ဖုန်းကင်မရာနဲ့ အကောင်းဆုံးပုံတွေ ထွက်လာဖို့
-------------------------- ----------
မိုဘိုင်းဖုန်းနဲ့ ရိုက်တဲ့ပုံတွေကို စိတ်တိုင်းမကျဘူးဆိုရင် အခုပြောပြမယ့်အကြံဥာဏ်တွေကို အသုံးပြုကြည့်ပါ။ အိုင်ဖုန်းဖြစ်ဖြစ်၊ အန်းဒရွိုက်ဖုန်းဖြစ်ဖြစ်၊ ကီးပတ်ဖုန်းပဲဖြစ်ဖြစ် နည်းစနစ်နဲ့အနုပညာကိုသုံးစွဲနိုင်ရင် လှပတဲ့ဓာတ်ပုံတချို့ကို ရရှိနိုင်ပါတယ်။
အဆင့် ၁: Resolution မြှင့်ပါ
Resolution မြှင့်လေလေ ကောင်းလေလေပါ။ ကင်မရာအများစုမှာ ဓာတ်ပုံအရည်သွေး (resolution)နိမ့်၊အလယ်အလတ် ၊မြင့် ဆိုတဲ့ ဆက်တင်ပါပါတယ်။ အမြင့်ဆုံးကို ရွေးချယ်ပါ။ ဖုန်းစခရင်မှာ ဘာမှမကွာရင်တောင် ကွန်ပြူတာမှာကြည့်ရင် သိသာပါတယ်။
အဆင့် ၂: ဓာတ်ပုံများများရိုက်ပါ
ပရော်ဖက်ရှင်နယ်တွေက တစ်ကွက်ကောင်းကို ရိုက်ကူးချင်ကြပေမယ့် ကင်မရာနဲ့ဖုန်းတွဲသုံးတဲ့လူ တွေအဖို့
များများရိုက်တာ အကောင်းဆုံးပါပဲ။ များများရိုက်ခြင်းဖြင့်
အကောင်းဆုံးပုံတစ်ပုံကို ရွေးထုတ်နိုင်ဖို့ အခွင့်အရေးများပါတယ်။
ဒါ့အပြင် များများရိုက်ခြင်းဖြင့် စမ်းသပ်ဖို့အခွင့်အရေးလည်း ရပါတယ်။ ထောင့်အသစ်တွေ၊ အမြင်သစ်တွေကနေ ရိုက်ကြည့်ပါ။ တည့်တည့်ရိုက်၊ ထောင်ပြီးရိုက်၊ စောင်းပြီးရိုက်၊ ရှေ့တိုးနောက်ဆုတ်ရိုက်၊ ပေါင်းစုံပေါ့။
အဆင့် ၃: အလင်းကို အကောင်းဆုံးထားပါ
နေရောင်ဟာ ကိုယ့်မိတ်ဆွေလည်းဖြစ်၊ ရန်သူလည်းဖြစ်နိုင်ပါတယ်။ ကိုယ့် subject ပေါ် နေအလင်းရောင်အနည်းငယ်ကျနေတာ ဟာ အပြည့်စုံအကောင်းမွန်ဆုံးပုံတစ်ပုံကို
ထွက်လာပေမယ့် မော်ဒယ်ရဲ့မျက်နှာကို နေရောင်တိုက်ရိုက်ကျရင်
ဆွဲဆောင်မှုအားနည်းပါတယ်။ ဒါပေမယ့် နေသာနေရင် တိုက်ရိုက်အလင်းရောင်မကျတဲ့ နေရာ၊ မှောင်လည်းမမှောင်ဘဲ အလင်းကောင်းကောင်းရတဲ့နေရာမှာ ကိုယ့် subject ကိုထားပါ။
အဆင့် ၄: ဖုန်းကို ငြိမ်သက်အောင်ထားပါ
အကြည်လင်ဆုံးပုံထွက်ဖို့ဆို ရင်
ဖုန်းကို ငြိမ်အောင်ထားရပါမယ်။ တုန်နေတဲ့လက်တွေဟာ ပုံတွေကို
မှုန်ဝါးစေပါတယ်။ ဒါ့အပြင် မှောင်တဲ့နေရာတွေမှာ ဖုန်းကင်မရာတွေဟာ
အလင်းပိုရဖို့အတွက် ရှပ်တာတံခါးကို ဖြည်းဖြည်းပိတ်ကြတဲ့အတွက်
ပုံတစ်ပုံရိုက်ဖို့ အချိန်ပိုယူရပါတယ်။
အဆင့် ၅: အနီးကပ်ပါ
ကင်မရာအများစုမှာ zoom ခလုတ်ပါကြပါတယ်။ ဒါပေမယ့် ဒစ်ဂျစ်တယ်zoom ဖြစ်ပြီး ကွာလတီမကောင်းပါဘူး။ ဒါကြောင့် တတ်နိုင်ရင် zoom မသုံးဘဲ အနီးကပ်ရိုက်ပါ။ ဒါပေမယ့် တရားလွန်အနီးကပ်ခဲ့ရင်လည်း ဖုန်းက focus လုပ်ဖို့ခက်ပြီး ပုံတွေ ၀ါးသွားတတ်တာ၊ ပုံပျက်သွားတတ်တာ သတိပြုပါ။
