Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 31, 2015

ဌာနအတွင်းက ပိုလျှံ ၀န်ထမ်း

 
 
ဌာနအတွင်းက ပိုလျှံ ၀န်ထမ်း
-----------

ပုရွတ်ဆိတ်ကလေးတစ်ကောင်က အလုပ်ခွင်ကို နေ့ တိုင်းစောစောရောက်ပြီး ရောက်ရောက်ချင်းလည်း အလုပ်ကိုစပြီးလုပ်ပါသတဲ့.. ပုရွက်ဆိတ်ကလေးက ကောင်းစွာပဲ ထုတ်လုပ်မှုတွေလုပ်ပြီးပျော်ရွင်နေပါတယ်။ခေါင်းဆောင်အကြီးအမှူးဖြစ်တဲ့ ခြင်္သေ့က ပုရွတ်ဆိတ်ကလေးအနေနဲ့ ကြီးကြပ်မှုမပါပဲ အလုပ်လုပ်နေတာကို ကြည့်ပြီးအံ့သြနေရှာတယ်။ခြင်္သေ့ကြီးကတစ်မျိုးတွေးလိုက်တယ်။ကြီးကြပ်သူမပါပဲတောင် ပုရွတ်ဆိတ်ကလေးကောင်ကောင်းအလုပ်ကိုလုပ်နိုင်တယ်ဆိုတော့ တကယ်လို့ များသူ့ မှာကြီးကြပ်သူတစ်ယောက်လောက်များရှိနေမယ်ဆိုရင် ပိုပြီးအလုပ်လုပ်နိုင်မလားဆိုပြီးတွေးနေတာပါ။ ဒါနဲ့ ပဲခြင်္သေ့ကြီးက လူ့ အရင်းအမြစ်ပိုမိုဖွ့ံဖြိုးတိုးတက်လာအောင်ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပါတော့တယ်၊စီစဉ်စရာရှိတာတွေစီစဉ်ပါတော့တယ်။ ခြင်္သေ့ကြီးကပိုးဟပ်တစ်ကောင်ကိုတာဝန်ပေးဖို့ ခေါ်ယူပါတယ်။ ပိုးဟပ်ကလည်းကြီးကြပ်စီမံတယ့်နေရာမှာအတွေ့ ကြုံကောင်းတွေရှိပြီး အထက်လူကြီးဆီ အစီရင်ခံစာတွေရေးပြီးတင်တယ့်နေရာမှာ အတော်နာမည်ကြီးတစ်ယောက်ပါ။ ပိုးဟပ်ရဲ့ ပထမဦးဆုံးဆုံးဖြတ်ချက်က အလုပ်ခွင်ရောက်အချိန်စနစ်ကို စပြီးချမှတ်လိုက်တာပါပဲ။ သူလိုအပ်နေတာက သူရဲ့ အထက်ကိုတင်ပြမယ့်အစီရင်ခံစာနဲ့ အခြားအကြောင်းအရာအချို့ ရေးသားရာမှာ အကူအညီပေးနိုင်မယ့် ကိုယ်ရေးအတွင်းရေးမှူးတစ်ဦးပါ။ပိုးဟပ်ကပင့်ကူကိုခေါ်ယူလိုက်တယ်။ပင့်ကူရဲ့ အလုပ်ကတယ်လီဖုန်းခေါ်ဆိုမှုတွေနဲ့ မှတ်တမ်းမှတ်ရာတွေကို ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ခြင်္သေ့ကြီးကအစီရင်ခံစာပေါ်မှာ အတော်ကလေးနှစ်သက်သဘောကျနေတယ်။ ဒါရိုက်တာအဖွဲ့ အစည်းအဝေးကျရင် ဖွယ်ဖွယ်ရာရာတင်ပြနိုင်ဖို့ အတွက်အဲ့ဒီမှာ အသုံးပြုဖို့ ရာ ပိုးဟပ်ကိုခြင်္သေ့က ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ ပုံပြမျဉ်းတွေ ရေးဆွဲခိုင်းတယ်။ ထုတ်လုပ်မှုနှုန်းတွေ ၊ အလားအလာတွေကိုပြသ တဲ့ပုံပြအခင်အကျင်းတွေပါတဲ့ တင်ပြမှုမျိုးပေါ့ ။ ဒါနဲ့ ပိုးဟပ်က ကွန်ပျုတာအသစ်တစ်လုံး နဲ့ လေဆာပရင်တာတစ်လုံးဝယ်ဖို့ ဖြစ်လာခဲ့တယ် ။ ပိုးဟပ်က ယင်ကောင်တစ်ကောင်ကို အိုင်တီဌာနကိုကြီးကြပ်ဖို့ ခေါ်လိုက်ရပြန်တယ် ။
