Melvin Moe added 4 new photos — with Scuba Som and 5 others.
ကျွန်တော်တို့ အိမ်နီးနားချင်း ပတ်ဝန်းကျင် နိုင်ငံတွေအကြားမှာ ရေပိုင်နက် အငြင်းပွားမှု တွေ ဖြစ်နေကြတာကို အားလုံးကြားသိနေကြမှာပါဘဲ။
အရှေ့တရုတ်ပင်လယ် (east china sea) ထဲက ကျွန်းလေးတွေနဲ့ ရေပိုင်နက်ပိုင်ဆိုင်ရယူဖို့အတွက် တရုတ် ဂျပန် နဲ့ ထိုင်ဝမ် နိုင်ငံတို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။
တောင်တရုတ်ပင်လယ် (south China sea) ထဲက ကျွန်းပိစိညောင့်တောက် လေးတွေနဲ့ ရေပိုင်နက် ပိုင်ဆိုင်ရယူလိုမှုအတွက် တရုတ် ဖိလစ်ပိုင် ထိုင်ဝမ် မလေးရှား ဗီယက်နမ် နဲ့ ဂျပန် နိုင်ငံတို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။
ကျွန်တော်တို့ မြန်မာအစိုးရ နဲ့ ဘင်္ဂလားဒေ့ရှ် အကြားမှာဖြစ်ပေါ်ခဲ့ဖူးတဲ့ ဖြစ်စဉ် လိုမျိုး၊ ဘယ်နိုင်ငံကမှ ကိုယ့်ရေပိုင်နက် ကို လွယ်လွယ်ကူကူလက်လွှတ်အဆုံးအရှုံးမခံကြပါဘူး။
[တရုတ်ပြည်လို အင်အားကြီးနိုင်ငံကြီးတစ်ခု ကို ဗီယက်နမ် လိုနိုင်ငံလေးမျိုးက စိမ်ခေါ်ရဲတဲ့ သတ္တိရှိပါတယ်]
မြန်မာအစိုးရ နဲ့ လော်ဘီ တွေ က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နဲ့ ရေပိုင်နက်ကိစ္စမှာ UN ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာခဲ့တာပါတဲ့။
ဟုတ်ကဲ့။ ဘုန်းကြီးကို သေနတ်နဲ့ ပစ်တဲ့ ကိစ္စ မျိုး ကိုယ့်ပြည်သူအချင်းချင်း ဖိနှိပ်တဲ့ ကိစ္စ မျိုးဆို UN ရဲ့ စကားဘယ်တုန်းကမှ နားမထောင်ခဲ့ပါဘူး။ ပြည်တွင်းရေး ကို ၀င်မစွက်ဖက်ပါနဲ့ လို့ ခါးခါးသီးသီး တုန့်ပြန်လေ့ရှိပါတယ်။
ရေပိုင်နက် လက်လွှတ်လိုက်ရတဲ့ ဖြစ်စဉ် မှာတော့ UN စကား နားထောင် ရှာတဲ့ အာဂ သူတော်ကောင်းကြီးများ ဖြစ်ခဲ့ ကြပါတယ်။
ဒါကြောင့် သွေးမရှိဘဲ မထိတထိ သွားမကလိဖို့ ခင်ဗျားတို့ အဘ ငပေါကြီးတွေကို သတိပေးနေမိတာပါ။ ကျွန်တော်မျိုး မယ်လ်ဗင်မိုး ကို စိတ်မဆိုးကြပါနဲ့လို့ အဘ ဘောမ ငပိန်းလေးတွေ ကို ဒီ status နဲ့ တောင်းပန်လိုက်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။