အဆင့် ၆: ပဉ္စလက်နာရီအတွင်း ဓာတ်ပုံရိုက်ပါ
ဓာတ်ပုံဆရာတွေက နေ့တစ်နေ့ရဲ့ ပထမဆုံးနဲ့နောက်ဆုံးအချိန်ကို ပဉ္စလက်နာရီလို့ ခေါ်ကြပါတယ်။ အဲသည်အချိန်မှာ အရောင်အသွေးစုံတဲ့ကောင်းကင် ကြောင့် ရင်သပ်ရှုမောစရာကောင်းပြီး အိပ်မက်ဆန်တဲ့ ဓာတ်ပုံတွေကို ရရှိစေပါတယ်။ ဒါ့အပြင် အလင်းရောင်လည်း ကောင်းကောင်းရှိပါတယ်။
အဆင့် ၇: Rule of Thirds ကို လေ့ကျင့်ပါ
ဓာတ်ပုံပညာရဲ့ အခြေခံစည်းမျဉ်းပါ။ ကိုယ့် subject ကို အလယ်ခေါင်တည့်တည့်မှာထားရင်
မြင်ရတာ ငြီးငွေ့စရာကောင်းပါတယ်။ rule of thirds က ဓာတ်ပုံတွေကို
အသက်ဝင်စေပါတယ်။ ဓာတ်ပုံတွေကို ရိုက်ကူးတဲ့အခါ ရေပြင်ညီမျဉ်းနှစ်ခုက
ဓာတ်ပုံကို သုံးပိုင်းပိုင်းတယ်လို့ မြင်ယောင်ကြည့်ပါ။ အဲဒီနောက်
ဒေါင်လိုက်မျဉ်းနှစ်ခုကလည်း ဓာတ်ပုံကို အညီအမျှပိုင်းပါစေ။ ဒါဆိုရင် ကိုးပိုင်းပိုင်းထားတဲ့ ဇယားကွက်တစ်ခုကို ရရှိပါတယ်။ ကောင်းကင်နဲ့တခြားအရာတွေကို ဇယားကွက်မျဉ်းတွေပေါ်မှာ ထားပါ။ မျဉ်းတစ်ခုနဲ့တစ်ခု ဆုံမှတ်နေရာမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေကို ထားလိုက်ပါ။
တကယ်လို့ သည်ဥပဒေကို ကြေညက်ပြီဆိုရင် ဥပဒေကို ချိုးဖောက်လို့ရပါပြီ။
အဆင့် ၈: လှုပ်ရှားမှုကို အသုံးချပါ
သည်နည်းစနစ်ကို ဖုန်းကင်မရာတွေနဲ့ကျင့်သုံး ဖို့ ခက်ပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အရမ်းမိုက်တဲ့ပုံတစ်ချို့ရရှိဖို့အတွက် ကင်မရာကို လက်နှစ်ဖက်နဲ့မြဲမြဲကိုင်ပြီး
လှုပ်နေတဲ့ subject ကို ဖုန်းပေါ်မှာ ချိန်ပါ။ ပြီးရင် subject
ရဲ့အရှိန်အတိုင်း ကင်မရာကို ရွှေ့ပေးပါ။ ဒါဆို ရွေ့လျားနေတဲ့ subject က
ဓာတ်ပုံထဲမှာ ရုပ်သေအဖြစ် ပေါ်လာပြီး နောက်ခံက အရှိန်နဲ့လှုပ်ရှားဟန်
ဖြစ်နေပါလိမ့်မယ်။
အဆင့် ၉: မှန်ကန်တဲ့အရောင်တွေကို အသုံးပြုပါ
ကိုယ့်ရှေ့နားက အရောင်တွေကို ကစားကြည့်ပါ။ ဒါပေမယ့် တစ်ခါတလေမှာ အရောင်အသွေးစုံလွန်းတာဟာ မျက်စိနောက်စရာဖြစ်တတ်ပါတယ် ။
ဖုန်းကင်မရာမှာ white balance ပါရင် အဲဒါကိုလည်း စမ်းကြည့်ပါ။
အဆင့် ၁၀: အမိုက်စား Filters တချို့ကို သုံးပါ
ကိုယ့်တီထွင်နိုင်စွမ်း ကျဆင်းနေချိန်မှာ အသက်ကယ်အဖြစ် filter တချို့ကို သုံးနိုင်ပါတယ်။ Filter app တွေအများကြီးရှိပြီး Camera360, Snapseed စတာတွေဟာ ထင်ရှားပါတယ်။ တခြားအက်ပ်တွေလည်း အများကြီးရှိပါတယ်။
သည်တော့ အပြင်ကိုထွက်ပြီး ဓာတ်ပုံကောင်းတွေ ရိုက်ကူးကြည့်ပါ။ ပြီးရင် ကွန်မန့်မှာ share ကြရအောင်လား။
စုပြည့်စုံ
Ref: wonderhowto
--------------------------
