Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 31, 2016

တိုတောင်းလှတဲ့ ဘဝလေးမှာ

တိုတောင်းလှတဲ့ ဘဝလေးမှာ
-----

( ၁)
စိတ်ကောင်းထားပါ။
စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်။
ဘာမှမပိုင်ရင်တောင် ဒီတခုကိုတော့
ပိုင်အောင် လုပ်သင့်တယ်……။

(၂)
ဒေါသနဲ့ ဝေးဝေးနေပါ..။
ဒေါသက နာကျင် မှု့တွေပေးလို့ပါ။
သင့် ကိုယ် တိုင် ကိုရော
ပတ်ဝန်းကျင် ကိုရောပေါ့။
၁ မိနစ် ဒေါသထွက် ရတိုင်း
စက္ကန့် ၆ဝ စာ ပျှော်ရွှင်မှုတွေ
ဆုံးရှုံးသွားရတာကို မမေ့ပါနဲ့။

မေး...I was , သုံးရမှာလား I were သုံးရမှာလား

မေး...I was , သုံးရမှာလား I were သုံးရမှာလား မရှင်းလင်းတဲ့အတွက်
ပြောပြပေးစေလိုပါတယ် ဆရာ။
ဖြေ....နှစ်ခုလုံးကိုအသုံးပြုပါတယ်...was, were နှစ်ခုလုံးကိုအသုံးပြုရာမှာ
သာမာန်ဖြစ်တည်မူ့အတွက် was ကိုသုံးပါတယ်။ ဥပမာ
I was a teacher. ( ကျနော် ဆရာဖြစ်ခဲ့တယ် )....တကယ်ဖြစ်ခဲ့တာ။
တကယ်မဖြစ်ပဲ...စိတ်ကူးနဲ့တောင့်တပြောဆိုတဲ့အခါ were ကိုသုံးပါတယ်။
I wish I were a teacher. ( ငါ ဆရာဖြစ်ရင်ကောင်းမှာ)..တကယ်မဖြစ်ခဲ့ဘူး။

ရင့်ကျက်ခြင်း၏ ပုံရိပ်များ

ရင့်ကျက်ခြင်း၏ ပုံရိပ်များ
*********************
ဒေါသဖြစ်ပေမယ့်
မပေါက်ကွဲအောင် ထိန်းတတ်လာတယ်....

ဝမ်းနည်းပေမယ့်
မျက်ရည်မကျအောင် ထိန်းတတ်လာတယ်...

ဘာဆိုဘာမှမလိုဘူး တကယ်ချစ်ဖို့ ပဲလိုတယ်မဟုတ်လား

ပိုက်ဆံ ရှိဖို့ မလိုဘူး
အတူတူ ကြိုးစားလို့ ဖြစ်တယ်...........

နောက်တွန့်နေစရာမလိုဘူး
အတူတူ ရင်ဆိုင်လို့ ရတယ်.....

ရုပ်ချောဖို့ မလိုဘူး
သစ္စာရှိဖို့ ပဲ လိုတယ်............

လူတွေကို အံ့သြမင်သက်သွားစေခဲ့တဲ့ အိမ်ရာမဲ့တစ်ဦးရဲ့စန္ဒရားလက်သံ

လူတွေကို အံ့သြမင်သက်သွားစေခဲ့တဲ့ အိမ်ရာမဲ့တစ်ဦးရဲ့စန္ဒရားလက်သံ

photo - theawesomedaily.com

အိမ်ရာမဲ့လူတစ်ယောက်ရဲ့ အံ့သြဖွယ်သော စန္ဒရားလက်သံဟာ အင်တာနက်ပေါ်မှ လူထုကို ညို့ယူ ဖမ်းစားနိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါနယ်၊ ဆာရာဆိုတာဒေသရဲ့ မြို့ပြစန္ဒရား ပရောဂျက်တည်နေရာမှာ ထားရှိတဲ့ စန္ဒရားကို Styx ရဲ့ “Come Sail Away” ကို ပြန်လည်တီးခတ်နေသူကတော့ ဒေါ်နယ်ဂွတ်လို့ အမည်ရှိတဲ့ အိမ်ရာမဲ့ အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ လက်သံကို ဗီဒီယိုရိုက်ကူးခဲ့ကြပြီး ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြလိုက်တဲ့အခါမှာတော့ လူအများကြားပျံ့နှံသွားခဲ့ပြီး အဲဒီ ဗီဒီယိုကို လူပေါင်း (၂.၃) သန်းက ကြည့်ရှုခဲ့ကာ (၉၃,ooo)ကျော်က ရှယ်ခဲ့ကြတာပါ။

အလုပ်သမား သုံးမျိုးရှိပါတယ်၊

အလုပ်သမား သုံးမျိုးရှိပါတယ်၊
၁။ လုပ်ရမယ်ဆိုလို့ လုပ်တဲ့ အလုပ်သမားက တစ်မျိုး
၂။ လုပ်ရမယ်ထင်လို့ လုပ်တဲ့ အလုပ်သမားက တစ်မျိုး
၃။ လုပ်ရမယ်မြင်လို့ လုပ်တဲ့ အလုပ်သမားက တစ်မျိုးလို့ သုံးမျိုးရှိပါတယ်။

