Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 26, 2014

“The Enlightenment in America”


အောက်ပါဆောင်းပါးသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အမေရိကန်ပြည်ထောင်စု၏ The NationalSociety of the Sons of the America Revolution မှ ကျင်းပပြုလုပ်ခဲ့သော Matriculation Level Essay ရေးပြိုင်ပွဲ၌ ချင်းအမျိုးသမီးငယ် Mai Than Za Kim (Kim Kim) မှ ပြိုင်ပွဲဝင်ရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။ သူမ ပါဝင်ယှဉ်ပြိုင်ခဲ့သော စာစီစာကုံးဖြစ်သည့် “The Enlightenment in America” သည် Florida State တွင် ပထမနှင့် အမေရိကန်ပြည်ထောင်စု တခုလုံးအတွက် တတိယဆုရရှိခဲ့ပါသည်။ အဆိုပါ အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော သူမ၏ ဆုရစာစီစာကုံးအား ချင်းဝေါလ်ဝိုင်းတော်သား ဆလိုင်းဆွေအေးထန်မှ မြန်မာဘာသာသို့ ဆီလျော်အောင် ဘာသာပြန်ကာ ပြန်လည်ဖော်ပြရပါသည်။

“ The Enlightenment, also known as the Age of Reason, was an intellectual movement in Europe in the 18th century after the Scientific Revolution. During this time period, the idea of the “self” and the individual started to take shape and the world was being viewed in new ways. The philosophers of this time relied on reason and logic which can be shown in their ideas and philosophies. Some of these well-known philosophers were Locke, Voltaire, and Montesquieu to name a few.” (Mai Kim Kim)

Photo-Mai Than Za Kim
အမေရိကန်ပြည်ထောင်စုနှင့် ဥာဏ်ပညာ အလင်းပွင့်မှုကြီး
အသိပညာခေတ်ဟု တင်စား ခေါ်ဝေါ်ကြသော ဉာဏ်ပညာအလင်းခေတ်သည် ဥရောပတိုက်တွင်သိပ္ပံတော်လှန်ရေးနောက်ပိုင်း ၁၈ရာစုအတွင်း ဖြစ်ပေါ်ခဲ့သည့် ဉာဏ်ပညာဆိုင်ရာ လှုပ်ရှားမှုကြီးဖြစ်သည်။ ဆိုခဲ့ပါ အချိန်ကာလအတွင်း လူသားများ၏ မိမိကိုယ်ကိုယ် နားလည်နိုင်မည့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းဟူသည့် စိတ်ကူးထည်များ ပေါ်ထွန်းလာကာ ကမ္ဘာ့အမြင်းများလည်း အသွင်သစ်ဖြင့် ပြောင်းလဲ ရှုမြင်လာကြသည်။ ထိုအချိန်အတွင်းရှိ ဒဿနိကပညာရှင်ကြီးများသည် သူတို့၏ စိတ်ကူးထည် သို့တည်းမဟုတ် အတွေးအခေါ်များဖြင့် ပြသနိုင်သည့် ကျိုးကြောင်းဆင်ခြင်မှုနှင့် ယုတ္တိဗေဒအပေါ်တွင် မှီခိုအားပြုလာကြသည်။ ထင်ရှားကျော်ကြားသည့် ဒဿနိကပညာရှင်ကြီးများထဲမှ အချို့ကိုဖော်ပြရလျှင် Locke, Voltaire, နှင့် Montesquieu စသည့် ဒဿနိကပညာရှင်ကြီးများ ပါဝင်မည်ဖြစ်သည်။ အဆိုပါ ဒဿနိကပညာရှင်ကြီးများနှင့်အတူ သူတို့နှင့်ခေတ်ပြိုင် ဒဿနိကပညာရှင်ကြီးများက လူ့အဖွဲ့အစည်းတစ်ခုလုံး ပိုမို ကောင်းမွန်စေမည့် စိတ်ကူးစံများဖြစ်သည့် ဒီမိုကရေစီ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် စသည်များအား အထူးအာရုံပြု လေ့လာလိုက်စားခဲ့ကြသည်။ ဥရောပတိုက်တွင် စတင်ခဲ့သည်ဆိုသော်ငြား ဉာဏ်ပညာအလင်းခေတ်၏ ဉာဏ်ပညာဆိုင်ရာ လှုပ်ရှားမှုကြီးသည် အမေရိကန်ပြည်ထောင်စုအထိ ပြန့်နှံ့လာခဲ့ပြီး အကြောင်းအရာများစွာ လွှမ်းမိုးနိုင်ခဲ့သည်။

