Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 29, 2015

ယုံကြည်သူ ကို "မ" တော့မည်

ယုံကြည်သူ ကို "မ" တော့မည်
+++++++++++++++++++

တစ်ခါက လူအများကို လိမ်ညာဖြီးဖြန်းပြီး.. လဘ်လာဘ ရယူနေတဲ့ ဂုရုကြီးတစ်ပါးရှိပါသတဲ့.. ။ ဂုရုကြီးရဲ့ ဂုဏ်သတင်းဟာ သူသတင်းသုံးနေထိုင်တဲ့ရွာမှာတင်မက.. ဆယ်ရွာ၊ ဆယ့်ငါးရွာရှိတဲ့ တိုက်နယ်တစ်ခွင်မှာ ဟိုးလေးတကျော်. ကျော်ကြားပါသတဲ့..။ ဂုရုကြီးရဲ့ ပညာစွမ်းကတော့ သေဆုံးပြီးသူများရဲ့ ဘ၀ကို ဟောပြောနိုင်တာပဲဖြစ်တယ်..

ဘယ်သူ့အမေကတော့ .သေပြီး ခွေးဝင်စားပြန်ဖြစ်နေရှာတယ်၊ ဘယ်သူကတော့ဖြင့် ရုက္ခစိုးဖြစ်နေတယ်..၊ ဘယ်သူကတော့ မကျွတ်မလွတ်ဘ၀မှာရောက်နေတယ်.. စသဖြင့် ဟောပြောနိုင်တယ်..။ အဲဒီလို ဟောပြောပြီးတဲ့အခါမှာလည်း ဘ၀ဆိုးတွေကလွတ်အောင် ဘယ်နတ်ကို ဘာပူဇော်ရမယ်၊ ဗလိနတ်စာကျွေးရမယ်၊ ယတြာခြေရမယ်၊ စသဖြင့် သွယ်ဝှိက်သောနည်းအားဖြင့် ငွေကြေးနဲ့၊ လာဘ်လာဘကို ရရှိအောင်ပြုလုပ်ပါသတဲ့..။

ရိုးအပြီး အသိဥာဏ်ပညာနည်းတဲ့ ရွာသားတွေဟာ ဂုရုကြီးပြောသမျှ ဘာကိုမဆို ယုံကြည်လိုက်ကြပြီး ဂုရုကြီးစေခိုင်းတဲ့အတိုင်း.. ပြုလုပ်ကြလေ့ရှိတယ်..။

တစ်နေ့တော့ ဂုရုကြီးဟာ ရွာတစ်ရွာကို ကြွမြန်းတော်မူတယ်..။ ရွာမှာရှိကြတဲ့ ကလေး၊ လူကြီး၊ ကျား၊ မ အကုန်လုံးဟာ ဂုရုကြီးကို ဖူးမြော်ဖို့အတွက် ရွာထိပ်က ဇရပ်မှာ စုရုံးကြတယ်..။

ဂုရုကြီးကလည်း လူဆယ့်နှစ်ယောက်တိတိ ထမ်းရတဲ့ ဝေါယဉ်ကြီးကိုစီးပြီးကြွမြန်းလာတယ်..။ ပြီးတဲ့အခါ.. တင်ပျဉ်ခွေမပျက်စေဘဲ... လူလေးယောက်လောက်က ၀ိုင်းမပြီး ပုလ္လင်ပေါ်ကို တင်ကြရတယ်.. ပုလ္လင်ပေါ်ရောက်တဲ့အခါ ဂုရုကြီးက ဒီလိုပြောတယ်..

"အိမ်း... ကိုယ်တော်..ခုလို ကြွမြန်းလာရတာကတော့ တခြားမဟုတ်ဘူး.. ဒီရွာမှာ ၀မ်းပျက်ဝမ်းလျော ရောဂါ ဖြစ်ကြတဲ့အတွက်..လူတော်တော်များများ အနိစ္စရောက်သွားတာကို ကိုယ်တော်ကြားရတယ်..။ မင်းတို့က ကိုယ်တော်ကို မေ့လျော့နေကြတာကိုးကွယ်..။ ဒါပေမယ့်လည်း ကိုယ်တော်စိတ်ညိုညင်ခြင်း မဖြစ်ပါဘူးလေ..။ ငါကိုယ်တော်စိတ်ညိုညင်လိုက်တာနဲ့... မီးဟုန်းဟုန်းတောက်လိမ့်မယ်..၊ ရေကြီးမယ်၊ ငတ်မွတ်မယ်၊ ရောဂါဘယဖြစ်မယ်၊ ငလျင်လှုပ်မယ်၊ မိုးကြိုးပစ်မယ်၊ သစ်ပင်ပိမယ်၊ တွင်းထဲပြုတ်ကျမယ်၊ မြွေကိုက်မယ်၊ ကျားဆွဲမယ်၊ ဆင်နင်းမယ်၊ ဒါမျိုးတွေဖြစ်သွာနိုင်တယ်..။ အဲဒီတော့..ငါကိုယ်တော်ဒေါသမထွက်ပါဘူး..။ ခုလည်းပဲ. သေဆုံးသွားတဲ့မင်းတို့ရွာသူရွာသားတွေရဲ့ လားရာဘုံဘ၀ကို ဟောပြပြီး၊ လုပ်သင့်လုပ်ထိုက်တဲ့ ပူဇော်ခြင်းအမှုကို ပြုဖို့၊ မေတ္တာဝေဖို့.လာရတာပါ.."

