Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 30, 2015

စိတ်ဓာတ်မခိုင်မာသေးတဲ့ သူတွေ ဒါလေးဖတ်ကြည့်လိုက်ပါ

#စိတ်ဓာတ်မခိုင်မာသေးတဲ့ သူတွေ ဒါလေးဖတ်ကြည့်လိုက်ပါ

"သိန်းငှက် ရဲ့ ဘဝ "
………………
သိန်းငှက်ဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်လျားဆုံး ငှက်မျိုးဖြစ်ပြီး နှစ်ပေါင်း ၇၀ ထိနေထိုင်နိုင်ပါတယ်
သူ့အကြောင်းပြောလိုက်တာနဲ့ ဘယ်သူမဆို ခန့်ငြားထည်ဝါတဲ့ အတောင်နဲ့ သန်မာချွန်မြနေတဲ့ လက်သည်းတွေ စွမ်းအင်ကြီးမားတဲ့ သိန်းငှက်ကိုမြင်ယောင်မိကြမှာပါပဲ
ဒါပေမဲ့ သူ့မှာလည်း ဘဝရဲ့အခက်ခဲဆုံးအချိန်ပိုင်းတွေ ရှိနေတယ်ဆိုတာ ဘယ်သူတွေက သိမှာ တဲ့ လည်း
…………………
သိန်းငှက်တွေဟာ အသက် ၄၀ ရောက်တဲ့အခါ သူတို့ရဲ့နှုတ်သီးတွေဟာ ကောက်ကွေားလာပြီး ဘာပဲစားစား ခက်ခဲလာတယ် လက်သည်းတွေလည်း ရှည်လွန်းလာပြီး လိမ်ဖယ်ကုန်လာတယ် အဲ့အချိန်မှာ သားကောင်ဖမ်းဖို့ကော အစားအစာစားသောက်ဖို့ ပါ အင်မတန်ကိုမှ ခက်ခဲဒုက္ခရောက်လာပါတယ်။ ပြီးတော့ သူ့ရဲ့အမွေးတွေကလည်း တစ်အားထူထပ်လာပြီး အရမ်းလေးလံတဲ့အတွက် တစ်ခေါက်တစ်ခေါက် ထပျံနိုင်ဖို့အတွက် အင်မတန်မှ ဆင်းရဲပင်ပန်းလွန်းလှပါတယ်
ဒီလိုအခက်အခဲ ကြုံရတဲ့ ကာလဟာ အချိန်အားဖြင့် ရက်ပေါင်း၁၅၀ ဒါမှမဟုတ် ၅လကျော်ကျော် ကြာပါတယ်
ဒီလိုဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်နိုင်ဖို့ သူတို့မှာ ရွေးချယ်စရာ ၂ လမ်းပဲ ရှိနေပါတယ်
အဲ့ဒီနည်းလမ်းတွေကတော့
………………………
၁. ကိုယ့်ကိုယ်ကို သတ်သေ ပစ်လိုက်တာရယ်

