R.ဇာနည်ဆီမှာ ရှိနေတဲ့ ကေအေတီအကြောင်း
💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢
အသံအားကောင်းတဲ့ အဆိုတော်Rဇာနည်ဟာ ပရိသတ်ပေးတဲ့ City FM ရဲ့
ဆု(၄)ဆုကို ထိုက်ထိုက်တန်တန် ရရှိထားသူတစ်ဦးပါ။ အခုလို ဂီတလောကမှာ
Rဇာနည်ရယ်လို့ ရပ်တည်နိုင်ဖို့အတွက် ဟိုး...လွန်ခဲ့တဲ့(၁၀)နှစ်ဝ န်းကျင်
လောက်ကတည်းက ကြိုးစားခဲ့ရပါတယ်။
“ ကျွန်တော် Acid မတိုင်ခင် ဆို/ပျော် မှာ သူငယ်ချင်းတစ်ယောက်နဲ့
ဆိုသေးတယ်။ ဆုတော့ မရခဲ့ပါဘူး။ ပြီးတော့ ဇော်မင်းလေး လုပ်တဲ့
ဆို/ပျော် အခွေမှာ ပါဝင်ဆိုခဲ့ပါတယ်။ ဒီလောကထဲမရောက်ခင်
အပြင်မှာအလုပ်လုပ်နေရင်း ရပ်ကွက်ထဲက ပွဲလမ်းသဘင်ဆို
အမြဲပါတယ်။ အဲဒီလိုလိုက်ဆိုရင်းမှ ဝါသနာတူတွေစုပြီး Acid ကို
၂၀၀၀ ပြည့်နှစ်မှ ဖွဲ့ခဲ့တယ်။ အဲဒီကနေ ကျွန်တော်အခုလို အနေအထား
ရလာတာပါ။ အခုလက်ရှိအနေအထားက ကျွန်တော်ငယ်ငယ်က
ဖြစ်ချင်တဲ့ပုံစံ မဟုတ်ဘူး။ ကျွန်တော်ငယ်ငယ်က သင်္ဘောသားလုပ်ဖို့
ဆန္ဒပြင်းပြခဲ့တယ်။ မျိုးရိုးကလည်း သင်္ဘောသားမျိုးရိုးဆိုတော့
သင်္ဘောသားလုပ်ချင်ခဲ့တယ်။ ဒါပေမယ့် ဒီအလုပ်အတွက်
ကံကြမ္မာကမပေးတော့ အနုပညာဗီဇရှိနေတဲ့ကျွန်တော် ဂီတလောကထဲ
ရောက်လာတာပေါ့နော်။ အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့တော့
ရမှာမဟုတ်ဘူး။ နာတာသိမှ သာတဲ့အရသာကို တွေ့မှာလေ။
အောင်မြင်နေတဲ့သူတိုင်းဟာ မအောင်မြင်တဲ့အချိန် နိမ့်ကျတဲ့
ဘဝကနေ လာတဲ့သူတွေပါ။ ”
Rဇာနည်ဖြစ်လာဖို့ အနုပညာနဲ့ပတ်သက်ပြီး ဘယ်လိုသူတွေနဲ့
အတူရှိနေခဲ့လဲ။ ဘယ်သူ့ရဲ့ စိတ်ဓာတ်ကတော့ သူ့အတွက်
အမှတ်တရရှိနေလဲဆိုတဲ့ အကြောင်းအရာကို မေးဖြစ်ခဲ့ရာ။ သူက....