လို့မိန့်တော်မူတယ်။ အဲဒီအခါ အဖွားအိုတစ်ယောက်ဟာ လူအုပ်ကြားထဲက ထွက်လာပြီး ဒီလိုလျှောက်တယ်

"ကိုယ်တော်ရှင်ညိုညင်တော်မမူပါနဲ့ ဖရာ့။ တပည့်တော်ရဲ့ အိမ်ဦးနတ်..ကွယ်လွန်သွားပြီးတဲ့နောက် ဘယ်ကို ရောက်နေတယ်ဆိုတာ.. မိန့်ကြားပေးပါအရှင်"

လို့မေးခဲ့တယ်။ အဲဒီအခါ ဂုရုကြီးက

"အိမ်း..ငါသမာဓိထူထောင်လိုက်ဦးမှ"

လို့ပြောပြီး ငါးမိနစ်လောက် မျက်လုံးမှိတ်ခါ ဈာန်ဝင်စားလိုက်တယ်။ ပြီးတော့ ဒီလိုပြောတယ်

"အော်..ဒုက္ခ... ဒုက္ခ... ဒုက္ခ... ဘ၀သံသရာများတယ်ပြီးကြောက်ဖို့ကောင်းသကိုး...။ နင့်ယောက်ျားဟာ ငါလိုသူတော်စဉ်ကို ပူဇော်ဖို့မေ့လျော့တဲ့အတွက်.. ခု လယ်ကန်သင်းထဲမှာ ဘေးတိုက်သွားတဲ့ ဂဏန်းကောင် ဖြစ်နေသဟဲ့.."

လို့ မိန့်ကြားတယ်။ အဲဒီနောက်မှာလည်း သူ့ကို ဘယ်လိုပူဇော်မှ ဂဏန်းဘ၀ကလွတ်မယ်ဆိုတာကို ပြောလိုက်ပြန်တယ်..။ အဲဒီနောက်မှာတော့ လူအုပ်ကြားထဲက တိုးဝှေ့ပြီးလူငယ်လေးတစ်ယောက် ဂုရုကြီးရှေ့မှာ ဒူထောက်လက်အုပ်ချီတယ်.. ပြီးတော့ သူက ဒီလိုပြောတယ်..

"ဂုရုကြီးဘုရာ့.. တပည့်တော်အဖေကို မှတ်မိမလားတော့မသိဘူးဘုရား။ တပည့်တော်ရဲ့ ဖခင်ကြီးဟာ.. ဂုရုကြီးကို အင်မတန်ကြည်ညိုသူဖြစ်ပါတယ်ဘုရား..။ ပြီးခဲ့တဲ့အပတ်ကပဲ.. ခြံထဲက ငှက်ပျောခိုင်နဲ့ မျောက်ဥတွေကို လာပြီးကပ်သေးတယ်လေဘုရား..။ သူ အခု..ဘယ်ရောက်နေသလဲဆိုတာလည်း မိန့်ပေးပါဦးဘုရား"

လို့လျှောက်တင်တယ်..။ အဲဒီအခါမှာလည်း ဂုရုကြီးက ရှေးနည်းအတိုင်း သမာဓိထူထောင်တယ်.. ပြီးတော့. ဒီလိုမိန့်ပြန်တယ်..

"အိန်း.. မင်းရဲ့ဖခင်ဟာ သူတော်ကောင်းကြီးပဲ..။ ခုသူဟာ သိကြားမင်းနဲ့ အတူတူထိုင်ပြီး စကားစမြည်ပြောနေတယ်ကွဲ့၊ စားပွဲပေါ်မှာလည်း နတ်သုဒ္ဓါတွေလား မသိဘူး .. တင်ထားတာကို ကိုယ်တော်မြင်လိုက်ရတယ်"

လို့ပြန်ပြီးမိန့်တယ်..။ အဲဒီအခါလူငယ်က

"ဂုရုကြီးဘုရား.. ကျနော်ဖခင်ကို ခေါ်ပေးလို့ရလားဘုရား"

