Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 31, 2015

သင့်ကလေးငယ် လုပ်လေ့ရှိတဲ့ အကျင့်ဆိုးလေးတွေကို ပြုပြင်ပေးချင်တယ်ဆိုရင်



လူကြီးတစ်ယောက် လက်မကြီး ထိုင်စုပ်နေမယ်ဆိုရင် ဒါဟာ အရူးတစ်ယောက်ဖြစ်ဖို့များပါတယ်။ ဒါပေမယ့် ကလေးတွေကျတော့ ဒီလို မှတ်ချက်ချလို့ မရတော့ပါဘူး။ ကလေးငယ်တွေမှာ သူတို့ခံစားခဲ့ရတဲ့ ဖျားနာခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း၊ ခံစားနေရတဲ့ ဝေဒနာတစ်ခုခုကြောင့် လူကြီးတွေ လုပ်လေ့မရှိတဲ့ နှာခေါင်းနှိုက်တာ၊ ကိုယ့်ဆံပင်ကိုယ် ထိုင်ဆွဲနေတာ၊ လက်မစုပ်တာမျိုးတွေ မကြာခဏ လုပ်လေ့ရှိနေကြတာ တွေ့ရပါတယ်။
ဒီတော့ ဒီလိုအကျင့်စရိုက်ရှိတဲ့ ကလေးငယ်တွေကို ဒီအကျင့်တွေ ပျောက်သွားအောင် သင့်ဘက်က ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။လက်မစုပ်ခြင်း

သင့်ကလေးဟာ သူ့ရဲ့လက်မကို မကြာခဏစုပ်နေခြင်းဟာ သူပျင်းရိနေတယ်ဆိုတာကို သိသာစေတဲ့အချက်ပါ။ ဒါဟာ ကလေးရဲ့သွားတွေအတွက်လည်း မကောင်းပါဘူး။ ဒီတော့ ကလေးကို ပျင်းရိခြင်းမဖြစ်စေဖို့ ပန်းချီဆွဲသင်ပေးတာ၊ ဂိမ်းကစားပေးတာ စတာလေးတွေ လုပ်ပေးလို့ရပါတယ်။

၂။ကိုယ့်ဆံပင်ကို ဆွဲနေခြင်း

သင့်ကလေးဟာ ကိုယ့်ဆံပင်ကိုယ် မကြာခဏဆွဲဆွဲပြီးနေတယ်ဆိုရင် ဒါ အသက်ကြီးလာတဲ့အခါ ထိပ်ပြောင်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ကလေးက ဒေါသဖြစ်တာ၊ စိတ်အလိုမကျတာ၊ နေလို့ထိုင်လို့ အဆင်မပြေဘူးဆိုတာ ပြသနေတာမို့ ကလေးကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာလာအောင် ဘယ်လိုလုပ်နိုင်မလဲ ဆရာဝန်နဲ့ ဆွေးနွေးပါ။

၃။အသက်အောင့်ထားခြင်း

ကလေးတွေဟာ သူတို့အုပ်ထိန်းသူ မိဘတွေကို ကြောက်တဲ့အခါ ခုလို အသက်အောင့်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကို မလုပ်စေချင်ရင်တော့ သူတို့ကို သင်ဘယ်လိုဆက်ဆံနေမိသလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုလာပါပြီ။ မလုပ်နဲ့၊ နိုးလို့ တစ်ခွန်းတည်း ပိတ်ပြောမယ့်အစား ကလေးကို အတူထိုင်ခိုင်းပြီး ဘာ့ကြောင့် ဒါကိုမလုပ်သင့်ဘူးဆိုတာ ရှင်းပြတာမျိုး လုပ်ပါ။ ပိတ်မဟောက်ပါနဲ့။

