Today News added 4 new photos.
မိနစ်ပိုင်းလောက်လေးပဲ အချိန်ပေးဖတ်ပါ ပုံလေးတွေကိုကြည့်ပါ
တကယ်တော့ ကျွန်မတို့လူသားတွေဟာ အတော်မတရားတာ အထူးသဖြင့် ပိုက်ဆံကို ဘယ်မှာဖြုန်းရမှန်းမသိလောက်အောင်ပေါများနေသူတွေပေါ့
သတ္တဝါတစ်ကောင်ရဲ့အသက်ဟာ လူသားတွေအတွက် တန်ဖိုးရှိတဲ့အာဟာအဖြစ်မဟုတ်ဘဲ အလှဆင်ပစ္စည်း ဒါမှမဟုတ် ဇိမ်ခံဝထ္တုတစ်ခုအတွက် ဆုံးရှုံးသွားရတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ထင်မိတာပါပဲ
ကမာကောင်မုတ်ကောင်တွေဟာ သဘာဝအရ အတွင်းသားက နူးညံ့တယ် သေးငယ်လှပါတယ်ဆိုတဲ့ အမှိုက်စလေးတစ်ခုလောက်ဝင်လာခဲ့ရင်တောင် သူတို့ခမျာ နာကျင်ရှာလွန်းလို့ ခန္ဓာကိုယ်က ညှစ်ထုတ်ပေးတဲ့အရည်ကြည်လေးတွေနဲ့ အဲဒီအမှိုက်ကို ဖုံးပစ်တယ် နှစ်တွေကြာလာတော့ သိပ်ကိုလှပတဲ့ ပုလဲဆိုတာ ဖြစ်လာတာပေါ့ ဒါကသဘာဝအတိုင်းရတဲ့ပုလဲ နောက်ပိုင်း လူသားတွေရဲ့လောဘအရ မွေးပုလဲတွေပေါ်လာတယ် အရွယ်ရောက်တဲ့ ကမာတစ်ကောင်ရဲ့ကိုယ်ထည်ကို ဟ တယ် ပြီးရင် ခဲလုံးလိုအရာတစ်ခုထည့်ပြီး ရေထဲပြန်ချတယ်
လူတွေမျက်လုံးထဲအမှုန်ဝင်ရင်တောင် ကသိကအောက်နဲ့ခံရခက်သေးတာ သူတို့ခမျာ ဘယ်လောက်တောင် နာကျင်ရှာမလဲ စဉ်းစားသာကြည့် ဒါက ပုလဲကိစ္စပဲရှိသေးတယ် ပီကင်းဘဲလို ဂဏန်းပျော့လိုကိစ္စမပါသေးဘူး အတော်ငရဲကြီးတဲ့ကိစ္စတွေ
အစားအစာဆိုတာ အာဟာရပြည့်ဖို့ပဲမဟုတ်လား သူများအသက်သတ်တာတောင်လွန်လှပြီ ဂဏန်းပျော့ကလည်း သဘာဝအတိုင်းမဟုတ်တဲ့ မွေးဂဏန်းပျော့တွေများ အရမ်းသနားစရာကောင်းတာ ကိုယ်ထည်မာကျောမှသွားလာလှုပ်ရှားနိုင်တဲ့ဂဏန်းတွေဟာ အခွံကို မပျော့ ပျော့အောင် အလုပ်ခံရတယ်ဆိုတော့ .......?