၂. သီးခံပြီး ဒီအခက်အခဲ ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်သွားနိုင်အောင် ကြိုးစားရမယ်
………………………
ပထမလမ်းကို ရွေးတဲ့အခါ သူဟာသူ့ရဲ့လက်သည်းတွေ နှုတ်သီးတွေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်လို့ရသလို အမြင့်ကနေ အတောင်ရုတ်ပြီး ကျသေတဲ့နည်းနဲ့ လုပ်လို့ရနိုင်သလို ဆင်းရဲဒုက္ခကြောင့် အလိုလိုသေသွားတာလည်း ရှိပါတယ်
………………………
ဒုတိယ လမ်းကိုရွေးချယ်တဲ့အခါမှာ သူဟာ ကျောက်တောင်အမြင့်ကြီးတွေရှိရာ ပျံသန်းသွားပြီး ကျောက်နံရံတွေကို သူနှုတ်သီးတွေနဲ့ အကြိမ်ပေါင်းရာချီ ထောင်ချီအောင် ထိုးဆိတ်ဆောင့်ချရပါတယ်။ ဒီလိုလုပ်ပြီး သူ့ရဲ့နှုတ်သီးတွေ ကျွတ်ထွက်သွားပြီးတဲ့ အခါ သူရဲ့ ကောက်ကွေးနေတဲ့ လက်သည်းတွေနဲ့ ကျောက်ကြမ်းပြင်မှာ တစ်ချောင်းချင်းစီ ကျွတ်ထွက်ကုန်တဲ့အထိ ကုတ်ဖဲ့ရပြန်တယ်။ ပြီးပြန်ရင်လည်း သူ့ရဲ့ အမွေးတွေအတောင်တွေ ကုန်သွားအောင် တစ်ချောင်းချင်း တစ်မွေးချင်းနှုတ်သီးနဲ့ ထူထပ်နေတဲ့ အမွေးတွေ ကုန်သွားသည်အထိ ဆိတ်ထုတ်နုတ်ပစ်ရပြန်ပါတယ်
…………………………
သေချာပါတယ် ဒီလိုအဆင့်လိုက်အစဉ်လိုက် လုပ်ငန်းစဉ်တိုင်ဟာ အင်မတန်ကိုမှ နာကျင်ဆင်းရဲလွန်းပြီး သွေးအလိမ်းလိမ်း အလူးလူးနဲ့ ဝေဒနာတွေခံစားရတာဟာ အရမ်းကိုခက်ခဲလွန်းလှပါတယ် လုပ်ငန်းစဉ်တွေဟာ နှေးကွေးစွာနဲ့ ဖြေးဖြေးချင်းစတင်သွားပြီး ရက်ပေါက်း ၁၅၀ ကြာပါတယ်
…………………………
အဲအရာတွေ ကျော်ဖြတ်သွားနိုင်ပြီးတဲ့အခါ သူပြန်ရတဲ့ ဆုလဒ်ကတော့ အသစ်ထွက်လာတဲ့ နှုတ်သီးဟာ နဂိုကထက်ပိုမိုလှပလာပါတယ် အသစ်ပေါက်လာတဲ့ လက်သည်းတွေ နဂိုကထက်ပိုမိုချွန်မြပြီး အမဲလိုက်ဖို့ အင်မတန်သင်လျော်လှပါပေတယ် အမွေးအတောင်တွေကလည်း အင်မတန်ကို လှပလာပါတော့တယ် ပိုပြီး အရေးပါတာကတော့ နောက်ထပ် နှစ်ပေါင်း ၃၀ ဆက်လက်ရှင်နေထိုင်နိုင်လာမှာဖြစ်ပြီး အင်မတန်ဂုဏ်သရေရှိတဲ့ ဘဝနဲ့ နဂိုကထက် စွမ်းအင်ကြီးမားတဲ့ အတောင်တွေနဲ့ ကောင်းကင်မှာ ခန့်ညားစွာနဲ့ ပျံသန်းနိုင်တော့မှာပါ
……………………………
ဒါပေမဲ့ အရင်တုန်းကသာ အပင်ပန်းဆင်းရဲ အနာမခံ ဒုက္ခမခံပဲ လက်သည်းတွေ မချွတ်ပစ်ခဲ့ဘူးဆိုရင် ရက်ပေါင်း ၁၅၀ ကျော်ပြီးတဲ့ နောက်ဆုံးမှာ သေပွဲဝင်ရမှာ အမှန်ပါပဲ
