ကျနော် နတ်အိုးကွဲ
----------------
'' စင်္ကာပူရောက် နတ်အိုးကွဲလေးများ ''
🌹************************** **🌹
စင်္ကာပူရောက်နေ တဲ့ ငါတို့တစ် တွေဟာ
မြန်မာပြည် ပြန်သွားရင် နတ်' အိုးကွဲ တွေ လိုပဲ ...!!
နတ် တင် ထား တဲ့ ပန်းအိုး မတော်တဆ ကွဲ သွားတဲ့
အခါ အမှိုက်ပုံ သွား လွှင့်ပစ် ပြန်ရင်လည်း ..
နတ် ကိုင် ခံရမှာ ကြောက် ရ သေးး...... !!!
ဆက်လက် အသုံးပြု ထားဖို့ကလည်း မဖြစ် နိုင် ...!
ဘယ်နားသွားထားရမယ် မှန်း လည်း မသိ ...... !!!
ငါတို့ တစ်တွေလိုပေါ့ ... ပြန် ကလည်းး ပြန်ချင် ...
အိမ်ပြန်ဖို့ ကလည်း ကိုယ့် ဝမ်းနာ ကိုယ်သာသိ ..!!
ကိုယ်ပိုင် စီးပွားရေး ပြန် လုပ် မယ် ဆိုပြန်တော့လည်း
သိန်း ရာချီ မှ ဝင်နိုင်မယ့် စီးပွားရေးလောက ...!
ကုမ္မဏီ ဝန်ထမ်းဘဝ ပြန်လုပ် မယ် ဆိုပြန်တော့လည်း
သူတို့ ပေး နိုင် တဲ့ လစာ က ကိုယ့်အတွက် ဟာသ ...!
ကိုယ့် နောက်ခံ မိသားစု ဆွေမျိုးသားချင်း ပြန် ကြည့်
တော့လည်းး ... အားလုံးက ဖုတ်လှိုက် ဖုတ်လှိုက် .....!!
ဘယ် နှစ်လ ဘယ်နှစ်နှစ် ပို့ ပေး ထားး ထားး
ဘယ်တော့မှ ကိုယ့် အတွက် စုဆောင်းပေးထားငွေ
ဆိုတာ မရှိ နိုင်တဲ့ မိသားစု ရဲ့ ဘတ်ဂျတ်ငွေ '
ဝင်ငွေ နဲ့ ထွက်ငွေ မမျှတတဲ့ ကုန်ဈေးနှုန်းကြောင့်
( ပို့သမျှ ကုန် ...ရှာသမျှလည်း အမြဲ မလောက်' )
မြန်မာပြည် ပြန်သွားလို့ ကိုယ့် ပါသမျှ ငွေ လေး ရှိ
နေသေးတုန်း တော့ ... ဟို အမျိုး အိမ် လည် ဒီ အမျိုး
ခေါ်လို့ သွားစား ... ဘော်ဒါ သယ်ရင်းတွေနဲ့ ဒိုးး '
ဟို ဘုရားဖူး ထွက် ဒီ နေရာ လေး သွားလျှောက်လည်
သုံးလို့ လွှတ် ကောင်းး ဖြုန်းလို့ သိပ်ကောင်းး ...
ငါတို့ မြန်မာပြည်ကြီးက သိပ်ပျော်စရာ ကောင်းတာပါ့ ...!
တစ်ပတ် ကနေ တစ်လ ... တစ်လ ကနေ ၃လ ၄ လ
ဝင်ငွေမရှိတဲ့ အချိန်ကာလ ကြာမြင့် လာ ချိန်မှာတော့ ...
လက်ထဲ သုံးစရာ ငွေ လျော့ပါး လာ နေချိန် ...
ပြန် တမ်းတ မိ ပြန် ပါ တဲ့ .....
ပုံ မှန် ဒေါ်လာ လစာငွေ ရရှိ တုန်းက ဘဝ '
အချိန်တန် မိဘ ဆီပြန်ပို့နိုင်တဲ့ အိမ်ပို့ငွေ '
ကိုယ်လိုချင်တဲ့ ပစ္စည်း ကိုယ့် ကိုယ်ပိုင် ဝင်ငွေနဲ့
လူတန်းစေ့ ဝယ် နိုင် စားနိုင် သုံးနိုင်တဲ့ ဘဝ '
ဒီလို နဲ့ ပဲ ပါမစ် ကတ် တွေ သက်တမ်း တိုးတိုး
လာရင်းနဲ့ အလည်လေးပဲ ပြန်လည် ဖြစ်ကြ '
မပျော်တဝက် ပျော် တဝက် ' ဘဝ တွေ နဲ့
ပျော် ရာမှာ မနေရ တော်ရမှာ နေ နေ ရ တဲ့
ငါ တို့ တွေ ရဲ့ စင်္ကာပူရောက် ဘဝခရီးလမ်းတွေ
လျှောက်လှမ်း လာ ခဲ့ ကြ တာ .....
passport စာအုပ်တွေတောင် ... ၃ နှစ် သက်တမ်းမှ
၅ နှစ် သက် တမ်း သို့ ပြောင်းလဲ ကိုင်ဆောင် နေ
ကြ ရ ပြီလေ ......... 😊😊😊😊😊😊😊😊😊
----------------------
credit to ..... အမည်မသိ ခေတ်စာဆို
Via မူလလက်ဟောင်း ကလူသစ်
----------------
'' စင်္ကာပူရောက် နတ်အိုးကွဲလေးများ ''
🌹**************************

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။