Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 30, 2015

“သားအတွက်မှတ်တမ်း ”

“Zhang Liang hijack ” ဟာ ဟောင်ကောင်နိုင်ငံ ရဲ့ TVB သတင်း စီစဉ် သူဖြစ်ပြီး စာရေးဆရာလဲ ဟုတ်ပါတယ် သူရေးတဲ့ “သားအတွက်မှတ်တမ်း ” ဟာ လူတွေကြားမှာ အရမ်းကို ပျံ့နှံ့ သွားခဲ့ပါတယ်
( ဟောင်ကောင် လူနေမှု့ ပတ်ဝန်းကျင် ပုံစံစရိုက်အရ ) အဖေတစ်ယောက်ရဲ့ သားအပေါ် စိုးရိမ်တဲ့ အကြောင်းအရာတွေ ကို ထင်ဟပ်စေသလို တစ်ချို့ အရာတွေ ဟာလည်းကိုယ်တိုင်တွေ့ကြုံ ခံစားခဲ့ရ ဖူးသလိုပါပဲ ဖတ်ကြည့်မိပြီးသဘောကျမိတဲ့ အတွက်ပြန်လည်မျှဝေ ပေးလိုက်ပါတယ် ခင်ဗျာ
..................................

ချစ်ရတဲ့ သားရေ...အဖေ ဒီမှတ်တမ်း လေးကိုသားအတွက်ရေးပေးရတဲ့ အကြောင်းအရင်း က ၃ ချက်ရှိတယ်

၁. အရာအားလုံးဟာ အနတ္တ ချည်းပါပဲ ဘယ်လောက်ထိ အသက်ဆက်ရှင်ရမယ် ဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး ဒါကြောင့် အချို့ကိစ္စတွေ ကို သားကိုသွန်သင် ခဲ့ရရင် သားအတွက် ကောင်းမှာမို့ပါ

၂.ဘာကြောင့်လဲ ဆိုတော့ အဖေ ဟာသားရဲ့ အဖေဖြစ်နေလို့ အဖေမှမပြောပြ ရင်သားကို ဘယ်သူပြောပြမှာလဲ