“ ကျွန်တော် အနုပညာသည်အားလုံးကို လေးစားတယ်။
စတိတ်ရှိုးပွဲအကုန်လုံးကိုလည်း ကြည့်ဖြစ်ခဲ့တယ်။
အားလုံးကိုလည်း အမှတ်တရ ရှိနေဆဲပါပဲ။
အဲဒီထဲက ကျွန်တော် တေးရေးဆရာကေအေတီနဲ့
ပတ်သတ်ပြီး ပြောပြပေးမယ်။ ကိုကေအေတီရဲ့သီချင်းတွေကို
ကိုလေးဖြူ၊ ကိုအငဲတို့ ဆိုတဲ့သီချင်းတွေမှာ စပြီး နားထောင်ဖူးခဲ့တာပါ။
Rock သီချင်းတွေထဲမှာ သူတို့သီချင်းတွေကိုရွေးပြီး ကြိုက်ခဲ့တယ်။
သူတို့ဆိုတဲ့ သီချင်းစာသားတွေက အရမ်းမိုက်တယ်လေ။
ခံစားလို့ကောင်းတယ်။ အဲဒီအချိန်ထဲက ဒီသီချင်းတွေကိုရေးတဲ့
တေးရေးဆရာကေအေတီကို အရမ်းကြိုက်နေခဲ့တာ။
Acid ထွက်ပြီးလောက်မှာ ကျွန်တော်သူငယ်ချင်းတစ်ယောက်ရဲ့ 
သီချင်းကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုအပြင်မှာ စပြီးတွေ့ဖူးခဲ့တာပါ။
သူ့ကိုမမြင်ရသေးခင်မှာ နာမည်ပဲကြားဖူးတာ၊ လူကိုမမြင်ဖူးသေးဘူးဆိုတော့
တွေ့ရင်တော့ “ဘယ်လိုရှိမလဲ” ဆိုတဲ့အတွေးနဲ့ပေါ့။ သူ့ကိုတွေ့လိုက်ရတဲ့အချိန်မှာ
သူ့ရဲ့စကားပြောလွတ်လပ်ပေါ့ပါးမှုတွေဟာ တထိုင်တည်းမှာပဲ ကျွန်တော့်ကို
အမိအရဖမ်းစားနိုင်ခဲ့တယ်။ ကျွန်တော့်ကိုလည်း အခုမှတွေ့ပေမယ့်
ရင်းရင်းနှီးနှီးပဲ။ အဲဒီကနေစပြီး နောက်ပိုင်းမှာ သူ့ရဲ့ သားတပည့်
တစ်ယောက်လိုဖြစ်အောင် ကျွန်တော်နေထိုင်ခဲ့ပါတယ်။ သူနဲ့တွေ့တဲ့အချိန်မှာ
သူ့ကိုကိုယ်က ကြိုက်နှစ်သက်ခဲ့တယ်ဆိုတဲ့အ ကြောင်းကို ပြောစရမလိုအောင်
သူက လူ့အရိပ်အကဲနဲ့ လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ခန့်မှန်းတတ်တယ်။
ကျွန်တော့်မှာ အနုပညာဇရှိတဲ့သူဆိုတာ သူရိပ်စားမိတယ်လေ။ အခုဆိုရင်
သူရေးတဲ့သီချင်းတွေကို ကျွန်တော်ဆိုနေရပါပြီ။ သူ့သီချင်းတွေကို
ဆိုရတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ခံစားချက်က အတိုင်းထက်အလွန်ပေါ့ဗျာ။
ဒီနေရာမှာ ဒီလိုရပ်တည်နိုင်တယ်ဆိုတာ ကျွန်တော့်ဘဝမှာ အိပ်မက်မက်နေသလိုပဲ။
မျှော်လင့်ထားတာလည်း မဟုတ်ဘူး။ မျှော်လင့်တိုင်းလည်း ရချင်မှရတာလေ။
အခုလို IC Band၊ Emperor Band၊ Lazy Club Band တွေနဲ့ သီချင်းတွေဆိုနေရတာ
တကယ့်ကိုအိပ်မက်တစ်ခုလိုပဲ။ ဒီအကြောင်းတွေကို ပြန်ပြောရမယ်ဆိုရင်
ကျွန်တော့်ရဲ့ ဝမ်းသာပီတိခံစားမှုက အတိုင်းထက်အလွန်ပါပဲ။
