King C. Gillette (January 5, 1855 – July 9, 1932)
----အမှတ်မထင်ရလိုက်တဲ့အကြံဉာဏ်ကို အထင်မသေးနဲ့
၂ဝရာစုခေတ်မှာ လူတွေနဲ့ တရင်းတနှီးရှိလှတဲ့မျက်နှာကို ပြပါဆိုရင် King C. Gilletteကိုပဲ ပြရမယ်ထင်ပါတယ်။ တစ်ကမ္ဘာလုံးဆီ အရေအတွက်ပေါင်းများစွာ တင်ပို့ရောင်းချတဲ့ မုတ်ဆိတ်ရိတ်ဓားမှာ သူ့ရုပ်ပုံပါနေလို့ပဲဖြစ်တယ်။ Gilletteတံဆိပ် ဘလိတ်ဓားတွေက လူတွေကြားပြန့်နှံ့ခဲ့ပြီး အမျိုးသားထုအပြင် အမျိုးသမီးထုတွေပါ မုတ်ဆိတ်မွေးမရိတ်တဲ့ King C. Gilletteကို သိခဲ့ကြတယ်။ လူတွေကို Gillette ပေးခဲ့တာက ဥစ္စာဓနတွေအပြင် အဆင်ပြေခြင်း၊ မြန်ဆန်ခြင်း၊ အန္တရာယ်ကင်းရှင်းခြင်းတွေဖြစ်တယ်။
၁၈၅၅ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့မှာ King C. Gilletteကို အမေရိကန်နိုင်ငံ ချီကာဂိုမြို့က ကုန်သည်မိသားစုတစ်စုမှ မွေးဖွားခဲ့တယ်။ ဖခင်ဖြစ်သူက ကုန်သည်အသေးစားတစ်ဦးဖြစ်တာမို့ စီးပွားရေးက အခြေမခိုင်ခဲ့တာကြောင့် ရှိတစ်လှည့် မရှိတစ်လှည့်ဘဝကို သူတို့ဖြတ်သန်းခဲ့ရတယ်။ Gillette ၁၆နှစ်အရွယ်မှာ ဖခင်စီးပွားပျက်တာကြောင့် သူကျောင်းရပ်နားလိုက်ရတယ်။ မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့ သူအလုပ်ထွက်လုပ်ခဲ့ရတယ်။
ဘွဲ့မရ၊ အလုပ်အတွေ့အကြုံမရှိသူအတွက်အလွယ်ဆုံးရနိုင်တာက အရောင်းဝန်ထမ်းပဲဖြစ်တယ်။ အရောင်းဝန်ထမ်းဘဝကို Gilletteရောက်သွားခဲ့တယ်။ အဲဒီအလုပ်ကို ၂၄နှစ်တိုင်တိုင် သူလုပ်ခဲ့တယ်။ ခက်ခဲပင်ပန်းတဲ့ အရောင်းဝန်ထမ်းဘဝက Gilletteရဲ့ စိတ်ဆန္ဒနဲ့လုပ်နိုင်စွမ်းကို ကောင်းကောင်းလေ့ကျင့်ပေးခဲ့သလို အတွေ့အကြုံနဲ့အသိပညာကိုလည်းအများကြီးစုဆောင်းပေးခဲ့တယ်။ ဒီလိုဘဝမျိုးကို သူတစ်သက်မဖြတ်သန်းချင်ခဲ့လို့ အခွင့်ကောင်းတွေကို သူရှာခဲ့တယ်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ဆောင်နိုင်ဖို့ သူမျှော်လင့်ခဲ့တယ်။
