Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 29, 2015

“လူငယ်နှင့်ပြုံးရွှင်ခြင်းအနုပညာ”

“လူငယ်နှင့်ပြုံးရွှင်ခြင်းအနုပညာ”

“အပြုံးဆိုတာ အလွယ်ကူဆုံး ပေးဆပ်နိုင်တဲ့ အရာဆိုတာ သင့်အနေနဲ့ သိပြီးပြီလား။ သင့်မှာ တစ်စုံတစ်ယောက်အတွက် ပေးကမ်းစရာ ဗလာနတ္ထိ ဖြစ်နေတယ်လို့ ခံစားနေရရင်တောင် အပြုံးတစ်ပွင့်ကိုတော့ သင်က ပေးနိုင်သေးတယ်ဆိုတာကို သတိရပါ။” Francie Baltazar-Schwartz

ပြိုင်ဆိုင်မှုများလာတဲ့ခေတ်မှာ ကိုယ့်ဘ၀ကို နောက်ကောက်ကျ မကျန်ခဲ့အောင် ကြိုးစားရုန်းကန်ရင်း အလိုမကျမှု၊ စိုးရိမ်မှု၊ အတ္တကြီးမှုတွေ အတောမသတ်အောင် ဖြစ်တတ်ရတယ်ဆိုတာကို လူငယ်တွေအနေနဲ့ သတိပြုဖို့လိုပါတယ်။ တကယ်တော့ ဘ၀ဆိုတာ အတ္တကြီးမားစွာနဲ့ ထမ်းဆောင်ရမယ့် ၀န်ထုပ်ဝန်ပိုး မဟုတ်ပါဘူး။ လွတ်လပ်ပြုံးပျော်စွာ ဖန်တီးတည်ဆောက်ရမယ့် အရာတစ်ခုပဲဖြစ်ပါတယ်။ လူငယ်တွေဟာ ဘ၀ရဲ့ အခက်အခဲတွေကို ပြုံးရွှင်စွာ ကျော်ဖြတ်နိုင်မယ့် ခွန်အားတွေ မွေးမြူဖန်တီးနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် အလွယ်ကူဆုံး ဖန်တီးရယူနိုင် မယ့် အရာကတော့ အပြုံးတစ်ပွင့်ဆိုတာကို သတိပြုဖို့လိုပါတယ်။ အပြုံးတစ်ပွင့်ဟာ ငွေကုန်ကြေးကျ မလိုသလို လက်ခံရယူသူအတွက်လည်း နှစ်လိုဖွယ်ဖြစ်စေပါတယ်။

တကယ်တော့ ကိုယ့်ဘ၀ရဲ့ စိတ်ဆင်းရဲမှု၊ အလိုမကျမှု၊ စိုးရိမ်မှုတွေဟာ ကိုယ်ရဲ့ခံယူချက်ပေါ်မူတည်ပြီး ခံစားမှုအတိမ်အနက်ကို ဖြစ်ပေါ်စေနိုင် တာပါ။ အဲဒီအရာတွေကို ကုစားပေးနိုင်မယ့် အကောင်းဆုံးဆေးကတော့ ပြုံးရွှင်ခြင်းပဲဖြစ်ပါတယ်။ အပြုံးတစ်ပွင့်ဟာ စိတ်ဖိစီးမှု၊ မပျော်ရွှင်မှု၊ စိုးရိမ်မှုတွေနဲ့ တင်းမာမှုတွေကို ဖြေလျော့ပေးနိုင်တဲ့ သဘာဝကပေးတဲ့ အကောင်းဆုံး ဖြေဆေးတစ်လက်ပါပဲ။ အပြုံးတစ်ပွင့်ဟာ ပင်ပန်းနွမ်းနယ်သူတွေအတွက် စိတ်လက်ပြေပျောက်မှုနဲ့ ၀မ်းနည်းပူဆွေး နေရသူတွေအတွက် စိတ်ရွှင်လန်းအားတက်စေတဲ့ ရောင်ခြည်ကို ပေးစွမ်းနိုင်သလို အရှုံးတွေနဲ့ ရင်ဆိုင်နေရပြီး၊ မျှော်လင့်ချက် ကင်းမဲ့သူတွေအတွက်ပါ မျှော်လင့်ခြင်းရောင်ခြည်တွေကို သယ်ယူဆောင်ကျဉ်း လာစေပါတယ်။