၃.အဖေ မှတ်တမ်း တင်ရေးထားသမျှတွေ ဟာ အဖေ နာကျင်စွာနဲ့ သင်ကြား ပေးဆပ်ခဲ့ ရတဲ့ သင်ခန်းစရာတွေ ချည်းပါပဲ သားကို အသစ်ထပ်သွားသင်ပြီး အချိန်မကုန်ရလေအောင် အထောက်အကူ ပြု လိမ့်မယ် သားရဲ့ ဘဝထဲ မှာ ဒီအရာတွေ ကိုသေသေချာချာ မှတ်သားထားလိုက်ပါ
.........................
ကိုယ့်အပေါ် မကောင်းတဲ့သူ ကို စိတ်ထဲ မှာသွားထည့်ထားမနေပါနဲ့ ဘဝ ထဲမှာ ဘယ်သူက မှ ကိုယ့်အပေါ်လာကောင်းပေးနေ ရအောင် တာဝန် ရှိကြတာ မဟုတ်ပါဘူး သားရဲ့အဖေနဲ့ အမေကလွဲ လို့ပေါ့ သားအပေါ်ကောင်းလွန်း တဲ့ သူအတွက် ကျပြန် တော့ သားကသူတို့ အပေါ် ဂရုစိုက် ကျေးဇူးတင်ရမဲ့အပြင် သတိလဲ ကြီးကြီးထားရ ပါမယ် ဘာကြောင့်လဲ ဆိုတော့ လူတွေ ဆိုတာ ဘာပဲ လုပ်လုပ် ရည်ရွယ်ချက် ဦးတည်ချက်ရှိတတ်ကြလို့ပါပဲ သူသားအပေါ် ကောင်းတယ် ဆိုတာ အမြဲတမ်း သားကို ကြိုက်နေ လို့မဟုတ်ဘူး ဒီအရာကို ကောင်းကောင်း အလေးဂရုထားတတ်ရပါမယ် အလွယ်တကူ မြန်မြန်ဆန်ဆန် လည်း လက်မခံ လိုက်မိပါစေနဲ့ (ကြောက်ဖို့ ကောင်းလို့ပါ )
...........................
အစားပြန်မထိုး နိုင်တဲ့ လူဆိုတာ မရှိ သလို ဘယ်အရာ မှလဲ မရှိမဖြစ်ဆိုတာ မရှိပါဘူး ဒီအရာကို သဘောပေါက်နားလည်ထားရင် တစ်ချိန်ချိန် မှာ ကိုယ့်ဘေးကလူ က ကိုယ့်ကို ဆက်လက်မလိုအပ်တော့တဲ့ အခါမှာ ဒါမှမဟုတ် သားရဲ့ အချစ်ဆုံးအရာကို ဆုံးရှုံးသွားရတဲ့ အခါ သားနားလည်ရမှာက ဒါဟာ သေရေးရှင်ရေးကိစ္စ ကြီးမဟုတ်ဘူးဆိုတာပါပဲ
..........................
ဘဝ ဆိုတာ တိုတောင်းလွန်းပါတယ် အလွန်ဆုံး (နှစ်၁၆၀ ပဲနေ နိုင်တာပါ ) အကယ်လို့ ဘဝကို တန်ဖိုးရှိအောင် အသုံး မချ ရသေးဘူးဆိုရင် မနက်ဖြန်ကျရင် ဘဝက အဝေးကြီး ကိုပိုလွတ် ထွက်သွားပါလိမ့်မယ် ဘဝကို တန်ဖိုးထားတတ်လေလေ ဘဝကနေရရှိမဲ့ပျော်ရွင်မှု့တွေ ကလဲ ပိုများလေလေဖြစ်လာလိမ့်မယ် ဘဝသက်တမ်းပိုရှည်အောင် ထိုင်စောင့်မျော်နေတာထက်စာရင် ဒီကနေ့ကိုပဲ ပျော်ရွင်အောင်လုပ်တာပိုကောင်းပါတယ်
..........................
ဒီလောက မှာ ကမ္ဘာတည်သရွေ့ ခိုင်မြဲ မဲ့ အချစ်ဆိုတာ မရှိ ဘူး အချစ်ဆိုတာ ခဏ တာ အတွင်းဖြစ်ပေါ်လာတဲ့ ခံစားချက်ပဲ ခံစားချက် ဆိုတာကလည်း အချိန်ကာလ နဲ့စိတ်နေစိတ်ထားအပေါ်မူတည်ပြီးပြောင်းလဲ သွားတတ်တယ် အကယ်လို့ သားအချစ်မြတ်နိုးဆုံးအရာ နဲ့ ခွဲ ခွာ ခဲ့ရတယ် ဆိုရင် သီးခံစိတ်မွေးပြီးတော့ အချိန်က တစ်ဖြေးဖြေးကုစား ပေးပြီး အနည်ထိုင်သွားအောင် စောင့် လိုက်ပါ သားရဲ့ သောကတွေ တစ်ဖြေးဖြေး ပျယ်လွင့်သွားပါလိမ့်မယ် ....အချစ်ကို အရမ်းကြီး သာယာချိမြိန် နေအောင် မမျော်လင့် ပါနဲ့ ပြီးတော့ အသဲကွဲတာကို လည်း အရမ်းသောက ဖြစ်နေအောင် ခံစားမနေမိပါစေနဲ့
