Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 31, 2016

လင်းလင်းနဲ့ ဂီတဝါသနာရှင်လူငယ်များသို့ လေးဖြူရဲ့  အမှတ်တရစကား

လင်းလင်းနဲ့ ဂီတဝါသနာရှင်လူငယ်များသို့ လေးဖြူရဲ့  အမှတ်တရစကား
🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁

စာနယ်ဇင်းပရိုမိုးရှင်းပွဲတွေမှာ မတွေ့ရသလောက်ဖြစ်တဲ့ မီဒီယာ
စာမျက်နှာတွေပေါ်မှာမြင်ရခဲတဲ့ အင်တာဗျူးတွေမဖြေဘူးလို့ သတင်းကြီးတဲ့
လေးဖြူကို လင်းလင်းရဲ့ “စဉ်းစားပါ” ဒီဗီဒီမိတ်ဆက်ပွဲမှာ တွေ့ရပါတယ်။
အမှတ်တရစကား ရှည်ရှည်ဝေးဝေး အသေအချာပြောပေးခဲ့တာ တွေ့ရပါတယ်။

လင်းလင်းအတွက် အမှတ်တရစကားပြောပေးဖြစ်ခဲ့ပုံနဲ့
ပတ်သက်လို့ လေးဖြူက ခုလိုဆိုပါတယ်။

“ မနေ့တစ်နေ့လောက်က လင်းလင်းက သူ့အခွေလေးထွက်မယ်၊
ထွက်လို့ရှိရင် အထပ်နှစ်ဆယ်မှာ စကားလေးပြောပါတဲ့။
ဒီအခွေထွက်ရှိရေးအတွက် တီးခတ်မှုအပိုင်းမှာ ရိုက်ကူးရေး
ကူညီပေးခဲ့ကြတဲ့ Metal Zone ဝိုင်းတော်သားများရဲ့ ကိုယ်စား
ကိုဇော်လတ်က ပြောပါမယ်တဲ့။ ဒုတိယအနေနဲ့ သီချင်းနဲ့ပတ်သတ်ပြီး
လင်းလင်းက ပြောပါမယ်တဲ့။ ရိုက်ထားတာလေးကိုကြည့်ပြီး
စကားပြောပေးပါဆိုတော့ ကျွန်တော့်အနေနဲ့ တော်တော်ခက်သွားပါတယ်။

ရိုက်ကူးရေးအကြောင်း အရုပ်အကြောင်း ဒီပွဲမှာပြောဖို့အဓိကကျတာ
ကျွန်တော်တို့ရဲ့ဆရာ ကိုမင်းထွန်း ဖြစ်ပါတယ်။ လင်းလင်းတောင်းဆိုတာက
ဒီအခွေမှာ အမှတ်တရစကားလေးတစ်ခွန်း၊ နှစ်ခွန်း ပြောပေးဖို့
တောင်းဆိုတာလို့ ထင်ပါတယ်။ အဲဒါကျတော့ ကျွန်တော့်အနေနဲ့
ညီအစ်ကိုလိုချစ်ခင်ပြီးတော့ ရန်ကုန်အသိုင်းဝိုင်းမှာ လှုပ်ရှားရုန်းကန်သူကလည်း
ကိုယ့်ကိုကူညီ ကိုယ်ကလည်းသူ့ကိုကူညီပြီးတော့ သူငယ်ချင်းအပေါင်းအသင်း
ညီအစ်ကိုစိတ်နဲ့ နေလာတဲ့သူတွေဖြစ်လို့ အပန်းကြီးလို့မရပါဘူးခင်ဗျ။

အဲဒီအတွက်ကြောင့် ဒီနေ့ ဒီကိုလာပြီးတော့ စကားလေးတစ်ခွန်း၊ နှစ်ခွန်းပြောရပါတယ် ”

လင်းလင်းရဲ့ စဉ်းစားပါဒီဗီဒီနှင့် ပတ်သတ်လို့ လေးဖြူက ခံစားဝေဖန်ပေးခဲ့ပါတယ်။

“ ကျွန်တော်ပြောစရာစကားကတော့ ရှည်ရှည်ဝေးဝေးသိပ်မရှိပါဘူး။
နှစ်ခု၊ သုံးခုပါပဲ။ ရိုက်တုန်းကလည်း ကျွန်တော်တို့က ဘေးကနေပြီးတော့ပဲ
ဘယ်လိုလုပ်ရင်ကောင်းတယ်။ ဘယ်လုပ်ရင်ကောင်းတယ်ဆိုပြီး စသဖြင့်
လက်ဖက်ရည်ဆိုင်ကနေပြီးတော့ လက်ဖက်ရည်သောက်ပြီး ထိုင်ရှို့နေကြတာပါ။
အဲဒီလိုဝင်ပါခဲ့တဲ့နေရာမှာ အခုလို အကောင်အထည်လေးနဲ့ ကြည့်ရတော့
ကိုမင်းထွန်း၊ Metal Zone၊ ကိုဇော်လတ် အဓိကကတော့ Metal Zone
ညီအစ်ကိုတွေပေါ့နော်။ ကျေးဇူးတင်တဲ့စကားကို ထပ်မံပြောပြချင်ပါတယ်။
ဒီလို အဝေးတစ်ပြည်ကိုလိုက်ပြီးရိုက်ပေးတဲ့ ကိုလှသိန်းတို့ဆိုရင်
ရှေးဟောင်းဌာနနှင့်လည်း စကားပြောရ၊ စည်ပင်သာယာနဲ့လည်း
စကားပြောရဆိုတော့ အထက်ဗမာပြည်က ရှုခင်းလေးတွေကိုကြည့်ရတာ
အရမ်းပျော်စရာကောင်းပါတယ်။ ပီတိဖြစ်စရာ ကောင်းပါတယ် ”