၁။ လုပ်ရမယ်ဆိုလို့ လုပ်တဲ့ အလုပ်သမားဆိုသည်မှာ

ခြုံ ပြီး ပြော ရ လျှင် ....facebook ဆို တာ

 
တ ကယ် တော့
facebook ဆို တာ စိတ် ထား ညံ သူ
သ ဘော ထား မ ကြီး မား သူ
အ သိ ညဏ် နိမ့် သူ
မ နာ လို စိတ် အား ကြီး သူ .....ဒီ လို လူ တွေ မ သုံး
သင့် ပါ။
ခြုံ ပြီး ပြော ရ လျှင် ....facebook ဆို တာ
Social Network လူမှူရေးဝဒ်ဆိုက်တစ်ခုပါ။
လူ မှူ ရေး ဝဒ် ဆိုဒ် ဖြစ် လို့ ....
သူ ၏ ပုံ တစ် နေ့ အ ကြိမ် ၁၀၀ ပဲ တင် တင်
သူ ၏ မိ သား စု အ ကြောင်း ပဲ တင် တင်

"အငှားဘောလ်ပင်" (မင်းလူ)

"အငှားဘောလ်ပင်" (မင်းလူ)
====================

စာရေးနေချိန် အိမ်အောက်ကနေ ကျွန်တော့်နာမည်ကို တကြော်ကြော်ခေါ်နေသံ ကြားရသဖြင့် ပြတင်းပေါက်မှ ထွက်ကြည့်လိုက်တော့ နန်းကြင်ကိုတွေ့လိုက်ရသည်။ သူက...

"ဘာလုပ်နေတာလဲကွ" မေးသည်။ ကျွန်တော်က

"စာရေးနေတာ"

"ရာကွတ် တို့အိမ်"

 
"ရာကွတ် တို့အိမ်"
.

စင်္ကာပူမှာ Yakult ဆိုတဲ့ စားသောက်ကုန် တမျိုးရှိပါတယ်။
နို့ချဉ်ဗူးလေးတွေ၊ အအေးဗူးလေးတွေ ထုတ်လုပ်ရောင်းချတာပါ။

ထားပါလေ အဓိက ပြောချင်တာက မဆွေတို့အမေရဲ့ အကြောင်း။

မဆွေက သူ့အမေနဲ့အဖေကို သတိရတာကတစ်ကြောင်း၊ သူကိုယ်တိုင်လည်း ရန်ကုန်မပြန်ဖြစ်တာက တစ်ကြောင်းဆိုတော့ မိဘနှစ်ပါးစလုံးကို စင်္ကာပူအလည် ခေါ်လိုက်တယ်။
ရောက်နေတာတော့ နှစ်ပတ်လောက်ရှိပြီ။

နိဗ္ဗာန် သို့ ချည်းကပ်ခြင်း !

နိဗ္ဗာန် သို့ ချည်းကပ်ခြင်း !
----
ဗုဒ္ဓအအလိုတော်အားဖြင့် ဒုက္ခ၏ အဆုံးဟု ဆိုလိုသော နိဗ္ဗာန်သည် ဒဏ္ဍာရီဆန်သော ( ဝါ ) ထင်ရှားမရှိသော အရာ မဟုတ်ပေ ။ ထိုနိဗ္ဗာန်သည် ကောင်းကင် ( ဝါ ) နတ်ဘုံနတ်နန်း ( ဝါ ) ဖန်ဆင်းရှင်၏ မဟာဝိညာဉ်တော်ကဲ့သို့ မဟုတ်ပေ ။ နိဗ္ဗာန်သည် ပဋိသန္ဓေ နေရမှုများနှင့် ထိုပဋိသန္ဓေ၏ အကြောင်းတရားများ လုံးဝ ချုပ်ငြိမ်းသွားခြင်းကို ဆိုလိုသည် ။

ကေအေတီနဲ့သူ့ရဲ့စိတ်အပန်းဖြေနည်းများ

ကေအေတီနဲ့သူ့ရဲ့စိတ်အပန်းဖြေနည်းများ
***************************
လူသားတွေရဲ့စိတ်ကိုအရာတစ်ခုကတစ်ခါတစ်ရံမှာဝမ်းနည်းစေတယ်။တစ်ခါတစ်ရံမှာပျော်ရွှင်စေတယ်။
တစ်ခါတစ်ရံမှာလိုက်ပါစီးမျော်ကြတယ်။ဒီလိုဖမ်းစားနိုင်တယ်ဆိုရင်ထိုအရာဟာဘာဖြစ်မလဲ။
အဖြေကတော့ဂီတပါ။ဂီတသံစဉ်တွေကလူတွေရဲ့စိတ်ကိုခံစားချက်အမျိုးမျိုးနဲ့ဖမ်းစားနိုင်ပါတယ်။
ဒီလိုပါဘဲသူကလည်းဒီဂီတတွေကိုအသက်ဝင်ဖို့ဖန်တီးပေးနိုင်တဲ့သူတစ်ဦးပါ။

