွင် ကျောင်းအုပ်ကြီး ဦးမေအောင်ပုံကို ရေးဆွဲထားဟန်ရှိပြီး ဆရာကြီး ဦးပုအမည်၊ ဦးဘကြမ်းအမည်များကိုလည်း ရေးခြစ်ထားပါသည်။ ဦးပုမှာ ကျောင်းသားကိုအောင်ဆန်း၏ ဒိုင်ယာရီပါ ဆရာကြီးအမည်ဖြစ်ပြီး ဦးဘကြမ်းမှာ ဒိုင်ယာရီပါ ဈေးဆိုင်ပိုင်ရှင် ဦးဘချမ်းကို ဆိုလိုဟန်ရှိပါသည်။

မိခင်ထံပို့စာ

ဤတွင် ကိုအောင်ဆန်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀က မိခင်ဒေါ်စုထံသို့ ပေးပို့ခဲ့သည့် စာကလေးတစ်စောင်ကိုလည်း တွေ့ရှိရပါသည်။ စာ၏လက်ျာဘက်ထိပ်တွင် "ရန်ကုန်မြို့ ဒီဇင်ဘာ ၂ ရက်" ဟု ရက်စွဲထိုးထားပါသည်။ စာမှာ "ရိုသေလေးစားစွာ စာရေးအစီရင်ခံပါသည် အမိခင်ဗျား။ မနေ့က အစ်ကိုကြီးထံမှ ငွေ ၅၀ိ ကိုရရှိပါသည်။ လွန်ခဲ့သောလက ငွေ ၈ ကျပ်ကျော်ကျော်လောက်ပိုပါသည်။ ဘက်ရိုက်ကစားသင်းသို့လည်း မ၀င်ဖြစ်။ ထိုလတွင် မူလရည်မှန်းထားသည့်အတိုင်း သုံး၍မဖြစ်။ ဘက်ရိုက်အသင်းဝင်မည်ဟု ပထမက ကြံစည်ခဲ့သော်လည်း အခွင့်မသာ၍မ၀င်ဖြစ်။ သို့ရာတွင် ယူလာခဲ့သောငွေကား များစွာမပိုပါ။ ယခုအခါ ကျွန်တော်သည် မိမိသုံးသည့်စာရင်းကို မှန်ကန်နိုင်သမျှ မှန်ကန်အောင် သိမ်းထားပါသည်။ ထိုစာရင်းကို ပြန်လှန်ကြည့်သော် အပိုသုံးမရှိ။ သို့သော် ငွေကားများစွာမပို။ ဤကိုထောက်၍ ပါးစပ်ပြောနှင့် အလုပ်လုပ်ဖို့ကားလွယ်၏။ တကယ်အလုပ်လုပ်ရာ၌ကား အကျဉ်းအကျပ်တွေ့ကြောင်း သိသာနိုင်လေသည်။ အောင်ဆန်း အခန်းနံပါတ် ၁၃" ဟူ၍ ရေးထားပါသည်။

ကျမ်းကိုး

၁။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ (သခင်ကိုယ်တော်မှိုင်းတည်းဖြတ်)
၂။ ဗိုလ်ချုပ်၏ ခြေစလက်နကလေးများ (နတ်မောက်လင်းရောင်) ရှုဒေါင့်ဂျာနယ်(၁၅-၇-၇၁)

(ကိုအောင်ဆန်း၏ ကျောင်းသားဘ၀ရေးခြစ်ထားသော ပန်းချီလက်ရာ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။