အမေရိကန်တော်လှန်ရေး ခေါင်းဆောင်များစွာကို ဉာဏ်ပညာဆိုင်ရာ လှုပ်ရှားမှုကြီးက ကြီးမားကျယ်ပြန့်စွာ လွှမ်းမိုးနိုင်ခဲ့ပေရာ ထိုသူတို့ထဲမှ ထင်ရှားသည့် တော်လှန်ရေးခေါင်းဆောင်တစ်ယောက်မှာ BenjaminFranklin ပင်ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အတူ လွတ်လပ်ရေး ကြေညာချက်ထုတ်ပြန်ခြင်းနှင့် အမေရိကန်တော်လှန်ရေးများအား လွှမ်းမိုးနိုင်ခဲ့သည့် စိတ်ကူးစံနှင့် အတွေးအခေါ်များသည် ပညာအလင်းခေတ်ရှိ ကျိုးကြောင်းဆင်ခြင် တွေးခေါ်တတ်သူ ပညာရှင်ကြီးများ၏ အကူအညီများဖြစ်သည်ဟု ဆိုရပေမည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမေရိကန်ပြည်ထောင်စု အစိုးရ၏ အခြေခံအဆောက်အဦး သို့မဟုတ် ကျောရိုးမဏ္ဍိုင်ပင်ဖြစ်ပါသည်။ တစ်ချို့သောသူများအတွက် သိသာထင်ရှားခြင်းမရှိသော်လည်း အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေအနေဖြင့် ဉာဏ်ပညာအလင်းခေတ်၏ စိတ်ကူးစံများစွာအား ဆုပ်ကိုင်ထားဆဲဖြစ်သည်။ အာဏာများခွဲဝေကျင့်သုံးခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းမှုပေးသည့် စနစ် စသည့်စိတ်ကူးစံများသည် the Spirit of Laws ဟူသည့် Montesquieu’s သဘောတူညီချက်များထဲမှ ကောက်နုတ်ထားခြင်းပင်ဖြစ်သည်။ ထိုသို့ ကျင့်သုံခြင်းအားဖြင့် အစိုးရအား တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဟူ၍ မဏ္ဍိုင်ကြီးသုံးရပ်အဖြစ် ပိုင်းခြားထားခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် ယနေ့ထိ ကျင့်သုံးနေဆဲဖြစ်သည်။ နိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်များ ဖော်ပြချက် ဟူသည့် the Bill of Rightsအားလွှမ်းမိုးနိုင်ခဲ့သူမှာ Voltaire ဖြစ်သည်။

သူ၏ သည်းခံခြင်း၊ ကြောင်းကျိုးဆင်ခြင်သုံးသပ်ခြင်းနှင့် ဘာသာရေးနှင့် ပြောဆိုမှု လွတ်လပ်ခြင်းဆိုင်ရာ စိတ်ကူးများအား the Bill of Rights ထဲတွင်ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုသူတို့က ပြန်လည်အသုံးပြုခဲ့ကြသည်မှာ အစိုးရတစ်ရပ် ဖွဲ့စည်းတည်ထောင်ရန်ဟူသည့် လူမှုပဋိဉာာဏ်နှင့် လူသားများ၏ မွေးရာပါအခွင့်အရေးများ ကာကွယ် စောင့်ရှောက်နိုင်ရန် ပြည်သူများက အုပ်ချုပ်ရမည်ဆိုသည့် ပညာအလင်းခေတ်၏ စိတ်ကူးစံများဖြစ်သည် (Nay)။ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပညာအလင်းခေတ်ကြီးက ကြီးမားစွာ လွှမ်းမိုးနေသည်ဖြစ်၍ အခြေခံဥပဒေပြုစုသူများက ပညာအလင်းခေတ် တွေးခေါ်ရှင်ကြီးများနှင့် သူတို့၏ စိတ်ကူးစံများအား အခြေခံဥပဒေ ပြုစုရာတွင် အသုံးချခဲ့ကြသည်ဟု ယူဆရပါသည်။
လွတ်လပ်ရေး ကြေညာချက်တွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ထိုကြေညာချက်အား အဓိကနေရာမှ ပါဝင်ပြုစုရေးသားခဲ့သူ Thomas Jefferson သည် ပညာအလင်းခေတ်နှင့် ပညာအလင်းခေတ် ဒဿနိက ပညာရှင်ကြီးများ၏ အလွှမ်းမိုးခံ နိုင်ငံရေး ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် လွတ်လပ်ရေးကြေညာချက်ထဲတွင် ပညာအလင်းခေတ် စိတ်ကူးစံများစွာ ထည့်သွင်းအသုံးချခဲ့ပြီး အများစုမှာ John Locke နှင့် Jacques Rousseau တို့ဆီမှဖြစ်သည်။ John Locke သည် လူသားတိုင်း လူသားတိုင်းတွင် မွေးဖွားလာသည်နှင့်အတူ မွေးရာပါအခွင့်အရေးများဖြစ်သည့် အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် ပစ္စည်းဥစ္စာများ ပိုင်ဆိုင်ခွင့်ရှိသည်ဟု ယုံကြည်လက်ခံထားသူဖြစ်သည်။ ထိုအချက်နှင့်ကိုက်ညီနေသည်မှာ “လူသားအားလုံးသည် တန်းတူညီမျှစွာ ဖန်ဆင်းထားခြင်းဖြစ်ပြီး၊ လူသားအားလုံး၏ ဆန်ဆင်းရှင်ကိုယ်တိုင်က ငြင်းပယ်၍ မရနိုင်သော အခွင့်အရေးများဖြစ်သည့် အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် စိတ်ချမ်းသာမှု ရယူပိုင်ဆိုင်ခွင့်များ အပ်နှင်းထားသည်ကို ကျွန်တော်တို့အားလုံး လက်ခံထားသည်” ဟူသော လွတ်လပ်ရေးကြေညာချက်ထဲမှ သိသာထင်ရှားသည့် စာပိုဒ်တစ်ခုတွင်ဖြစ်သည် (The Declaration)။