အချစ်နဲ့ ပတ်သတ်တဲ့ အချက် (၅) ချက်

အချစ်နဲ့ ပတ်သတ်တဲ့ အချက် (၅) ချက်

===========================

၁ ။ သူမရဲ့ မျက်ဝန်းတွေကြောင့် (သို့မဟုတ် )
သူမရဲ့ နှုတ်ခမ်းတွေကြောင့် (သို့မဟုတ်)
သူမရဲ့ ခန္ဓာကိုယ်အလှကြောင့် ချစ်တာဆိုရင်

*- အဲဒါအချစ်မဟုတ်ပါဘူး ။ တပ်မက်မှု တဏှာသာလျှင်ဖြစ်လိမ့်မယ် ။


၂ ။ သူမရဲ့ ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်မှုကြောင့် (သို့မဟုတ် )
သူမရဲ့ ဘ၀အရည်အသွေးတွေကြောင့် ချစ်တာဆိုရင်

*- အဲဒါအချစ်မဟုတ်ပါဘူး လေးစားသဘောကျခြင်းသာဖြစ်တယ်

R.ဇာနည်ဆီမှာ ရှိနေတဲ့ ကေအေတီအကြောင်း

R.ဇာနည်ဆီမှာ ရှိနေတဲ့ ကေအေတီအကြောင်း
💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢

အသံအားကောင်းတဲ့ အဆိုတော်Rဇာနည်ဟာ ပရိသတ်ပေးတဲ့ City FM ရဲ့
ဆု(၄)ဆုကို ထိုက်ထိုက်တန်တန် ရရှိထားသူတစ်ဦးပါ။ အခုလို ဂီတလောကမှာ
Rဇာနည်ရယ်လို့ ရပ်တည်နိုင်ဖို့အတွက် ဟိုး...လွန်ခဲ့တဲ့(၁၀)နှစ်ဝန်းကျင်
လောက်ကတည်းက ကြိုးစားခဲ့ရပါတယ်။

လင်းလင်းနဲ့ ဂီတဝါသနာရှင်လူငယ်များသို့ လေးဖြူရဲ့  အမှတ်တရစကား

လင်းလင်းနဲ့ ဂီတဝါသနာရှင်လူငယ်များသို့ လေးဖြူရဲ့  အမှတ်တရစကား
🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁

စာနယ်ဇင်းပရိုမိုးရှင်းပွဲတွေမှာ မတွေ့ရသလောက်ဖြစ်တဲ့ မီဒီယာ
စာမျက်နှာတွေပေါ်မှာမြင်ရခဲတဲ့ အင်တာဗျူးတွေမဖြေဘူးလို့ သတင်းကြီးတဲ့
လေးဖြူကို လင်းလင်းရဲ့ “စဉ်းစားပါ” ဒီဗီဒီမိတ်ဆက်ပွဲမှာ တွေ့ရပါတယ်။
အမှတ်တရစကား ရှည်ရှည်ဝေးဝေး အသေအချာပြောပေးခဲ့တာ တွေ့ရပါတယ်။

လင်းလင်းအတွက် အမှတ်တရစကားပြောပေးဖြစ်ခဲ့ပုံနဲ့
ပတ်သက်လို့ လေးဖြူက ခုလိုဆိုပါတယ်။

ဆန်းကြယ်သော သေဆုံးမှုများကို အဖြေရှာခြင်း

ဆန်းကြယ်သော သေဆုံးမှုများကို အဖြေရှာခြင်း
**********************************************************************
ဘရုစ်လီနှင့် ကာရေဒင်တို့ကို အစဉ်လိုက်သတ်ခဲ့တဲ့ လူသတ်သမား
*********************************************************************

ကွန်ဖူးမင်းသားကြီး ဘရုစ်လီ သေဆုံးသွားခဲ့တာ နှစ် ၄ဝကျော်ခဲ့ပြီ ဖြစ်ပေမယ့် ဘရုစ်လီရဲ့သေ ဆုံးမှုက ပဟေဠိဆန်ဆန်ရှိနေခဲ့ပါတယ်။ ထောက်
လှမ်းရေး အေးဂျင့်တွေကတော့ ဘရုစ်လီဟာ နာမည် ကျော်ကြားသူတွေကိုပဲ ပစ်မှတ်ထားပြီး မတော်တဆသေ ဆုံးတဲ့ပုံစံ ဖန်တီးလုပ်ကြံနေတဲ့ လူသတ်သမားတစ်ဦးရဲ့ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရတာလို့ ယုံကြည်နေကြပါတယ်။

"သစ်ရွက်လေးကြွေတာ လေရဲ့ဖြားယောင်းမှုကြောင့်မဟုတ်သလို သစ်ပင်က နေခွင့်မပေးလို့လည်း မဟုတ်ပါဘူး...."

