Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 29, 2016

နာဂဒေသ ကျွန်မ သွားပါရစေ

နာဂဒေသ ကျွန်မ သွားပါရစေ
xxxxxxxxxxxxxxxxxxxxxx

စစ်တပ်က … ပါရဂူ … အထူးကု …. ဆရာဝန်တွေကို …. နာဂဒေသ က…. အရပ်ဘက် (အရပ်ဘက်) ဆေးရုံတွေမှာ …. တာဝန်ပြောင်းရွှေ့ ထမ်းဆောင်စေဖို့ စီစဉ်နေတဲ့ ကိစ္စကြောင့် …. ဆရာဝန်တွေရဲ့ … ဖဲကြိုးနက်လှုပ်ရှားမှုဟာ … ပြန်လည်နိုးကြားလှုပ်ရှားလာတာ … အားလုံးသိကြမှာပါ။

ကျွန်မသည်လည်း … ဒီကိစ္စကို … ကန့်ကွက်တဲ့ … ဖဲကြိုးနက်ပါပဲ။ ဒီလိုကန့်ကွက်ရတာဟာ … အနာဂါတ်မြန်မာနိုင်ငံ … တိုးတက်ရာ … တိုးတက်ကြောင်းအတွက်ပါ … လို့ဆိုရင် … ဘာဆိုင်လို့လဲ … လို့ ထင်စရာရှိပါတယ်။ ရှင်းပြပါရစေ။

(၁) ဒီကိစ္စ ပေါ်လာတော့ … ကျွန်မတို့ အရပ်ဘက်ဆရာဝန်တွေကပဲ … နာဂ လို … ဝေးလံခေါင်ဖျား အရပ်တွေကို … မသွားကြသလိုလို … ဖဲကြိုးနက်နဲ့ … ကန့်ကွက်ကြပြန်တော့လည်း … ကိုယ်ချင်းစာစိတ် မရှိကြသလိုလို … စစ်တပ်ဆရာဝန်တွေကို … မနာလိုကြသလိုလို … ပြည်သူလူထုရဲ့ … အထင်အမြင်လွဲမှားမှု … ကို… ခံရပါတယ်။ အမှန်တော့… အလုပ်ဝင်ကတည်းက … မည်သည့် အရပ်ဒေသတွင်မဆို … တာဝန်ထမ်းဆောင်ပါမည်… ဆိုပြီး ခံဝန်ကတိပေး … လက်မှတ်ထိုးကြရတာပါ။ အကြောင်းကြောင်းကြောင့် … မသွားခဲ့တဲ့သူတစ်ချို့ … ရှိခဲ့ပါလိမ့်မယ် … ဒါဟာ … အလုပ်ထွက်တာ … ဒါမှမဟုတ် … အလုပ်ထုတ်ခံရတာပါပဲ။ လစ်လပ်တဲ့နေရာတွေကို … ဝန်ကြီးဌာနက … အနှေးနဲ့ အမြန် … ပြန်ဖြည့်ပါတယ်။
ရှေးယခင် အစဉ်အဆက်ကရော … အခုထိရော … ဝေးလံခေါင်ဖျားဒေသတွေမှာ … ဆရာဝန်တွေ … တာဝန်ထမ်းဆောင်ခဲ့ … ထမ်းဆောင်ဆဲ … ဖြစ်ပါတယ်။ မြို့နဲ့ ၂ ရက်လောက် ခရီး အကွာအဝေးရှိတဲ့ … တိုက်နယ်ဆေးရုံလေးမှာ … တာဝန်ထမ်းဆောင်ရင်း … ဦးနှောက်ထဲရောက်သွားတဲ့ ငှက်ဖျားရောဂါကြောင့် … တိမ်းပါးသွားရှာတဲ့ … ကျွန်မတို့ရဲ့စီနီယာ အစ်ကိုကြီးတစ်ယောက်ကို … သတိရမိပါတယ်။ ဒီကိစ္စဟာ … တကယ် ကျိုးကျိုးစားစား အလုပ်လုပ်နေကြတဲ့ … ဆရာဝန်တွေရဲ့ image ကို ထိခိုက်ပါတယ်။ ဒါကြောင့် ကန့်ကွက်ပါတယ်။