Gilletteစောင့်နေတဲ့ အခွင့်ကောင်းက မိုးပေါ်ကပြုတ်မကျခဲ့ပါဘူး။ တစ်နေ့မှာ ပုံမှန်ဖြတ်သန်းနေကျနေ့ရက်အတိုင်း အမှတ်မထင် သူစိတ်ကူးတစ်ခုရလိုက်တယ်။ အရောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့သူဟာ ဝယ်ယူသူတွေနဲ့ မတွေ့ခင် ကိုယ့်ကိုယ်ကို သပ်ရပ်အောင်ပြင်ဆင်ချိန်မှာ အဲဒီစိတ်ကူးရခဲ့တာဖြစ်တယ်။
အဲဒီခေတ်မှာ မုတ်ဆိတ်ရိတ်ဓားက ကြီးပြီးပေါ့ပါးမှုမရှိသလို ထက်လည်းမထက်ပါဘူး။ မုတ်ဆိတ်ရိတ်ဖို့ အချိန်ကုန်၊ အားကုန်တဲ့အပြင် အခန့်မသင့်ရင် ဓားရှနိုင်သေးတယ်။ သူမုတ်ဆိတ်ရိတ်ချိန်မှာလည်း မကြာခဏဓားရှမိတာကြောင့် တစ်ချိန်ချိန်မှာ အဆင်ပြေပေါ့ပါးပြီး ထက်လည်းထက်တဲ့၊ အန္တရာယ်လည်းကင်းတဲ့ မုတ်ဆိတ်ရိတ်ဓားနဲ့ အစားထိုးနိုင်ရင်ကောင်းမှာပဲလို့ အမြဲစဉ်းစားခဲ့မိတယ်။
တစ်ခါက တခြားတစ်နယ်မှာ ပစ္စည်းတွေကို သူလိုက်ရောင်းခဲ့ရတယ်။ အဲဒီနေ့က ချိန်းထားတဲ့အဝယ်သမားနဲ့တွေ့ဖို့ မုတ်ဆိတ်မွေးကို သူအလျင်စလိုရိတ်လို့ မေးစေ့မှာ ဓားရှရာတွေရခဲ့တယ်။ ရာသီဥတုကလည်းပူ၊ ဓားကလည်းရှတာမို့ စိတ်တိုပြီး မုတ်ဆိတ်ရိတ်ဓားကို သူပစ်ထုတ်လိုက်မိတယ်။ ပါးစပ်ကလည်း “အဆင်ပြေပြီး ထက်တဲ့ဓား မရှိတော့ဘူးလား။ ယောက်ျားတွေက မုတ်ဆိတ်ရိတ်တိုင်း ဒီလိုဒဏ်ကို ခံရတော့မှာလား” လို့ အော်ဟစ်ခဲ့မိတယ်။ သူရဲ့ဒီလိုဒေါသတကြီး အော်ဟစ်သံက “ငါလိုချင်တဲ့မုတ်ဆိတ်ရိတ်ဓားမျိုးကို ငါဘာဖြစ်လို့ ကိုယ်တိုင်မထွင်နိုင်ရမှာလဲ”လို့ သူ့ကိုယ်သူ အသိပေးသလိုဖြစ်သွားခဲ့တယ်။
တစ်ခါက ရောင်းဝယ်တဲ့အတွေ့အကြုံတစ်ခုကလည်း သူ့ကိုအရိပ်အမြွက်တစ်ခုပေးခဲ့တယ်။ အဲဒီတုန်းက အလုပ်ရုံတစ်ရုံကို ပုလင်းစို့ပုံစံသစ်တစ်မျိုး သူသွားပြခဲ့တယ်။ ဒီသေးငယ်တဲ့ပုလင်းစို့က မဖြစ်စလောက်လေးပါ။ ဈေးလည်းပေါတယ်ဆိုပေမယ့် ဝယ်သူသုံးစွဲသူတွေများခဲ့တယ်။ ဈေးကွက်မှာ ရောင်းအားကောင်းခဲ့တယ်။ Gillette ကလည်း ဒီအလုပ်ကိုကြိုးစားလုပ်ကိုင်ခဲ့လို့ သူဌေးနှစ်သက်တာကို ခံခဲ့ရတယ်။
