Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 30, 2015

ကျွန်တော် မသိလိုက်ရတဲ့ အိမ်မက်ကလေးတစ်ခု

ကျွန်တော် မသိလိုက်ရတဲ့ အိမ်မက်ကလေးတစ်ခု
- - - - - - - - - - - - - - - - - - - - - - - - - - - - - - -

"ကိုကြီး…ညီမလေး ညက အိမ်မက်တစ်ခုမက်တယ် သိလား…"

ကော်ဖီ ခွက်ကို ပန်းကန်ပြားပေါ် ပြန်ချရင်း သူမလှမ်းပြောသည်။ ကျွန်တော်က…

"အထူးအဆန်း လုပ်လို့ညီမလေးရယ်…အိမ်မက်မမက်တဲ့သူ ဘယ်သူရှိမှာမို့"

"မဟုတ်ဘူး…အိမ်မက်ထဲမှာ ကိုကြီးပါတယ်"

ကျွန်တော် ပါတယ် ဆိုတော့ ပျော်သွားသလို စိတ်လဲဝင်စားသွားသည် ။ ဒါပေမယ့်…စ ချင်တာနဲ့. . .

"ညည်း…ကိုကြီးကို အပြင်မှာ အနိုင်ကျင့်ရတာ အားမရလို့ အိမ်မက်ထဲပါ ခေါ်ပြီး အနိုင်ကျင့်တယ်ပေါ့"

"အာ…ဒီက အကောင်းပြောမို့ဟာ…နားမထောင်ချင်လဲ နေဟာ…"

"မထောင်တော့ဘူး ! ဒါနဲ့…အိမ်မက်ထဲမှာ ကိုကြီး ဆေးရုံတက်လိုက်ရသေးလား!!"

"အမ်…ဘာဆိုင်လို့"

"မသိဘူးလေ!! ညီမလေးက ကိုကြီးကို အိမ်မက်ထဲမှာ ထုဟယ် ထောင်းဟယ် လုပ်ချင်လုပ်မှာ ! အဲ့ဒါ ကိုကြီး အတွင်းလူနာများ ဖြစ်သွားသေးလားလို့"

"အမလေး…ငရဲကြီး အောင်"

"ဟူး…တော်ပါသေးရဲ့…"

"ဗိုက်ခေါက်ပဲ သုံးချက် လိမ်ဆွဲခဲ့တယ်…ခိခိ"

"ဘာကွ"

သူမ တခိခိနဲ့ ရယ်နေလေသည် ။ ပြီးမှ…

"စတာပါ…ကိုကြီးရယ်… နားထောင်မှာလား…မထောင်ဘူးလား"

သူမ မျက်နှာကို မသိမသာ အကဲခတ်ကြည့်တော့ တအားပြောချင်နေမှန်းသိသာနေ၍ ကျွန်တော်က…

"အင်း! ပြော … အိမ်မက်က ရှည်လား!! သုံးမိနစ်တော့ အချိန်ရမယ် !! ''

''ဟင်!! ဈေးကိုင်လိုက်တာ !! အချိန်မရရအောင် တူတူ ကော်ဖီဆိုင်ထိုင်နေတာကို ဘာလုပ်စရာရှိလို့!! "

"Coc ဆော့မို့…"

"ဘာာ!! မပြောဘူးဟာ!! တော်ပြီ…ပြန်တော့မယ်"

ပြောလဲပြော ထိုင်ခုံမှလည်း ထရန်ဟန်ပြင်သည် ။ သိပြီ…ကောက်သွားပြီဆိုတာ…။

"တကယ် ပြန် တော့ မလို့လား"

"အင်း…ပြန်မယ်…စကားပြောရတာ အပေါက်အလမ်းမတည့်ဘူး…ညီမလေးကိုဆို ဘယ်တော့မှ အလေးမထားဘူး !! ဒီကသာ အရူးမကြီးကျနေတာ!! နောက်နေ့တွေလဲ ဘာမှ မပြောပြတော့ဘူး…အဲဒိ အိမ်မက်ကလည်း ဘာလို့ဒီလူကြီးကိုမှ ထည့်မက်မှန်းမသိဘူး…ဒီက ပျော်စေချင်လို့ ပြောပြမို့ဟာ…"

"ကိုကြီးက စတာပါဟာ"

"သြော်…ညီမလေးက ကိုကြီးပျော်ချင်တိုင်း စနေရမယ့် အရုပ်လား!! "

"အင်း…အရုပ် !!"

"ဘာ…"

"အရုပ်တောင် လှတပတ ဘာဘီရုပ်ကလေး မဟုတ်ဘူး !! Angry Bird အရုပ် !!"

"ဘာ…ကိုကြီး နော်……"

'' ခိခိ … ကဲ ပြော…ဘယ်လို အိမ်မက်လဲ ? ကိုကြီးပါ ပါတယ်ဆိုတော့ ပျော်တာပေါ့ !! စောစောက သက်သက် လိုက်စနေတာ…"

"တော်ပြီ…မပြောတော့ဘူး…"

သူ့အလှည့်ရောက်ပြီမို့ ဈေးပြန်ကိုင်နေသည် ။

"ပြောပါ…ကိုကြီးက နားထောင်ချင်နေတာ…ညီမလေးက စိတ်တိုရင် ချစ်ဖို့ပိုကောင်းလို့ စတာပါ!!"

