Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 29, 2015

ညကြီးမိုးချုပ် စားကြသောက်ကြသူများ မှတ်ဥာဏ် မကောင်းသူတွေ ဖြစ်လာနိုင်

ညကြီးမိုးချုပ် စားကြသောက်ကြသူများ မှတ်ဥာဏ် မကောင်းသူတွေ ဖြစ်လာနိုင်

==========================

ည (၁၁)၊ (၁၂) နဲ့ မနက်အစောကြီးပိုင်း အချိန်များကျခါမှ ဗိုက်ဆာတတ်ပြီး ညလယ်စာ ထစားတတ်သူများသည် ပုံမှန်လူများနှင့် ယှဉ်လျှင် မှတ်ဥာဏ် အားနည်းနိုင်ခြေ ရှိကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။

ညလယ်စာ ဗိုက်တင်းအောင် စားပြီး အိပ်ရာဝင်ပါက အိပ်နေစဉ် အစာချေခြင်း လုပ်ငန်းစဉ်သည် အိပ်နေစဉ် တစ်နေ့တာ သင်ယူမှတ်သားခဲ့တာများကို ဦးနှောက်က စာရင်းပြုစု မှတ်သားသည့် ဖြစ်စဉ်ကို အနှောင့်အယှက် ပေးကြောင်း လေ့လာမှု စစ်တမ်းက ဆိုသည်။ မှတ်ဥာဏ် ဖြစ်ထွန်းစေသော ဟစ်ပိုကမ်းပတ်စ် အပိုင်းတွင် အနှောင့်အယှက်များ ဖြစ်ပွားရကြောင်း လေ့လာ တွေ့ရှိခဲ့ရသည်။

ကြွက်များနှင့် လက်တွေ့ စမ်းသပ်ကြည့်ရာတွင် ပုံမှန်အိပ်ချိန်မှာ အစာကျွေးခံရသော ကြွက်များသည် မှတ်ဥာဏ် အားနည်းသွားကြကြောင်း တွေ့ရသလို၊ ရေရှည် မှတ်ဥာဏ်ကိုပါ ထိခိုက်ရကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြသည်။ ညဥ့်နက်ပိုင်းကျခါမှ ဗိုက်တင်းအောင် စားသောက်လေ့ ရှိသူများသည် သွေးတွင်း သကြားဓာတ် ပိုများပြီး ဆီးချို ၊ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများလာရကြောင်း လေ့လာမှု စစ်တမ်းပေါင်းများစွာက ထောက်ပြထားပြီး ဖြစ်သော်လည်း မှတ်ဥာဏ် အားနည်းနိုင်ကြောင်းကိုမူ ယခုမှ လေ့လာ တွေ့ရှိခြင်း ဖြစ်သည်။

လေ့လာမှု စစ်တမ်းကို ကယ်လီ ဖိုးနီးယား တက္ကသိုလ်မှ သုတေသီများက ပြုလုပ်ထားခြင်း ဖြစ်သည်။ ကြွက်များကို နှစ်စုခွဲလိုက်သည်။ တစ်စုကို အိပ်ချိန် မတိုင်ခင် နာရီပိုင်း အလိုထိသာ စားခွင့်ပေးပြီး အိပ်ချိန် နားကပ်လျှင် စားခွင့်မပေး။ အိပ်ချိန် အတွင်းမှာလည်း စားခွင့်မပေး။ နောက်တစ်စုကိုကား အိပ်ချိန် အတွင်းမှာပင် စားခွင့်ပေးကြည့်သည်။