Gillette က ရောင်းပန်းလှတဲ့ဒီပုလင်းစို့အကြောင်း သူဌေးကို တအံ့တသြမေးခဲ့ပါတယ်။
“ဒီဘာမှမဆိုစလောက် ပုလင်းစို့လေးက ဘာဖြစ်လို့ ဒီလောက်ရောင်းကောင်းနေတာလဲ”
“ဒီလို ပုလင်းစို့အသစ်က “သုံးပြီးတာနဲ့ လွှင့်ပစ်”တဲ့ တစ်ခါသုံးပစ္စည်းဖြစ်နေလို့ပေါ့။ သုံးတာမြန်ရင် ရောင်းအားက အလိုလိုတက်လာတာပဲ။ ဈေးနှုန်းသက်သာတဲ့အတွက် ထပ်ထပ်ဝယ်ရလည်း တန်တယ်လို့ လူတွေထင်ကြလို့ပေါ့”လို့ သူဌေးက ခပ်ပြုံးပြုံးပြန်ပြောခဲ့တယ်။ သူဌေး အမှတ်မထင်ပြောလိုက်တဲ့ “စီးပွားရေးဗေဒ”က Gilletteရင်ကို ရိုက်ခတ်ခဲ့တယ်။ “သုံးပြီးတာနဲ့ လွှင့်ပစ်”တဲ့ပစ္စည်းကို ဝယ်ယူသုံးစွဲသူတွေ ဒီလောက်နှစ်သက်ရင် ဘာဖြစ်လို့ ဒီလိုကုန်ပစ္စည်းတစ်မျိုး ငါကိုယ်တိုင်မထွင်နိုင်ရမှာလဲ၊ ဒါဟာ ငါရဲ့လုပ်ငန်း တာထွက်မှတ်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သူတွေးခဲ့မိတယ်။
Gilletteက စိတ်ကူးသက်သက်ရှိသူ မဟုတ်ပါဘူး။ လုပ်ရဲ ကိုင်ရဲ တွေးရဲတဲ့သူဖြစ်တယ်။ သူဟာ ချက်ချင်းပဲ တံစဉ်း၊ ညှပ်၊ စတီးပြား စတဲ့ကိရိယာနဲ့ပစ္စည်းတွေဝယ်လာပြီး စမ်းသပ်မှုတွေ၊ စိတ်ကူးပုံဖော်မှုတွေကို အသေးစိတ်ပြုလုပ်ခဲ့တော့တယ်။ဓားနေရာမှာ ဘရိတ်ဓားကိုအသုံးပြုရင် “သုံးပြီးတာနဲ့ လွှင့်ပစ်”လို့ရနိုင်တယ်။ ဒါပေမယ့်ဓားက ဓားရိုးနဲ့ သီးခြားဖြစ်ရမယ်လို့ သူစဉ်းစားခဲ့တယ်။ ဓားတုံးသွားရင် လဲနိုင်တယ်။ ဒါပေမယ့် ဓားရိုးကို ထပ်ပြီးအသုံးပြုလို့ရတယ်။ ဓားရဲ့ဈေးနှုန်းကလည်း သိပ်မကြီးတော့ သုံးစွဲသူတွေလည်း ဝယ်ယူရာမှာ သိပ်တွက်ကပ်နေတော့မျာမဟုတ်ဘူး။ ဒါဟာ ဖြစ်နိုင်တဲ့ စိတ်ကူးတစ်ခုလို့ Gilletteထင်ခဲ့တယ်။