ထိုစာပိုဒ်ထဲမှပဲ “လူသားအားလုံးသည် တန်းတူညီမျှစွာ ဖန်းဆင်းခြင်းခံရသည်” ဟူသော John Locke ၏ ယုံကြည်ချက်တစ်ခုအား ဖော်ပြထားသည်။ Jacques Rousseau ၏ ဒီမိုကရေစီနှင့် အများအုပ်ချုပ်ခြင်းဆိုင်ရာ ခိုင်မာသည့် ယုံကြည်ချက်တွင်လည်း လွတ်လပ်ရေးကြေညာချက်က လွှမ်းမိုးနေသည်ကို တွေ့ရမည်ဖြစ်သည်။ လွတ်လပ်ရေးကြေညာချက်အား အကောင်အထည်ဖော် ဖြစ်တည်စေသည့် အဓိကမောင်းနှင်အားသည် အုပ်ချုပ်ခံနှင့် အုပ်ချုပ်သူများအကြားရှိ လူမှုပဋိဉာာဏ်ပင်ဖြစ်သည်။ “အုပ်ချုပ်သူများက အုပ်ချုပ်ခံများအား ကာကွယ်စောင့်ရှောက်ခြင်း ပျက်ကွက်သည်နှင့် တပြိုင်နက် လူမှုပဋိဉာာဏ်အား ဖောက်ဖျက်ထားသည်ဖြစ်၍ အုပ်ချုပ်ခံများက အခြားသောအုပ်ချုပ်သူ သို့မဟုတ် အစိုးရအား လွတ်လပ်စွာ ရွေးချယ်၊ ဖွဲ့စည်းပိုင်ခွင့်ရှိသည်” (The Enlightenment)။ John Lock သည်လည်း အထက်ပါစိတ်ကူးစံနှင့် ဆင်တူပြီး အုပ်ချုပ်သူများက ကာကွယ်စောင့်ရှောက်ခြင်းမပြုလျှင် အုပ်ချုပ်ခံများအနေဖြင့် အစိုးရတစ်ရပ်အား ဖွဲ့စည်းပိုင်ခွင့်ရှိသည်ဟု ယုံကြည်လက်ခံထားသူဖြစ်သည်။
ဉာဏ်ပညာ အလင်းပွင့်မှုကြီးသာ မရှိခဲ့လျှင် အမေရိကန်တော်လှန်ရေးသမိုင်းသည်လည်း ဖြစ်ပေါ်လာစရာ အကြောင်းမရှိဟု ပင်ဆိုရပေမည်။ ဉာဏ်ပညာ အလင်းခေတ်ကြီးသည် အမေရိကန်တော်လှန်ရေးအတွက် အပြောင်းအလဲဖြစ်စေရန် တွန်းအားပေးသည့် ဓာတ်ကူပစ္စည်း တစ်မျိုးသဖွယ်ဖြစ်သည်။ အမေရိကန်တော်လှန်ရေးနှင့် ဥရောပမှ ဉာဏ်ပညာ အလင်းခေတ် တွေးခေါ်ရှင်ကြီးများ၏ သြဇာလွှမ်းမိုးမှုကြောင့်သာ ကိုလိုနီနိုင်ငံများသည် ဗြိတိန်လက်အောက်ခံဘ၀မှ လွတ်မြောင်နိုင်ရန် ကြိုးစားအားထုတ်လာကြခြင်းဖြစ်သည်။
ဥပမာပြရလျှင် အမေရိကန်တော်လှန်ရေးအား အလွှမ်းမိုးနိုင်ဆုံးသော ဉာဏ်ပညာ အလင်းခေတ် တွေးခေါ်ရှင် ပညာရှင်ကြီးဖြစ်သည့် Thomas Paine သည် ဉာဏ်ပညာ အလင်းခေတ်စိတ်ကူးစံများစွာကို ယုံကြည်လက်ခံထားသူဖြစ်သည်။ သူသည် အမေရိကနိုင်ငံက လွပ်လပ်ရေးကြေညာချက်ထုတ်ပြန်ရန် ဘုရင်အုပ်ချုပ်သော စနစ်အား စိန်ခေါ်မှုပြုထားသည့် သူ၏ ပကတိအသိဉာဏ် (Common Sense) ဟူသည့် စာအုပ်ဖြင့် တိုက်တွန်းနှိုးဆော်ခဲ့သည်။ အမေရိကန်တော်လှန်ရေးသည် အစိုးရအဟောင်းတစ်ရပ် အလုပ်မဖြစ်တော့လျှင် အစိုးရသစ်တစ်ရပ် ရယူရမည်ဟူသည့် John Lock ၏ စိတ်ကူးစံကလည်း လွှမ်းမိုးခဲ့သည်။ ဉာဏ်ပညာ အလင်းခေတ်ကြီးကပဲ အမေရိကန်တော်လှန်ရေး၏ ဒဿနိကဆိုင်ရာ အဖြေခံအချက်များ ဆောင်ကြဉ်းပေးခဲ့သည် (Sage)။ ထိုအရာကပဲ လွတ်လပ်ရေးကြေညာချက်ထုတ်ပြန်ခြင်းနှင့် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေတို့၏ အခြေခံ စိတ်ကူးစံများ တွေးတောကြံစည်စေခဲ့သည်။ အမေရိကန်တော်လှန်ရေးသည် ဉာဏ်ပညာ အလင်းခေတ်၏ အစိုးရဆိုင်ရာ အယူအဆတစ်ခုပင်ဖြစ်ပေသည် (Sage)။

