#စာဖတ်ခြင်းကဘ၀အတွက်အကောင်း ဆုံးရင်းနှီးမြှုပ်နှံမှုပဲ
#ကောင်းသန့်
Q. လူငယ်တွေအနေနဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ ကိုယ်ပိုင်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လိုစာအုပ်မျိုးတွေကို ဖတ်သင့်ပါသလဲဆရာ။
A. ဆရာကတော့ ပီမိုနင်းစာအုပ်တွေ၊ ဆရာသန်းဖေမြင့် စာအုပ်တွေ၊ ဆရာတက်တိုးစာအုပ်တွေ၊ စိတ်ကို တိုးတက်စေမယ့် စာအုပ်တွေကို ဖတ်တယ်။ ဒီဘက်ခေတ်ရောက်တော့ ဆရာဖေမြင့်စာအုပ်တွေ၊ ဆရာချစ်စံဝင်းစာအုပ်တွေ စသဖြင့် အဲဒီလို စာအုပ်မျိုးတွေကို ဖတ်တယ်။ ဆရာကတော့ စိတ်ဓာတ်ခွန်အားကို မြင့်စေမယ့် စာအုပ်မျိုးတွေကို ဖတ်ရတာ ၀ါသနာပါတယ်။ စာအုပ်တိုင်း စာအုပ်တိုင်းကတော့ ယူတတ်မယ်ဆိုလို့ရှိရင် ကိုယ့်အတွက် အသိဉာဏ်ရတာပါပဲ။ ဒါပေမဲ့ ညစ်ညမ်းစာပေတွေကိုတော့ မဖတ်သင့်ဘူးပေါ့။
Q. တချို့လူကြီးတွေက လူငယ်တွေ ပြင်ပစာပေတွေကို လေ့လာဖတ်ရှုနေလို့ရှိရင် အချိန်ဖြုန်းနေတယ်လို့ ထင်ကြတာနဲ့ပတ်သက်ပြီး ဆရာရဲ့အမြင်ကို ပြောပြပေးပါလား။
A. အဲဒါကတော့ Mind-set ပဲ။ အရင်တုန်းက တချို့လူကြီးတွေရဲ့ ခေါင်းထဲမှာ အဲဒီလိုမျိုး စွဲနေတယ်။ စာဖတ်တဲ့လူတွေက ငပျင်းပဲ။ အလုပ်မလုပ်ချင်လို့ စာတွေပဲဖတ်နေတယ်လို့ ထင်ကြတယ်။ အခုထက်ထိလည်း ဆယ်တန်းမအောင်မချင်း ကျောင်းစာကလွဲရင် ဘာစာမှမဖတ်ရဘူးဆိုပြီးတော့ တားမြစ်တာတွေ ရှိနေတုန်းပဲ။ တချို့မိဘတွေကလည်း တားမြစ်တယ်။ တချို့ဆရာတွေကိုယ်တိုင်ကလည်း
တားမြစ်တယ်။ ဘယ်လောက်တောင် အံ့သြဖို့ကောင်းသလဲ။ တကယ်တော့ လူငယ်တွေ
ပြင်ပစာပေတွေကို လေ့လာဖတ်ရှုနေတာက အချိန်ဖြုန်းနေတာ မဟုတ်ဘူး။ ဘ၀အတွက်
ရင်းနှီးမြှုပ်နှံတာပဲ။ စာဖတ်ခြင်းက ဘ၀အတွက် ရင်းနှီးမြှုပ်နှံခြင်းပဲ။
စာဖတ်ခြင်းက အချိန်ကို အကျိုးရှိရှိ အသုံးချခြင်းပဲ။ စာဖတ်နေတဲ့လူက
အထီးကျန် မဖြစ်တော့ဘူး။ စာဖတ်နေရရင် ကိုယ့်ဘ၀လေးနဲ့ကိုယ် ပျော်နေတော့တာပဲ။
ဆင်းရဲတဲ့သူဖြစ်ဖြစ်၊ ချမ်းသာတဲ့သူဖြစ်ဖြစ် သူ့ဘာသာသူ ငြိမ်းချမ်းနေတယ်။
စာဖတ်တဲ့သူက အသိဉာဏ်ဗဟုသုတတွေ ရလာတယ်။ စာဖတ်တဲ့အတွက် စိတ်ကူးအတွေးအခေါ်တွေ ရလာတယ်။ စာဖတ်တဲ့အတွက် ကိုယ်ဘာလုပ်သင့်သလဲဆိုပြီးေ တာ့ စဉ်းစားဉာဏ်တွေ ရလာတယ်။ အဲဒီတော့ စာဖတ်တဲ့လူက သူများထက် ခေါင်းတစ်လုံးပိုပြီးတော့ မြင့်တယ်။ စကားချင်းယှဉ်ပြောတဲ့အခါမှာ လည်း
စာဖတ်ထားတဲ့သူက အဲဒီစကားဝိုင်းမှာ ဦးဆောင်ပြီးတော့ ပြောနိုင်တယ်။
လူ့အဖွဲ့အစည်းက တစ်ခုခု သိချင်တာရှိရင် စာဖတ်တဲ့သူဆီကို လာပြီးတော့
မေးရတယ်။ အဲဒီလို လာမေးရင်းနဲ့ စာဖတ်ထားတဲ့သူက အလိုလိုခေါင်းဆောင်ဖြစ်သွား တာပဲ။ ဒါကြောင့် စာဖတ်ခြင်းက အချိန်ဖြုန်းတာ မဟုတ်ဘူး။ စာဖတ်ခြင်းက ဘ၀အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲ။
" လူငယ်တွေရဲ့ အတွေးအခေါ်နဲ့ သိချင်စိတ်တွေကို နိုးကြားလာအောင် ဖန်တီးပေးတဲ့ပညာရေးမျိုးဖြစ်ဖို့လိုတယ်ဆိုတဲ့ ဆရာကောင်းသန့် "
အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ချက်
Eternal Light Magazine
May 2015
#လူငယ်နှင့်အတွေးအခေါ်
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Eternal Light Magazine ကို City Mart, Orange နှင့် စာအုပ်ဆိုင်များတွင်လည်းကော င်း၊
Mobile Phone ဖြင့် စာဖတ်သူများအတွက် Wun Zinn application တွင်လည်းကောင်း အားပေးဖတ်ရှုနိုင်ပါသည်။ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ
Message ပို့ပြီး ဆက်သွယ်အလှူခံနိုင်ပါသည်။
#ကောင်းသန့်
Q. လူငယ်တွေအနေနဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ ကိုယ်ပိုင်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လိုစာအုပ်မျိုးတွေကို ဖတ်သင့်ပါသလဲဆရာ။
A. ဆရာကတော့ ပီမိုနင်းစာအုပ်တွေ၊ ဆရာသန်းဖေမြင့် စာအုပ်တွေ၊ ဆရာတက်တိုးစာအုပ်တွေ၊ စိတ်ကို တိုးတက်စေမယ့် စာအုပ်တွေကို ဖတ်တယ်။ ဒီဘက်ခေတ်ရောက်တော့ ဆရာဖေမြင့်စာအုပ်တွေ၊ ဆရာချစ်စံဝင်းစာအုပ်တွေ စသဖြင့် အဲဒီလို စာအုပ်မျိုးတွေကို ဖတ်တယ်။ ဆရာကတော့ စိတ်ဓာတ်ခွန်အားကို မြင့်စေမယ့် စာအုပ်မျိုးတွေကို ဖတ်ရတာ ၀ါသနာပါတယ်။ စာအုပ်တိုင်း စာအုပ်တိုင်းကတော့ ယူတတ်မယ်ဆိုလို့ရှိရင် ကိုယ့်အတွက် အသိဉာဏ်ရတာပါပဲ။ ဒါပေမဲ့ ညစ်ညမ်းစာပေတွေကိုတော့ မဖတ်သင့်ဘူးပေါ့။
Q. တချို့လူကြီးတွေက လူငယ်တွေ ပြင်ပစာပေတွေကို လေ့လာဖတ်ရှုနေလို့ရှိရင် အချိန်ဖြုန်းနေတယ်လို့ ထင်ကြတာနဲ့ပတ်သက်ပြီး ဆရာရဲ့အမြင်ကို ပြောပြပေးပါလား။
A. အဲဒါကတော့ Mind-set ပဲ။ အရင်တုန်းက တချို့လူကြီးတွေရဲ့ ခေါင်းထဲမှာ အဲဒီလိုမျိုး စွဲနေတယ်။ စာဖတ်တဲ့လူတွေက ငပျင်းပဲ။ အလုပ်မလုပ်ချင်လို့ စာတွေပဲဖတ်နေတယ်လို့ ထင်ကြတယ်။ အခုထက်ထိလည်း ဆယ်တန်းမအောင်မချင်း ကျောင်းစာကလွဲရင် ဘာစာမှမဖတ်ရဘူးဆိုပြီးတော့ တားမြစ်တာတွေ ရှိနေတုန်းပဲ။ တချို့မိဘတွေကလည်း တားမြစ်တယ်။ တချို့ဆရာတွေကိုယ်တိုင်ကလည်
စာဖတ်တဲ့သူက အသိဉာဏ်ဗဟုသုတတွေ ရလာတယ်။ စာဖတ်တဲ့အတွက် စိတ်ကူးအတွေးအခေါ်တွေ ရလာတယ်။ စာဖတ်တဲ့အတွက် ကိုယ်ဘာလုပ်သင့်သလဲဆိုပြီးေ
" လူငယ်တွေရဲ့ အတွေးအခေါ်နဲ့ သိချင်စိတ်တွေကို နိုးကြားလာအောင် ဖန်တီးပေးတဲ့ပညာရေးမျိုးဖြစ
အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ချက်
Eternal Light Magazine
May 2015
#လူငယ်နှင့်အတွေးအခေါ်
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Eternal Light Magazine ကို City Mart, Orange နှင့် စာအုပ်ဆိုင်များတွင်လည်းကော
Mobile Phone ဖြင့် စာဖတ်သူများအတွက် Wun Zinn application တွင်လည်းကောင်း အားပေးဖတ်ရှုနိုင်ပါသည်။ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ
Message ပို့ပြီး ဆက်သွယ်အလှူခံနိုင်ပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။