ဒီလိုနဲ့ ဓားရိုးကို အဝိုင်းသဏ္ဍာန် သူထွင်လိုက်တယ်။ ဓားရိုးထိပ်မှာ ချိမ့်ပုံစံထားပြီး ဓားရိုးနဲ့ဓားကို ဝက်အူနဲ့ထိန်းထားစေခဲ့တယ်။ ဓားကို ပါးလွှာတဲ့စတီးပြားနဲ့လုပ်ပြီး သတ္တုနှစ်ခုကြားမှာညှပ်လိုက်တယ်။ ပြီးတော့ ဓားသွားကို အပြင်ဖက်အနည်းငယ်ထုတ်ထားလိုက်ပြီး အသုံးပြုချိန်မှာ ဓားသွားနဲ့ မျက်နှာပြင်ကို သမတ်ကျစေခဲ့တယ်။ ဒါမှ မျက်နှာပြင်နဲ့ မေးစေ့နေရာတွေက မုတ်ဆိတ်ကိုရိတ်ချိန်မှာ အလွယ်တကူ မထိမရှမှာဖြစ်တယ်။
စိတ်ကူးအတိုင်း ဒီဇိုင်းရေးဆွဲပြီးနောက် Gilletteဟာ တတ်ကျွမ်းသူကိုခေါ်ပြီး ဒီဇိုင်းကိုပုံဖော်စေခဲ့တယ်။ သူထွင်တဲ့မုတ်ဆိတ်ရိတ်ဓားကို အသုံးပြုရတာ ထင်သလောက်ခရီးမပေါက်ပေမယ့် နဂိုမုတ်ဆိတ်ရိတ်ဓားနဲ့ နှိုင်းယှဉ်ရင်တော့ ဓားသွားပိုထက်သလို ပိုစိတ်ချလုံခြုံခဲ့ပါတယ်။ တိုးတက်ဖို့အလားအလာရှိတာကြောင့် Gilletteဟာ တတ်ကျွမ်းနားလည်တဲ့ စက်မှုပညာရှင်နဲ့ စက်ကိရိယာပစ္စည်း နားလည်သူတို့ဆီ မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်။ သူတို့က Gilletteရဲ့စက်ကိရိယာအသစ်က လက်တွေ့မကျတဲ့ စိတ်ကူးယှဉ်မှုသက်သက်လို့ဆိုပြီး သူနဲ့မပူးပေါင်းခဲ့ကြပါဘူး။
ဒါပေမယ့် Gilletteက သူ့စိတ်ကူးအကြံအစည်ကို ကြံ့ကြံ့ခံဆုပ်ကိုင်ခဲ့တယ်။ ငွေကြေး ရင်းနှီးစိုက်ထုတ်သူလိုတာကြောင့် သူဟာ သူနဲ့ပါဝင်ပူးပေါင်းမယ့်သူကို လိုက်ရှာခဲ့တယ်။ ကောင်းမွန်တဲ့ ဆန်းသစ်တီထွင်မှုက နောက်ဆုံးမှာ လူတွေရဲ့နှစ်သက်ကြိုဆိုမှုကို ခံခဲ့ရပါတယ်။ ၁၉ဝ၁ခုနှစ်မှာ Gilletteရဲ့မိတ်ဆွေတစ်ဦးက မန်ဆာချူးဆက်ပြည်နယ် စက်မှုတက္ကသိုလ်ကနေ ကျောင်းပြီးထားတဲ့ စက်မှုအင်ဂျင်နီယာတစ်ဦးကို ဒီအကြောင်း ပြောပြလိုက်တယ်။ အင်ဂျင်ယာက စိတ်ဝင်စားပြီး Gilletteနဲ့ ပူးပေါင်းခဲ့တယ်။
