Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 29, 2016

"ဦးသန်းရွှေတို့၊ ဦးနေဝင်းတို့ ဆိုတာ ကျေးဇူးရှင်တွေဗျ၊ ကျေးဇူးရှင်ဆိုတာ မပြစ်မှားကောင်းဘူး၊ ကံကြီးထိုက်တတ်တယ်"

"ဦးသန်းရွှေတို့၊ ဦးနေဝင်းတို့ ဆိုတာ ကျေးဇူးရှင်တွေဗျ၊ ကျေးဇူးရှင်ဆိုတာ မပြစ်မှားကောင်းဘူး၊ ကံကြီးထိုက်တတ်တယ်"

ဟိုက်ရှားဘား...
ဒီစကားက မင်္ဂလာဒုံစစ်သင်္ချိုင်းကြီးကို လွမ်းတသသနဲ့ တွေတွေကြီး ငေးကြည့်ရင်း မျက်ရည်တွေဝဲလို့ ဖိုးစီတစ်ယောက် ပါးစပ်ကနေ မချိတင်ကဲ ပွင့်အံထွက်လာတဲ့ စကားသံတွေပါ...
ဟုတ်ပါတယ် ဖိုးစီဆိုတာ အစိုးရလော်ဘီတစ်ယောက်ပါ...
သို့ပေတည့် ဖိုးစီလို လော်ဘီက ရှားပါတယ်၊ ရှားတာမှ အစိုးရအဖွဲ့မှာ ရိုးသားသူဆိုတာ ရှားသလောက်ကို ရှားပါတယ်...

မယုံရင် ဖိုးစီရှေ့မှာ အစိုးရမကောင်းကြောင်း သွားပြောကြည့်ပါလား...
"အေး မင်းတို့ ထမင်းစားပြီး ကြီးလာတာလား၊ ချေးစားပြီး ကြီးလာတာလားကွ ဟေ။ မင်းတို့ ကန်းနေလား၊ တပ်မတော်အစိုးရလက်ထက်မှာ ဖောက်ခဲ့တဲ့ လမ်းတွေ၊ ဆောက်ခဲ့တဲ့ တံတားတွေ၊ ဖွင့်ခဲ့တဲ့ ကျောင်းတွေ အိုကွာ...ကျေးဇူးရှင်ဆိုတာ မစော်ကားကောင်းဘူးကွ၊ မင်းတို့ ငါတို့ အခုလို လူမွှေး၊ သူမွှေးပြောင်နေတာ အစိုးရရဲ့စေတနာတွေကွ၊ မြဲမြဲမှတ်ထား..."
ဒါဟာ အစိုးရကို မကောင်းပြောတိုင်း ဖိုးစီတစ်ယောက် လက်သီးလက်မောင်းတန်း၊ အံကိုကြိတ်၊ မျက်ရည်တွေဝိုင်းလို့ ခုခံနေကြစကားတွေပါ...

ဒါနဲ့ တစ်လောကများဆို ဖိုးစီတို့ ရပ်ကွက်ထဲမှာ ကြံ့ဖွံ့အမတ်က သူ့ရပ်ကွက်သားတွေနဲ့ တွေ့ဆုံပါတယ်၊ တင်ပြစရာရှိရင် တင်ပြကြပေါ့၊ သူလွှတ်တော်မှာ ပြန်တင်ပေးပါ့မယ်ပေါ့၊ ဒီလိုလာတာ...
ဒါကို ဖိုးစီက ဘာသွား တင်ပြတယ် ထင်တုန်း...
"အမတ်မင်းခင်ဗျာတဲ့ ကျွန်တော်တို့ မြန်မာ့ထုံးတမ်းစဉ်လာမှာပါတဲ့ ခင်ပွန်းကြီးဆယ်ပါးမှာ အစိုးရကိုပါ ထပ်ဖြည့်ပြီး ခင်ပွန်းကြီးဆယ့်တစ်ပါးရယ်လို့ ဖြစ်လာအောင် အဆိုတင်သွင်းပေးပါ၊ ဒါမှ နောက်လူတွေ အစိုးရကို မပြစ်မှားရဲမှာ"
ဟိုက်...သေပြီဆျာ...
ဒီစကားကိုကြားတော့ အမတ်မင်းဆိုတာ အံ့သြလွန်းလို့ သူ့ကိုချကျွေးထားတဲ့ ကုလားပဲသုပ်တောင် သီးပါလေရော...
ဖိုးစီတို့က အဲ့လို အစိုးရကို ကြည်ညိုတာ...

