ဘလော့ပြီ ... တာ့တာ
_
ဖြစ်ပုံက သည်လိုပါ
အွန်လိုင်းရည်းစားမှ မထားဖူးရင် ခေတ်နောက်ကျသလို ဖြစ်နေတဲ့ လူငယ်တွေအကြား ကျနော်လည်း ခေတ်နောက်မကျရလေအောင် ...
မော်ဒယ်တစ်ယောက်ပုံ ပရိုဖိုင်ခပ်လန်းလန်းနဲ့ ရွယ်တူလောက်ဖြစ်မယ့် ကောင်မလေးနဲ့ Qရှင်တက်ဖြစ်ခဲ့ပုံလေးပါ ... ။
ထူးဆန်းတာက အဲ့ကောင်မလေးက ပုံမတင်ထားဘူးဗျ
ပုံတင်ထားတဲ့ ခပ်ချောချောတွေကလည်း အကုန်နီးပါး ရယ်လေးရှင်းမချိတ်ရင်တောင် tag လေးတွေနဲ့ တံဆိပ်ကပ်ထားတာတွေချည်းပဲ
စင်ကယ်တွေကျပြန်တော့လည်း ဆရာအရမ်းကျရင်လည်း မQ ရဲဘူးလေ ။
ဆရာသိပ်မကျတော့လည်း အပျိုဖိုင်မှာတင် သိပ်မကြိုက်ပြန်ဘူး ။ လူကသာအနူ စားခွင့်ရရင်တော့ တူနဲ့စားချင်တာပေါ့ ။
အဲတော့ ကံစမ်းမဲနိုက်မဟဲ့ဆိုပြီး ရွေးချလိုက်တာ
ပလုံဖိုင်မတင်ထားတဲ့
သူ့ကိုယ်သူ ညေးလို့ပြောတဲ့ကောင်မလေးနဲ့ စကားဖောင်ဖွဲ့မိခဲ့တဲ့ ညကပေါ့ . . .
" ညေးက ရုပ်ဆိုးတယ် ကွီးရဲ့"
" ရုပ်ဆိုးလည်း ဘာဖြစ်လဲ ... ညေးရယ်
မိန်းကလေးတစ်ယောက်မှာ လှတဲ့အရာက ရုပ်မှအဓိကမဟုတ်တာ "
{ သည်လိုပဲ ဖောရတာပေါ့ }
" ပြီးတော့ ညေးက အသားကမဲသေးတရ် "
" ဒယ်အိုးဖင်လောက်လား ! စ'တာပါ
အသားမဲတော့ ပတ္တမြားခဲတဲ့ ကလေးတွေပြောသလိုပဲ
အသားမဲတာ အပြစ်မှမဟုတ်တာ ချစ်တတ်ရင် ထူးခြားသွင်ပြင်လေးတောင် ဖြစ်နေတယ်မြင်ရမှာ "
" ဟွန့် ... တော်တော်တတ် ..နော် ကွီး "
" တတ်တာမဟုတ်ပါဘူး မြင်တဲ့အတိုင်းပြောပြတာ ပါ ဗျ "
" ပြီးတော့ ညေး ကတုံးကြီး "
" အိခ် ... သီလရှင်တော့ မဟုတ်ပါဘူးနော် "
" ဟုတ်ပါပု ကွီးကလည်း ဗြဲ "
" တော်သေးတာပေါ့ ... ကတုံးလေးလည်း ဘာဖြစ်လဲညေးရယ်
ချစ်စိတ်နဲ့ဖြည့်ကြည့်ရင် ကမ္ဘာကြီးတောင်လှသေးတာပဲ
ဆံပင်မရှိတာ အချစ်မရှိတာမှ မဟုတ်တာ "
" ပြီးတော့ လေ ... ညေးအရပ်က အဇမ်းပုသေးတရ် "
{ နည်းနည်းတော့ လွန်လာပြီ
လူက တဖြည်းဖြည်းဖုလာပြီ ဘယ့်နှယ်ဗျာ မဆုံးနိုင်တော့ဘူး
လူလား မှင်စာလားလို့မေးလိုက်ရ မကောင်းရှိတော့မယ် }
" ဘယ်လောက်အဇမ်းကြီးတောင် ပုလို့လဲ ညေးရယ် "
" သာမာန်လူရဲ့ခါးတစ်ဝက်လောက်ရှိတာ ကွီးရယ့် "
တိန် လခွမ်းထဲမှပဲ သေရော
သူပြောပုံအရဆို အပြင်မှာသူနဲ့တွဲသွားရင် ကိုယ်က လေးဘက်ထောက်သွားရမယ့်ကိန်း
လူစင်စစ်ကနေ အဝှာဖြစ်ရမယ့်အကွက် unsure emoticon
" အော် ... ပုလို့နုတယ်ပဲ ရှိတယ်လေ ညေးရယ့် "
" ပြီးတော့ ညေးကစကားလည်းမပီဘူး ကွီး ...
