Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 29, 2014

အယ်လ်နီညို ဆိုတာ ဘာလဲ

>>>အယ်လ်နီညို ဆိုတာ ဘာလဲ <<<
၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဇွန်လတိုင်အောင် အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်တော့မယ်လို့ မိုးလေ၀သပညာရှင်များ သတိပေး ပြောဆိုနေကြပါပြီ။ ဒီနေရာမှာ.. အယ်လ်နီညို ရာသီဥတု၊ သဘောသဘာဝနှင့် ပတ်သက်လို့ ကျနော့် စာဖတ်ပရိတ်သတ်များအတွက် ဗဟုသုတရစရာ၊ ကြိုတင်ပြင်ဆင်စရာများကို စဉ်းစားဆုံးဖြတ်နိုင်ရန် ကျနော့်ရဲ့ "အာကာသနှင့် စကြ၀ဠာ" ပေ့ခ်ျမှ တင်ဆက်ပေးသွားပါ့မယ်။
အယ်လ်နီညိုအကြောင်း မပြောခင်မှာ ကျနော်တို့ကမ္ဘာအကြောင်း နည်းနည်းပြောချင်ပါတယ်။ ကမ္ဘာပေါ်မှာ အလွယ်တကူ စီးဆင်းနိုင်တဲ့ ရေ နဲ့ လေ အရာနှစ်ခုဟာ အပူချိန်ကို လိုက်ပြီး ပူရာမှ အေးရာ၊ အေးရာမှ ပူရာသို့ ဖြတ်သန်းစီးဆင်းကြပါတယ်။ ကမ္ဘာမြေကြီး လည်ပတ်နေမှုကြောင့် သူတို့ရဲ့ စီးဆင်းမှုဟာ အရှေ့မှ အနောက်သို့ ရွေ့လျား စီးဆင်းကြပါတယ်။ ဒီအပူချိန်အပြောင်းအလဲဟာ နေ ရဲ့ အပူချိန်ကြောင့် ပြောင်းလဲ ဖြစ်ပေါ်လာကြတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အီကွေတာ ရပ်ဝန်းဒေသတွေမှာပေါ့။
အီကွေတာမှာ ဖြစ်ပေါ်တဲ့အပူချိန်ကြောင့် ထိုနေရာမှာရှိတဲ့ လေဟာ ပွ တက်လာပြီး အေးတဲ့နေရာကို စီးဆင်း တိုက်ခတ်ပါတယ်။ လေရဲ့ တိုက်ခတ်စီးဆင်းမှု၊ အပူချိန်ပြောင်းလဲမှုတို့နဲ့အတူ ပြောင်းလဲ စီးဆင်းနေတာကတော့ ရေသမုဒ္ဒရာ များဘဲ ဖြစ်ပါတယ်။ ဒီလိုမျိုး အပူစီးဆင်းနိုင်မှုဟာ ကျနော်တို့ ကမ္ဘာမှာ ရာသီဥတုပြောင်းလဲမှုများကို ဖြစ်ပေါ်စေပါတယ်။ ပူပြင်းတဲ့နေရာတွေမှာ မိုးရွာသွန်းမှုကို ဖြစ်စေတယ်၊ အေးတဲ့နေရာတွေကို အနွေးဓါတ်တွေဖြစ်ပေါ်စေပါတယ်။ ဒါဟာ ပုံမှန်အခြေအနေပါ။
နောက်တစ်ခုက ကျနော်တို့ ကမ္ဘာမှာ အကျယ်ပြန့်ဆုံးသော သမုဒ္ဒရာဟာ ကမ္ဘာရဲ့ ၂၈% ကို စိုးမိုးထားတဲ့ ပစိဖိတ်သမုဒ္ဒရာ ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာရေထုရဲ့ အနွေးဓာတ်ဟာ ကမ္ဘာအနှံ့ လေထုကို လည်ပတ်တိုက်ခတ်စေသော အင်အားတစ်ရပ် ဖြစ်ပြီး ပုံမှန်ထက် အပူချိန်ပိုလာလျှင်တော့ မိုးလေ၀သအခြေအနေများကို ကမောက်ကမ ဖြစ်စေပါတယ်။
>>အယ်လ်နီညို
သမုဒ္ဒရာမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက် ၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ပိုတက်လျှင်ကိုဘဲ အယ်လ်နီညို ပေါ်ပေါက်တယ်လို့ သတ်မှတ်ကြပါတယ်။