နောက်ပြီး...
ဖိုးစီက ပုဂ္ဂလိကသတင်းစာဆို ဘယ်တော့မှ မဖတ်ဘူး...
"ဒီကောင်တွေက ဝါးလုံးချေးသုတ်ရမ်းနေတဲ့ ကလေကဝတွေပါ"တဲ့...
ပုဂ္ဂလိကသတင်းစာသာမဖတ်တယ် ဖိုးစီတို့က မြန်မာ့အလင်းနဲ့ ကြေးမုံကျတော့ ဘုရားစင်ရှေ့မှာပဲ ထားတာ...
"ကြည်ညိုလွန်းလို့ပါ"တဲ့...

ဟော ဖိုးစီတို့က မနက်နိုးပြီဟေ့ဆို လော်ဘီ့သစ္စာအဓိဋ္ဌာန်ကိုလည်း ပုဆိုးခြုံထဲမှာ ကြိတ်ဆိုပါသေးတယ်...
ဒါ ဖိုးစီရဲ့နေ့စဉ်အလုပ်...
ပြီးရင် ဖိုးစီက သူ့ဖေ့စဖုတ်ကို ရဗျူးလုပ်ပါတယ်...
ပြန်သုံးသပ်တာပေါ့...
ဘယ်အကောင့်က ငါ့ဆဲထားတယ်...
ဘယ်ကွန်းမန့်က ငါ့ကို ဖေနဲ့ ကိုင်တုတ်ထားတယ်...
ဘယ်ချက်ဘောက်က ငါ့ကို နှစ်ပြားမတန်အောင်တီးထားတယ်...
ဘယ်သူတွေကတော့ ရပို့ ဝိုင်းထုထားကြတယ်...
စသည်...စသည်ဖြင့်ပေါ့လေ...

ဖိုးစီတို့လိုအကောင့်တွေက သိတော်မူကြတဲ့အတိုင်း ဖေ့စဖုတ်ပေါ်မှာ မြို့မေတ္တာခံယူနေကြသူတွေဆိုတော့ အကောင့်တွေကို အရန်အနေနဲ့ ဆယ့်လေးခု အပိုလုပ်ထားရပါတယ်...
တစ်ချိန်လုံး အပိတ်ခံနေရတာကို...
ဒါပေမဲ့ ဖိုးစီက နည်းနည်းမှမဖြုံဘူးနော်...
ဒါကို သူက အောင်မြင်တယ်လို့ အပြီတွက်ထားတာ...
"အပင်မြင့်လေ ဓာတ်ကြိုးနဲ့ ငြိလေပေါ့ဗျာ"တဲ့..ဒီလိုလာတာ...
ဒီလိုလုပ်နေလို့ ဖိုးစီတော့ လော်ဘီလုပ်ခတွေနဲ့တင် စားပိုးနင့်ပြီး ဂန့်လောက်အောင် ထောနေပြီလို့လည်း မထင်လိုက်နဲ့နော်...နိုး...နိုး...နိုး...
ဘယ်အစိုးရကမှ ဖိုးစီတို့တစ်သိုက်ကို ဖုတ်လေတဲ့ ငါးပိ ရှိလေတယ်လို့တောင် ဆေးဖော်ကြောဖက် လုပ်တာမဟုတ်ပါဘူး...
ဒါဆို ဖိုးစီ ဘာ့ကြောင့် အစိုးရလော်ဘီလုပ်တာလဲ...
အဖြေကရှင်းရှင်းလေးရယ်...
တစ်အချက် ကြည်ညိုလွန်းလို့...
နှစ်အချက် ကျေးဇူးရှင်မို့လို့...ဒါပဲ...ရိုးရိုးလေးရယ်...

တစ်လ ဖိုးစီလခ တစ်သိန်းနှစ်သောင်းရတယ်...
အဲ့ထဲက ရှစ်သောင်းကို ဖုန်းဘေလ်ဝယ်ပြီး လော်ဘီလုပ်တယ်...
ဆိုလိုတာက ဖိုးစီတို့က ကိုယ့်ထမင်းကိုယ်စားပြီး လူမုန်းခံတယ်ပေါ့...
ဖိုးစီရဲ့လက်သုံးစကားရှိတယ်...
"လော်ဘီဆိုတာ စော်ကြည်တယ်ဗျ"
"ကျုပ်ဘာရေးရေး သင်းလေးတွေက ဖတ်တောင်မဖတ်ဘူး...ယုံကြည်ချက်နဲ့တင် like ပေးသွားတာ...
ပြောရရင် မေတ္တာရောင်ပြန်ဟပ်တယ်ပေါ့ဗျာ"...
အလဲ့ ပြောလိုက်တာ နည်းနည်းတောင် တာသွားတယ်...

