Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 12, 2015

ကောက်ညင်းကျည်တောင့် အကြောင်း

ကောက်ညင်းကျည်တောင့် အကြောင်း
***************************
ကောက်ညင်းကျည်တောင့်လို့ပြောလိုက်ရင် အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် နေရာဒေသကွဲပြားသည်အားလျော်စွာ ကောက်ညင်းကျည်တောက်လည်း
ကွဲပြားသွားတာမျိုးရှိပါတယ်။ အကြိုက်ချင်းမတူလို့လည်းပြောနိုင်သလို ရိုးရာဒေသကို
မှီပြီး ပြုလုပ်ကြတဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ပါတယ်။


ကောက်ညင်းကြည်တောက်ကတော့ ဝယ်ချင်တိုင်းဝယ်လို့မရနိုင်တဲ့ မြန်မာအစာပြေ
အစားအစာတစ်ခုပါ။ အထူးသဖြင့် ဘုရားပွဲရာသီကျမှ ဝယ်လို့ရနိုင်တဲ့အရာမျိုးပါ။
ရက်ရှည်ကျင်းပတဲ့ ဘုရားပွဲဈေးဆိုရင် အထူးသဖြင့်တွေ့ရတတ်ပါတယ်။
တောင်ကြီးမှာဆိုရင် တန်ဆောင်တိုင်ပွဲဈေးခင်းဆိုရင် ရောင်းတဲ့သူအလွန်ပေါပါတယ်။
ပေါသလောက်ဈေးလည်းကြီးပါတယ်။ ညောင်ရွှေဘုရားပွဲ စာပြန်ပွဲမှာလည်းတွေ့ရတတ်
ပါတယ်။ ရှမ်းပြည်နယ်ရဲ့ ကြိုကြားကြိုကြားပွဲတွေမှာလည်းတွေ့ရတတ်ပါတယ်။

ကောက်ညင်းကျည်တောက်ကတော့ အောက်မြန်မာပြည်အနေနဲ့ ကောက်ညင်းကို
အမှုန့်မကြိတ်ပဲ ဝါးလုံးတောင့်ထဲ ကောက်ညင်းထဲ့ထုတ်ပြီး စားရတာမျိုးပိုကြိုက်ကြဟန်
တူပါတယ်။ အဲဒီထဲမှာမှ ပလိန်းဖြစ်ဖြစ်၊ ပဲ၊ မြေပဲ၊ အုန်းသီးဖတ်စသည်တို့လည်းရော
ထည့်တတ်သလိုမျိုး အချိုနည်းကြိုက်တတ်သူများကျတော့ သကြားရည်းငယ်ရောထည့်
တတ်တာလည်း ရှိချင်ရှိနိုင်ပါတယ်။ ဒီနည်းအတိုင်းကျတော့ ပလိန်းဖြစ်တာမို့ သူ့ကို
စားတော့မယ်ဆိုတဲ့ အခါ တွဲဖက်စားသောက်စရာအဖြစ် မြေပဲကြော်၊စားတော်ပဲ၊
ကြက်သားကြော် ရေနွေးကြမ်းရှိမှ အရသာပြည့်စုံပါတယ်။





အောက်ပြည်အောက်ရွာဘက်က ရိုးရာအတိုင်း
ကောက်ညင်းကျည်တောက်လုပ်နည်းဆိုရင် အောက်ပါအတိုင်းဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများမှာ ကောက်ညှင်းဆန် ၊တင်းဝါး ၊စားတော်ပဲပြုတ်
ပြုလုပ်ပုံ
--------
၁။ ကောက်ညှင်းဆန်များကို တစ်ညလောက် ရေစိမ်ထားပေးပါ..။
၂ ။ တင်းဝါးများကို အနေတော်ဖြတ်ထားပါ..။
၃ ။တင်းဝါးများထဲသို့ ကောက်ညှင်းဆန်အနေတော်ထည့်ပါ..။
(ရေအနည်းငယ် သင့်သလောက်ထည့်ပါ)
၎ ။ မီးပုံထဲသို့ မိနစ်(၂၀)ခန့် ဖုတ်ထားပါ..။
၅။ ကျက်သွားသည့်ကျည်တောင့်များကို အခွံနွာပါ..။
*******************

