========
Ref: CNET
xxxxxxxxxxxxxxxxx
မူပိုင်ခွင့်အငြင်းပွားမှုအ တွက် Samsung ထံမှ ကန်ဒေါ်လာ သန်း ၁၈၀ Apple ထပ်မံရယူလို
========
Apple သည် Samsung နှင့် ကာလရှည်ကြာ အငြင်းပွားနေသည့် မူပိုင်ခွင့်အမှုအတွက် နစ်နာကြေးအဖြစ် ကန်ဒေါ်လာသန်း ၁၈၀ ထပ်မံရယူလိုကြောင်း တောင်းဆိုခဲ့သည်။
Samsung အနေဖြင့် iPhone မူပိုင်ခွင့်နှင့် ဒီဇိုင်းများကို ထိပါးချိုးဖောက်ခြင်းအတွက် Apple အား ကန်ဒေါ်လာ ၅၄၈ သန်းပေးရန် သဘောတူညီခဲ့သည်။ ထို့နောက် ရက်သတ္တပတ်ခန့်အကြာတွင် Apple က နောက်ဆက်တွဲ ထိခိုက်နစ်နာမှုများနှင့် အကျိုးအမြတ်များအတွက် Samsung ထံမှ ကန်ဒေါ်လာသန်း ၁၈၀ ထပ်မံရယူလိုကြောင်း တရားရုံးသို့ ဗုဒ္ဓဟူးနေ့က လျှောက်ထားခဲ့သည်။
အဆိုပါသတင်းကို မူပိုင်ခွင့် အရေးကျွမ်းကျင်သူ ဖလိုရီယန်မူယဲလာက ၎င်း၏ FOSS Patents ဘလော့တွင် ကနဦးဖော်ပြခဲ့သည်။
၂၀၁၂ ခုနှစ်တွင် စစ်ဆေးမှုပြီးဆုံးခဲ့သည့် ၎င်းအမှုတွင် နာမည်ကျော်စမတ်ဖုန်း အချို့၏ နောက်ကွယ်ရှိ ဒီဇိုင်းများကို စစ်ဆေးခဲ့သည်။ ဂျူရီလူကြီးမင်းအဖွဲ့မှ Samsung အနေဖြင့် Apple အဓိကမူပိုင်ခွင့်များ ချိုးဖောက်မှုကို တွေ့ရှိခဲ့ပြီး ကန်ဒေါ်လာ ၁ ဘီလီယံ ပေးဆောင်ရန် အမိန့်ချခဲ့သော်လည်း နောက်ပိုင်းတွင် တန်ဖိုးငွေကြေးကို တစ်ဝက်နီးပါးခန့် လျှော့ချခဲ့သည်။
Samsung က ယခုအမှုစီရင်ထုံးသည် ဥပဒေစိန်ခေါ်မှုများအပေါ် ကုမ္ပဏီများ၏ စိုးရိမ်မှုမြင့်တက်လာသောကြ ောင့်
ဆန်းသစ်တီထွင်မှု လျော့ကျစေနိုင်ကြောင်း ကန့်ကွက်ထားပြီး ၎င်းအမှုကို
အမေရိကန်တရားရုံးချုပ်သို့ အယူခံဝင်ခဲ့ထားသည်။ ဗဟိုတရားရုံးအနေဖြင့်
အမှုကို ပြန်လည်သုံးသပ်ရန် လက်ခံ၊ မခံကို မဆုံးဖြတ်ရသေးပေ။
ပြီးခဲ့သည့်နှစ်က Apple နှင့် Samsung သည် နိုင်င်ငံရပ်ခြားရှိ မူပိုင်ခွင့်အမူများကို ကျေအေးရန် သဘောတူညီခဲ့သော်လည်း အမေရိကန်ရှိ အမှုကို ဆက်လက်ရင်ဆိုင်ခဲ့ကြသည်။
Ref: CNET
========
Ref: CNET
xxxxxxxxxxxxxxxxx
မူပိုင်ခွင့်အငြင်းပွားမှုအ
========
Apple သည် Samsung နှင့် ကာလရှည်ကြာ အငြင်းပွားနေသည့် မူပိုင်ခွင့်အမှုအတွက် နစ်နာကြေးအဖြစ် ကန်ဒေါ်လာသန်း ၁၈၀ ထပ်မံရယူလိုကြောင်း တောင်းဆိုခဲ့သည်။
Samsung အနေဖြင့် iPhone မူပိုင်ခွင့်နှင့် ဒီဇိုင်းများကို ထိပါးချိုးဖောက်ခြင်းအတွက် Apple အား ကန်ဒေါ်လာ ၅၄၈ သန်းပေးရန် သဘောတူညီခဲ့သည်။ ထို့နောက် ရက်သတ္တပတ်ခန့်အကြာတွင် Apple က နောက်ဆက်တွဲ ထိခိုက်နစ်နာမှုများနှင့် အကျိုးအမြတ်များအတွက် Samsung ထံမှ ကန်ဒေါ်လာသန်း ၁၈၀ ထပ်မံရယူလိုကြောင်း တရားရုံးသို့ ဗုဒ္ဓဟူးနေ့က လျှောက်ထားခဲ့သည်။
အဆိုပါသတင်းကို မူပိုင်ခွင့် အရေးကျွမ်းကျင်သူ ဖလိုရီယန်မူယဲလာက ၎င်း၏ FOSS Patents ဘလော့တွင် ကနဦးဖော်ပြခဲ့သည်။
၂၀၁၂ ခုနှစ်တွင် စစ်ဆေးမှုပြီးဆုံးခဲ့သည့် ၎င်းအမှုတွင် နာမည်ကျော်စမတ်ဖုန်း အချို့၏ နောက်ကွယ်ရှိ ဒီဇိုင်းများကို စစ်ဆေးခဲ့သည်။ ဂျူရီလူကြီးမင်းအဖွဲ့မှ Samsung အနေဖြင့် Apple အဓိကမူပိုင်ခွင့်များ ချိုးဖောက်မှုကို တွေ့ရှိခဲ့ပြီး ကန်ဒေါ်လာ ၁ ဘီလီယံ ပေးဆောင်ရန် အမိန့်ချခဲ့သော်လည်း နောက်ပိုင်းတွင် တန်ဖိုးငွေကြေးကို တစ်ဝက်နီးပါးခန့် လျှော့ချခဲ့သည်။
Samsung က ယခုအမှုစီရင်ထုံးသည် ဥပဒေစိန်ခေါ်မှုများအပေါ် ကုမ္ပဏီများ၏ စိုးရိမ်မှုမြင့်တက်လာသောကြ
ပြီးခဲ့သည့်နှစ်က Apple နှင့် Samsung သည် နိုင်င်ငံရပ်ခြားရှိ မူပိုင်ခွင့်အမူများကို ကျေအေးရန် သဘောတူညီခဲ့သော်လည်း အမေရိကန်ရှိ အမှုကို ဆက်လက်ရင်ဆိုင်ခဲ့ကြသည်။
Ref: CNET
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။