ဒါကြောင့် ပြုံးရွှင်ခြင်းဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမဆို ပေးကမ်းနိုင်တဲ့ ဈေးနှုန်းအချိုသာဆုံး၊ အလွယ်ကူဆုံးနဲ့ အနူးညံ့ဆုံး ဆုလာဘ်တစ်ပါး ဖြစ်ပါတယ်။ အပြုံးတစ်ပွင့်ဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာကို လှပစေနိုင်သလို ကိုယ်နဲ့မသိတဲ့ သူစိမ်းတစ်ရံဆန် တစ်ယောက်ရဲ့ တစ်နေ့တာကိုတောင် လှပသာယာ စေနိုင်ပါတယ်။ ရလဒ်ကို သံသယဖြစ်တယ်ဆိုရင် တစ်ခါလောက်တော့ စမ်းသပ်ကြည့် စေချင်ပါတယ်။ ကိုယ့်ရဲ့ နှစ်လိုဖွယ်အပြုံးကို လက်မခံနိုင်တဲ့သူဆိုတာ မရှိသလောက် ရှားပါလိမ့်မယ်။ အပြုံးတစ်ပွင့်ဟာ ချစ်သူခင်သူ တိုးစေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အပြုံးတစ်ပွင့်ဟာ လျင်လျင်မြန်မြန် ကူးစက်ပျံ့ပွားတတ်တဲ့ သဘောရှိတာမို့ပါ။ ဒါကြောင့် သင့်ရဲ့ အပြုံးဟာ တစ်နေ့တာအတွင်းမှာ လူပေါင်းများစွာဆီ ပျံ့နှံ့နိုင်စေနိုင်တာကို သတိပြုဖို့လိုပါတယ်။

ပုထုဇဉ် လူသားတွေအနေနဲ့ အကြောင်းကိစ္စတိုင်းမှာ ပြုံးပြုံးရွှင်ရွှင်နဲ့ အမြဲတမ်းနေထိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် အချိန်တိုအတွင်း ပြန်လည် ပြုံးနိုင်အောင် ကြိုးစားနေထိုင်ဖို့ လိုပါတယ်။ တကယ်လို့ ကိုယ့်မှာ စိတ်သောကတွေနဲ့ ကြုံတွေ့နေရချိန်မို့ ကိုယ့်စိတ်မှာ ညစ်နွမ်းနေချိန် ဖြစ်နေရင်တောင် “ဒါလည်း ပြီးသွားမှာပါ (This too will pass.)”ဆိုတဲ့ စကားကို နှလုံးသွင်းဖို့ လိုပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း စိတ်သောကတွေနဲ့ ကြုံတွေ့ရဖူးပါတယ်။ ဘ၀မှာ မှတ်မှတ်ရရ စာရေးသူရဲ့ အဖေနဲ့သားငယ် တစ်ပတ်ပဲခြားပြီး ဆုံးရှုံးသွားခဲ့စဉ်ကပါ။ အကောင်အထည် ဖော်ဆောင်ခါစ အလုပ်ကလည်း အမြတ်အစွန်းရဖို့ ဝေးလို့။ ရပ်မသွားအောင် ရုန်းကန်နေရချိန်မှာ ဖြစ်ပျက်ခဲ့တာတွေပါ။ မမြင်နိုင်တဲ့ ကံကြမ္မာကြောင့် ကမ္ဘာပျက် မတတ်ခံစားခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကို ပြန်တည့်မတ်အောင် တော်တော်လေး ကြိုးစားခဲ့ရတာပါ။ ဒါကြောင့် အကြောင်းကိစ္စတိုင်းမှာ အချိန်တိုင်း အပြုံးမပျက် နေနိုင်ရမယ်လို့ မဆိုလိုပေမယ့် ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး အပြုသဘော ရှုမြင်ပြီး ပြန်လည်တည့်မတ်ဖို့ လိုပါတယ်။