နောက်ပြီးရှိသေးတယ် ဒါကတော့ မြန်မာပြည်မှာရှားပါတယ် မိကျောင်းသားရေပိုက်ဆံအိတ်တို့ မြွေရေခွံပိုက်ဆံအိတ်တို့ပေါ့ ပိုက်ဆံအိတ်ပဲ သူများအသက်နဲ့တန်ဆာဆင် တန်ဖိုးကြီးပေးဝယ်ရမှတဲ့လား မွှေးလှပါချည်ရဲ့ဆိုတဲ့ရေမွှေးတွေတစ်ကိုယ်လုံးလောင်းချ အိမ်သာကျင်းထဲခုန်ဆင်းကြည့် မွှေးနိုင်မှာမဟုတ်ပါဘူး
နောက်တစ်ခု အခုနာမည်ကြီးနေတဲ့ငှက်သိုက် ဇီဝစိုးငှက်လေးတွေရဲ့သဘာဝက အတော်ထူးဆန်းတယ် ငှက်မ ဥအုချိန်ရောက်ရင် ငှက်ဖိုက သူကိုယ်တိုင်အန်ပြီး အန်ဖတ်နဲ့အသိုက်ဆောက်ပေးတာ အဲ့ဒီအန်ဖတ်က လူတွေအတွက် အားရှိတယ် မြိတ်ကျွန်းစုဘက်က ကျောက်ဆောက်တွေမှာငှက်သိုက်တွေရှိတတ်လို့ ငှက်သိုက်မုဆိုးတွေဟာ ခါးကို ကြိုးနဲ့ချီ တွယ်တက်ပြီး သက်စွန့်ဆန်ဖျား ငှက်သိုက်နှိုက်ကြရတယ် တကယ့်ငှက်သိုက်မုဆိုးအစစ်တွေက ကိုယ်ချင်းစာကြတယ် တစ်ရာသီမှာ တစ်ခါပဲယူကြတယ် ဘာလို့လဲဆိုတော့ ဇီဝစိုးငှက်ဖိုကြီးဟာ နှစ်ခါသုံးခါ ဆက်တိုက်အန်ပြီး အသိုက်ဆောက်ရ ရင် ရင်ကွဲပြီးသေပွဲဝင်လေ့ရှိတာကို သိထားကြလို့ပဲ
နောက်ပိုင်း မတော်လောဘသမားတွေက ဈေးကောင်းရမှန်းသိတော့ စည်းမစောင့်ကြတော့ဘူး တစ်ရာသီမှာ ခဏခဏနှိုက်ကြတယ် အစိုးရက ငှက်သိုက်တင်သွင်းခွင့်လိုင်စင်ပေးတယ်လို့ကြားတာပဲ ငှက်သိုက်မှာ သွေးစတွေပါလာရင် အဲဒီငှက်သိုက်သွင်းသမားကို ဒဏ်တပ်နိုင်တယ်တဲ့ ဒါပေမယ့်သိတယိမလား လူ့ဘောင်တောင် ခြစားမှုရှိသေးတာ ငှကိတွေအတွက်တော့ ဘယ်သူမှ ရှေ့နေလိုက်မနေတော့ဘူး ဒီလိုနဲ့ပဲ ဇီဝစိုးတွေလည်း အတော်ရှားလာတယ် သေကောင်ပေါင်းလဲလူမမာတွေ အားဆေးအဖြစ်သောက်တာ ထားပါ လက်ခံပါရဲ့ အစားပေါင်းဆုံစား အကောင်းဆုံးတွေသုံးနေရင်း သန်သန်မာမာကြီးကနေ နေ့တိုင်းငှက်သိုက်သောက်နေတာဆိုရင်တော့.....? ကိုယ်ချင်းတော့ စာကြည့်ပေါ့လေ
ပုလဲဆိုတာ လူတွေအတွက်အလှဆင်ပစ္စည်း ကမာတွေအတွက်တော့မျက်ရည် မိချောင်းသားရေဆိုတာ သူ့အတွက်တော့ သဘာကပေးတဲ့သံချပ်ကာ လူတွေအတွက် အလှဆင်ပစ္စည်းး အဲလိုဖြစ်နေတယ် ဆင်ဆိုလည်းဒီအတိုင်းပဲ သူတို့ရဲ့အစွယ်တစ်စုံအတွက် သေလိုက်ရတဲ့ဆင်တွေ ဘယ်လောက်တောင်လဲ အခုဆို ရှားပါးစာရင်းဝင်သွားပြီ ဒါတွေက ကျွန်မသိသမျှ အခြားဘယ်လိုသတ္တဝါတွေရော အကျိုးမဲ့အသက်ပေးရလို့ မျိုးတုန်းမတတ်ဖြစ်နေပြီလဲမသိဘူး သတ္တဝါမှမဟုတ်ပါဘူး အပင်တွေလည်းပါ တယ် ပြောရရင်တော့ ဆုံးမှာကိုမဟုတ်ပါဘူး
တကယ်တော့ လူပြုသမျှနုရတဲ့ သတ္တဝါလေးတွေကို အစားအစာအတွက်ပဲအသုံးပြုကြပါ မလိုအပ်ဘဲ သဘာဝထက်လွန်ပြီး သူများအသက်နဲ့ အလှမဆင်ချင်ကြရင်ကောင်းမယ် သူ့နေရာမှာ ကိုယ်ဆိုရင် ဆိုတဲ့စိတ်ကလေးမွေးပေးကြရင် .......
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။