ပထမဆုံးထုတ်တဲ့ ဘရိတ်ဓားအပို ၂ဝပါတဲ့ မုတ်ဆိတ်ရိတ်စက်ကို ၁၉ဝ၃ခုနှစ်မှာ ရောင်းချခဲ့တယ်။ အဲဒီနှစ်မှာ မုတ်ဆိတ်ရိတ်စက် ၅၁ခုရောင်းခဲ့တယ်။ ၁၉၁၃ခုနှစ်မှာ ဓားပါး ၁၆၈ခုနဲ့ ဓားရိုး ၅၁ခုရောင်းခဲ့တယ်။ ပထမစစ်ဖြစ်တော့ Gilletteရဲ့ မုတ်ဆိတ်ရိတ်စက်က စစ်တပ်ကလိုအပ်တဲ့ပစ္စည်းဖြစ်ခဲ့တယ်။ ၁၉၁၇ခုနှစ်မှာ Gilletteရဲ့ဘရိတ်ဓားပေါင်း ၁၂သန်းကို ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်မှာ ၈ဝ%နေရာရခဲ့တယ်။ ပြည်ပကုမ္ပဏီခွဲပေါင်း ၄၄ခုရှိခဲ့တယ်။ ၁၉၂ဝခုနှစ်မှာတော့ လူပေါင်းသန်း၂ဝလောက်က Gilletteရဲ့မုတ်ဆိတ်ရိတ်စက်နဲ့ ဓားပါးကိုအသုံးပြုနေပြီဖြစ်တယ်။ ဒုတိယကမ္ဘာစစ်မှာလည်း Gilletteရဲ့ကုမ္ပဏီက စစ်တပ်ကိုပံ့ပိုးတဲ့အနေနဲ့ မုတ်ဆိတ်ရိတ်စက်အများအပြား လှူဒါန်းခဲ့တယ်။ မုတ်ဆိတ်ရိတ်စက်ဈေးကွက်ထဲ အမျိုးသား သိန်းသန်းပေါင်းများစွာကို သူဆွဲခေါ်ခဲ့တယ်။
၁၉၃၉ခုနှစ် ကမ္ဘာ့ဘေ့စ်ဘောပြိုင်ပွဲထုတ်လွှင့်တဲ့ စပွန်ဆာကို Gilletteတစ်ဦးတည်းရခဲ့တယ်။ အဲဒီစပွန်ဆာကို ၁၉၅ဝအထိ လုပ်ပိုင်ခွင့်ရခဲ့တယ်။ အဲဒီနောက်ပိုင်း Gilletteရဲ့နာမည်က မြင်းပြိုင်ပွဲ၊ လက်ဝှေ့ပွဲ၊ အမေရိကန်ဘောလုံးပွဲတွေမှာ တွေ့မြင်ခဲ့ရတယ်။ ၁၉၆၂ခုနှစ်မှာ ၄ကြိမ်တိုင်တိုင် သတ်မှတ်ရောင်းရငွေထက် စံချိန်ချိုးရောင်းနိုင်ခဲ့တယ်။ “Happiness” မဂ္ဂဇင်းရဲ့လေ့လာဆန်းစစ်ချက်အရ အမေရိကန်ကုမ္ပဏီ ၅ဝဝထဲက အသားတင်အမြတ်ငွေရောင်းရနှုန်းမှာ Gilletteရဲ့ကုမ္ပဏီက နံပါတ်၎နေရာမှာ ရှိခဲ့ပါတယ်။
နှစ်ပေါင်း ၁ဝဝကျော်သမိုင်းမှာ Gilletteကထုတ်ကုန်အမျိုးမျိုးကို တီထွင်ထုတ်လုပ်ခဲ့တယ်။ မုတ်ဆိတ်ရိတ်စက်အပါအဝင် ဘလိတ်ဓားစင်၊ ဓားနှစ်ထပ်မုတ်ဆိတ်ရိတ်စက်၊ခေါင်းဝိုင်းမုတ်ဆိတ်ရိတ်စက်၊ စပရင်မုတ်ဆိတ်ရိတ်စက်၊ Mach 3 မုတ်ဆိတ်ရိတ်စက်တွေအပြင် ၂ဝဝ၄ခုနှစ်မှာ အမျိုးသမီးသုံး Venus Vibrance အမွေးရိတ်စက်ကိုပါ ထုတ်လုပ်နိုင်ခဲ့တယ်။