မျိုးချစ်စိတ်သိပ်ပြင်းတဲ့ဖိုးစီက ဟိုနေ့က ရုပ်ရှင်သွားကြည့်တယ်...
အဲ့မှာ ဘာဖြစ်လဲဆိုတော့ ဖိုးစီတစ်ယောက် ရုပ်ရှင်လည်း ကြည့်ရော မျက်ရည်တွေဆို့ပြီး ငိုပါလေရော...
ဇာတ်က နာနေလို့လား...မဟုတ်ပါဘူး...
ဒါဆို အလွမ်းဇာတ်လား...မင်းသမီးသေလို့လား...
မဟုတ်ပါဘူး...ဘာကြောင့်လဲဆိုတော့
ရုပ်ရှင်အဖွင့်မှာလာတဲ့ နိုင်ငံတော်အလံနဲ့ တီးလုံးကြောင့်ပါ...
စိတ်ကိုထိန်းပေမယ့် ဇာတိမာန်ကကြွလွန်းတော့ လက်သီးကိုဆုပ်၊ အံကိုကြိတ်ပြီး မျက်ရည်က အလိုလိုကျလာတာ...
မျိုးချစ်စိတ်ပြင်းတဲ့ဖိုးစီ...နိုင်ငံတော်တီးလုံးကြားရင် မျက်ရည်ကျတာ ဆယ်တန်းကျကတည်းကပါ...

တစ်နေ့ကလည်း ဘာစိတ်ကူးပေါက်တယ် မသိဘူး...
ဖိုးစီက အဖေလုပ်သူကိုပြောတယ်...
"အဖေ...ကျွန်တော် မယ်လိုဒီဝေါမှာ သီချင်းဆိုသွားပြိုင်မယ်ဗျာ"တဲ့...
"ဟာ ကောင်းတာပေါ့ သားရယ်...တစ်နေ့တစ်နေ့ ဖုန်းတစ်လုံးနဲ့ လူမုန်းခံပြီး ဆန်ကုန်မြေလေး ဖြစ်နေမယ့်အစား အခုလို သွားပြိုင်တော့ လူဖြစ်ကျိုးနပ်တာပေါ့ကွာ"တဲ့...
အဖေလုပ်သူက ကရုဏာစကားဆိုရှာပါတယ်...
"ဒါနဲ့ ဘာသီးချင်းနဲ့ သွားပြိုင်မှာလဲ သား"
"R ဇာနည်လား"..."ဟင့်အင်း..."
"ဪ ဒါဆို ဇော်ပိုင်ပေါ့"..."ဟင့်အင်း"...
"သေချင်းဆိုးလေးရယ် ဒါဆို ဘာလဲ"...
"စစ်ချီတေး...စစ်သည်တေး"...
"မြတ်စွာဘုရား"
အဖေလုပ်သူ သက်မတစ်ချက်ချလိုက်တယ်၊ ပြီးတော့ တစ်ခွန်းပဲပြောတယ်...
"မင်း ရပ်တန်းက ရပ်မလား၊ ငါ မယားငယ်ယူလိုက်ရမလား"
အဲ...ဘိုးတော်ကလည်း ခွင်ဆိုပြီး ကိုယ့်ဘက်ဆွဲပြောတာ...
အဲ့လိုဟန့်လိုက်မှ မျိုးစောင့်ဥပဒေကို သိပ်စောင့်ထိန်းတဲ့ ဖိုးစီတစ်ယောက် စစ်ချီတေးနဲ့ သီးချင်းဆိုပြိုင်မယ့် ပလန်ကို လက်လျှော့လိုက်ရတယ်...
"ငါ့နှယ်ကွာ...ဘင်ခရာအဖွဲ့တောင် ငှားထားပြီးမှ"

အဲ...ပြောသာပြောရတယ်...
တစ်နေ့ကတော့ ဖိုးစီတစ်ယောက် အသဲကွဲနေလေရဲ့...
အစကတော့ ကောင်မလေးနဲ့ တော်တော်အဆင်ပြေပါတယ်...
သို့သော် အဖြေပေးမယ့်နေ့ကျမှ ပြဿနာကစတယ်...
ကောင်မလေးကလည်း ခေသူမဟုတ်တော့
အဖြေပေးတာကို စတန့်ထွင်ပေးတယ်...
"တော့်...ကိုဖိုးစီ...ရှင်ရွေးကောက်ပွဲမှာ အမေ့ကို မဲထည့်မယ်ဆိုရင် ကျုပ်ဟာ ရှင့်စိတ်ကြိုက်ပဲ"
ဒီလိုလာတယ်...အမေ့သာမဲထည့်...ကျန်တာပွဲသိမ်း...
ဒီလောက်အထိ ဟပေးလိုက်တာကို ဖိုးစီက အလိုက်မသိတဲ့အပြင် အမေဆိုတဲ့အသံလည်းကြားရော
ကောင်မလေးကို သေချာစိုက်ကြည့် လက်သီးကိုဆုပ်၊ အံကိုကြိတ်၊ မျက်ရည်ဝဲပြီး ပါးစပ်ကနေ တစ်ခွန်းတည်း ထွက်ကျလာတယ်...
"ခွေးမ"
ဒီလိုနဲ့ ဖိုးစီရဲ့ချစ်ဇာတ်လမ်း တစ်ခန်းရပ်ရော ဆိုပါတော့...