တေးရေးဆရာ ကေအေတီရဲ့ သီချင်းတွေအကြောင်းကို ဆက်ပြောရမယ်ဆိုရင်
သူ့စာသားတွေက တကယ့်ကို လွမ်းလွမ်းဆွေးဆွေးနဲ့ သူ့အသဲနှလုံးကိုစတေးပြီး
ချစ်ခဲ့ရတဲ့ ပုံစံမျိုးတွေများတယ်။ သူ့သီချင်းကို ကျွန်တော်စပြီးဆိုဖူးတာ ကျွန်တော်ရဲ့
တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ “ငါ့ကိုချစ်တဲ့သူ” အခွေထဲက “ဖြတ်” ၊ “ပျက်စီးအိမ်”
သီချင်းတွေပဲ။ အဲဒီအခွေမှာလုပ်တော့ ကိုယ့်အခွေမှာ သူ့သီချင်းတွေပါသွားအောင်
ပရိုဂျူဆာနဲ့ တိုင်ပင်ထည့်လိုက်တာပါ။
သူရေးတဲ့သီချင်းကို ကိုယ်ကဆိုနေရတဲ့အချိန်မှာ လူဆိုတာ အတ္တနည်းနည်းရှိချင်တယ်။
သူများဆိုတဲ့သီချင်းကမှ ပိုကောင်းသလိုပဲလို့ ခံစားရတယ်။ ဒါပေမယ့်လည်း
“ဖြတ်” ဆိုရင် ရှိုးတိုင်းမှာ ကျွန်တော်ဆိုနေရတုန်း၊ ပျက်စီးအိမ်ဆိုလည်း ဒီအတိုင်းပဲ။
ပရိသတ်တောင်းဆိုလက်ခံတယ်ဆို တော့ ဒီသီချင်းတွေလည်း ကောင်းတယ်ဆိုတာ
ပြနေတာပါပဲ။
အခုနောက်ပိုင်း ကျွန်တော့်ရဲ့ စီးရီးသစ်အတွက်သူ့ဆီမှာ သီချင်းအပ်တော့
သူကပြောတယ်။
“ သူရေးပေးတဲ့သီချင်းကို အဆင်သင့်ဆိုတာထက်၊ ကိုယ့်ရဲ့ ခံစားချက်နဲ့
ဖြစ်ချင်တဲ့ပုံစံကိုလာပြီးေ ပြာပေးပါလား ” လို့ပြောတယ်။ ကျွန်တော်တို့နှစ်ယောက်
ဒီလိုပုံစံနဲ့ သီချင်းတွေရေးဖို့တိုင်ပင်ေ နကြပါတယ် ”
ဒါကတော့....
Rဇာနည်ဆီမှာရှိနေတဲ့ ကေအေတီနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေရဲ့ အကြောင်းကို
ပရိသတ်သိအောင် ရေးသားတင်ပြလိုက်ပါတယ်။
KKO
ဓာတ်ပုံ - လမင်းနိုင်
november , 2007
Myanmar People
# Ko Naing
# Ka Lee
💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢
အသံအားကောင်းတဲ့ အဆိုတော်Rဇာနည်ဟာ ပရိသတ်ပေးတဲ့ City FM ရဲ့
ဆု(၄)ဆုကို ထိုက်ထိုက်တန်တန် ရရှိထားသူတစ်ဦးပါ။ အခုလို ဂီတလောကမှာ
Rဇာနည်ရယ်လို့ ရပ်တည်နိုင်ဖို့အတွက် ဟိုး...လွန်ခဲ့တဲ့(၁၀)နှစ်ဝ
လောက်ကတည်းက ကြိုးစားခဲ့ရပါတယ်။
“ ကျွန်တော် Acid မတိုင်ခင် ဆို/ပျော် မှာ သူငယ်ချင်းတစ်ယောက်နဲ့
ဆိုသေးတယ်။ ဆုတော့ မရခဲ့ပါဘူး။ ပြီးတော့ ဇော်မင်းလေး လုပ်တဲ့
ဆို/ပျော် အခွေမှာ ပါဝင်ဆိုခဲ့ပါတယ်။ ဒီလောကထဲမရောက်ခင်
အပြင်မှာအလုပ်လုပ်နေရင်း ရပ်ကွက်ထဲက ပွဲလမ်းသဘင်ဆို