အမှန်စင်စစ် ဉာဏ်ပညာ အလင်းခေတ်၏ တွေးခေါ်ရှင်ကြီးများနှင့် စိတ်ကူးစံများသည် အမေရိကနိုင်ငံ၏ လွပ်လပ်ခြင်း ဖြစ်ပေါ်စေသည့် အကြောင်းတရားပင်ဖြစ်သည်။ အမေရိကန်တော်လှန်ရေးမှသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်သည်အထိ ဉာဏ်ပညာ အလင်းခေတ်ကြီး၏ ရိုက်ခတ်မှု လက်ရာများ တွေ့မြင်ရမည်ဖြစ်သည်။ ထိုအရာကသာလျှင် လူသားများအား လွတ်လပ်မှုနှင့် ကိုယ်ပိုင်အခွင့်အရေးများ လိုချင်တပ်မက်လာအောင် လွှမ်းမိုးစွမ်းဆောင်ပေးခဲ့သည်။ ထိုကဲ့သို့သော လိုအင်ဆန္ဒကပဲ အမေရိကန်တော်လှန်ရေးဖြစ်ပေါ်စေခဲ့ပြီး ထိုမှတဆင့် လွတ်လပ်ရေးကြေညာချက်လက်မှတ်ရေးထိုးစေခဲ့ပြီး အပြန်အလှန်အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ရေးဆွဲနိုင်ရန် စွမ်းဆောင်ပေးခဲ့ခြင်းလည်းဖြစ်သည်။ ဉာဏ်ပညာ အလင်းခေတ် စိတ်ကူးစံ၊ အတွေးအခေါ်များက ယနေ့ အမေရိကန် အစိုးရအား သြဇာလွှမ်းမိုးလျက်ရှိနေပေသည်။ ဉာဏ်ပညာ အလင်းခေတ်စိတ်ကူးစံများသာ မရှိခဲ့လျှင် အမေရိကန်အစိုးရသည့် ကောင်းမွန်သည့် အစိုးရတစ်ရပ် ဖြစ်ဖွယ်ရာမရှိဟုပင် ယူဆရတော့ပေမည်။
http://www.chinworld.info/2014/05/26/1468/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။