လို့မေးပြန်တယ်..။
အဲဒီအခါ ဂုရုကြီးက

"ဘ၀ခြင်း ခြားပြီဆိုတော့..ဘယ်ခေါ်လို့ရပါ့မလဲကွ.. လူဗာလလေး..ဒါလေးတောင်မသိဘူးလားကွဲ့"

လို့ပြန်ပြောတယ်..။ အဲဒီအခါ လူငယ်လေးက

"ဂုရုကြီး ခေါ်လို့မရလည်း။ ကျနော်ခေါ်လို့တော့ရပါတယ်ဗျ.. အဘရေ.... အဘ.... ထွက်လာခဲ့ပါဦးဗျ"

လို့ခေါ်လိုက်တယ်...။ အဲဒီအခါမှာတော့

"ဟေ...လာပြီလူလေးရေ.."

လို့ ထူးသံနဲ့အတူ.. လူငယ်လေးရဲ့ ဖခင်ဟာ တိုင်အကွယ်က ထွက်လာခဲ့တယ်..။

ဒီပုံပြင်လေးက ကျနော်တို့ကို ပြောပြထားတာတွေရှိတယ်..။ တစ်ခါတစ်ရံမှာ ကျနော်တို့ဟာ ဂုရုကြီးလို လူစားတွေနဲ့တူနေတတ်တယ်..။ အလုပ်အကိုင်ထဲမှာပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်၊ မိတ်ဆွေတွေနဲ့ပဲ ပတ်သက်လို့ပဲဖြစ်ဖြစ် သူတို့ရဲ့ အထင်ကြီးမှုကို လိုချင်လေ့ရှိကြတယ်..။ အဲဒီလို အထင်ကြီးခံချင်ကြတဲ့အခါ.. ဂုရုကြီးလိုပဲ.. ကိုယ်မသိတာကို သိသယောင်၊ ကိုယ်မတတ်တာကို တတ်သယောင်..၊ ကိုယ်မပိုင်ဆိုင်တာကို ပိုင်ဆိုင်သယောင်ပြုပြီး လိမ်ညာဟန်ဆောင်လေ့ရှိကြတယ်.. အဲဒီလို ဟန်ဆောင်ခြင်းဟာ နောင်တစ်ချိန်မှာ အရှက်တကွဲအကျိုးနည်းအဖြစ်နဲ့သာ အဆုံးသတ်ရမယ်လို့ဆိုတယ်.။

ဟန်ဆောင်လိမ်ညာခြင်းဟာ ဘယ်နေရာမှာမှ မကောင်းဘူးလို့ ဆိုနိုင်သေးတယ်.။ အထင်ကြီးလိုစိတ်ကြောင့် လူတစ်ဖက်သားကို ဟန်ဆောင်လိမ်ညာတတ်ကြပေမယ့်.. ကိုယ်တိုင်အညာခံရရင်လည်း. ယမ်းပုံမီးကျ ဒေါသမီးဟုန်းဟုန်းတောက်ကြပြန်တယ်..။
ကျနော်တို့ဟာ ကိုယ်တိုင်လည်း ဟန်ဆောင်လိမ်ညာခြင်းကို. မပြုလုပ်သင့်သလို.. ဟန်ဆောင်လိမ်ညာတတ်တဲ့သူတွေကိုယ်လည်း.. အဝေးဆုံးနေရာကနေ ရှောင်ကွင်းသွားကြရမယ်လို့ဆိုတယ်.

“A company of wolves, is better than a wolf in sheep's clothing.”

ဆိုတဲ့စကားလို.. သိုးရေခြုံထားတဲ့.. ၀ံပုလွေတစ်ကောင်ထက်စာရင်.. ၀ံပုလွေအုပ်လိုက်နဲ့သာ ပြေးတွေ့လိုက်ချင်တယ်.. လို့ဆိုတယ်..။ ကောက်ကျစ်ပြီး လိမ်ညာဟန်ဆောင်တတ်တဲ့ မိတ်ဆွေတစ်ယောက်ဟာ.. ရိုးဖြောင့်တဲ့ ရန်သူတစ်ထောင်လောက်တော့ ကြောက်ဖို့မကောင်းဘူးလို့ ဆိုလိုရင်းဖြစ်တယ်..

ဟန်ဆောင်ခြင်းများ..ကင်းဝေးကြပါစေ..

(ဖြိုးသုတ)

မှတ်ချက်။ ။ မည်သူ့ကိုမျှ မရည်ရွယ်ပါ..။ နာမည်ကြီးသူများကိုလည်း မတိုက်ခိုက်ပါ..။ ကိုယ့်ဟာကိုယ်စာရေးခြင်းမျှသာဖြစ်ပါသည်။ တိုက်ဆိုင်သူများရှိပါက "အမြီးရှိသောသူ ရိပ်မိသည်" ဟုသာ မှတ်ယူပါမည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။