နေ့တစ်နေ့ကို အစပြုတဲ့ အိပ်ရာက နိုးချိန်မှာ ကိုယ့်ကိုယ်ကို မေးခွန်းပြန်မေးဖို့ လိုပါတယ်။ ကြည့်မှန် တစ်ချက်ရဲ့ရှေ့မှာ ရပ်လိုက်ပါ။ မှန်ထဲက ကိုယ့်အရိပ်ကို ပြုံးပြလိုက်ပါ။ ပြီးရင်တော့ “ဒီနေ့ကို ဘယ်လိုပုံစံနဲ့ ဖြတ်သန်းမလဲ”လို့ မေးလိုက်ပါ။ မှန်ထဲက အရိပ်ရဲ့ မျက်နှာအမူအရာအတိုင်း ကိုယ့်ရဲ့ နေ့သစ်ကို အစပြုဖြတ်သန်းဖို့ ကြိုးစားကြည့်ပါ။ ကြည့်မှန်ရဲ့ သဘောနဲ့တူတဲ့ ကိုယ့်ပတ်ဝန်းကျင်က ပြန်ပြုံးပြဖို့ အဆင်သင့် ဖြစ်နေပါ လိမ့်မယ်။ သူတို့ဘက်က အပျက်သဘော ပြုမူလာခဲ့ရင်တော့ သင့်ဘက်က တတ်နိုင်သမျှ လစ်လျူရှူလိုက်ပါ။ ပတ်ဝန်းကျင်ဆိုတာ ဆိုးတာနဲ့ ကောင်းတာ ရောပြွမ်းနေတာမို့ ကိုယ့်စိတ်ထဲမှာ မကောင်းတာကို ကြာရှည်ကြာမြဲ ခံစားမနေပါနဲ့။ အာလူးအပုတ်ကို အာလူးအကောင်းတွေနဲ့ ရောထားရင်းနဲ့ အာလူးအကောင်းတွေပါ မကြာခင် အပုတ်ဓာတ် ကူးသွားနိုင်သလိုပါပဲ။ ဒါကြောင့် အာလူးအပုတ်ကို ဖယ်ပစ်သလို မကောင်းတဲ့အရာတွေကို အလျင်အမြန် ဖယ်ထုတ်ပစ်ဖို့ လိုပါတယ်။

အပြုံးတစ်ပွင့်ဟာ ဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်ပေးနိုင်တဲ့ အကောင်းဆုံးသော ကြားခံနယ်ပယ်ပါ။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အကဲဖြတ်တဲ့အခါ သူ့ရဲ့မျက်နှာအမူအရာကိုလည်း ထည့်သွင်းစဉ်းစားလေ့ ရှိတာမို့ပါ။ လူတစ်ယောက်ရဲ့ အတွင်းစိတ် ကြည်လင်နေမှသာ နှစ်လိုဖွယ်အပြုံးကို လုပ်ဆောင်နိုင်တာပါ။ လူတစ်ယောက်ရဲ့ အတွင်းစိတ် အနေအထားကို အကဲဖြတ်နိုင်ဖို့အတွက် သူ့ရဲ့နှစ်လိုဖွယ် အပြုံးဟာများစွာ အထောက်အကူဖြစ်စေပါတယ်။ လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်ရဲ့ ဖိစီးမှုဒဏ်ကြောင့် ရံဖန်ရံခါမှာ စိတ်မော၊ လူမောဖြစ်ရတတ်ပါတယ်။ အဲဒီအခါမှာလည်း တတ်နိုင်သမျှ အကောင်းမြင်စိတ်နဲ့ နှစ်လိုဖွယ် ပြုံးတတ်ဖို့လိုပါတယ်။

