Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 29, 2014

" ပြည်သူ့ စစ်သား" ဆိုသူများ ဖတ်ရန်...

" ပြည်သူ့ စစ်သား" ဆိုသူများ ဖတ်ရန်...

"ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား " (မောင်သစ်ဆင်း)
==================================

(၁)

ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း
အထက်တန်းကျောင်းသားဘ၀တုန်းက
ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရနေမိပါတယ်။

မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ
လက်ရွေးစင်ထဲက “မင်းတုန်းမင်းနှင့် ငါးခြောက်ပြား”
ဆောင်းပါးကို သင်ပြီးစပေါ့။

မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က
စံကျောင်းဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။

တစ်နေ့မှာ အင်းသားကြီး ငကြူက ငါးခြောက်ပြားကြီးတစ်ပြား
လာပြီး လှူတယ်။
ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။
ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့
ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ
သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။
နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ
မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။
ဆရာတော်ကတော့ လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာ မယ့်
ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။

မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေမေးမြန်း စုံစမ်းလို့ မရဘဲ..
ဗျာများနေခိုက် “ဟဲ့.. ငလွင် မရသေးဘူး လား”လို့
မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ဘဲ
ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း
တင်လျှောက်ရတော့တယ်။
“ငလွင်.. လာခဲ့”လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့
ဆရာတော့် အသံက ကျောင်းသားအားလုံးရဲ့
နှလုံးသားကို ကန့်လန့်ဖြတ် ၀င်သွားပါသတဲ့။

“ဟဲ့.. ငလွင် နင်ဟာ ဘုရင့်သား...
အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ၊
ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင် ..
လုံခြုံအောင် မစောင့်ရှောက်နိုင်ရင်..
နိုင်ငံကို ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့ မလဲ”..
လို့မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။

-------------------

(၂)

ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက..
သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။

မေးခွန်းတစ်ခု က ..
စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား? လို့ အဓိပ္ပာယ်မျိုးပေါက်တဲ့ မေးခွန်းပါ။

နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့
ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။
အဖြေလွှာတွေကို စားပွဲပေါ် ဘုန်းခနဲ မြည်အောင် ပစ်ချလိုက်ပါတယ်..
ဆရာ့မျက်နှာက နီပြီး တင်းလို့..
တစ်တန်းလုံးကို ဝေ့၀ဲပြီး ကြည့်တယ်...
တစ်တန်းလုံးကလည်း ငြိမ်လို့..
ဆရာ ဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံဘဲ..

ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကို ခေါ်ပြီး..
အတန်းရှေ့ထွက်ခိုင်းပါတယ်။

နောက်ဆုံး ခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်..

ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး
အဲဒီ့ကျောင်းသားကို ပေးလိုက်တယ်။

“ဒါ မင့်အဖြေလား”

“ဟုတ်ပါတယ် ဆရာ”

“အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း”

နည်းနည်း အံ့သြနေပုံနဲ့ ကျောင်းသားက...
သူ့အဖြေကို ဖတ်ပါတယ်။..

---------------------------

(၃)

မှတ်မိသလောက်ဆိုရင်တော့ .

" စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို သူ မကြိုက်ကြောင်း..

ဆုံးမမှု သဘောထားကို သံသယဖြစ်မိကြောင်း..၊

ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ
တပည့်ကို လမ်းညွှန်ချင်စိတ်ထက်..
မိမိ အလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို..
ဘုဉ်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က..
ပိုပြီး ကြီးမားနေနိုင်ကြောင်း..၊

ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက်အပြစ်ပေးစရာ မလိုကြောင်း..၊

နားဝင်အောင် ဆုံးမလျှင် ရပါလျက်နှင့်
သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ
ဒေါသစိတ်ကြောင့်ဟု သံသယဖြစ်စရာ ရှိကြောင်း..၊

ဘုရားသားတော်တို့ မည်သည် ..
ရသ တဏှာဖြင့် ဆွမ်းဘုဉ်း မပေးသင့်သည်ကို
သတိရသင့်ကြောင်း..၊

ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ
တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း.၊

အသားနာမှ အရိုးစွဲအောင် မှတ်မည်လို့ထင်ပြီး
ပြင်းပြင်းထန်ထန် အပြစ်ပေး ဆုံးမခဲ့ပေမယ့် ..
မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာနိုင်ငံတစ်ခုလုံးကို
အင်္ဂလိပ်လက် ထိုးပေး လိုက်ရတဲ့အတွက်
ဒီဆုံးမနည်းဟာ မအောင်မြင်ကြောင်း."

