အိမ်ကလူရီးက
ငါးကင်ဆိုအရမ်းကြိုက်တော့ အိမ်မှာခဏခဏကင်စားဖြစ်ရင်း လက်ရာတွေတက်
ငါးကင်ဆို ရမ်းကျွမ်းပိဖြစ်နေပီ စားပီးတိုင်းလဲအမြဲပြောနေကျ
ငါ့မီးမလက်ရာက ဆိုင်ကထက်တောင်ကောင်းဆိုဖဲ ဟိဟိ
ဘာမှဟုတ်ပုကြော်ငြာဝင်နာ
ဟက်ပီးနယူးရီးယား နီးတော့အကင်လုပ်စားကြတာ
များတဲ့အတွက် ငါးကင်နည်းလေးတင်ပေးမယ်နော်
ကကတစ်(သို့)ဆလားဗီးယား
ကြိုက်နှစ်သက်ရာငါးတကောင်ကို အကြေးခွံခွာ အူထုတ် ပါဟပ်ထုတ် ရေစင်အောင်ဆေးပါ
ပြီးရင်သံပုရာသီးနဲ့ညှီနံ့ပျောက်အောင်ငါးကိုပွတ်ပေးပါ
ဒိန်ချဉ်အနည်းငယ်ကိုငါးပေါ်ကိုသုတ်
ကြက်သွန်ဖြူ ဂျင်း ကိုထောင်းထဲ့ ကြက်သားမှုန့် ဆား နနွင်းမှုန့် သကြား ငံပြာရည် မဆလာ နဲ့ငါးကိုနှံ့အောင်နယ်ပီးနှပ်ထားပါ
ငါးဝမ်းဗိုက်ထဲထည့်ဖို့ ကြက်သွန်ဖြူ ဂျင်း ငရုတ်သီးစိမ်း
ပူစီနံ ရှမ်းနံနံ တို့ကိုကြိတ်ပီး ငါးဝမ်းဗိုက်ထဲထည့်ပါ
ညနေကင်မယ်ဆိုမနက်ထဲကနှပ်ထားရင်ပိုကောင်းပါတယ်
မီးသွေးမီးဖိုနက်ကင်မယ်ဆို
ငါးကင်ညှပ်သံပြားလေးကိုဆီသုတ်ပါ ( ဒါမှငါးမကပ်မှာပါ )
ပန်ကန်အသေးထဲဆီနဲ့ထောပတ်ရောထဲ့ စုတ်တံလေးနက် ငါးပေါ်ကိုသုတ်လိုက်ကင်လိုက်လုပ်ပါ
ငါးနက်တွဲစားဖို့ဆောစ့်ကတော့ မကျည်းသီးနဲ့ထန်းညှက်ကိုကြို ပီးရင်အဖတ်မပါအောင်စစ် ပူစီနံ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂျင်း ဆား ငံပြာရည်ထဲ့ရုံပါပဲ
ကင်ထားတဲ့ငါးလေးနက်သူ့ဆောစ့်လေးနဲ့တွဲစားကျိအရမ်းကောင်းပါတယ်
(မှတ်ချက် - ငါးကိုဒိန်ချဉ်နဲ့နှပ်ရင်ငါးအသားကနူးညံ့ပီး ပို မွှေးစေလို့ပါ )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။