ဥပမာဆိုပါစို့။ ဆိုးရွားတဲ့ ဖောက်သည်ဆီကို ဖုန်းဆက်ရမယ့် တာဝန်ကို လုပ်ဆောင်ရမယ်ဆိုရင်တောင် သူ့ဆီကို ဖုန်းမဆက်ခင်မှာ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်သန့်စင်အောင် ပြင်ဆင်ပြီး နှစ်လိုဖွယ်အပြုံးနဲ့ ဆက်သွယ်ပါ။ ဒါဆို သူ့ဘက်က အနှုတ်သဘောဆောင်တဲ့ ပြုမူချက်ကို ကိုယ့်ဘက်က အပြုသဘောနဲ့ ရှုမြင်နိုင်မှာဖြစ်ပါတယ်။ အနှုတ်သဘောဆောင်တဲ့ ပြုမူချက်ကို သူရောကိုယ်ပါ ပြုမူနေမယ်ဆိုရင် အလုပ်ဖြစ်မှာ မဟုတ်သလို ကိုယ့်ရဲ့အဖွဲ့အစည်းအတွက်လည်း ထိခိုက်နစ်နာမှာဖြစ်ပါတယ်။ ကိုယ့်ပုံရိပ်ကိုလည်း ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် အပြုံးတစ်ပွင့်ဟာ အဖိုးအခ အသက်သာဆုံးနဲ့ ဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်နိုင်တဲ့ အကောင်းဆုံးသောအရာ ဖြစ်ရခြင်း ဖြစ်ပါတယ်။

ပြီးတော့ နှစ်လိုဖွယ်အပြုံးဟာ ပျော်ရွှင်မှုနဲ့စိတ်ချမ်းသာမှုကို ထာဝရ ပေးစွမ်းနိုင်ပါတယ်။ လူအချို့ အထင်မှားနေကြတာ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ရုပ်ဝတ္ထုပြည့်စုံမှုဟာ လူတွေကို ထာဝရပျော်ရွှင်မှု ပေးနိုင်မယ်လို့ ထင်နေကြတာပါ။ ငွေကြေးဟာ ဒုတိယဘုရားသခင်လို့ ပြောဆိုနေကြတာကို လုံးဝဥဿုံမှားတယ်လို့ မဆိုလိုချင်ပေမယ့် လူတွေကို ဒုက္ခပေးတတ်တာလည်း ငွေကြေးပါပဲ။ တစ်ခါက သူဌေးတစ်ဦး ဟာ သူတောင်းစားတစ်ဦးရဲ့ ငွေကြေးချို့တဲ့မှုကို သနားစိတ်ဝင်ပြီး ငွေကြေးကူညီ ထောက်ပံ့လိုက်ပါတယ်။ သူဌေးရဲ့အထင် သူတောင်းစားတော့ ပိုက်ဆံရှိသွားပြီမို့ စိတ်ချမ်းသာနေလောက်ပြီလို့ ထင်နေပါတယ်။