"သစ်ရွက်လေးကြွေတာ
လေရဲ့ဖြားယောင်းမှုကြောင့်မဟုတ်သလို
သစ်ပင်က နေခွင့်မပေးလို့လည်း မဟုတ်ပါဘူး...."
------
ဆောင်းရာသီတစ်ခုမှာ သစ်ရွက်က သစ်ပင်ကို ညင်ညင်သာသာငုံ့နမ်းပြီး တိုးညင်းတဲ့အသံနဲ့ပြောတယ်။

“သစ်ပင်… ငါ သွားတော့မယ်”

English Speaking Basics (33) အင်္ဂလိပ်စကားပြော အခြေခံများ (၃၃)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ
English Speaking Basics (33) အင်္ဂလိပ်စကားပြော အခြေခံများ (၃၃)
………………………………………….
ပထမ အလုပ်တစ်ခုထဲမှာ ဒုတိယ တစ်ခု လုပ်ဖို့ ပါဝင်နေသလားလို့ မေးချင်တဲ့အခါ ဒီပုံစံကို သုံးလိုက်ပါ ၊ နမူနာလေးတွေ ဖတ်ပြီးလျင် ရှင်းသွားပါလိမ့်မယ်
.
Does this + Noun + include + V-ing
.
1. Does this (job) include (keeping) the accounts?
ဒီအလုပ်ထဲမှာ စာရင်းတွေ ထိန်းသိမ်းရတာ ပါသလား

Other(s) and another

Other(s) and another
………………………
(1) When “other” is used before a plural noun, it does not have -s.
other ကို အများကိန်းနာမ် ရှေ့မှာ သုံးတဲ့အခါ “s” ထည့်ဖို့မလိုပါ
.
Tell the other people. (Not .. the others people.)
အခြား လူပုဂ္ဂိုလ်များကို ပြောပါ
…………………………….
(2) When “other” is used without a noun, it has -s in the plural.
other ကို နာမ်ပုဒ် မပါဘဲသုံးပြီးတော့ အများကိန်း အဖြစ်သုံးချင်တဲ့အခါ “s” ထည့်ပါ

ဗိုလ်ချုပ်အောင်ဆန်းနှင့် အောင်ဆန်းသူရိယ ဗိုလ်ကြီးတိုက်ချွန်း- ၁

ဗိုလ်ချုပ်အောင်ဆန်းနှင့် အောင်ဆန်းသူရိယ ဗိုလ်ကြီးတိုက်ချွန်း- ၁ (အလွန်စိတ်ဝင်စားဖွယ်ကောင်း။ဖတ်ကြည့်ကြပါ။)
နေရာ -ထောက်ကြံ့မြို့ အမှတ် ၁ ချင်းသေနတ်ကိုင်တပ်ရင်း
အချိန် -၁၉၄၆ ခုနှစ်ခန့် 
ထိုစဉ်က ဗိုလ်တိုက်ချွန်းမှာ တပ်ကြပ်ဖြးစ်သည်။
တနေ့ တွင် ဒု တပ်ရင်းမှူး ခေါ်သဖြင့်ရုံးခန်းသို့ ရောက်သွားသည်။ထိုနေ့ က ကျွန်တော်၏ တပ်စိပ်မှာ တပ်ရင်းလုံခြုံရေးတာဝန့်ဖြင့်ကင်းစောင့်နေရ၏။
"" တိုက်ချွန်း ဒီနေ့ တပ်ရင်းကို ဗိုလ်ချုပ်အောင်ဆန်းလာလိမ့်မယ် မင်းရဲ့ကင်းတပ်ဖွဲ့က တန်းစီ အလေးပျြုရမယ် ထုံးစံအတိုင်း ကင်းတပ်ဖွဲ့ ခါးပတ် ဖိနပ် သေနတ်တွေတိုက့်ပြီး စည်းကမ်းတကျ အလေးပြုပါစေ"

"Lay's Phrasal Verbs"

"Lay's Phrasal Verbs"
*******************

1. Lay = ထားသည် ၊ ချထားသည်။
2. lay aside = စွန့်လွှတ်သည် ၊ ဘေးဖယ်ထားသည်။
3. lay by = စုဆောင်းသည် ၊ စွန့်လွှတ်သည်။
4. lay down = ချထားသည် ၊ အလောင်းအစားလုပ်သည်။
5. lay off = ရပ်စဲသည်။

" Easy To Say "

" Easy To Say "

