Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 29, 2015

အုန်းနို့ ခေါက်ဆွဲ ချက်နည်း

အုန်းနို့ ခေါက်ဆွဲ ချက်နည်း
-----------------

လူ ၁၀ ယောက်စာအတွက်

ခေါက်ဆွဲအစို ၁ ပိသာ (သို့) ၁ ပိသာ ၅၀ သား
ကြက်သား ၅၀ သား (ပိုထည့်ချင်လဲ ပိုထည့်လို့ ရပါတယ်)
ကြက်အမြစ် ၂၀ သား
ကြက်သွန်နီ ၂၀ ကျပ်သား
ကြက်သွန်နီအလုံးသေး ၁၅ ကျပ်သား
အုန်းနို့ နို့ဆီဗူး ၁ ဗူး (အုန်းနို့ကို လျှော့ပြီး ထည့်ထားတာပါ၊ ပိုထည့်ချင်လျှင် ပိုထည့်လို့ ရပါတယ်)
ကုလားပဲမှုန့်အကြတ် နို့ဆီဗူး ၁ ဗူး (သို့) ၁ ဗူးခွဲ
ဆီ ၁၅ ကျပ်သား
ငံပြာရည် အချို နို့ဆီဗူး သုံးပုံ ၁ ပုံ ( အငံပေါ့၍ လိုအပ်မှ ထပ်ထည့်ပါ)
သကြား ထမင်းစားဇွန်း ၂ ဇွန်း
ဆား အနည်းငယ်
ငါးဖယ် ၁၅ ကျပ်သား (သို့) ၂၀ ကျပ်သား
ကြက်ဥ (သို့) ဘဲဥ ၈ လုံး
ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်
နနွင်းမှုန့့် အနည်းငယ်

အုန်းနို့ ခေါက်ဆွဲကို ကြက်သား၊ကြက်အမြစ်၊ငါးဖယ် တို့နှင့် ချက်ထားတာပါ။ အုန်းနို့ ခေါက်ဆွဲချက်ရန် အတွက် ကြက်နှင့်ကြက်အမြစ်ကို ရေစင်အောင်ဆေး၍ အတုံးသေးသေးလေးတွေ တုံးပြီး ဆား၊ငံပြာရည်၊နနွင်းမှုန့် အနည်းငယ်တို့ဖြင့် နယ်ပြီး နာရီဝက်ခန့် နှပ်ထားပေးပါ။ ကုလားပဲအကြတ်မှုန့်များကို ရေနှင့် လုံးပြီးခဲမနေအောင် သေချာမွှေပြီး ဖျော်ထားပါ။ငါးဖယ်ကို ဆား၊နနွင်းမှုန့် အနည်းငယ်တို့ဖြင့်ရောနယ်ပြီး ငါးဖယ်ကို အနည်းငယ်မာသည် အထိထောင်းကာ သင့်ရုံအပြားလေးများပြုလုပ်ပြီး ကြော်ထားပါ။ ကြက်ဥ (သို့) ဘဲဥများကို ပြုတ်ထားပါ။ ကြက်သွန်နီဥသေး အလုံးလေးများကို အခွံခွါထားပါ။

ကြက်သွန်နီများများကို ပါးပါးလှီးပြီး နနွင်းအနည်းငယ်နှင့် ရွှေရောင်သမ်းလာအောင်ကြော်၍ တဝက်ကိုခပ်ထုတ်ထားပြီး ဆီစစ်ထားကာ ကျန်တဝက်ထဲသို့ ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် နှပ်ထားသော ကြက်သားများကိုထည့်ပြီး မွှေပါ။ ဆား၊ငံပြာရည်၊သကြား အနည်းငယ်စီ ထည့်ပြီးမွှေပေးပါ။ အသင့်အရည်ဖျော်ထားသော ပဲမှုန့်အရည်ကို ထည့်ပြီးမွှေပေးပါ။ အရည်များပွက်ပွက်ဆူလာလျှင် အုန်းနို့ရည်များကို ထည့်ပါ။ ဟင်းအရည်များ အရမ်းပျစ်နေလျှင် ရေအသင့်အတင့်ကို မှန်းပြီးထည့်ပေးပါ။ ဟင်းရည်အိုးကို မကြာခဏမွှေမွှေပေးပါ။ အရည်များဆူလာလျှင် အခွံခွါထားသော ကြက်သွန်နီအလုံးသေးများ၊ဆီစစ်ထားသော ကြက်သွန်နီကြော်များနှင့် ငါးဖယ်ကြော်များကို သေးသေးလေးညှပ်ပြီးထည့်ပါ။ ပဲသွေး (ခေါ်) ဘဲသွေး ကြိုက်လျှင် အနေတော် အရွယ် အတုံးလေးများ တုံးပြီး ထည့်ပါ။ ကြက်ဥ (သို့) ဘဲဥ ပြုတ်ကိုပါးပါးလှီးပြီး ထည့်ပါ။ ဟင်းရည်များပွက်ပွက်ဆူလာ၍ ကြက်သားများနူးပြီး ပဲရည်၊အုန်းနို့ရည်၊ကြက်သွန်နီများ အားလုံးလဲ ကျက်လာပြီဆိုလျှင် အပေါ့၊အငံ၊အချို မြည်းကာ အရသာရှိသော ကြက်သားအုန်းနို့ ဟင်းရည်လေး ကျက်ပါပြီ။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်။ သွေးတိုးရှိသူများ အုန်းနို့အစား နို့စိမ်းနှင့်လဲ ချက်လို့ရပါတယ်ရှင်။)

ကြက်သားအုန်းနို့ဟင်းရည်ကို ခေါက်ဆွဲအစို၊ငါးဖယ်ကြော်၊ဗူးသီးကြော်၊ပဲကြော်၊ကြက်သွန်ကြော်၊မုန့်ကြွပ်ကြော်၊ကြက်သွန်နီ၊ငရုတ်သီးမှုန့်၊နံနံပင်၊ကြက်သွန်မိတ်၊သံပုရာသီး တို့ဖြင့် တွဲဖက်၍ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်ရှင်။

Credit to ဒေါ်ပုလက်ရာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။