ထိုကြွက်များကို ညပိုင်းတွင် လျှပ်စစ်နှင့် နည်းနည်း ရှော့ခ်ရိုက် လိုက်သည်။ နောက်တစ်နေ့တွင် ကြွက်များ၏ ဦးနှောက်ကို လေ့လာကြည့်ရာ ညအိပ်ချိန်မှာ အစာမစားသော ကြွက်များသည် ရှော့ခ်ရိုက်ခံရခြင်းကြောင့် ဖြစ်ပေါ်သည့် ကြောက်စိတ်ကို ဦးနှောက်၏ ဟစ်ပိုကမ်း ပတ်စ်ပိုင်းမှာ ပိုမှတ်မှတ် ထင်ထင် ရှိနေကြောင်း တွေ့ရသည်။ ညအိပ်ချိန်မှာ အစာစားသည့် ကြွက်များမူကား ကြောက်စိတ်ကို သိပ်မမှတ်မိသည်ကို တွေ့ရသည်။

လေ့လာမှု စစ်တမ်းကို e-Life ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ ညအိပ်ချိန်မှာ အစာစားသည့် ကြွက်များ၏ သွေးထဲတွင် CREB ပရိုတိန်းဓာတ် နည်းပါးသွားသည်ကို တွေ့ရသည်။ ထိုပရိုတိန်းဓာတ်သည် ခန္ဓာကိုယ် ဇီဝနာရီ ပုံမှန်လည်ပတ်အောင် အားပေးသလို၊ ဦးနှောက်တွင်း မှတ်ဥာဏ်များ ဖြစ်ထွန်းမှုကိုလည်း အားပေးသည်။

''စားချိန် မဟုတ်တဲ့ အိပ်ချိန်မျိုးမှာ စားသောက်တဲ့ သူတွေဟာ အိပ်ချိန်မှာ မှတ်ဥာဏ် စာရင်းပြုစုတဲ့ ဦးနှောက်ကို အနှောင့်အယှက်ပေးရာ ရောက်တဲ့အတွက် မှတ်ဥာဏ် မကောင်းတဲ့ ပြဿနာ ဖြစ်ပွားရပါတယ်''ဟု လေ့လာမှု စစ်တမ်းအဖွဲ့ ခေါင်းဆောင် ဒေါလို့ဟ်က ပြောသည်။

စစ်တမ်းသည် ကြွက်များနဲ့သာ လုပ်ထားခြင်း ဖြစ်သောကြောင့် လူသားများတွင် ပုံတူ သက်ရောက်မှုမျိုး ရှိမည် မရှိမည်ကို ရာနှုန်းပြည့် မပြောနိုင်သေးကြောင်း၊ သို့သော် ယခင် လေ့လာမှုများကို ထောက်ရှုခြင်းဖြင့် ကြွက်များတွင် တွေ့ရှိချက်သည် လူသားများတွင်လည်း ရာခိုင်နှုန်း အတော်များများ တူညီသည်ကို တွေ့နိုင်ကြောင်း သုတေသီ အဖွဲ့က ပြောသည်။

''ယနေ့ခေတ် လူ့အဖွဲ့အစည်းဟာ (၂၄) နာရီပတ်လုံး လည်ပတ်နေတာ ဖြစ်တဲ့အတွက် လူသားတွေဟာလည်း နေ့ ၊ ည၊ အိပ်ချိန်မရွေး စားသောက်တတ်တဲ့ ဓလေ့က ပိုစွဲလာပါတယ်။ အထူးသဖြင့် ညဥ့်နက်ပိုင်းထိ အလုပ် လုပ်ရသူတွေလည်း များလာတဲ့ အတွက် ညသန်းခေါင်ကျမှ ညလယ်စာ အ၀စားရသူမျိုးတွေပါ တိုးလာပါတယ်။

ဒီလို လူမှုပုံစံဟာ မှတ်ဥာဏ်မကောင်းတဲ့ လူသားတွေ တိုးပွားလာအောင် ဖန်တီးရာ ရောက်နေပါတယ်'' ဟု ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ်မှ ပါမောက္ခ ခရစ္စတိုဖာ ကိုးလ်ဝဲလ် ကလည်း သုံးသပ် ပြောကြားသည်။

Messenger News

#သုတဇုန်
www.thutazone.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။