(၂) အရပ်ဘက်ဆေးတက္ကသိုလ်တွေက … ကျောင်းဆင်းလာတဲ့ ဆရာဝန် သောင်းဂဏန်း လောက်ဟာ … အလုပ်လုပ်ခွင့်ရဖို့ … ဘယ်နေရာပို့ပို့ … သွားပါမယ်ဆိုပြီး … တန်းစီ စောင့်နေဆဲဖြစ်ပါတယ်။ ဆရာဝန်အလုပ်လက်မဲ့ ဆိုတာ … ဒီနိုင်ငံမှာပဲ ရှိမယ်ထင်ပါတယ်။
ကျွန်မတို့ရဲ့ မျိုးဆက်သစ် ဆရာဝန်တွေရဲ့ အနာဂါတ်ဟာ … မရေမရာ … ယောင်ဝါးဝါး နိုင်လှပါတယ်။
တစ်ကယ်တော့ … လူငယ်တွေရဲ့ အနာဂါတ်ဟာ … ကျွန်မတို့နိုင်ငံရဲ့အနာဂါတ်ဖြစ်ပါတယ်။ သူတို့ဟာ … ကျွန်မတို့ထက် တော်နေမှ … အနာဂါတ်မြန်မာနိုင်ငံဟာ … အခုထက် ပိုကောင်းမှာ ဖြစ်ပါတယ်။ မျိုးဆက်သစ် ဆရာဝန်တွေ … အနှောင့် အယှက်ကင်းကင်းနဲ့ … တိုးတက်ရာလမ်းကြောင်းတွေကို … ရှာဖွေဖေါက်ထွက်နိုင်ဖို့ … လက်ရှိသက်ဆိုင်ရာ နယ်ပါယ်မှာ ဦးဆောင်နေသူတွေက … အခွင့်အလမ်းတွေ … ကြိုးစား ဖန်တီးပေးရမှာ ဖြစ်ပါတယ်။
မိုးကျရွှေကိုယ်စံနစ်ဟာ … ဘယ်ဌာနကိုမှ …(တစ်နည်းအားဖြင့် နိုင်ငံကို) ကောင်းကျိုးမပြုခဲ့ဘူးဆိုတာ … ဆယ်စုနှစ် ငါးခုစာ … သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ ဆရာဝန် ငယ်လေးတွေကို … ဒီလိုစံနစ်ဆိုးမျိုးက … အကာအကွယ်ပေးဖို့ … ကျွန်မတို့မှာတာဝန်ရှိပါတယ်။ သူတို့ရဲ့ တက်လမ်းတွေ … ပိတ်ဆို့နေလို့ မဖြစ်ပါဘူး။ သူတို့ကျိုးစားသလောက် အရာရောက်အောင် … ကျိုးစားချင်စိတ်ရှိအောင် … ပိုမို ကောင်းမွန်တဲ့ အခြေအနေတွေ … ဖန်တီးပေးရပါမယ်။
ပိုက်ဆံသိပ်တတ်နိုင်လို့ … နိုင်ငံခြားမှာပဲ ဆေးသွားကုလေ့ရှိကြတဲ့ … လက်တစ်ဆုပ်စာ … လူနည်းစုကလွဲရင် … ပြည်သူလူထုအများစုဟာ… ကိုယ်နိုင်ငံ အစိုးရဆေးရုံတွေက ဝန်ထမ်း ဆရာဝန်တွေကိုပဲ … အားကိုးကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂါတ်မြန်မာနိုင်ငံရဲ့ … ကျန်းမာရေး စံနစ် အဆင့်အတန်း … ပိုမိုမြင့်မားစေရေးအတွက် … ကျန်းမာရေးဌာနကို ဝင်ရောက်လာပြီး ဖြစ်သော … ဆက်လက် ဝင်ရောက်လတ္တံ့ ဖြစ်သော … မိုးကျရွှေကိုယ် စံနစ်ကို … ကန့်ကွက်ပါတယ်။

(၃) DSMA ကျောင်းဆင်းဆရာဝန်တွေကို … မနာလို မုန်းထား ချင်း … အထင်သေးချင်း … အလျှင်းမရှိပါ။ စစ်တပ်ဆရာဝန်တစ်ချို့နဲ့ … အပြင်မှာလည်း … ခင်မင်ရင်းနှီးတဲ့ … မိတ်ဆွေ တွေပါ။ ကိုယ့်ထက် ပညာတော်သူတွေကိုလည်း ... တွေ့ဖူးပါတယ်။ ဆေးပညာနှီးနှောဖလှယ်ပွဲတွေ အတွက်ဆိုရင် … အတူတကွ တာဝန်ကိုယ်စီယူ … တိုင်တိုင်ပင်ပင်နဲ့ … စီစဉ်ကြရတာပါ။ မိုးကျရွှေကိုယ်ကိစ္စဟာ … စစ်တပ်နဲ့ အရပ်ဘက် ဆရာဝန်တွေ အကြား သွေးကွဲစေပါတယ်။ ဒါဟာ အနာဂတ်နိုင်ငံတော်အတွက် ... အနှုတ်လက္ခဏာ ... ဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်ပါတယ်။

(၄) ကျွန်မဟာ အထူးကုဆရာဝန် (Rheumatologist) တစ်ယောက်ဖြစ်ပါတယ်။ အခုလောလောဆယ် ... ယူကေနိုင်ငံမှာ ... ကျွန်မအထူးပြုတဲ့ ဘာသာရပ်ကို ... လေ့လာဆည်းပူးနေပါတယ်။ ကျွန်မ အလုပ်စဝင်ကတည်းက … ဘယ်နေရာကိုဖြင့် သွားချင်ပါတယ် … ဘယ်နေရာကိုဖြင့် မသွားချင်ပါ … လို့ တစ်ခါမှ … မတောင်းဆိုဖူးပါ။ ကျရာနေရာမှာ တာဝန်ထမ်းဆောင်မယ့် … ဆရာဝန်တွေ လည်း အများကြီး ရှိပါတယ်။ နာဂ ဒေသ ဖြစ်ဖြစ် … အခြားဘယ်နေရာမှာဖြစ်ဖြစ် … တာဝန်ချပေး လျှင် … သွားရန်အဆင်သင့် ရှိကြပါတယ်။ သွားမယ့် အရပ်ဘက်ဆရာဝန်မရှိလို့ ဟူသော … မမှန်ကန်သော … ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်စေသော … အကြောင်းပြချက်ကို … တိုက်ရိုက်ဖြစ်စေ … သွယ်ဝိုက်၍ ဖြစ်စေ … မပေးကြစေလိုပါ။ ဒါကြောင့် နာဂဒေသ ကျွန်မ သွားပါရစေ။

ချိုမာလွင်
၂၈.၀၁.၂၀၁၆
— at Southampton General Hospital UK.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။