1. What's the use of it?
အဲ့ဒါ ဘာအသုံးကျမှာမို့လို့လဲကွာ။

2. You can say that again.
သိပ်ဟုတ်တာပေါ့ကွာ....ဟုတ်လိုက်လေခြင်း။

3. How absent-minded you are !
မင်းနှယ့်ကွာ မေ့တတ်လိုက်တာနော်....။

အင်္ဂလိပ် စကားပုံများ၁

အင်္ဂလိပ် စကားပုံများ၁
~~~~~~~~~~~~~~~

No one is born a great master.
ဘယ်သူမှ မွေးကတည်းက လူတော်တွေ မွေးလာတာမဟုတ်

Nobody is perfect, but who makes perfect is perfect.
ဘယ်သူမှမပြည့်စုံဘူးလို့ဆိုကြပေမဲ့ ပြည့်စုံအောင်လုပ်ရင်ပြည့်စုံပါတယ်

Life without learning is death.
သင်ယူလိုမှုမရှိတဲ့ဘဝဟာ အသေကောင်လိုပါပဲ

Saturday, January 30, 2016

ပဲကြီးလှော် အင်မတန် ကြိုက်တတ်တဲ့ အမျိုးသမီး

ဖတ်ကြည့်အသေရီရတယ်။
တခါတုန်းကပဲကြီးလှော်အင်မတန်ကြိုက်တတ်တဲ့အမျိုးသမီးတယောက်ရှိသတဲ့၊ပဲကြီးလှော်ကြိုက်တတ်ပေမယ့်သူမရဲ့ပြသဿနာကတော့ ပဲလှော်စားပီးတိုင်းမှာစိတ်အနှောက်အယှက်ဖြစ်ဖွယ် ကောင်းလောက်အောင် တားမနိုင်ဆီးမရချက်ချင်းလက်ငင်းလေလည်တတ်တာပါပဲတဲ့၊၊တနေ့ကြတော့အဲ့ဒီအမျိုးသမီးဟာလူတယောက်နဲ့ချစိကြိုက်သွားပီးလက်ထပ်တော့မယ်အလုပ်မှာသူမဘာသာတွေးသတဲ့၊၊
"ငါ့ယောကျာင်္းဟာအင်မတန်ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီးလူကြီးလူကောင်းဆန်တယ်၊ငါ့ရဲ့အီးပေါက်တတ်တဲ့အကျင့်ကိုသူ့အနေနဲ့နှစ်သက်နိုင်မှာမဟုတ်ဘူး" လို့တွေးမိပြီးပဲကြီးလှော်စားတဲ့အကျင့်ကိုအနစ်နာခံစွန့်လွှတ်လိုက်သတဲ့၊၊

"စိတ်ချပါဆရာရယ်"

 
"စိတ်ချပါဆရာရယ်"
..tongue emoticon

ဟိုတယ်ကြီးတွင် တည်းခိုသော ကမ္ဘာလှည့်ခရီးသည် တစ်ဦးသည်
ဟိုတယ်မှ ထွက်ခွာမည်ပြု ရာ အခန်းထဲ၌ လက်ဆွဲသေတ္တာ မေ့ကျန်ခဲ့သည်ကို သတိရသည်။ ၄င်းက ဟိုတယ် အလုပ်
သမားက "ဟေ့ သူငယ် အခန်းနံပါတ် ၈၄၃ ကို အမြန်တက်ကြည့်စမ်း၊
အခန်းထဲမှာ ငါ့သေတ္တာ ကျန်ခဲ့သလားလို့'

အလုပ်သမားလေးလည်း " စိတ်ချပါဆရာ၊ သွားကြည့်လိုက်ပါ့မယ်"

ဘဝလှေကားထစ်

ဘဝလှေကားထစ်
=============
ညီအစ်ကိုနှစ်ဦးသည် ခရီးတစ်ခုမှ ပြန်လာကြသည်။ သူတို့မှာ တိုက်အထပ် ၈၀ တွင် နေထိုင်ကြသူများဖြစ်သည်။ တိုက်ပေါ်သို့တက်ရန် ဓာတ်လှေကားရှေ့အရောက် နံရံတွင် ကပ်ထားသော “မီးပြတ်” ကြေညာချက်ကို မမျှော်လင့်ဘဲ သူတို့ တွေ့လိုက်သည်။ ခရီးဆောင်အိတ်ကြီးများ သယ်ထားသော်လည်း အပေါ်ထပ်သို့ ခြေကျင်တက်ရန်မှလွဲ၍ သူတို့တွင် ရွေးချယ်စရာလမ်း မရှိခဲ့ပေ။ သို့နှင့် နှစ်ဦးသား လှေကားမှတစ်ဆင့် အပေါ်သို့ ဖြည်းဖြည်းချင်း တက်ခဲ့ကြသည်။

လုပ်တိုင်း မရသော်လည်း ရအောင်တော့ လုပ်လိုက်ပါ

 
လုပ်တိုင်း မရသော်လည်း ရအောင်တော့ လုပ်လိုက်ပါ
______________________________________

လူတစ်ချို့ က အလုပ်လုပ်နေသော်လည်း ဘာမှ မရပါဘူးလို့  ပြောတာကို ခဏခဏ တွေ့ ဖူးပါတယ်။ လုပ်တိုင်း မဖြစ်ပါဘူးဆိုတာလည်း