အဲဒီလိုတွေ ဖြေထားတာဗျ။

---------------------

(၄)

တစ်တန်းလုံးကတော့ တခိခိနဲ့ရယ်ကြတယ်။

သူတစ်ကြောင်း ဖတ်လိုက်၊
ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။

ဆရာကတော့ ကျောင်းသားတွေ ရယ်လေ
ဒေါသထွက်နေလေပါဘဲ။

ကျောင်းသားဖတ်ပြီးသွားတော့ ..
ဆရာက သူ့ ကိုမေးတယ်။

“မင်း ငါ့ကို နောက်တာလား”

“ဟာ.. မဟုတ်ဘူးဆရာ။
ကျွန်တော် မေးခွန်းကို ဖြေတာပါ။”

“ကဲ.. အားလုံး သူဖြေတာကို လက်ခံကြသလား၊
တစ်ယောက်ဆီ မေးမယ်"

"ကဲ.. မင်းကစ..
သူဖြေတာ
မှန်သလား မှားသလား”

ပထမဆုံး အမေးခံလိုက်ရတဲ့...
ရှေ့ ဆုံးခုံက ကျောင်းသားဟာ..
ရုတ်တရက် ဘာဖြေရမှန်း သိပုံ မရဘူး။

အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊
ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကို ကြည့်လိုက်နဲ့။

( ကျွန်တော့် စိတ်ထဲမှာလဲ..
အဲဒီကျောင်းသားရဲ့ အဖြေကို ကြိုက်နေတယ်။
ကျွန်တော်လည်း သူ့လို ခံစားမိတာဘဲ။
ဒါပေမယ့် သူ့ လို မဖြေတတ်ဘူး။
သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။

ပြီးတော့ သူ့လို မဖြေရဲဘူး။
တစ်တန်းလုံးလိုလိုလည်း ကျွန်တော့်လိုဘဲလို့ ထင်တယ်။
သူတို့ မျက်နှာတွေကို ကြည့်ရင် သိသာပါတယ်..)

“ဟေ့ကောင် ဖြေလေကွာ”

ရှေ့ ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။

အဖြေရှင် ကျောင်းသားကို တစ်ချက် ခိုးကြည့်ပြီး
ခေါင်းငုံ့ ချလိုက်တယ်။

တကယ်တော့ ဆရာက..
မှန်သလား မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို
မေးနေတယ်လို့ဆိုပေမယ့်
အမူအရာ.. လေသံ..တွေနဲ့..
ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေဟာ..

“မှားတယ်လို့ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး” ပဲ ဆိုတာကို..
့ပြောပြီးသာ ဖြစ်နေပါပြီ။

ဆရာဟာ ကျောင်းသားတွေကို
လိမ်နေသလို သူတရားပါတယ်ဖြစ်အောင်
သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါဘဲ။

ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့။

“သူဖြေတာ မှားပါတယ်”

“ဟုတ်ပြီ၊ နောက်တစ်ယောက်”

“မှား.. အဲ.. မှားပါတယ်”

“နောက်တစ်ယောက်”

“မှားပါတယ်”

တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ..
ကျွန်တော့်အလှည့် ရောက်လာပါတယ်။

-----------------------
(၄)

ကျွန်တော် ထရပ်လိုက်တယ်။
အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။

...

“မှားပါတယ်...”


....

အဖြေရှင် ကျောင်းသားကို မကြည့်ရဲပါဘူး..

ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကို စိုက်ကြည့်နေမိတယ်..

ထူးခြားတာက ကျောင်းသားအားလုံးလည်း အဲဒီလိုဘဲ..

လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို
နောက်ပြောင်မှုနဲ့ အတန်းရှေ့မှာ ရိုက်ပါတယ်။

ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ..
ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပါဘဲ။

ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေသလိုဘဲ။
တစ်တန်းလုံးလည်း ကျွန်တော့်လိုဘဲ ခံစားနေရမှာပါ။

--------------------

(၅)

အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။

ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့
သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။

ဆရာ့မှာ ဒီလို တပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်..

အဲဒီကနေ..... ဆန့်တွေးလိုက်ရင်တော့ ..

" ကျွန်တော်တို့ရဲ့ နိုင်ငံ " ပေါ့ ခင်ဗျာ..

ဒါ ဆုံးရှုံးမှုပါ...

ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုခြင်း တူပါလျက်နဲ့ ..
သူ့ လို မဖြေရဲခဲ့ရတာလဲ..

ဖြေရဲသူ ရှိလာတာတောင် ..

ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို
့မပြောရဲခဲ့ရတာလဲ..



(မောင်သစ်ဆင်း)
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။