ဒီစမ်းသပ်ချက်ကြီးကို ကျော်ဖြတ်နိုင်တဲ့ သိန်းငှက်တွေ အမြောက်အများရှိသလို ရက် ၁၅၀ အတွင်း သေကြေကုန်ကြတဲ့ သိန်းငှက်တွေလည်း မနည်းမနောပါပဲ
……………………………
ကျွန်တော်တို့ လူသားတွေ ဘဝဟာလည်း ဆင်းရဲဒုက္ခကော ပျောရွှင်ချမ်းမြေ့စရာတွေ ပါရှိနေတာပါပဲ ကျွန်တော်တို့ ဆင်းရဲဒုက္ခအခက်အခဲ ဖျားနာတွေနဲ့ ကြုံတွေကြရတဲ့အခါ အစွမ်းကုန်သီးခံသွားကြရမှာပါ ဘာကြောင့်လည်းဆိုတော့ အချိန်တွေ ကျော်လွန်သွားပြီးတဲ့အခါ ကျော်လွှားသွားနိုင်မှာပါ ဆိုတာကိုသိနေကြလို့ပါပဲ ပြီးတော့ အဆိုးတွေ ကျော်လွန်သွားပြီးရင် အကောင်းဆုံးတွေ ရောက်ရှိလာလိမ့်မယ်ဆိုတာဟာလည်း အသေအချာပါပဲ
………………………………
တစ်ခါတစ်လေ ဘဝမှာ အခက်အခဲ ပင်ပန်းဆင်းရဲတွေ ဒုက္ခတွေ သောကတွေ ပူပန်မှုတွေ ဝမ်းနည်းနာကျင်မှုတွေနဲ့ ကြုံတွေ့ရပြီး သီးခံနိုင်စွမ်း လက်ခံနိုင်စွမ်းမရှိတော့ အရှုံးပေး လဲကျ မျက်ရည်ကျရတဲ့အခါ တွေမှာ ဘဝနဲ့လောကကြီးအပေါ် မျှော်လင့်ချက်မမဲ့လိုက် အရှုံးမပေးလိုက်မိပါစေနဲ့
ထလာပြီး အဲ့ဒီအခက်အခဲတွေကို ရင်ဆိုင်လိုက်ပါ စမ်းသပ်ချက်တွေကို မရှောင်ဖယ်လိုက်ပါနဲ့ ..
…………………………………
အနာမခံတဲ့ သိနါးငှက်တစ်ချို့တွေလို့ ခဏသာဒုက္ခဝေဒနာကို မခံစားလိုပဲ မရှောင်ဖယ်လိုက်ပါနဲ့
ဘဝရဲ့ အခက်ခဲဆုံးအချိန်ကာလတွေဆိုတာ လူတိုင်းမှာ ကိုယ်ဆီရှိတတ်ကြပါတယ်
ဒါပေမယ့် တစ်သက်လုံးကြီးတော့ ရှိမနေနိုင်ပါဘူး
ကျော်လွန်သွားနိုင်ပြီးရင် အရာရာကောင်းမွန်လာမှာပါ
ကျော်လွန်သွားနိုင်တဲ့အခါ ပိုမို သန်မာခိုင်မာလာတဲ့ အစွမ်းအစတွေပဲ ကျန်ရှိဖြစ်တည်လာမှာပါ
နဂိုကထက် ပိုမိုကောင်းမွန်လာမှာပါ
အခက်အခဲတွေက ဘယ်သူ့ကိုမှ မသတ်ဖူးပါဘူး အခက်အခဲဆို ကိုယ်ကျော်ဖြတ်ဖို့ ဖြစ်လာတဲ့ တံတိုင်းအတားအဆီးမျှသာပါ
ကိုယ့်ကိုယ် မိုပိုသန်မာ ရင့်ကျက်လာအောင် လုပ်ဆောင်ပေးတဲ့အရာတွေ ပါ
…………………………………
ဆက်လက်ရှင်သန်တဲ့ သိန်းငှက်တွေ ဖြစ်နိုင်ကြပါစေ
နောင်နှစ်ပေါင်း ၃၀ ကျော်ကြာ အဖက်ဖက်မှာ အောင်မြင်ချမ်းသာပြီး သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်ကြပါစေ………

Credit ~ မူရင်းပိုင်ရှင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။