ဘယ်အရာမှ တည်မြဲမှု မရှိတာကြောင့်သာ ဖြစ်ပါတယ်။ အလုပ်လုပ်တိုင်းရော မိမိကိုယ်ကို ဘယ်လောက် ယုံကြည်မှုအား ကောင်းပါသလဲ
ဆိုတာ ကိုယ်တိုင် ပြန်မေးကြည့်ပါ။

အသက်နဲ့ရင်းပြီး စားရတဲ့ "ငါး"

အသက်နဲ့ရင်းပြီး စားရတဲ့ "ငါး"
----------------------------
အင်္ဂလိပ် အခေါ် Puffer fish၊ ဂျပန်အခေါ် Fugu၊ မြန်မာလို ငါးပူတင်းဟာ ဂျပန်မှာ သိပ်လူကြိုက်များတဲ့ ငါးမျိုစိတ်တစ်ခုဖြစ်ပါတယ်။ လူကြိုက်များပေမယ့် အင်မတန်မှ ဈေးကြီးတာကြောင့် လူလတ်တန်းစားတွေ စားလေ့မရှိဘူးလို့ဆိုတယ်။ ဖူဂူငါး အရှင်တစ်ကောင်ကို ယူရို ၁၀၀ ကျော်ကျော် လောက်အထိပေးရတတ်ပါတယ်။ ဖူဂူငါးရဲ့ ထူးခြားတဲ့ သဘာဝတစ်ခုက ခြိမ်းခြောက်ခံရပြီလို့ ထင်တဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ကို လေပူပေါင်း သဏ္ဍာန် ဖန်တီးလိုက်တတ်တာပါပဲ။ လေပူပေါင်းသဏ္ဍန်ဖြစ်နေတဲ့ဖူဂူငါးဟာ မူလ အရွယ်ထက် သုံးဆ လေးဆလောက် ဖောင်းကားကြီးထွားသွားတတ်ပါတယ်။

ကူလီ ဆိုတာ သင်သိလား ?

ကူလီ ဆိုတာ သင်သိလား ?
-----
ကူလီဆိုတဲ့ ဝေါဟာရဟာ တမိလ်ဘာသာ စကားကနေ ဆင်းသက်လာတယ်လို့ ဒီလိုယူဆကြပါတယ် ။ ကူလီရဲ့ အဓိပ္ပါယ်က ဝန်ပိုးဝန်ထမ်း အလုပ်ကြမ်းသမားလို့ ဆိုတယ် ။ အလုပ်ကြမ်းသမားများကို ဟိန္ဒူစတန္နီစကား ဗင်္ဂါလီ စကား များနဲ့လဲ ကူလီလို့ပဲ ခေါ်ဆိုကြရုံသာမကသေးပါဘူး အရှေ့ပိုင်းနိုင်ငံများမှာ မိမိတို့ ဘာသာရင်းသဖွယ် သုံးနှုန်းနေကြပါတယ် ။ သီပေါမင်းလက်ထက် ယောအတွင်းဝန်ဦးဖိုးလှိုင်ရေးသားတဲ့ မဟာသုဇာတကကျမ်းမှာ " ဝန်ထမ်းကူလီ " လို့ သုံးနှုန်းထားတာ တွေ့ရတယ် ။ လယ်တီဆရာတော်ကလည်း မဂ္ဂင်္ဂဒီပနီမှာ " ကူလီလုပ်မှု " " ကူလီလုပ်ရာ ဌာန " လို့ ဒီလို သုံးနှုန်းခဲ့ပါတယ် ။

မိဘတွေရဲ့  အုပ်ထိန်းမှု လွန်ကဲခြင်းဟာ ကလေးတွေကို အကူအညီပေးရာ မရောက်နိုင်


မိဘ အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေကို တင်းကျပ်မှုတွေကို ဖြေလျှော့ပေးသင့်ပါတယ်။ သင့်အနေနဲ့ သင့် ကလေးတွေကို တတ်နိုင်သလောက် ကူညီပေးချင်စိတ်ရှိနေပါတယ်။ ဒါပေမယ့် သင်ဟာ သူတို့လေးတွေကို လိုတာထက်ပိုပြီး ကူညီနေသလိုဖြစ်နေသလားဆိုတာ မေးခွန်းထုတ်ရပါမယ်။ 
စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းသားဟောင်းလည်းဖြစ်ပြီး "အရွယ်ရောက်ပြီးသူ တစ်ယောက်ကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ" ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူ Julie Lythcott-Haims ကတော့ မိဘ တွေရဲ့ သက်ရောက်မှု လွန်ကဲနေခြင်းဟာ ကလေးတွေအတွက် ကောင်းကျိုးတစ်ခုမှ မရှိနိုင်ဘူးဆိုတာကို ယုံကြည်နေပါတယ်။ 

လွမ်းလို့သေသွားတဲ့သစ်ပင်

လွမ်းလို့သေသွားတဲ့သစ်ပင်
--------------------------------- 

(မင်းခိုက်စိုးစန်)
ကိုယ့်ဘာသာကိုယ် မိုးလင်းရ
ကိုယ့်ဘာသာကိုယ် မိုးချုပ်ရနဲ့
အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။


မတောက်ပချင်ပါဘူးကွယ်
ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။

ကြာ...လိုက်...တာ... ...
အလင်းတွေ အသက်ရှူနေလိုက်ပုံက
(ဒါနဲ့ပဲ...) သူမရဲ့ အပြုံးကို မြင်ရဖို့
နောက်ကျခဲ့ပြန်ရော...။

ရေခဲသေတ္တာထဲ သိမ်းမထားသင့်တဲ့ အစားအစာခုနစ်မျိုး

ရေခဲသေတ္တာထဲ သိမ်းမထားသင့်တဲ့ အစားအစာခုနစ်မျိုး
***********************************************************

- ပေါက်ပေါက် ရေးသည်။

ရေခဲသေတ္တာဆိုတာ အစားအစာတွေ ကိုလတ်ဆတ်စေဖို့၊ မပုပ်မသိုးစေ ဘဲ တာရှည်ခံဖို့၊ ကျန်းမာရေးနဲ့ညီ ညွတ်စေဖို့ဆိုပြီး အပူချိန်လျှော့ချ၍ အအေးခံ သိမ်းဆည်းထားတဲ့နေရာလေးဖြစ်တာမို့ ဇိမ် ခံပစ္စည်းမဟုတ်ဘဲ အိမ်တစ်အိမ်အတွက် မရှိ မဖြစ်ပစ္စည်းတစ်ခုလေးပဲ ဖြစ်ပါတယ်။

ရှိခိုးဦးချပုံ ဦးချနည်း

ရှိခိုးဦးချပုံ ဦးချနည်း
^^^^^^^^^^^^^^^

အနှိုင်းမဲ့ ရင်ခွင်သစ် ဘုရားနှင့်သံဃာတော်တို့ထံ ဆည်းကပ်ရှိခိုးသောအခါ ရိုသေစွာလက်အုပ်ချီပြီးနောက် နီး၊ဝေး၊ရှေ့၊နောက်၊မြင့်မောက်၊ လေညာ ဟူသော အပြစ်ခြောက်မျိုးလွတ်သောနေရာ၌နေ၍ ရှိခိုးပြီး လျှောက်ထားဖွယ် စကားတို့ကိုလျှောက်ထားရမည်။ လျှောက်ထားနာယူပြီးလျှင် ရှိခိုးဦးချ၍ပြန်ရမည်။ ပြန်သောအခါ ဘုရားရှင်နှင့်သံဃာတော်တို့ကို ကျောပေး၍ မပြန်ဘဲလက်အုပ်ချီကာလေးငါးလှမ်းခန့် နောက်ဆုတ်ပြန်ရမည်။

သစ်ပင်ကပဲ မချစ်တတ်တာလား၊ လေကပဲ ဇွဲကောင်းလို့လား

သစ်ပင်ကပဲ မချစ်တတ်တာလား၊ လေကပဲ ဇွဲကောင်းလို့လား
-------------------------------------------------------------------------
လေပြည်က သစ်ရွက်ကိုပိုးပန်းနေပါတယ်။ သစ်ရွက်နဲ့အတူ အပြင်လောကရဲ့ရောင်စုံအလှတွေသွားကြည့်မယ်လို့ ကတိပေးနေပါတယ်။
လေပြည်နဲ့အတူသွားဖို့ သစ်ရွက်လေးတွေဝေနေခဲ့လို့ သစ်ပင်ကိုအကြံဉာဏ်ပေးဖို့ သစ်ရွက်တောင်းဆိုခဲ့တယ်။

"နင်သာခွဲထွက်မသွားရင် ငါလည်း နင့်ကိုစွန့်လွှတ်မှာမဟုတ်ဘူး" လို့ သစ်ပင်ကဆိုတယ်။

Ringworm (ပွေး)

Ringworm (ပွေး)
==========

Ringworm သည် မှိုရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ် အရေပြားနှင့်ဦးခေါင်းခွံအရေပြား
တို့တွင် တွေ့ရတတ်သည်။ ခြေ၊လက်တို့တွင်အဖြစ်များသော်လည်း ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်သည်။

လက္ခဏာများ
----------------
* အရေပြားပေါ်တွင်ပေါက်သောပွေး

ကော်ရည်ခေါက်ဆွဲချက်နည်း

ကော်ရည်ခေါက်ဆွဲချက်နည်း
-----
ကော်ရည်ခေါက်ဆွဲ နဲ့ ငပိထောင်းစပ်စပ်လေး ကို သံပုရာသီး အချဉ်လေးညှစ်ပြီး စားကြည့်လိုက်ပါအုံး ။
-
ပါဝင်ပစ္စည်း
-
၁.ဘဲသား.ကြက်သား
၂.ဂျင်း.ကြက်သွန်ဖြူ
၃.ခရုဆီ.ပဲငံပြာရည် .ကော်မှုန့်
၎.ကြက်သားမှုန့်.dashi မှုန့်

မန်ဒဲလားဆီက သင်ခန်းစာ


 ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်လ်ဆင် မန်ဒဲလား (ဓာတ်ပုံ – thetimes.co.uk)
အမှားအခံတဲ့ မြန်မာပြည်ရဲ့  လက်ရှိ အခြေအနေကို တောင်အာဖရိကရဲ့  အပြောင်းအလဲကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အနီးစပ်ဆုံးပဲလို့ ထင်မိပါတယ်။ မြန်မာပြည်ရဲ့ နယ်ဆင်မန်ဒဲလား အဖြစ် နှိုင်းယှဉ်ပြောကြလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည်ဟာ တောင်အာဖရိကရဲ့  ၁၉၉၀ ပြည့်လွန်နှစ်တွေက အခြေအနေမျိုး ကြုံနေရတယ်လို့ အင်တာဗျူးတခုမှာ ပြောခဲ့ဖူးတယ်။
ဒေါ်အောင်ဆန်းစုကြည် ရည်ညွန်းတဲ့ ကာလ အကြောင်းကို ပြောရင် ၂၇ နှစ်ကြာ ထောင်ကျခဲ့တဲ့ နယ်ဆင်မန်ဒဲလား ထောင်ကနေ ထွက်လာတယ်။

"Participle Prepositions" "ဖြစ်ဆဲပြ အနေအထားပြ၀ိဘတ်များ"


"Participle Prepositions"

"ဖြစ်ဆဲပြ အနေအထားပြ၀ိဘတ်များ"
****************************

1. Concerning = ပက်သက်၍

2. Considering = စဉ်းစား၍

3. Regarding =မှီငြမ်း၍

4. Respecting = လေးစား၍

5. Touching = ထိတွေ့၍

6. Having = ရှိနေ၍

7. Not with standing = သော်ငြားလည်း

မအောင်မြင်တာ အရှုံးမဟုတ်။ သင်ခန်းစာပါ။

မအောင်မြင်တာ အရှုံးမဟုတ်။ သင်ခန်းစာပါ။

ကမ္ဘာကျော် သိပ္ပံတီထွင်ပညာရှင်ကြီး "သောမတ်စ်အယ်ဒီဆင်"ဆိုတာ တော်တော်များများကြားဖူးကြမှာပါ။ ကျနော် ရေးထားတဲ့ "သူတိ့ ဘာကြောင့် ကမ္ဘာကျော်တာလဲ" စာအုပ်ထဲမှာလဲ သူ့အကြောင်း ရေးပြထားပါတယ်။ ကမ္ဘာကြီးကို ပြောင်းလဲသွားစေခဲ့တဲ့ လျှပ်စစ်မီးလုံး၊ ဓါတ်စက်၊ ရုပ်ရှင်ကင်မရာအပါအဝင် ရာနဲ့ချီတဲ့ တီထွင်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီအထဲက လူသိအများဆုံးက လျှပ်စစ်မီးလုံးတီထွင်ခဲ့ခြင်းပါ။ မီးလုံးမှာသုံးဖို့အတွက် လျှပ်စစ်ဖြတ်စီးလိုက်ရင် အလင်းရောင်ထွက်နိုင်တဲ့ သတ္တုအမျိုးအစားတခုရဖို့ သတ္တုအမျိုးပေါင်း တစ်ထောင်ကျော်ကို စိတ်မပျက်ပဲ လပေါင်းများစွာ စမ်းသပ်ရင်း နောက်ဆုံးကျမှ တန်းစတင်း (tungsten) သတ္တုကိုတွေ့သွားပြီး လျှပ်စစ်မီးလုံးတီထွင်နိုင်ခဲ့တာပါ။ သူ ဘာဖြစ်လို့ ဒီလောက် ဇွဲကောင်းရတာလဲ။

လူအများမသိကြတဲ့ အောက်က သူ့အကြောင်းလေးတခုကို ဖတ်ကြည့်လိုက်ပါ။

I'm set on Ving

I'm set on doing it.
အဲ့ဒါကိုလုပ်ဖို့စိတ်ပိုင်းဖြတ်ထားတယ်

I'm set on not doing it.
အဲ့ဒါကိုမလုပ်ဖို့စိတ်ပိုင်းဖြတ်ထားတယ်

"Over " နဲ့ တွဲ၍ အသုံးပြုထားတဲ့ ၀ါကျလေးတွေ လေ့လာကြည့်ကြရအောင်...


"Over " နဲ့ တွဲ၍ အသုံးပြုထားတဲ့ ၀ါကျလေးတွေ လေ့လာကြည့်ကြရအောင်...
--------------------------------------------------
Overhear = နားစွန်နားဖျားကြားသည်။
Overcast = တိမ်ဖုံးသော။
Oversight = မျက်စိလျှမ်းသော။
Oversleep = အအိပ်လွန်သော။
Overtake = ကျော်တက်သည်။
Overdue = ရက်လွန်သော။