ဒါပေမယ့် သူတောင်းစာခမျာ ပိုက်ဆံရှိလာတော့မှ အဲဒီပိုက်ဆံကို သူခိုးခိုးမှာ စိုးရိမ်စိတ်လွန်ကဲပြီး မအိပ်နိုင်၊ မစားနိုင်ဖြစ်နေပါတော့တယ်။ သီဆိုတီးခတ်နေကျ တူရိယာကိုတောင် မတီးနိုင်တော့တာမို့ နောက်နေ့မနက် မိုးလင်းတော့ သူဌေးရဲ့ငွေကို လာပြန်ပေးလိုက်ပါတော့တယ်။ ခင်ဗျားဆီက ငွေကိုလက်ခံလိုက်ရင် ကျုပ်တော့ ပျော်ရွှင်ရပြီ ထင်ရပေမယ့် တကယ့်လက်တွေ့မှာတော့ မပျော်ရွှင်ရပါဘူး။ ထိန်သိမ်းရတဲ့ အလုပ်တောင် ပိုရှုပ်လာတဲ့အပြင် စိတ်ပူရတာနဲ့ပဲ ကျုပ်မှာ ပြုံးပြုံးရွှင်ရွှင်တောင် မနေရဘူးလို့ ပြောလိုက်ပါတယ်။ ဒီပုံပြင်ဟာ ငွေကြေးချမ်းသာဖို့ မလိုဘူးလို့ ဆိုလိုချင်တာတော့ မဟုတ်ပါဘူး။ ငွေကြေးဟာ လူတွေကို ထာဝရပြုံးပျော်ရွှင်မှုကို မပေးနိုင်ဘူးလို့ ပြောချင်တာပါ။ တကယ့်ထာဝရပျော်ရွှင်မှုကို ပေးနိုင်တာက အတွင်းစိတ်ကြည်လင် သန့်စင်နေဖို့နဲ့ နှစ်လိုဖွယ် အပြုံးတစ်ပွင့်ကို ပန်ဆင်နေဖို့ပါပဲ။

ဒါကြောင့် နှစ်လိုဖွယ်အပြုံးဟာ ကမ္ဘာနဲ့အ၀န်း လက်ခံထားတဲ့ ဆက်ဆံရေးကွန်ယက် တစ်ခုပါပဲ။ နေ့စဉ်လူမှုဘ၀ ဆက်ဆံရေး၊ အဖွဲ့အစည်းကြား ဆက်ဆံရေး၊ နိုင်ငံအချင်းချင်းကြား သံတမန်ဆက်ဆံရေးမှာလည်း နှစ်လိုဖွယ်အပြုံးတစ်ပွင့်ဟာ အောင်မြင်မှုများစွာ ရရှိစေပါတယ်။ ဒါကြောင့် ပြုံးပါ။ နှစ်လိုဖွယ်တော့ ဖြစ်ပါစေ။ ချစ်စဖွယ် အပြုံးတစ်ပွင့်ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါး ပိုင်ဆိုင်ရသလို ပိုင်ဆိုင်ထားသူအတွက် ထာဝရဂုဏ်တင့်စေမှာ ဖြစ်ပါတယ်။ ချစ်စဖွယ် အပြုံးတစ်ပွင့်ဟာ ကူးစက်ပျံ့နှံ့လွယ်တဲ့ ဗိုင်းရပ်စ်ပိုးလိုပါပဲ။ ကူးစက်ခံရ သူကိုပါ ချစ်စဖွယ် အပြုံးကို ဆင့်ပွားခံစားရစေမှာ ဖြစ်ပါတယ်။ စင်္ကြ၀ဠာကြီးနဲ့ နှိုင်းယှဉ်လိုက်ရင် အမှုန်းအမွှားတစ်ခုမျှသာ ဖြစ်နေတဲ့ ကျွန်ုပ်တို့ တွေအနေနဲ့ လောကကြီးအတွက် ကြီးကြီးမားမား ပေးဆပ်စရာ မရှိလို့ အားငယ်စရာတော့ မလိုပါဘူး။ ဖောဖောသီသီ ပေးဆပ်နိုင်မယ့် အပြုံးတစ်ပွင့်ကို လူတိုင်းပိုင်ဆိုင်ထားတယ်ဆိုတာ သတိပြုပါလေ။ ဒါကြောင့် လူငယ်တွေအနေနဲ့ ကမ္ဘာလောကကြီးအတွက် နှစ်လိုဖွယ် အပြုံးကို ဖောဖောသီသီ ပေးစွမ်းနိုင်ဖို့ ကြိုးစားကြစေချင်ပါတယ်။ အောင်မြင်မှုအတွက် အပြုံးတစ်ပွင့်ဟာ လွန်စာအရေးပါတာကြောင့်ပါ။