ပုရွက်ဆိတ်ကလေးကအဲ့ဒီ့ အဖြစ်အပျက်တွေကိုကြည့်ပြီး အတော်လေးစိတ်ပျက်နေတယ် ။တစ်ခါတုန်းကသက်တောင့်သက်သာရှိရှိနဲ့ ရလဒ်ကောင်းထွက်အောင်လုပ်တတ်ခဲ့တဲ့ ပုရွက်ဆိတ်ကလေးဟာ လိုတာတွေထက်ပိုလုပ်နေရတဲ့ စာရွက်ပေါ်ကအလုပ်တွေနဲ့ အစည်းဝေးတွေကို သဘောမကျမုန်းတီးလာခဲ့တယ်။ သူ့ ရဲ့ အချိန်အများစုက အဲ့ဒီ့အလုပ်တွေနဲ့ ပဲကုန်လွန်နေရတယ်။ ပုရွက်ဆိတ်ကလေးအလုပ်လုပ်တဲ့ နေရာဌာနရဲ့ အကြီးအမှူးနေရာကို အဆိုပြုဖို့ ဖြစ်လာပါတော့တယ်။အဲ့ဒီ့နေရာမှာ အင်းဆက်ပိုးကြီးတစ်ကောင်ကိုတာဝန်ပေးလိုက်တယ် ။အဲ့ဒီ့အင်းဆက်ပိုးကြီးကလည်း ဌာနရဲ့ အကြီးအကဲဖြစ်ဖြစ်ချင်းမှာ ကော်ဇောတစ်ချပ်နဲ့ သူ့ ရုံးအတွက် အင်မတန်ကောင်းတယ့်ခုံတစ်လုံးကို ၀ယ်ဖို့ ဆုံးဖြစ်ခဲ့ပါတယ်။ဌာနမှူးဖြစ်တဲ့အင်းဆက်ကောင်ကြီးက သူ့ အရင်ဌာနက အကူတစ်ယောက်ကိုခေါ်လာပြီး ကွန်ပျူတာတစ်လုံးကိုဝယ်လိုက်တယ်။ ပြီးတော့အလုပ်နဲ့ ရသုံးငွေထိန်းသိမ်းရေး အစီအစဉ်ကို ဆောင်ရွက်ပါတော့တယ်။ ပုရွက်ဆိတ်ကလေး အလုပ်လုပ်တဲ့ဌာနဟာ ယခုအချိန်မှာစိတ်ချမ်းသာစရာကောင်းတဲ့နေရာ တစ်ခုမဟုတ်တော့ပါဘူး။ဘယ်သူမှမရယ်ရယ်မောမော ပျော်ပျော်ရွင်ရွင်မရှိကြတော့တဲ့ အပြင်အားလုံးဟာလည်းအတော်ကလေးစိတ်အနှောက်အယှက် အဖြစ်ခံနေကြရပါတော့တယ်။အဲ့ဒီ့အချိန်မှာ အင်းဆက်ပိုးကောင်ကြီးက ဘော့ဖြစ်တဲ့ခြင်္သေ့ကြီးကို အလုပ်ခွင်ဝန်းကျင်အခြေအနေ အာဝါသနဲ့ ပတ်သက်ပြီးလေ့လာမှုတစ်ခု စပြီးလုပ်ဖို့ တင်ပြခဲ့ပါတယ်။ ခြင်္သေ့ကြီးဟာ ပြန်လှန်သုံးသပ်ချက်တွေ လေ့လာမှုတွေပြုလုပ်ပြီး တဲ့အခါမှာ ပုရွက်ဆိတ်ကလေးအလုပ်လုပ်တဲ့ဌာနကထုတ်လုပ်မှုဟာအရင်ထက် အများကြီးနိမ့်ဆင်းသွားတာကို တွေ့ လိုက်ရပါတယ်။ ခြင်္သေ့ကြီးဟာ ပညာရှိဇီးကွက်ကြီးကို ခေါ်ယူပြန်ပါတယ်။ ပညာရှိဇီးကွက်ကြီးလုပ်ပေးရမယ့်တာဝန်ကတော့ လေ့လာဆန်းစစ်မှုတွေကို လုပ်ပြီး အဖြေကောင်းရှာဖွေပေးရမယ့်အလုပ်ဖြစ်ပါတယ်။ ပညာရှိဇီးကွက် ကလေ့လာဆန်းစစ်မှုတွေအတွက် အချိန်သုံးလယူခဲ့ပြီး နောက်ဆုံးအတွဲများစွာ ပါဝင်ပြီး အလွန်ကြီးမားတဲ့  အစီရင်ခံစာကြီးကိုတင်ပြပါတော့တယ်။အဲ့ဒီ့အစီရင်ခံစာထဲမှာ ဌာနအတွင်းဝန်ထမ်းတွေ ပိုလျှံနေတယ်ဆိုတယ့်အကြောင်းလည်းပါလာပါတယ်။
ပုံပြင်လေးနောက်ဆုံးပိုင်းမှာတော့
ခြင်္သေ့ကြီးကဘယ်သူ့ ကိုဦးဆုံးအရေးယူမလဲစဉ်းစားပါတော့တယ် ။ ခြင်္သေ့ကြီးက ပိုလျှံဝန်ထမ်းဆိုပြီး ဦးဆုံးအလုပ်ဖြုတ်လိုက်သူကတော့ မှန်မှန်လာပြီး အလုပ်လုပ်နေတဲ့ ပုရွက်ဆိတ်ကလေးပါပဲ ။ အကြောင်းပြချက်ကတော့ “ ပုရွက်ဆိတ်ကလေးဟာ တက်ကြွစိတ်နည်းပါးပြီး ဆန့် ကျင်ဖက်သဘောထားရှိလို့ ” ပါတဲ့ …. ပုံပြင်လေးကတော့ ဒါပါပဲ…..
တစ်ခါတစ်ခါမှာပေါ့စေချင်လို့ ကြောင်ရုပ်ထိုးတာမှာ … ဆေးကြောင့်လေးသွားတာတွေ့ ရမှာဖြစ်ပါတယ်။ အလုပ်တစ်ကယ်လုပ်တာထက် အစီရင်ခံစာတွေ တစ်ထမ်းကြီးနဲ့ နှမ်းဖြူးတဲ့ ကိစ္စတွေကို ကျွန်တော်တို့ အတော်ကလေးသတိထားသင့်ပါတယ်။

(နေဇင်လတ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။