...................................
အောင်မြင်သွားတဲ့ လူတွေ တော်တော်များများ ပညာအများကြီးတတ် ဘွဲ့ အများကြီးမရ ဖူးကြပေမဲ့ မကြိုးစား မသင်ယူပါပဲ နဲ့ လည်း အကျိုးခံစားခွင့်ရမှာမဟုတ်ဘူး အသိပညာဆိုတာ တိုက်ခိုက်တဲ့ အခါ မှာ ချမ်းသာ နိုင်မဲ့ လက်နက်ပါပဲ ...အသိပညာ လက်နက် မပါပဲ တိုက်ခိုက်လို့ ကတော့ မချမ်းသာ နိုင်ဘူးဆိုတာ မှတ်ထား ပါ
...................................
အဖေ သားကို ကျန်နေသေးတဲ့ အဖေ့ရဲ့ ဘဝတစ်ဝက်ကို ကျွှေးမွေးစောင့်လျောက်ပေးဖို့ မတောင်းဆို ဘူး ဘာကြောင့်လဲ ဆိုတော့ အဖေလဲ သားရဲ့ကျန်နေသေးတဲ့ ဘဝ တစ်ဝက်ကို လိုက်စောင့်လျောက်ပေးနေနိုင်မှာ မဟုတ်လို့ပဲ သားကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်အောင် ကြီပြင်းလို့ လွတ်လပ် ပြီဆိုတော့ အဖေလည်းတာဝန် ပြီးဆုံးပြီ မို့လို့ပါပဲ ဒီကနေ စပြီး သား လိုင်းကားစီးမလား ကိုယ်ပိုင်ကားအကောင်းစားကြီးစီးမလား ငါးမန်းတောင်ဟင်းချို စားမလား ခေါက်ဆွဲခြောက်ပြုတ်ပဲ စားမလား ဆိုတာ သားဖာသာရွေးချယ် လို့ ရ ပါပြီ
..........................................
တစ်ပါးသူ အပေါ် ကောင်း ရမယ် ဒါပေမဲ့ သူတစ်ပါးက ကိုယ့်အပေါ် အမြဲကောင်းနေလိမ့်မယ် ရယ်လို့ တော့ မမျော်လင့်မိပါစေနဲ့ ကိုယ်သူတစ်ပါးအပေါ် ဘယ်လို ဆက်ဆံ ခဲ့သလဲ ကိုယ်ဆက်ဆံ သလို တစ်ပါးသူကပြန်ဆက်ဆံ လိမ့်မယ် ရယ် လို့ မထင် လိုက်ပါနဲ့ သားဒီသဘောတ၇ားကို နားလည်ထားရမယ် ဒါမှ မလိုအပ်ပဲ သောက မဖြစ်ရမှာ
..............................................
အဖေ တစ်သက်လုံးနီးပါး ထီထိုးလာခဲ့ဖူးတယ် ဒါတောင်နှကိုယ်အတိုင်းဆင်းရဲနေမြဲ ပဲ နောက်ဆုံးဂဏန်း လေး ၂ လုံးတောင် မတိုက်ခဲ့ဖူးဘူး ဒါဟာ အောင်မြင်တိုးတက်ချင်ရင် ကိုယ့်ဖာသာကြိုးစားမှရ နိုင်မယ် ဆိုတာ လက်တွေ့ ပြတာပါပဲ ဒီကမ္ဘာပေါ် မှာ ဘယ်နေ့လည်စာမှ ပိုက်ဆံ မကုန်တာ မရှိဘူး (No free lunch)
..........................................
ဆွေမျိုး မိတ်ဆွေ သူငယ် ချင်းဆိုတာ အားလုံးဟာ ဒီဘဝ တစ်ဘဝတည်းမှာတာ ဖြစ်နိုင်တာပါ ဒါကြောင့် အတူတူနေရ ကြုံ ရတဲ့ အချိန်လေးကို ဂရုစိုက်အလေးထားပါ ဘာကြောင့်လဲ ဆိုတော့ နှောင်ဘဝ မှာ ကိုယ်ဘယ်လောက်ပဲ ချစ်ချစ် မုန်းမုန်း ထပ်တွေ့ကြ ရ ဖို့ မဖြစ်နိုင်တော့ဘူး ( အကယ် လို့ ပြန်တွေ့ကြ ရရင်တောင် မမှတ်မိ နိုင် မသိ နိုင်ကြတော့ဘူး ) မို့လို့ပါပဲ
........................................
++++++++++++++++++
လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။