နူတ်ခမ်းကကွဲနေလို့ "
{ တော်တော်လွန်သွားပြီ ... တော်တော့်ကိုလွန်သွားပြီ
သူပြောနေတာကို ကျနော်မျက်လုံးထဲ ပုံဖော်နေတာ
ခင်ဗျားလည်း ပုံဖော်ကြည့်ဗျာ
အသားကမဲတယ်
လူက ပုတယ်
ဆံပင်က မပါဘူး
နူတ်ခမ်းကလည်း ကွဲနေသေးတယ်
သို့သော်လည်း . . . သည်းခံလေ သည်းခံ အွန်လိုင်းရည်းစားဆိုတာ ခေတ်ဖက်ရှင်လေ မရမကတော့ ချိတ်ရမှာပဲ သည်လောက်တော့ အပြစ်အနာအဆာပါမှာပေါ့ }
" နူတ်ခမ်းလေးကွဲနေတော့ စကားလေးတွေ ပိုချစ်ဖို့ကောင်းစေတာပေါ့ ညေးရယ့်
ဒါက အချစ်လျော့စေတဲ့အရာမှ မဟုတ်တာ
ကွီးနားလည်ပါတယ် "
" ကွီးကလည်း ... ညေးကအရမ်းစိတ်အားငယ်တတ်သေးတ ရ်လို့စ် "
( အိခ် ... မိန်းကလေးသဘာဝ ချွဲတာတော့ သိပါတယ်ဗျ
စောန အပေါ်ကပြောတဲ့ ပုံစံကြီးနဲ့ စိတ်အားကလည်းငယ်သေးတယ်ဆိုရင် ... Garrrr )
" ကျနော်မသိလို့ တခုမေးပါရစေ ဗျာ "
" မေးလေး ကွီး "
" ကျနော်အခု chat နေတာ လူလား ! #မဖဲဝါလား...ဟင် "
" ဘာ .... "
{ အပြင်မှာသာ ဆိုရင်
တကယ့် ဒုတိယမြောက် ဆိုက်ကလုန်းပဲ
တော်သေးတယ် သူပြောတဲ့ထဲ သွားမတိုက်ဘူးတို့ ဘာတို့မပါလို့
နို့မို့ဆို အတွေးနဲ့တင် ဘဝဆုံးသွားနိုင်တယ် ...}
" ဟုတ်တယ်လေ ညေးပြောတာတွေကို
ကွီး ... စိတ်ကူးနဲ့ပုံဖော်ကြည့်နေတာ မဖဲဝါပုံပဲ ထွက်လာတယ်
ဒါပေမယ့် ဒီမဖဲဝါက ဆံပင်မပါဘူး
ဆံပင်မပါတဲ့ မဖဲဝါက အော်ရယ်ဂျင်နယ်မဖဲဝါထက်တော့ ပိုကြည့်ရဆိုးမှာ အမှန်ပဲ "
" ရှင် ... ရှင် ... ရှင်နော်
တော်ပြီ , ရှင့်ကို ဘလော့ပြီ ... တာ့တာ "
နောက်ဆုံးစကားကြီးတစ်ခွန်းေ ပြာပြီး ဘလော့သွားလိုက်တာ
ခုဆို အတော်ကြာပေါ့ ...
