(ဒေါ်) အောင်ဆန်းစုကြည် ဆိုသည်မှာ
-------------------------- --------------------------
ကလေးများ၏ ပညာရေးနှင့် ပတ်သက်၍ မိခင်ကြီး ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချူ ပ်အောင်ဆန်းနှင့် အမြင်တူပါသည်။ ဒေါ်ခင်ကြည်က သားသမီးများကို ဘာသာစကား နှစ်မျိုး တတ်စေချင်ပါသည်၊ ဗိုလ်ချူ ပ်ကလည်း ကျောင်းသားငယ်ဘဝမှာကတည်းက ကျောင်းမှာ အင်္ဂလိပ်စာ သင်စေချင်တယ်။ ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး ခေတ်မီမီကမ္ဘာသိကြည့်မြင်နို င်စေရန်အတွက် ရည်ရွယ်ချက်ရှိပါတယ်။
ကျောင်းတက်ရမယ့် အချိန်ရောက်တော့ ၁၉၄၉ မှ ၁၉၅၇ ခုနှစ်အထိ ရန်ကုန်မြို့  စိန့်ဖရန်စစ်ကွန်ဗင့် (ယခု - အ.ထ.က - ၄ တာမွေ) ပုဂ္ဂလိကကျောင်းမှာ ကျောင်းတက်ခဲ့ရပါတယ်။ ငယ်စဉ်ကပင် သင်ကြားရာတွင် ဘာသာနှစ်မျိုး သင်ကြားသောကျောင်း ဖြစ်ပါတယ်။ ထို့နောက် အတန်းကြီးလာတော့ ၁၉၅၇ မှ ၁၉၆၀ ခုနှစ်အထိ အင်္ဂလိပ် မက်သဒစ် အထက်တန်းကျောင်း (ယခု - အ.ထ.က - ၁ ဒဂုံ) တွင် ကျောင်းပြောင်းပြီး သင်ကြားခဲ့ပါသည်။
ဤနေရာတွင် ကျောင်းသား ကျောင်းသူတိုင်းသည် (ဒေါ်) အောင်ဆန်းစုကြည်ကို သိနေကြပါတယ်။ ဗိုလ်ချူ ပ်အောင်ဆန်းရဲ့ သမီးဖြစ်နေလို့ပါ။ ဗိုလ်ချူ ပ်အောင်ဆန်းရဲ့ သမီးဖြစ်ပေမယ့် စုက မာနကြီးတစ်ခွဲသားနဲ့ ဘဝင်မြင့်ပြီး ကိန်းကြီးခန်းကြီး မနေပါဘူး။ `မှန်တယ်လို့ ထင်ရင်တော့ အလျှော့မပေးတတ်ပါဘူး´ ။ ကျောင်းသားတွေရဲ့ ထုံးစံအတိုင်းပေါ့ ၊ သူတို့တွေ မစုကို စကြ နောက်ကြတိုင်း မစုက သူတို့ကို အော်လွှတ်လိုက်ရင်ဖြင့် အနှောင့်အယှက်ပေးတဲ ကျောင်းသားတွေဟာ ယောက်ျားလေးအိမ်သာဆီကို ဖဝါးနဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးကြရတာပါပဲ (စုနဲ့ တစ်တန်းတည်း ကျောင်းတက်ခဲ့သူ ဂျယ်နီထွန်းအောင်၏ ပြောကြားချက်) ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နှစ်ထဲမွေးပြီး လကြီးသူ ဒေါက်တာစိန်ဝင်းရဲ့ ပြောကြားချက်ကတော့(ဗိုလ်ချူ
ပ်၏ အစ်ကိုကြီးဖြစ်သူ ဦးဘဝင်း သားကြီး) - ကျွန်တော်တို့ ဆွေမျို
းတစ်စုလုံးက သံယောဇဉ်နဲ့ ချိတ်တွယ်ထားတာ၊ နေအိမ်ချင်းကလည်းနီးတော့ ကလေးဘဝက
အတူတူ ဆော့ကစားခဲ့ကြတာပေါ့။ မစုက သူငယ်ချင်းတွေနဲ့ ကစားရတာကို သဘောကျ
ပါတယ်၊ သာမန်အမျိုးသမီးတွေလိုပါပဲ၊ တစ်ခုပဲရှိတယ်၊ သူက မျှမျှတတနဲ့
ကစားတာကိုတော့ တခြားသူတွေထက် ပိုကြိုက်နှစ်သက်တယ်။ ညစ်တာတွေ၊ ညာတာတွေကို
လုံးဝမကြိုက်ဘူး။ ကျွန်တော်တို့ အတူကစားနေတုန်းမှာ တစ်ယောက်ယောက်က
ညစ်လာတယ်ဆိုရင်တော့ မစုက ဆက်ပြီး မကစားတော့ပါဘူး။
၁၉၅၈ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှာ တစ်တန်းတည်း ကျောင်းတက်ခဲ့သူတစ်ဦးဖြစ်ြ ပီး
ယခုလောလောဆယ်တော့ စတော့ဟုမ်းမှာ ဆရာဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး
ပြောကြားချက်က - စုကလွဲပြီး အတန်းထဲမှာရှိတဲ့ တခြားကျောင်းသူ