နိဂုံးချုပ်အနေနဲ့ လက်တွေ့မှာ အပြုံးတစ်ပွင့်ကို ဘယ်လိုဖန်တီးရမလဲဆိုတာကို ပြန်လည်မျှဝေချင်ပါတယ်။ ဘ၀အမောတွေကို ဟာသနှောပြီး ရေးထားတဲ့ စာအုပ်၊ရုပ်ရှင်နဲ့ ဗွီဒီယိုတွေကိုဖတ်ပါ/ကြည့်ရှုပါ။ ကိုယ့်ကိုအပြုံးတစ်ပွင့် ဖြစ်ပေါ်စေခဲ့တဲ့ အခိုက်အတန့်ဟာ ကိုယ့်အတွက် ကျေနပ်စရာပါ။ တကယ့်အလှဟာ အဖိုးတန် မိတ်ကပ်ကြောင့် မဖြစ်ပေါ်နိုင်ပါဘူး။ နှစ်လိုဖွယ်အပြုံးကြောင့်သာ ထာဝရအလှဆိုတာ ဖြစ်ပေါ်တာပါ။ “နှစ်လိုဖွယ်အပြုံး”ဆိုတဲ့ စကားလုံးကို ကိုယ့်အနားဝန်းကျင်မှာ ရေးထားပြီး မကြာခဏ ဖတ်ရှုပေးပါ။ အမှန်တကယ် နှစ်လိုဖွယ် အပြုံးတစ်ခုကို ဖန်တီးနိုင်စေဖို့ အဲဒီစကားလုံးက အမြဲတမ်း သတိပေးနေပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရဲ့အပြုံးဟာ မဲ့ပြုံး၊ ခနဲ့ပြုံး၊ ရွဲ့ပြုံး၊ ထေ့ပြုံး၊ ရိပြုံးစတဲ့ အနှုတ်သဘောတွေတော့ မပါမိပါစေနှင့်။ ကိုယ်ပြုံးတိုင်းမှာ ချစ်စဖွယ်ဖြစ်နေဖို့ လိုပါတယ်။

လူငယ်တွေအနေနဲ့ တန်ဖိုးရှိလှတဲ့ အပြုံးတစ်ပွင့်ကို ၀ယ်ယူဖို့၊ တောင်းခံဖို့၊ ချေးငှားဖို့နဲ့ အတင်းအကြပ် ရယူဖို့ (လုံးဝ) မရနိုင်ပါဘူးဆိုတာကို ထပ်မံသတိပြုဖို့ လိုပါတယ်။ ပြီးတော့ တစ်စုံတစ်ယောက်အတွက် သင်ဟာ ကောင်းကျိုးတစ်စုံတစ်ရာ မလုပ်ပေးနိုင်ခင်မှာ အပြုံးတစ်ပွင့် ပေးဆပ်ဖို့ ဆန္ဒပြင်းပြင်းပျပျ ရှိပါစေ။ တစ်စုံတစ်ယောက်က ကိုယ့်ကို ပြုံးပြဖို့ သိပ်ကိုခက်ခဲနေတယ် ဆိုရင်တောင် ကိုယ်က အပြုံးတစ်ပွင့်ကို တစ်နည်းနည်းနဲ့ သူ့ထံ ပေးပို့နိုင်ပါစေ။ အပြုံးတစ်ပွင့်ကို မလိုအပ်တဲ့သူဆိုတာ ရှာမှရှားတာမို့ လောကကြီးရဲ့အလှကို နှစ်လိုဖွယ်အပြုံးနဲ့ လှပစေဖို့ တန်ဆာဆင်နိုင်သူ လူငယ်လူရွယ်များဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
၂၉.၁၂.၂၀၁၅

Ref: “The Value of a Smile” by Francie Baltazar-Schwartz

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။