ဒီနေ့အတွက် ဖန်ခွက်ကို လွှတ်ချလိုက်ပါ
====================
တစ်ခါတုန်းက စာသင်ခန်းထဲမှာ ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ ရေ အချို့ထည့်ပြီးမတ် တပ်ရပ် လိုက်တယ် ။ သူက ကျောင်းသားအားလုံးမြင်ရအောင်ဖန်ခွက်ကို ကိုင်မြှောက်ပြ လိုက်ပြီး ကျောင်းသားတွေ ကိုမေး လိုက်တယ် ။
“ ဒီဖန်ခွက်အလေးချိန်ဘယ်လောက် ရှိတယ်လို့ထင်လဲ ”
“ ငါးဆယ်ဂရမ် ”.....“ ၁၀၀ ဂရမ် ”....“ ၁၂၅ ဂရမ် ”.. ကျောင်းသားတွေကပြန်ဖြေကြတယ် ။
“ ဒီဖန်ခွက်ကို ချိန်မကြည့်ပဲနဲ့ ဆရာ တိတိကျကျမသိနိုင်ဘူး ” ဖရော်ဖက်ဆာကပြောတယ် ။ “ဒါပေမယ့် ဆရာမေးချင်တာက ဒီဖန်ခွက်ကို ဒီအတိုင်းမိနစ်အနည်းငယ်ကိုင်ထားရင် ဘာဖြစ်နိုင်သလဲ ”
“ ဘာမှမဖြစ်နိုင်ပါဘူး ” ကျောင်းသားတွေကပြန်ဖြေတယ် ။
“ ကောင်းပြီ ဒါဆို ဒီဖန်ခွက်ကို တစ်နာရီလောက် ဒီအတိုင်း ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ” ပရော်ဖက်ဆာက ထပ်မေးတယ် ။
“ ဆရာ့လက်မောင်း နာလာပါလိမ့်မယ် ” ကျောင်းသာတွေထဲက တစ်ယောက်က ဖြေယတ် ။
“ မင်းမှန်တယ် ကဲ ဒါဆို ဒီအတိုင်း တစ်ရက်လောက်ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ”
“ ဆရာ့လက် ထုံကျင်လာမယ် ကြွက်သားတွေ နာလာ မယ် တောင့်တောင့်ကြီးဖြစ် သွား မယ် ပြီးတော့ ဆေးရုံသွားရမှာ ကြိမ်းသေပဲ ”
ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီးပြောတယ် ။ တခြားကျောင်းသားတွေက ၀ိုင်းရယ်ကြတယ် ။
“ အရမ်းကောင်းတယ် ဒါပေမယ့် အခုလို လုပ်ခဲ့တဲ့အချိန်တိုင်းမှာ ဖန်ခွက်ရဲ့အလေးချိန်ပြောင်း လဲသွားနိုင်သလား ” ပရော်ဖက်ဆာကဆက်မေးတယ် ။
“ မပြောင်းလဲနိုင်ပါဘူး ” လို့ ၀ိုင်းဖြေကြတယ် ။
“ ဒါဆို ဘာလို့ လက်တွေနာကြီးကြွက်သားတွေထုံ ကျင်တာတွေဖြစ်လာရတာလဲ ”
ကျောင်းသားတွေအားလုံးမဖြေနိုင်ပဲ အကြံအိုက်သွားကြတယ် ။
“ ဒါဆို အခု လို နာကျင်တာတွေက သက်သာအောင် ဘယ်လိုလုပ်သင့်သလဲ ” ပရော်ဖက်ဆာက ထပ်မေးတယ် ။
“ ဖန်ခွက်ကို လွှတ်ချလိုက် ” ကျောင်းသားတစ်ယောက်ကဖြေတယ် ။
“ အမှန်ကန်ဆုံးပဲ ” ပရော်ဖက်ဆာက ဆက်ပြောတယ် ။
“ ဘ၀ရဲ့ ပြဿနာတွေဆိုတာ အခုသင်ခန်းစာနဲ့အတူတူပဲ ဦးခေါင်းထဲကို ပြဿနာတွေ မိနစ်အနည်း ငယ်လောက် ထည့်ထားလိုက် အိုကေသွားလိမ့်မယ် ပြဿနာတွေကို အကြာကြီးတွေးနေရင်တော့ စတင်ပြီးခေါင်း ကိုက်လာလိမ့်မယ် ။ ”
“ ဘ၀မှာ စိန်ခေါ်မှုတွေ ပြဿနာတွေ ကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့က အရေးအကြီးဆုံးပါပဲ ဒါပေမယ့် အဲဒါထက်အရေးကြီးတာကတော့ - - သင်အိပ်ရာမ၀င်ခင် နေ့စဉ်နေ့တိုင်းကြုံတွေ့နေရ တဲ့ပြဿနာတွေကို လွှတ်ချ လိုက်ဖို့ပဲ ”