အမြဲပါတယ်။ အဲဒီလိုလိုက်ဆိုရင်းမှ ဝါသနာတူတွေစုပြီး Acid ကို
၂၀၀၀ ပြည့်နှစ်မှ ဖွဲ့ခဲ့တယ်။ အဲဒီကနေ ကျွန်တော်အခုလို အနေအထား
ရလာတာပါ။ အခုလက်ရှိအနေအထားက ကျွန်တော်ငယ်ငယ်က
ဖြစ်ချင်တဲ့ပုံစံ မဟုတ်ဘူး။ ကျွန်တော်ငယ်ငယ်က သင်္ဘောသားလုပ်ဖို့
ဆန္ဒပြင်းပြခဲ့တယ်။ မျိုးရိုးကလည်း သင်္ဘောသားမျိုးရိုးဆိုတော့
သင်္ဘောသားလုပ်ချင်ခဲ့တယ်။ ဒါပေမယ့် ဒီအလုပ်အတွက်
ကံကြမ္မာကမပေးတော့ အနုပညာဗီဇရှိနေတဲ့ကျွန်တော်
ရောက်လာတာပေါ့နော်။ အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့တော့
ရမှာမဟုတ်ဘူး။ နာတာသိမှ သာတဲ့အရသာကို တွေ့မှာလေ။
အောင်မြင်နေတဲ့သူတိုင်းဟာ မအောင်မြင်တဲ့အချိန် နိမ့်ကျတဲ့
ဘဝကနေ လာတဲ့သူတွေပါ။ ”
Rဇာနည်ဖြစ်လာဖို့ အနုပညာနဲ့ပတ်သက်ပြီး ဘယ်လိုသူတွေနဲ့
အတူရှိနေခဲ့လဲ။ ဘယ်သူ့ရဲ့ စိတ်ဓာတ်ကတော့ သူ့အတွက်
အမှတ်တရရှိနေလဲဆိုတဲ့ အကြောင်းအရာကို မေးဖြစ်ခဲ့ရာ။ သူက....
“ ကျွန်တော် အနုပညာသည်အားလုံးကို လေးစားတယ်။
စတိတ်ရှိုးပွဲအကုန်လုံးကိုလည
အားလုံးကိုလည်း အမှတ်တရ ရှိနေဆဲပါပဲ။
အဲဒီထဲက ကျွန်တော် တေးရေးဆရာကေအေတီနဲ့
ပတ်သတ်ပြီး ပြောပြပေးမယ်။ ကိုကေအေတီရဲ့သီချင်းတွေကို
ကိုလေးဖြူ၊ ကိုအငဲတို့ ဆိုတဲ့သီချင်းတွေမှာ စပြီး နားထောင်ဖူးခဲ့တာပါ။
Rock သီချင်းတွေထဲမှာ သူတို့သီချင်းတွေကိုရွေးပြီ
သူတို့ဆိုတဲ့ သီချင်းစာသားတွေက အရမ်းမိုက်တယ်လေ။
ခံစားလို့ကောင်းတယ်။ အဲဒီအချိန်ထဲက ဒီသီချင်းတွေကိုရေးတဲ့
တေးရေးဆရာကေအေတီကို အရမ်းကြိုက်နေခဲ့တာ။
Acid ထွက်ပြီးလောက်မှာ ကျွန်တော်သူငယ်ချင်းတစ်ယောက
သီချင်းကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုအပြင်မှာ စပြီးတွေ့ဖူးခဲ့တာပါ။
သူ့ကိုမမြင်ရသေးခင်မှာ နာမည်ပဲကြားဖူးတာ၊ လူကိုမမြင်ဖူးသေးဘူးဆိုတော့
တွေ့ရင်တော့ “ဘယ်လိုရှိမလဲ” ဆိုတဲ့အတွေးနဲ့ပေါ့။ သူ့ကိုတွေ့လိုက်ရတဲ့အချိန်မ
သူ့ရဲ့စကားပြောလွတ်လပ်ပေါ့ပ
အမိအရဖမ်းစားနိုင်ခဲ့တယ်။ ကျွန်တော့်ကိုလည်း အခုမှတွေ့ပေမယ့်
ရင်းရင်းနှီးနှီးပဲ။ အဲဒီကနေစပြီး နောက်ပိုင်းမှာ သူ့ရဲ့ သားတပည့်
တစ်ယောက်လိုဖြစ်အောင် ကျွန်တော်နေထိုင်ခဲ့ပါတယ်။ သူနဲ့တွေ့တဲ့အချိန်မှာ
သူ့ကိုကိုယ်က ကြိုက်နှစ်သက်ခဲ့တယ်ဆိုတဲ့အ