၎။နှာခေါင်းနှိုက်ခြင်း

ဒီအကျင့်ဟာ ကြာသွားတဲ့အခါ နှာခေါင်းသေးလျှံတာလိုမျိုး အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါမျိုးတွေ ခံစားရတတ်ပါတယ်။ ဒါကို ကလေးတွေ မလုပ်တော့အောင်ဆိုရင်တော့ ကလေးကို မလုပ်ဖို့ သေချာပြောတာမျိုးသာ လုပ်ပေးနိုင်ပါတယ်။ ကလေးက နှာခေါင်းမနှိုက်ဘူးဆိုရင် တစ်နေ့ကို ဘာအရုပ်လေးတစ်ရုပ်ပေးမယ်၊ ဘာလေးကျွေးမယ် ဆိုပြီး ဆွဲဆောင်သိမ်းသွင်းကြည့်ပါ။

၅။လက်သည်းကိုက်ခြင်း

ဒီအကျင့်ဟာ ကလေးရဲ့သွားအတွက်ရော၊ လက်သည်းအတွက်ပါ မကောင်းတဲ့ အကျင့်ပါ။ ဒါမျိုးဆိုရင်တော့ ကလေးရဲ့လက်သည်းတွေကို နည်းနည်းခါးမယ့် ဆေးတစ်ခုခု တို့ထိပေးထားတာမျိုး၊ လက်ကို တစ်ခုခုနဲ့ ကာကွယ်ပေးထားတာမျိုး လုပ်နိုင်ပါတယ်။ ခါးတဲ့လက်သည်းကို ဘယ်ကလေးကမှ အခါးခံပြီး မကိုက်တော့ပါဘူး။ ဒါ့အပြင် လက်သည်းကို တစ်ခုခုနဲ့ကွပ်ပေးထားမယ်၊ ညှပ်ပေးထားမယ်ဆိုရင်လည်း အဲ့ဒီအရာဝတ္ထုကြီးကြောင့် သူ ပါးစပ်ထဲ ထည့်မှာ မဟုတ်တော့ပါဘူး။

၆။သွားကြိတ်ခြင်း

သွားတွေကို ကြိတ်နေခြင်းအား ကလေးငယ်တွေရဲ့ မေးရိုးတွေကို ထိခိုက်စေပြီး ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ဖွယ်ရှိပါတယ်။ ဒီလိုမျိုးဖြစ်ရတာဟာ ကလေးက စိတ်ဖိစီးမှုတစ်ခုခု ခံစားနေရတာကြောင့်ပါ။ ဒီလိုမဖြစ်ရအောင် ကလေးကို အပန်းဖြေနည်းလေးတွေ သင်ကြားပေးနိုင်သလို ကလေးတွေအတွက် သီးသန့်ကျင့်ပေးတဲ့ ယောဂဆော့ပေးနိုင်ပြီး ကလေးမအိပ်ခင် ပေါ့ပေါ့ပါးပါးလေး နှိပ်နယ်ပေးတာတွေလည်း လုပ်သင့်ပါတယ်။ ဒီလိုတွေလုပ်ပေးတာကိုမှ ကလေးက ဆက်ပြီးခုလို ဖြစ်နေဦးမယ်ဆိုရင် သွားဆရာဝန်နဲ့တိုင်ပင်ပြီး သွားကို တစ်ခုခုလုပ်ပေးဖို့ ပြင်ဆင်ပါ။

၇။ဆဲရေးတိုင်းထွာခြင်း

ဒီလိုအကျင့်ကတော့ ကလေးရဲ့ကျန်းမာရေးထက် ဂုဏ်သတင်းကို ပျက်စီးစေမယ့်အရာပါ။ ဒီတော့ ဒီအကျင့်ဖျောက်ဖို့ဆိုရင် တစ်ခါဆဲတိုင်း တစ်ခါ ပိုက်ဆံကောက်ပါ။ ဆဲတဲ့အခါ ကလေးကိုယ်တိုင်သွားထည့်ရမယ့် စုဗူးလို ဖန်ခွက်လေးတစ်ခုခုလုပ်လိုက်ပါ။ ကလေးဟာ တစ်ခါဆဲမိတိုင်း သူ့မုန့်ဖိုးထဲက တစ်ချို့ကို အဲ့ဒီခွက်ထဲထည့်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ကလေးလည်းနောက်ပိုင်း ပါးစပ်က ထွက်ခါနီးတိုင်း သတိရပြီး ဆဲမှာ မဟုတ်တော့ပါဘူး။
TrendMyanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။