အရက်မူးပြီး သောင်းကျန်းခဲ့တဲ့ ခင်ပွန်းသည်ကို စိတ်မဆိုးတဲ့ ဇနီး
========================== ========
တစ်နေ့ ယောက်ျားဖြစ်သူ အပြင်ကပြန်အလာ အရက်တွေမူးပြီး အိမ်မှာရှိတဲ့ ပရိဘောကတွေ စောင့်ကန်၊ ပန်းကန်ခွက်ယောက်တွေ ခွဲ၊ မူးပြီး အန်၊ နောက်ဆုံးတော့ မဟန်နိုင်ဘဲ ကြမ်းပြင်ပေါ်လဲကျသွားပါတယ်။ သူ့ဇနီးက သူ့ကိုတွဲပြီး အခန်းထဲ ပို့လိုက်တယ်။ ပြီးတာနဲ့ အပျက်အစီးတွေကို လိုက်ရှင်းပါတော့တယ်။
နောက်နေ့မနက်မှာတော့ ခင်ပွန်းသည်ဟာ သူရဲ့ ညက လုပ်ရပ်ကြောင့် သူ့မိန်းမ သူ့ကို အရမ်းကို စိတ်ဆိုးနေလောက်ပြီလို့ ထင်တာကြောင့် ရင်တထိတ်ထိတ်နဲ့ အိမ်အောက်ထပ်ကို ဆင်းလာခဲ့ပါတယ်။ မိန်းမဖြစ်သူက စားပွဲပေါ်မှာ စာရေးထားခဲ့ပါတယ်။ “မောင် ထမင်းစားပွဲပေါ်မှာ မောင်အကြိုက်ဆုံး မနက်စာ ပြင်ထားခဲ့တယ်။ ကျွန်မတော့ ဈေးမှာ ဝယ်စရာလေးတွေရှိလို့ ပြေးလိုက်အုံးမယ်။ ချက်ချင်းပြန်လာမယ်နော်။ အရမ်းချစ်တယ်” ဆိုပြီး ရေးထားခဲ့ပါတယ်။
သူဘယ်လိုမှကို မယုံကြည်နိုင်အောင် ဖြစ်ရပါတယ်။ ဒါနဲ့ အနားမှာရှိတဲ့ သားလေးကို မေးလိုက်ပါတယ်။ “သားဖေဖေတို့ ညက ဘာတွေဖြစ်ကြလဲ” ဆိုပြီးတော့ပေါ့။ အဲမှာသားလေးက “ညက မေမေကဖေဖေ့ကို တွဲပြီး အိပ်ယာဆီ ခေါ်သွားတယ်။ ပြီးတော့ ဖေဖေကို အဝတ်အစားလဲပေးတယ်။ ဖိနပ်တွေချွတ်ပေးတယ်။ ဖေဖေက မူးပြီးတော့ “ဟေး မိန်းကလေး ငါ့ကိုမထိနဲ့။ ငါ့မှာ မိန်းမရှိတယ်။”ဆိုပြောတော့ မေမေက ပြုံးသွားတာ သားတွေ့လိုက်တာပဲ။ ” လို့ ဆိုပါတယ်။
ယောက်ျားဖြစ်သူဟာ စောစောက နားမလည်နိုင်တဲ့ အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပါတယ်။
အထက်ပါ အဖြစ်အပျက်လေးကို ကြည့်ခြင်းအားဖြင့် မိန်းမတွေဟာ သူတို့အပေါ် သစ္စာရှိတဲ့ ယောက်ျားဆို ဘယ်လောက်ပဲ ဆိုးဆိုး သည်းခံတတ်ကြတယ် ဆိုတာပါပဲ။
ကျွန်မတို့ မိန်းမသားတွေ ဘယ်လောက်ချစ်စရာ ကောင်းလိုက်လဲနော်။ grin emoticon
ဂန္တဝင် မဂ္ဂဇင်းမှ
#သုတဇုန်
www.thutazone.com
==========================
တစ်နေ့ ယောက်ျားဖြစ်သူ အပြင်ကပြန်အလာ အရက်တွေမူးပြီး အိမ်မှာရှိတဲ့ ပရိဘောကတွေ စောင့်ကန်၊ ပန်းကန်ခွက်ယောက်တွေ ခွဲ၊ မူးပြီး အန်၊ နောက်ဆုံးတော့ မဟန်နိုင်ဘဲ ကြမ်းပြင်ပေါ်လဲကျသွားပါတယ်။
နောက်နေ့မနက်မှာတော့ ခင်ပွန်းသည်ဟာ သူရဲ့ ညက လုပ်ရပ်ကြောင့် သူ့မိန်းမ သူ့ကို အရမ်းကို စိတ်ဆိုးနေလောက်ပြီလို့ ထင်တာကြောင့် ရင်တထိတ်ထိတ်နဲ့ အိမ်အောက်ထပ်ကို ဆင်းလာခဲ့ပါတယ်။ မိန်းမဖြစ်သူက စားပွဲပေါ်မှာ စာရေးထားခဲ့ပါတယ်။ “မောင် ထမင်းစားပွဲပေါ်မှာ မောင်အကြိုက်ဆုံး မနက်စာ ပြင်ထားခဲ့တယ်။ ကျွန်မတော့ ဈေးမှာ ဝယ်စရာလေးတွေရှိလို့ ပြေးလိုက်အုံးမယ်။ ချက်ချင်းပြန်လာမယ်နော်။ အရမ်းချစ်တယ်” ဆိုပြီး ရေးထားခဲ့ပါတယ်။
သူဘယ်လိုမှကို မယုံကြည်နိုင်အောင် ဖြစ်ရပါတယ်။ ဒါနဲ့ အနားမှာရှိတဲ့ သားလေးကို မေးလိုက်ပါတယ်။ “သားဖေဖေတို့ ညက ဘာတွေဖြစ်ကြလဲ” ဆိုပြီးတော့ပေါ့။ အဲမှာသားလေးက “ညက မေမေကဖေဖေ့ကို တွဲပြီး အိပ်ယာဆီ ခေါ်သွားတယ်။ ပြီးတော့ ဖေဖေကို အဝတ်အစားလဲပေးတယ်။ ဖိနပ်တွေချွတ်ပေးတယ်။ ဖေဖေက မူးပြီးတော့ “ဟေး မိန်းကလေး ငါ့ကိုမထိနဲ့။ ငါ့မှာ မိန်းမရှိတယ်။”ဆိုပြောတော့ မေမေက ပြုံးသွားတာ သားတွေ့လိုက်တာပဲ။ ” လို့ ဆိုပါတယ်။
ယောက်ျားဖြစ်သူဟာ စောစောက နားမလည်နိုင်တဲ့ အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပါတယ်။
အထက်ပါ အဖြစ်အပျက်လေးကို ကြည့်ခြင်းအားဖြင့် မိန်းမတွေဟာ သူတို့အပေါ် သစ္စာရှိတဲ့ ယောက်ျားဆို ဘယ်လောက်ပဲ ဆိုးဆိုး သည်းခံတတ်ကြတယ် ဆိုတာပါပဲ။
ကျွန်မတို့ မိန်းမသားတွေ ဘယ်လောက်ချစ်စရာ ကောင်းလိုက်လဲနော်။ grin emoticon
ဂန္တဝင် မဂ္ဂဇင်းမှ
#သုတဇုန်
www.thutazone.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။