အော် .....
ခုချိန်ဆို သူ,ဆံပင်တော့ပေါက်နေလောက်ပြီဖြစ်မှာပါ . . . ။
Ko Lynn
_
ဖြစ်ပုံက သည်လိုပါ
အွန်လိုင်းရည်းစားမှ မထားဖူးရင် ခေတ်နောက်ကျသလို ဖြစ်နေတဲ့ လူငယ်တွေအကြား ကျနော်လည်း ခေတ်နောက်မကျရလေအောင် ...
မော်ဒယ်တစ်ယောက်ပုံ ပရိုဖိုင်ခပ်လန်းလန်းနဲ့ ရွယ်တူလောက်ဖြစ်မယ့် ကောင်မလေးနဲ့ Qရှင်တက်ဖြစ်ခဲ့ပုံလေးပါ ... ။
ထူးဆန်းတာက အဲ့ကောင်မလေးက ပုံမတင်ထားဘူးဗျ
ပုံတင်ထားတဲ့ ခပ်ချောချောတွေကလည်း အကုန်နီးပါး ရယ်လေးရှင်းမချိတ်ရင်တောင် tag လေးတွေနဲ့ တံဆိပ်ကပ်ထားတာတွေချည်းပဲ
စင်ကယ်တွေကျပြန်တော့လည်း ဆရာအရမ်းကျရင်လည်း မQ ရဲဘူးလေ ။
ဆရာသိပ်မကျတော့လည်း အပျိုဖိုင်မှာတင် သိပ်မကြိုက်ပြန်ဘူး ။ လူကသာအနူ စားခွင့်ရရင်တော့ တူနဲ့စားချင်တာပေါ့ ။
အဲတော့ ကံစမ်းမဲနိုက်မဟဲ့ဆိုပြီး ရွေးချလိုက်တာ
ပလုံဖိုင်မတင်ထားတဲ့
သူ့ကိုယ်သူ ညေးလို့ပြောတဲ့ကောင်မလေးနဲ့
" ညေးက ရုပ်ဆိုးတယ် ကွီးရဲ့"
" ရုပ်ဆိုးလည်း ဘာဖြစ်လဲ ... ညေးရယ်
မိန်းကလေးတစ်ယောက်မှာ လှတဲ့အရာက ရုပ်မှအဓိကမဟုတ်တာ "
{ သည်လိုပဲ ဖောရတာပေါ့ }
" ပြီးတော့ ညေးက အသားကမဲသေးတရ် "
" ဒယ်အိုးဖင်လောက်လား ! စ'တာပါ
အသားမဲတော့ ပတ္တမြားခဲတဲ့ ကလေးတွေပြောသလိုပဲ
အသားမဲတာ အပြစ်မှမဟုတ်တာ ချစ်တတ်ရင် ထူးခြားသွင်ပြင်လေးတောင် ဖြစ်နေတယ်မြင်ရမှာ "
" ဟွန့် ... တော်တော်တတ် ..နော် ကွီး "
" တတ်တာမဟုတ်ပါဘူး မြင်တဲ့အတိုင်းပြောပြတာ ပါ ဗျ "
" ပြီးတော့ ညေး ကတုံးကြီး "
" အိခ် ... သီလရှင်တော့ မဟုတ်ပါဘူးနော် "
" ဟုတ်ပါပု ကွီးကလည်း ဗြဲ "
" တော်သေးတာပေါ့ ... ကတုံးလေးလည်း ဘာဖြစ်လဲညေးရယ်
ချစ်စိတ်နဲ့ဖြည့်ကြည့်ရင် ကမ္ဘာကြီးတောင်လှသေးတာပဲ
ဆံပင်မရှိတာ အချစ်မရှိတာမှ မဟုတ်တာ "
" ပြီးတော့ လေ ... ညေးအရပ်က အဇမ်းပုသေးတရ် "
{ နည်းနည်းတော့ လွန်လာပြီ
လူက တဖြည်းဖြည်းဖုလာပြီ ဘယ့်နှယ်ဗျာ မဆုံးနိုင်တော့ဘူး
လူလား မှင်စာလားလို့မေးလိုက်ရ မကောင်းရှိတော့မယ် }
" ဘယ်လောက်အဇမ်းကြီးတောင် ပုလို့လဲ ညေးရယ် "
" သာမာန်လူရဲ့ခါးတစ်ဝက်လောက်ရ
တိန် လခွမ်းထဲမှပဲ သေရော
သူပြောပုံအရဆို အပြင်မှာသူနဲ့တွဲသွားရင် ကိုယ်က လေးဘက်ထောက်သွားရမယ့်ကိန်း
လူစင်စစ်ကနေ အဝှာဖြစ်ရမယ့်အကွက် unsure emoticon
" အော် ... ပုလို့နုတယ်ပဲ ရှိတယ်လေ ညေးရယ့် "
" ပြီးတော့ ညေးကစကားလည်းမပီဘူး ကွီး ...