အခွင့်ကောင်းအခါကောင်းက မပျင်းမရိဘဲ တွေးတောချင့်ချိန်တတ်သူတွေအတွက် ဖြစ်တယ်။ “မပြောပလောက်”တဲ့ အတွေးတွေကို မကြာခဏတွေးကြည့်ပါ။ မပြောပလောက်တဲ့အတွေး ဒါမှမဟုတ် မထူးခြားတဲ့အတွေးတွေကို တွေးတောနေချိန်မှာ သင့်ရဲ့ခေါင်းထဲ အကြည်ဓာတ်တွေဝင်သွားပြီး ဦးနှောက်က အရာဝတ္ထုကိုတွေးတောတဲ့လှုံ့ဆော်မှုကို ခံရပါတယ်။ အဲဒီလှုံ့ဆော်မှုက သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
ပြဿနာ အခက်အခဲနဲ့ကြုံတဲ့အခါ ဆုံးဖြတ်ချက်ကို အလျင်စလိုမချဘဲ နည်းအမျိုးမျိုး တွေးတောကြည့်နိုင်ပါတယ်။ ဒီလိုတွေးနေချိန်မှာ အကြံတွေတစ်ခုပြီးတစ်ခု ထွက်ပေါ်လာတတ်ပါတယ်။ ပြဿနာအရမ်းရှုပ်ထွေးခဲ့ရင် ဦးနှောက်ကိုခေတ္တအနားပေးပြီးမှ တွေးတောကြည့်နိုင်ပါတယ်။ နေ့စဉ်ဘဝမှာဖြစ်ပျက်နေတဲ့ မပြောပလောက်တဲ့အရာတွေကိုလည်း သတိထား ဂရုစိုက်ကြည့်တတ်ခဲ့မယ်ဆိုရင် တခြားလူ သတိမမူမိတဲ့အရာတော်တော်များများကို သင်သတိထားမိလာနိုင်ပါတယ်။ ဒီလိုဆိုရင် အရာဝတ္ထုသစ်တွေကို ရှာဖွေဖမ်းဆုပ်နိုင်တဲ့ အခွင့်အရေးကို သင်တွေ့လာနိုင်ပါလိမ့်မယ်။
ထုတ်ဝေပြီးတဲ့ "ထင်ရှားသူတို့၏ ဘဝပုံပြင်စာအုပ်"မှ စာတစ်ပုဒ်
နိုင်းနိုင်းစနေ
----အမှတ်မထင်ရလိုက်တဲ့အကြံ
၂ဝရာစုခေတ်မှာ လူတွေနဲ့ တရင်းတနှီးရှိလှတဲ့မျက်နှာက
၁၈၅၅ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့မှာ King C. Gilletteကို အမေရိကန်နိုင်ငံ ချီကာဂိုမြို့က ကုန်သည်မိသားစုတစ်စုမှ မွေးဖွားခဲ့တယ်။ ဖခင်ဖြစ်သူက ကုန်သည်အသေးစားတစ်ဦးဖြစ်တာ
ဘွဲ့မရ၊ အလုပ်အတွေ့အကြုံမရှိသူအတွက်
Gilletteစောင့်နေတဲ့ အခွင့်ကောင်းက မိုးပေါ်ကပြုတ်မကျခဲ့ပါဘူး။ တစ်နေ့မှာ ပုံမှန်ဖြတ်သန်းနေကျနေ့ရက်အ
အဲဒီခေတ်မှာ မုတ်ဆိတ်ရိတ်ဓားက ကြီးပြီးပေါ့ပါးမှုမရှိသလို ထက်လည်းမထက်ပါဘူး။ မုတ်ဆိတ်ရိတ်ဖို့ အချိန်ကုန်၊ အားကုန်တဲ့အပြင် အခန့်မသင့်ရင် ဓားရှနိုင်သေးတယ်။ သူမုတ်ဆိတ်ရိတ်ချိန်မှာလည်း
တစ်ခါက တခြားတစ်နယ်မှာ ပစ္စည်းတွေကို သူလိုက်ရောင်းခဲ့ရတယ်။ အဲဒီနေ့က ချိန်းထားတဲ့အဝယ်သမားနဲ့တွေ