မိုဘိုင်းဖုန်းနဲ့ ရိုက်တဲ့ပုံတွေကို စိတ်တိုင်းမကျဘူးဆိုရင် အခုပြောပြမယ့်အကြံဥာဏ်တွေကိ
အဆင့် ၁: Resolution မြှင့်ပါ
Resolution မြှင့်လေလေ ကောင်းလေလေပါ။ ကင်မရာအများစုမှာ ဓာတ်ပုံအရည်သွေး (resolution)နိမ့်၊အလယ်အလတ်
အဆင့် ၂: ဓာတ်ပုံများများရိုက်ပါ
ပရော်ဖက်ရှင်နယ်တွေက တစ်ကွက်ကောင်းကို ရိုက်ကူးချင်ကြပေမယ့် ကင်မရာနဲ့ဖုန်းတွဲသုံးတဲ့လူ
ဒါ့အပြင် များများရိုက်ခြင်းဖြင့် စမ်းသပ်ဖို့အခွင့်အရေးလည်း ရပါတယ်။ ထောင့်အသစ်တွေ၊ အမြင်သစ်တွေကနေ ရိုက်ကြည့်ပါ။ တည့်တည့်ရိုက်၊ ထောင်ပြီးရိုက်၊ စောင်းပြီးရိုက်၊ ရှေ့တိုးနောက်ဆုတ်ရိုက်၊ ပေါင်းစုံပေါ့။
အဆင့် ၃: အလင်းကို အကောင်းဆုံးထားပါ
နေရောင်ဟာ ကိုယ့်မိတ်ဆွေလည်းဖြစ်၊ ရန်သူလည်းဖြစ်နိုင်ပါတယ်။ ကိုယ့် subject ပေါ် နေအလင်းရောင်အနည်းငယ်ကျနေတာ
အဆင့် ၄: ဖုန်းကို ငြိမ်သက်အောင်ထားပါ
အကြည်လင်ဆုံးပုံထွက်ဖို့ဆို
အဆင့် ၅: အနီးကပ်ပါ
ကင်မရာအများစုမှာ zoom ခလုတ်ပါကြပါတယ်။ ဒါပေမယ့် ဒစ်ဂျစ်တယ်zoom ဖြစ်ပြီး ကွာလတီမကောင်းပါဘူး။ ဒါကြောင့် တတ်နိုင်ရင် zoom မသုံးဘဲ အနီးကပ်ရိုက်ပါ။ ဒါပေမယ့် တရားလွန်အနီးကပ်ခဲ့ရင်လည်း ဖုန်းက focus လုပ်ဖို့ခက်ပြီး ပုံတွေ ၀ါးသွားတတ်တာ၊ ပုံပျက်သွားတတ်တာ သတိပြုပါ။
အဆင့် ၆: ပဉ္စလက်နာရီအတွင်း ဓာတ်ပုံရိုက်ပါ
ဓာတ်ပုံဆရာတွေက နေ့တစ်နေ့ရဲ့ ပထမဆုံးနဲ့နောက်ဆုံးအချိန်က
အဆင့် ၇: Rule of Thirds ကို လေ့ကျင့်ပါ
ဓာတ်ပုံပညာရဲ့ အခြေခံစည်းမျဉ်းပါ။ ကိုယ့် subject ကို အလယ်ခေါင်တည့်တည့်မှာထားရင်
တကယ်လို့ သည်ဥပဒေကို ကြေညက်ပြီဆိုရင် ဥပဒေကို ချိုးဖောက်လို့ရပါပြီ။
အဆင့် ၈: လှုပ်ရှားမှုကို အသုံးချပါ
သည်နည်းစနစ်ကို ဖုန်းကင်မရာတွေနဲ့ကျင့်သုံး
အဆင့် ၉: မှန်ကန်တဲ့အရောင်တွေကို အသုံးပြုပါ
ကိုယ့်ရှေ့နားက အရောင်တွေကို ကစားကြည့်ပါ။ ဒါပေမယ့် တစ်ခါတလေမှာ အရောင်အသွေးစုံလွန်းတာဟာ မျက်စိနောက်စရာဖြစ်တတ်ပါတယ်
ဖုန်းကင်မရာမှာ white balance ပါရင် အဲဒါကိုလည်း စမ်းကြည့်ပါ။
အဆင့် ၁၀: အမိုက်စား Filters တချို့ကို သုံးပါ
ကိုယ့်တီထွင်နိုင်စွမ်း ကျဆင်းနေချိန်မှာ အသက်ကယ်အဖြစ် filter တချို့ကို သုံးနိုင်ပါတယ်။ Filter app တွေအများကြီးရှိပြီး Camera360, Snapseed စတာတွေဟာ ထင်ရှားပါတယ်။ တခြားအက်ပ်တွေလည်း အများကြီးရှိပါတယ်။
သည်တော့ အပြင်ကိုထွက်ပြီး ဓာတ်ပုံကောင်းတွေ ရိုက်ကူးကြည့်ပါ။ ပြီးရင် ကွန်မန့်မှာ share ကြရအောင်လား။
စုပြည့်စုံ
Ref: wonderhowto
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။