ကျောင်းသားများအားလုံးရဲ့ အမည်တွေကို အတန်းပိုင်ဆရာဖြစ်တဲ့ မစ္စတာ ဘရင်းဒလေက
အင်္ဂလိပ်အမည်ကို ပေးထားတယ်။ စုကိုတော့ သူမ၏ ဖခင်ဖြစ်သူ အမျို
းသားခေါင်းဆောင်ကြီး ဗိုလ်ချူ ပ်အောင်ဆန်းရဲ့ အမည်ကိုပဲ ခေါ်ပါတယ်။
နှစ်ရက်လောက်ကြာတဲ့အခါမှာ စုက သူ့ရဲ့ ဆရာကို ပြောပါတယ် - `ကျွန်မရဲ့ အမည်က
အောင်ဆန်းမဟုတ်ပါဘူးရှင့်´ ။ ဆရာ့အနေနဲ့ ဖေဖေ့အမည်နဲ့ ဆက်စပ်နေလို့
ဒီလိုမျိုးခေါ်တာပါလားလို့ မစ္စတာ ဘရင်းဒလေကို မေးပါတယ်။ အဲ့ဒီနောက်မှာတော့
ဆရာက `အောင်ဆန်းစုကြည်´ လို့ပဲ ခေါ်ပါတော့သည်။
Aung San Su Kyi - A Biography
Jesper Bengtsson ရေးသားသော စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
--------------------------
ကလေးများ၏ ပညာရေးနှင့် ပတ်သက်၍ မိခင်ကြီး ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချူ ပ်အောင်ဆန်းနှင့် အမြင်တူပါသည်။ ဒေါ်ခင်ကြည်က သားသမီးများကို ဘာသာစကား နှစ်မျိုး တတ်စေချင်ပါသည်၊ ဗိုလ်ချူ ပ်ကလည်း ကျောင်းသားငယ်ဘဝမှာကတည်းက ကျောင်းမှာ အင်္ဂလိပ်စာ သင်စေချင်တယ်။ ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး ခေတ်မီမီကမ္ဘာသိကြည့်မြင်နို
ကျောင်းတက်ရမယ့် အချိန်ရောက်တော့ ၁၉၄၉ မှ ၁၉၅၇ ခုနှစ်အထိ ရန်ကုန်မြို့  စိန့်ဖရန်စစ်ကွန်ဗင့် (ယခု - အ.ထ.က - ၄ တာမွေ) ပုဂ္ဂလိကကျောင်းမှာ ကျောင်းတက်ခဲ့ရပါတယ်။ ငယ်စဉ်ကပင် သင်ကြားရာတွင် ဘာသာနှစ်မျိုး သင်ကြားသောကျောင်း ဖြစ်ပါတယ်။ ထို့နောက် အတန်းကြီးလာတော့ ၁၉၅၇ မှ ၁၉၆၀ ခုနှစ်အထိ အင်္ဂလိပ် မက်သဒစ် အထက်တန်းကျောင်း (ယခု - အ.ထ.က - ၁ ဒဂုံ) တွင် ကျောင်းပြောင်းပြီး သင်ကြားခဲ့ပါသည်။
ဤနေရာတွင် ကျောင်းသား ကျောင်းသူတိုင်းသည် (ဒေါ်) အောင်ဆန်းစုကြည်ကို သိနေကြပါတယ်။ ဗိုလ်ချူ ပ်အောင်ဆန်းရဲ့ သမီးဖြစ်နေလို့ပါ။ ဗိုလ်ချူ ပ်အောင်ဆန်းရဲ့ သမီးဖြစ်ပေမယ့် စုက မာနကြီးတစ်ခွဲသားနဲ့ ဘဝင်မြင့်ပြီး ကိန်းကြီးခန်းကြီး မနေပါဘူး။ `မှန်တယ်လို့ ထင်ရင်တော့ အလျှော့မပေးတတ်ပါဘူး´ ။ ကျောင်းသားတွေရဲ့ ထုံးစံအတိုင်းပေါ့ ၊ သူတို့တွေ မစုကို စကြ နောက်ကြတိုင်း မစုက သူတို့ကို အော်လွှတ်လိုက်ရင်ဖြင့် အနှောင့်အယှက်ပေးတဲ ကျောင်းသားတွေဟာ ယောက်ျားလေးအိမ်သာဆီကို ဖဝါးနဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးကြရတာပါပဲ (စုနဲ့ တစ်တန်းတည်း ကျောင်းတက်ခဲ့သူ ဂျယ်နီထွန်းအောင်၏ ပြောကြားချက်) ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နှစ်ထဲမွေးပြီး လကြီးသူ ဒေါက်တာစိန်ဝင်းရဲ့ ပြောကြားချက်ကတော့(ဗိုလ်ချူ
၁၉၅၈ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှာ တစ်တန်းတည်း ကျောင်းတက်ခဲ့သူတစ်ဦးဖြစ်ြ
Aung San Su Kyi - A Biography
Jesper Bengtsson ရေးသားသော စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။