နူတ်ခမ်းကကွဲနေလို့ "
{ တော်တော်လွန်သွားပြီ ... တော်တော့်ကိုလွန်သွားပြီ
သူပြောနေတာကို ကျနော်မျက်လုံးထဲ ပုံဖော်နေတာ
ခင်ဗျားလည်း ပုံဖော်ကြည့်ဗျာ
အသားကမဲတယ်
လူက ပုတယ်
ဆံပင်က မပါဘူး
နူတ်ခမ်းကလည်း ကွဲနေသေးတယ်
သို့သော်လည်း . . . သည်းခံလေ သည်းခံ အွန်လိုင်းရည်းစားဆိုတာ ခေတ်ဖက်ရှင်လေ မရမကတော့ ချိတ်ရမှာပဲ သည်လောက်တော့ အပြစ်အနာအဆာပါမှာပေါ့ }
" နူတ်ခမ်းလေးကွဲနေတော့ စကားလေးတွေ ပိုချစ်ဖို့ကောင်းစေတာပေါ့ ညေးရယ့်
ဒါက အချစ်လျော့စေတဲ့အရာမှ မဟုတ်တာ
ကွီးနားလည်ပါတယ် "
" ကွီးကလည်း ... ညေးကအရမ်းစိတ်အားငယ်တတ်သေးတ
( အိခ် ... မိန်းကလေးသဘာဝ ချွဲတာတော့ သိပါတယ်ဗျ
စောန အပေါ်ကပြောတဲ့ ပုံစံကြီးနဲ့ စိတ်အားကလည်းငယ်သေးတယ်ဆိုရင
" ကျနော်မသိလို့ တခုမေးပါရစေ ဗျာ "
" မေးလေး ကွီး "
" ကျနော်အခု chat နေတာ လူလား ! #မဖဲဝါလား...ဟင် "
" ဘာ .... "
{ အပြင်မှာသာ ဆိုရင်
တကယ့် ဒုတိယမြောက် ဆိုက်ကလုန်းပဲ
တော်သေးတယ် သူပြောတဲ့ထဲ သွားမတိုက်ဘူးတို့ ဘာတို့မပါလို့
နို့မို့ဆို အတွေးနဲ့တင် ဘဝဆုံးသွားနိုင်တယ် ...}
" ဟုတ်တယ်လေ ညေးပြောတာတွေကို
ကွီး ... စိတ်ကူးနဲ့ပုံဖော်ကြည့်နေတာ
ဒါပေမယ့် ဒီမဖဲဝါက ဆံပင်မပါဘူး
ဆံပင်မပါတဲ့ မဖဲဝါက အော်ရယ်ဂျင်နယ်မဖဲဝါထက်တော့
" ရှင် ... ရှင် ... ရှင်နော်
တော်ပြီ , ရှင့်ကို ဘလော့ပြီ ... တာ့တာ "
နောက်ဆုံးစကားကြီးတစ်ခွန်းေ
ခုဆို အတော်ကြာပေါ့ ...
အော် .....
ခုချိန်ဆို သူ,ဆံပင်တော့ပေါက်နေလောက်ပြ
Ko Lynn
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။