သူက လူ့အရိပ်အကဲနဲ့ လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ခန့်မှန်းတတ်တယ်။
ကျွန်တော့်မှာ အနုပညာဇရှိတဲ့သူဆိုတာ သူရိပ်စားမိတယ်လေ။ အခုဆိုရင်
သူရေးတဲ့သီချင်းတွေကို ကျွန်တော်ဆိုနေရပါပြီ။ သူ့သီချင်းတွေကို
ဆိုရတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ခံစားချက်က အတိုင်းထက်အလွန်ပေါ့ဗျာ။
ဒီနေရာမှာ ဒီလိုရပ်တည်နိုင်တယ်ဆိုတာ ကျွန်တော့်ဘဝမှာ အိပ်မက်မက်နေသလိုပဲ။
မျှော်လင့်ထားတာလည်း မဟုတ်ဘူး။ မျှော်လင့်တိုင်းလည်း ရချင်မှရတာလေ။
အခုလို IC Band၊ Emperor Band၊ Lazy Club Band တွေနဲ့ သီချင်းတွေဆိုနေရတာ
တကယ့်ကိုအိပ်မက်တစ်ခုလိုပဲ။
ကျွန်တော့်ရဲ့ ဝမ်းသာပီတိခံစားမှုက အတိုင်းထက်အလွန်ပါပဲ။
တေးရေးဆရာ ကေအေတီရဲ့ သီချင်းတွေအကြောင်းကို ဆက်ပြောရမယ်ဆိုရင်
သူ့စာသားတွေက တကယ့်ကို လွမ်းလွမ်းဆွေးဆွေးနဲ့ သူ့အသဲနှလုံးကိုစတေးပြီး
ချစ်ခဲ့ရတဲ့ ပုံစံမျိုးတွေများတယ်။ သူ့သီချင်းကို ကျွန်တော်စပြီးဆိုဖူးတာ ကျွန်တော်ရဲ့
တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ “ငါ့ကိုချစ်တဲ့သူ” အခွေထဲက “ဖြတ်” ၊ “ပျက်စီးအိမ်”
သီချင်းတွေပဲ။ အဲဒီအခွေမှာလုပ်တော့ ကိုယ့်အခွေမှာ သူ့သီချင်းတွေပါသွားအောင်
ပရိုဂျူဆာနဲ့ တိုင်ပင်ထည့်လိုက်တာပါ။
သူရေးတဲ့သီချင်းကို ကိုယ်ကဆိုနေရတဲ့အချိန်မှာ လူဆိုတာ အတ္တနည်းနည်းရှိချင်တယ်။
သူများဆိုတဲ့သီချင်းကမှ ပိုကောင်းသလိုပဲလို့ ခံစားရတယ်။ ဒါပေမယ့်လည်း
“ဖြတ်” ဆိုရင် ရှိုးတိုင်းမှာ ကျွန်တော်ဆိုနေရတုန်း၊ ပျက်စီးအိမ်ဆိုလည်း ဒီအတိုင်းပဲ။
ပရိသတ်တောင်းဆိုလက်ခံတယ်ဆို
ပြနေတာပါပဲ။
အခုနောက်ပိုင်း ကျွန်တော့်ရဲ့ စီးရီးသစ်အတွက်သူ့ဆီမှာ သီချင်းအပ်တော့
သူကပြောတယ်။
“ သူရေးပေးတဲ့သီချင်းကို အဆင်သင့်ဆိုတာထက်၊ ကိုယ့်ရဲ့ ခံစားချက်နဲ့
ဖြစ်ချင်တဲ့ပုံစံကိုလာပြီးေ
ဒီလိုပုံစံနဲ့ သီချင်းတွေရေးဖို့တိုင်ပင်ေ
ဒါကတော့....
Rဇာနည်ဆီမှာရှိနေတဲ့ ကေအေတီနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေရဲ့ အကြောင်းကို
ပရိသတ်သိအောင် ရေးသားတင်ပြလိုက်ပါတယ်။
KKO
ဓာတ်ပုံ - လမင်းနိုင်
november , 2007
Myanmar People
# Ko Naing
# Ka Lee
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။