စိတ်ဖိစီးမှုမရှိပဲ နိုးထလာတဲ့မနက်ခင်းဟာ လန်းဆန်းပြီး ကြံ့ခိုင်သန်စွမ်းနေလိမ့်မယ် ။ ဘယ်လိုပြဿနာ မျိုးဖြစ်ဖြစ် ကိုင်တွယ်နိုင်စွမ်းရှိပြီး ဘယ်လိုစိန်ခေါ်မှုမျိုးဖြစ်ဖြ စ် နည်းလမ်းရှာဖွေရင်ဆိုင်နိုင်တယ် ”
သက်တန့်ချို
#သုတဇုန်
www.thutazone.com
====================
တစ်ခါတုန်းက စာသင်ခန်းထဲမှာ ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ ရေ အချို့ထည့်ပြီးမတ် တပ်ရပ် လိုက်တယ် ။ သူက ကျောင်းသားအားလုံးမြင်ရအောင
“ ဒီဖန်ခွက်အလေးချိန်ဘယ်လောက်
“ ငါးဆယ်ဂရမ် ”.....“ ၁၀၀ ဂရမ် ”....“ ၁၂၅ ဂရမ် ”.. ကျောင်းသားတွေကပြန်ဖြေကြတယ်
“ ဒီဖန်ခွက်ကို ချိန်မကြည့်ပဲနဲ့ ဆရာ တိတိကျကျမသိနိုင်ဘူး ” ဖရော်ဖက်ဆာကပြောတယ် ။ “ဒါပေမယ့် ဆရာမေးချင်တာက ဒီဖန်ခွက်ကို ဒီအတိုင်းမိနစ်အနည်းငယ်ကိုင
“ ဘာမှမဖြစ်နိုင်ပါဘူး ” ကျောင်းသားတွေကပြန်ဖြေတယ် ။
“ ကောင်းပြီ ဒါဆို ဒီဖန်ခွက်ကို တစ်နာရီလောက် ဒီအတိုင်း ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ” ပရော်ဖက်ဆာက ထပ်မေးတယ် ။
“ ဆရာ့လက်မောင်း နာလာပါလိမ့်မယ် ” ကျောင်းသာတွေထဲက တစ်ယောက်က ဖြေယတ် ။
“ မင်းမှန်တယ် ကဲ ဒါဆို ဒီအတိုင်း တစ်ရက်လောက်ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ”
“ ဆရာ့လက် ထုံကျင်လာမယ် ကြွက်သားတွေ နာလာ မယ် တောင့်တောင့်ကြီးဖြစ် သွား မယ် ပြီးတော့ ဆေးရုံသွားရမှာ ကြိမ်းသေပဲ ”
ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီးပြောတယ် ။ တခြားကျောင်းသားတွေက ၀ိုင်းရယ်ကြတယ် ။
“ အရမ်းကောင်းတယ် ဒါပေမယ့် အခုလို လုပ်ခဲ့တဲ့အချိန်တိုင်းမှာ ဖန်ခွက်ရဲ့အလေးချိန်ပြောင်း
“ မပြောင်းလဲနိုင်ပါဘူး ” လို့ ၀ိုင်းဖြေကြတယ် ။
“ ဒါဆို ဘာလို့ လက်တွေနာကြီးကြွက်သားတွေထုံ
ကျောင်းသားတွေအားလုံးမဖြေနု
“ ဒါဆို အခု လို နာကျင်တာတွေက သက်သာအောင် ဘယ်လိုလုပ်သင့်သလဲ ” ပရော်ဖက်ဆာက ထပ်မေးတယ် ။
“ ဖန်ခွက်ကို လွှတ်ချလိုက် ” ကျောင်းသားတစ်ယောက်ကဖြေတယ် ။
“ အမှန်ကန်ဆုံးပဲ ” ပရော်ဖက်ဆာက ဆက်ပြောတယ် ။
“ ဘ၀ရဲ့ ပြဿနာတွေဆိုတာ အခုသင်ခန်းစာနဲ့အတူတူပဲ ဦးခေါင်းထဲကို ပြဿနာတွေ မိနစ်အနည်း ငယ်လောက် ထည့်ထားလိုက် အိုကေသွားလိမ့်မယ် ပြဿနာတွေကို အကြာကြီးတွေးနေရင်တော့ စတင်ပြီးခေါင်း ကိုက်လာလိမ့်မယ် ။ ”
“ ဘ၀မှာ စိန်ခေါ်မှုတွေ ပြဿနာတွေ ကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့က
စိတ်ဖိစီးမှုမရှိပဲ နိုးထလာတဲ့မနက်ခင်းဟာ လန်းဆန်းပြီး ကြံ့ခိုင်သန်စွမ်းနေလိမ့်မယ
သက်တန့်ချို
#သုတဇုန်
www.thutazone.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။