အယ်လ်နီညိုဖြစ်စဉ်သည် ၂ နှစ်မှ ၇ နှစ်အတွင်း တစ်ကြိမ် ပေါ်လေ့ရှိပြီး တစ်ခါ ဖြစ်လျှင် ၉ လမှ ၁၈ လအထိ ကြာမြင့်ပါတယ်။ ၁၉၉၇-၉၈ ခုနှစ် အယ်လ်နီညိုကြောင့် ၁၉၉၈ ခုနှစ်တွင် စံချိန်တင် ပူခဲ့ပြီး မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၀၆-၀၇ ခုနှစ်အတွင်း အယ်လ်နီညို ဖြစ်ပေါ်စဉ်က အပူချိန်ဟာ ပုံမှန်ထက် ၀ ဒသမ ၉ ဒီဂရီ စင်တီဂရိတ် မြင့်တက်ခဲ့ပါတယ်။ ၂၀၀၉-၂၀၁၀ မှာတော့ ပုံမှန်ထက် ၁.၆ ဒီဂရီ စင်တီဂရိတ်အထိ တက်ခဲ့တယ်လို့ စားရင်းဇယားများအရ သိရှိရပါတယ်။
အယ်လ်နီညို ပေါ်ပေါက်လျှင် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ဗဟိုပိုင်းနှင့် အရှေ့ပိုင်း (တောင်အမေရိကတိုက်) မှာ မိုးပိုရွာပြီး ရေကြီး၊ ရေလျှံတတ်ပါတယ်။ ဒါပေမယ့် သြစတေးလျမြောက်ပိုင်း၊ အင်ဒိုနီးရှား ဖိလစ်ပိုင် နဲ့ ကျနော်တို့ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှဒေသ၊ အရှေ့အာဖရိကနှင့် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွေမှာတော့ ပုံမှန်ထက် ခြောက်သွေ့တဲ့ အခြေအနေများနှင့် ကြုံရလေ့ရှိပါတယ်။
အရှေ့အာရှနှင့် မြောက်အမေရိကတွင် ဆောင်းတွင်း အအေးပေါ့သွားမှာ ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာအရှေ့ဘက်မှာတော့ မုန်တိုင်းအရေအတွက် ပိုလာကာ အတ္တလန်တိတ်သမုဒ္ဒရာတွင်မူ မုန်တိုင်း ဖြစ်ပေါ်မှု နည်းသွားတတ်ပါတယ်။ အယ်လ်နီညိုဟာ နိုဝင်ဘာမှ ဧပြီလအတွင်း အားအကောင်းဆုံး ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဒီဇင်ဘာလမှာ အားအကောင်းဆုံးဖြစ်မယ်လို့ သတ်မှတ်ထားကြပါတယ်။
>>>လာနီညာ
အယ်လ်နီညိုနှင့် ဆန့်ကျင်ဘက် အခြေအနေကို လာနီညာလို့ ခေါ်ပါတယ်။ လာနီညာ၏ လက္ခဏာမှာ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ ဗဟိုနှင့် အရှေ့ဘက်တို့တွင် ရေအပူချိန် ကျပြီး ကုန်သည်လေ အားကောင်းတဲ့အတွက် အရှေ့တောင်အာရှ အပါအ၀င် အချို့ဒေသများတွင် မိုးပိုရွာတတ်ပါတယ်။ လာနီညာသည်လည်း ပျမ်းမျှ ၂ နှစ်နှင့် ၇ နှစ်လျှင် တစ်ကြိမ် ပေါ်ပြီး တစ်ခါ ပေါ်လျှင် ၉ လမှ ၁၈ လ ကြာမြင့်တတ်ပါတယ်။
ကိုးကား။ ။ အာလူးလေး (အယ်လ်နီညို ဆိုတာ။ source/ changingclimate asia) , Myanmar Astronomy Blog Post (http://myanmarastronomy.blogspot.com/2008/10/earth.html)
အာကာသနှင့် စကြ၀ဠာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။