ဒါကို သိတဲ့ သူငယ်ချင်းတွေက ဖိုးစီကို ပစ်မထားပါဘူး...
ဖိုးစီရဲ့ဖေ့စဖုတ်ကို သူတို့ရွံပေမယ့် ဖိုးစီကိုတော့ ချစ်ကြပါတယ်...ပြောရရင် ရွံချစ်ကြီးပေါ့လေ...
အဲ့တော့ သူတို့ သူငယ်ချင်း ရွံချစ်ကြီးကို စိတ်ပြေလက်ပျောက်ဆိုပြီး ကေတီဗီခေါ်သွားတယ်...
ဟိုရောက်တော့ တစ်ယောက်တစ်ပေါက် သံသေးသံကြောင်တွေနဲ့ ဟစ်ကြတာပေါ့...
မူးတဲ့လူကမူး၊ ရူးတဲ့လူကရူး...
အဲ့မှာ ဖိုးစီက အသဲကွဲနေတော့ မရွဘူးဖြစ်နေတယ်...
ကုပ်နေတယ်...
ဒီတော့ သူငယ်ချင်းတွေက ဝိုင်းပြောတာပေါ့...
တစ်ပုဒ်လောက်ဟစ်ဖို့...
အဲ့မှာ ဖိုးစီ ဘာလုပ်လဲဆိုတော့...
ရမု(remove)ကိုတောင်းတယ်...
ကိုယ်ကိုမတ်မတ်ရပ်ပြီး သတိဆွဲတယ်...
ရင်ဘတ်ကိုဖွင့်...အံကိုကြိတ်...ကီးကိုသွင်း..
သီးချင်းနံပါတ်တစ်ကိုနှိပ်လိုက်တယ်...

မိုက်ကိုမာန်ပါပါနဲ့ ကိုင်ပြီး...
ကဲ...
ဖိုးစီဆိုမှာ ဘာလဲဆိုတာ မှန်းမိကြလား...
သီချင်းခွေတိုင်းရဲ့ထိပ်ဆုံးနံပါတ်တစ်မှာပါတဲ့သီချင်းလေ...
သိကြလား...
ဟုတ်ပါတယ်...ဖိုးစီ စဆိုပါပြီ...
"နိုင်ငံရေး ဦးတည်ချက် လေးရပ်"
"နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး"
သူငယ်ချင်းတစ်ယောက်ရဲ့ သောက်လက်စ ဘီယာတွေက ပါးစပ်ကနေ ပန်းထွက်ကုန်ပြီး နောက်တစ်ယောက်ရဲ့ မျက်နှာကို ပက်ကနဲသွားစင်ကုန်တယ်...
"ဖြီ"

ဖိုးစီကတော့ ဂရုမစိုက်ပါဘူး...
မုအပြည့်...ဟန်အပြည့်...မာန်အပြည့်နဲ့ ဆက်ဆိုနေပါတယ်...အသံကြီးကို ကွဲပြီး ဟိန်းလို့...
"စီးပွားရေး ဦးတည်ချက် လေးရပ်"
"နိုင်ငံတော်၏စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး"...
သူငယ်ချင်းတစ်ယောက်က ထအော်တယ်...
"တောက်...သေလို့ရပြီ...ငါတို့ သေလို့ရပြီ"
ဒီလိုနဲ့ နောက်ဆုံး သူငယ်ချင်းတွေလည်း စုတ်တသတ်သတ်နဲ့ ဖိုးစီကို လက်လျှော့ပြီး ရပ်ကြည့်နေရတယ်...
သူငယ်ချင်းတစ်ယောက်ဆို သတိလေးတောင်ဆွဲလို့...

ဟော အခုလည်း...
ဖိုးစီတစ်ယောက် ဖေ့စဖုတ်ပေါ်မှာ ဖောင်းထုအပြီး စည်ပင်အမှိုက်ပုံကြီးရှေ့မှာ လေညင်းခံရင်း သီချင်းလေးညည်းနေလေရဲ့...
ဘာတဲ့...သီချင်းစာသားက...
"စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ...သယံဇာတနဲ့ ပေါတဲ့ပြည်"
😂😂😂

Wai Phyo Maung

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။