"လာမပြောနဲ့…ကိုယ်ချစ်ဖို့ကောင်းတာ ကိုယ့်ဘာသာ သိတယ်!! "

" တိန်!! "

"ဘာ တိန်! လဲ…"

"စောန ချစ်ဖို့ကောင်းတယ် ဆိုတဲ့ စကားကို ပြန်ရုပ်သိမ်းတယ်!! "

"အာ. . .ကိုကြီးနော် !! ခိခိ !! "

နှစ်ယောက်သား စိတ်လွတ်လက်လွတ် တူတူ ရယ်မောကြသည် ။ အချိန်အနည်းငယ်ကြာပြီးမှ ကျွန်တော်က…

"ကဲ…ပြောပြ…အိမ်မက်အကြောင်း…"

"အဟိ!! ဒီလို ကိုကြီးရဲ့. . ."

ဆိုပြီး ထပ်ပြောဟန်ပြင်သည် ။ ကျွန်တော်က ကြားဖြတ်ပြီး …

"ဟာ…အိမ်မက်က ထူးဆန်းလိုက်တာ"

"အမ်…ပြောမှ မပြောရသေးပဲ"

"အော် … မပြောရသေးဘူးလား…ပြောပြီးသွားပြီ ထင်လို့…"

"အာ !! လုပ်ပြီ !! ကဲ သေချာနားထောင်…။
ညက အိမ်မက်ထဲ မှာ ကိုကြီးနဲ့ ညီမလေးက ဥယျဉ်ကြီး တစ်ခုတည်းမှာ တဲ့…နောက်ပြီး ကမ္ဘာပေါ်မှာလည်း လူတွေ တစ်ယောက်မှ မရှိမှ မရှိကြဘူး တဲ့…။ အဲမှာ……………………"

ရုတ်တရက် သူမ Phoneဆီမှ Ringtone မြည်လာ၍ ပြောလက်စ စကား ရပ်တန့်သွားသည် ။ သူ့ စလင်းဘတ် အိတ်ထဲ နှိပ်၍ ဖုန်းထုတ်ပြီး စကားပြောနေတော့ ကျွန်တော် လဲ အလိုက်တသိ ဟိုဟိုဒီဒီ ငေးနေလိုက်သည်…။ ဖုန်းပြောပြီးတော့ ခေတ္တမျှ နှုတ်ဆိတ်နေပြီးမှ ကျွန်တော့်ဘက် လှည့်ကာ. . .

"ကိုကြီး…မောင့် ဆီက ဖုန်း"

"အင်း…"

"ညီမလေး…သွားရမှာလား…………"

အမေးဆုံးတော့ အသံမဲ့ဘာသာစကားတစ်ခု သူမ မျက်ဝန်းထက်မှာ ခိုတွဲနေသည် ။ ပန်းနုရောင် ကော်ဖီ စားပွဲလေးက ချက်ချင်း ခရမ်းရောင်ပြောင်းလဲသွားသလို ။ ကျွန်တော့်သက်ပြင်းတွေ သူမ မမြင်ဖို့ အလျင်အမြန်ပြုံးပြပြီး. . .

"သွားရမှာပေါ့…ညီမလေးရဲ့…ချစ်သူထက် ဘယ်အရာက အရေးပါမှာ မို့လဲ…???"

အလိုမကျခြင်းရနံ့တခု သူမဆီမှ စီးဆင်းလာသည် ။

"ဟုတ်တယ်…! သိပ်မှန်တယ် ကိုကြီး…!! ချစ်သူ ထက် ဘယ်အရာမှ အရေးမပါဘူး…အဲဒိစကားကို မှတ်ထားပါ…ညီမလေး…သွားတော့မယ်…"

ကော်ဖီဆိုင်လေး ဆွံ့အ ကျန်ရစ်ခဲ့သည် ။ ရယ်သံလေးများ ထပ်ကြားရမလား နားစွင့်နေသော ကော်ဖီခွက်ကလေးကို ကျွန်တော် အားနာမိစွာ ငေးကြည့်ရင်း……………။ ။

* * * *

တခြားလူရဲ့ အိမ်မက်ထဲမှာ ကိုယ်ပါဝင်သောအခါ လူတိုင်း အနည်းအကျဉ်းတော့ ပျော်ခဲ့ဖူးပါလိမ့်မယ် ။ အထူးသဖြင့် … ကိုယ်ချစ်မြတ်နိုးရတဲ့ လူတစ်ယောက်ဆီက အိမ်မက်မျိုးဆို ပိုပြီး ပျော်ရွှင်ကြည်နူးရပါလိမ့်မည် ။ သူမ ဆီက အိမ်မက်ကလေး ဘာလဲ ကျွန်တော် သိခွင့်မရခဲ့ပါ ။ ''တနေ့နေ့ သိခွင့်ရမယ်'' ဆိုတဲ့ မျှော်လင့်ချက်မျိုးကိုလည်း ဆုပ်ကိုင်မထားချင်ပါ…။
ကျွန်တော့် မသိလိုက်ရတဲ့ အိမ်မက်ပိုင်ရှင်မကလေးဆီမှာ သူ့အတွက် အိမ်မက်တွေ မက်ပေးမယ့် ပိုင်ရှင်ကောင်လေး တစ်ယောက် ရှိနှင့်နေပါ၍…………။

~အလင်းဖြိုး~

(20-5-2015)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။