တစ်ခါက ရောင်းဝယ်တဲ့အတွေ့အကြုံတစ်ခ
Gillette က ရောင်းပန်းလှတဲ့ဒီပုလင်းစို
“ဒီဘာမှမဆိုစလောက် ပုလင်းစို့လေးက ဘာဖြစ်လို့ ဒီလောက်ရောင်းကောင်းနေတာလဲ”
“ဒီလို ပုလင်းစို့အသစ်က “သုံးပြီးတာနဲ့ လွှင့်ပစ်”တဲ့ တစ်ခါသုံးပစ္စည်းဖြစ်နေလို့ေ
Gilletteက စိတ်ကူးသက်သက်ရှိသူ မဟုတ်ပါဘူး။ လုပ်ရဲ ကိုင်ရဲ တွေးရဲတဲ့သူဖြစ်တယ်။ သူဟာ ချက်ချင်းပဲ တံစဉ်း၊ ညှပ်၊ စတီးပြား စတဲ့ကိရိယာနဲ့ပစ္စည်းတွေဝယ်လ
ဒီလိုနဲ့ ဓားရိုးကို အဝိုင်းသဏ္ဍာန် သူထွင်လိုက်တယ်။ ဓားရိုးထိပ်မှာ ချိမ့်ပုံစံထားပြီး ဓားရိုးနဲ့ဓားကို ဝက်အူနဲ့ထိန်းထားစေခဲ့တယ်။ ဓားကို ပါးလွှာတဲ့စတီးပြားနဲ့လုပ်ပြ
စိတ်ကူးအတိုင်း ဒီဇိုင်းရေးဆွဲပြီးနောက် Gilletteဟာ တတ်ကျွမ်းသူကိုခေါ်ပြီး ဒီဇိုင်းကိုပုံဖော်စေခဲ့တယ်
ဒါပေမယ့် Gilletteက သူ့စိတ်ကူးအကြံအစည်ကို ကြံ့ကြံ့ခံဆုပ်ကိုင်ခဲ့တယ်။
ပထမဆုံးထုတ်တဲ့ ဘရိတ်ဓားအပို ၂ဝပါတဲ့ မုတ်ဆိတ်ရိတ်စက်ကို ၁၉ဝ၃ခုနှစ်မှာ ရောင်းချခဲ့တယ်။ အဲဒီနှစ်မှာ မုတ်ဆိတ်ရိတ်စက် ၅၁ခုရောင်းခဲ့တယ်။ ၁၉၁၃ခုနှစ်မှာ ဓားပါး ၁၆၈ခုနဲ့ ဓားရိုး ၅၁ခုရောင်းခဲ့တယ်။ ပထမစစ်ဖြစ်တော့ Gilletteရဲ့ မုတ်ဆိတ်ရိတ်စက်က စစ်တပ်ကလိုအပ်တဲ့ပစ္စည်းဖြစ်
၁၉၃၉ခုနှစ် ကမ္ဘာ့ဘေ့စ်ဘောပြိုင်ပွဲထုတ်
နှစ်ပေါင်း ၁ဝဝကျော်သမိုင်းမှာ Gilletteကထုတ်ကုန်အမျိုးမျု
အခွင့်ကောင်းအခါကောင်းက မပျင်းမရိဘဲ တွေးတောချင့်ချိန်တတ်သူတွေအ
ပြဿနာ အခက်အခဲနဲ့ကြုံတဲ့အခါ ဆုံးဖြတ်ချက်ကို အလျင်စလိုမချဘဲ နည်းအမျိုးမျိုး တွေးတောကြည့်နိုင်ပါတယ်။ ဒီလိုတွေးနေချိန်မှာ အကြံတွေတစ်ခုပြီးတစ်ခု ထွက်ပေါ်လာတတ်ပါတယ်။ ပြဿနာအရမ်းရှုပ်ထွေးခဲ့ရင် ဦးနှောက်ကိုခေတ္တအနားပေးပြီ
ထုတ်ဝေပြီးတဲ့ "ထင်ရှားသူတို့၏ ဘဝပုံပြင်စာအုပ်"မှ စာတစ်ပုဒ်
နိုင်းနိုင်းစနေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။