ရှမ်းပြည်က တိုင်းရင်းသားများရဲ့ ကောက်ညင်းကြည်တောက်ကတော့ အောက်ပြည်
အောက်ရွာက ရိုးရာများနဲ့ ကွဲပြားခြားနားနေပြန်ပါတယ်။ အထူးသဖြင့် အချိုအမျိုးအစား
ဖြစ်ပြီး ကောက်ညင်းကို ရေစိမ်ပြီးမှ လုပ်တာထက်ကို ကောက်ညင်းကို အမှုန့်ကြိတ်ပြီး
ကြံသကာ၊ ထန်းလျက်၊ သကြားတို့နှင့်ရောဖျော်ပြီး ဖုတ်ထဲ့ကောက်ညင်းကျည်တောက်
ပါ။.သူကျတော့ တွဲဖက်စားစာဘာမှ မလိုအပ်တော့ပါဘူး။
အဲဒီလုပ်နည်းအတွက်အောက်ပါအတိုင်းဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများမှာတော့ ကောက်ညင်းဆန်မှုန့်၊ ကြံသကာရည် သို့မဟုတ်
ထည်းလျက်ကြိုရည်၊ သကြား၊ တင်းဝါး၊ ထိပ်ပိတ်ဖို့အတွက် ရေစိမ်ထားသည့် ကောက်
ရိုး လိုအပ်ပါတယ်။

ပြုလုပ်ပုံ..
၁။ ကောက်ညင်းဆန်မှုန့်နှင့် ကြံသကာကြိုရည်ဖြစ်ဖြစ်၊ ထန်းလျက်ကြိုရည်ဖြစ်ဖြစ်
သကြားဖြစ်ဖြစ် ရောပြီး အရည်ပျစ်ဖြစ်အောင်ရေထည့်ပြီး နှံ့စပ်အောင်မွှေပေးပါ..။
၂။ တင်းဝါးထဲသို့ မွှေပြီးသားကောက်ညင်းဆန်ရည်ပျစ်ကို လှောင်းထည့်ပြီး ဝါးအပေါက်
ပိတ်ဖို့အတွက် တစ်လက်မ ခွဲဝန်းကျင်လောက်ချန်ထားပေးပါ။
၃။ ရေစွပ်ပြီးသားကောက်ရိုးကို တင်းတင်းကြပ်ကြပ်လိပ်ပြီး ဝါးကျည်တောက်ကိုပိတ်
လိုက်ပါ။
၎။ သင့်တော်သလို လိုအပ်သလို မီးအနည်းအများကိုချိန်ပြီးဖုတ်လိုက်ပါ။
ကျက်မည်ထင်သည့်အခါ ဝါးခွံကို ပါးပါးလေးခွာပါ။.ပိတ်ထားသည့်ထိပ်ပေါက်ကိုလည်း
အနည်းငယ်ဖြတ်လိုက်ပါ။ အားလုံးပြီးသွားပြီဆိုရင် ဈေးကွက်ထည်တင်ပို့ဖို့ဖြစ်စေ
စားဖို့ဖြစ်စေ အဆင်သင့်စားရလို့ရတဲ့ ကောက်ညင်းဝါးကျည်တောက် ဖြစ်သွားပါပြီ..။

ဖြေးဖြေးစားနော် ..နှင်နေအုံးမယ်...tongue emoticon tongue emoticon tongue emoticon
Sticky Rice in Bamboo tube
Bamboo-tubed sticky rice was a popular snacks among Myanmar people in past days, but nowadays, the people choose more colorful junk snacks instead of healthy and nutritious rice snacks.
It's difficult to get in today market. However, you can find that bamboo-tubed sticky rice in the special occasions like Pagoda festival.
Have you ever tried it before? http://bit.ly/1Ax8bsV

မေတ္တာဖြင့်
တက္ကသိုလ် ခွန်Rကာ
၁၂/၁၂/၂၀၁၅

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။