မန္တလေးမှာကြီးလာတယ်လို့ဆိုတဲ့လေးဖြူက လင်းလင်းရဲ့ စဉ်းစားပါ
ဒီဗီဒီထဲက မန္တလေးပုံရိပ်ရှုခင်းများနှင့် ပတ်သတ်လို့....

“ မန္တလေးရှုခင်းတွေနဲ့ လင်းလင်းဆိုတာနဲ့က အရမ်းလိုက်တယ်။
မန္တလေးတောင်ကိုတောင် တော်တော်လွမ်းသွားပါတယ်ခင်ဗျ ”

ဆိုတာကြောင့် မန္တလေးကိုချစ်သူများအတွက် ထူးခြားတဲ့အမှတ်တရ
စကားဖြစ်စေနိုင်သလို စဉ်းစားပါဒီဗီဒီကို ပြေးကြည့်ချင်လောက်အောင်
ဖြစ်ရတဲ့ စကားတစ်ခွန်းလည်း ဖြစ်ပါတယ်။

လင်းလင်းအတွက်အမှတ်တရစကား ပြောကြားပေးခဲ့တဲ့ လေးဖြူက
မျိုးဆက်သစ် ဂီတဝါသနာရှင်လူငယ်များအတွက် အဲဒီနေ့က
ထူးထူးခြားခြား အမှတ်တရစကားတစ်ခွန်းကို တခုတ်တရ
ဆိုခဲ့ပြန်ပါသေးတယ်။

“ ထင်းရူးရိပ်သာတေးသံသွင်းကနေ ဖြန့်ချီပေးခဲ့တဲ့ စဉ်းစားပါဆိုတဲ့
အခွေလေးက လင်းလင်းရဲ့ ပထမဆုံး ကြိုးစားတဲ့ခြေလှမ်းလေး ဖြစ်ပါတယ်။
ဒီနေရာမှာကြုံလို့ တစ်ချက်လေးပြောချင်ပါတယ်။ အနုပညာအသိုင်းအဝိုင်းမှာ
Music လုပ်မယ်ကိုင်မယ်လို့ ရည်ရွယ်တဲ့လူငယ်တွေအတွက် ဒီနေရာက
စကားလေးနည်းနည်း ပြောချင်ပါတယ်။ စစချင်းလုပ်စမှာတော့
အခက်အခဲလေးတွေ ရှိကြမှာပဲ။ အချိန်အတိုင်းအတာလေးတစ်ခု
ရောက်တဲ့အချိန်အထိ လုပ်ကိုင်နိုင်တဲ့ ဝီရိယလေးမလျှော့ဘဲ
ကြိုးစားပြီး ရိုးရိုးသားသားလုပ်ကိုင်ကြမယ်ဆိုရင် ကာလအတိုင်းအတာ
တစ်ခုရောက်ရင် လုပ်ပိုင်ခွင့်နယ်ပယ်လေးတစ်ခုရမယ်ဆိုတာ ထုံစံပါ။
စပြီးအပျော်သဘောနဲ့ လုပ်သည်ဖြစ်စေ တစ်သက်လုံး ကိုယ့်ရဲ့ 
အသက်မွေးဝမ်းကျောင်းအဖြစ် ရည်ရွယ်ယုံကြည်ပြီးတော့ လုပ်ကိုင်တာပဲဖြစ်ဖြစ်
ဝီရိယလေးထားပြီးတော့ ကြိုးစားလုပ်ကိုင်ဖို့ လိုပါတယ်။
ရှေ့မှာ music အလုပ်ကို ဆယ်နာရီ၊ ဆယ့်လေးနာရီလောက် လုပ်ကိုင်ကြတဲ့
လူတွေအများကြီးရှိပါတယ်။ အဲဒီတော့ သူတို့ရဲ့ ဝီရိယကို စံနမူနာယူပြီးတော့
အလုပ်လုပ်ကြရင်တော့ တစ်ချိန်ချိန်မှာ ကိုယ့်အတွက်နေရာလေးတစ်ခုဆိုတာ
ဖြစ်နိုင်ပါတယ် ”

လင်းလင်းကိုအကြောင်းပြုပြီး မျိုးဆက်သစ်လူငယ်တွေအတွက် စေတနာထား
ပြောကြားခဲ့တဲ့ လေးဖြူရဲ့ စကားဟာ ဂီတကို ရူးသွပ်သူလူငယ်ထုအတွက်
တစ်နည်းတစ်ဖုံ အကျိုးရှိစေမှာ အသေအချာပဲ ဖြစ်ပါတယ်။

“ နောက်ဆုံးတစ်ခုအနေနဲ့က လင်းလင်းရဲ့ အရုပ်လေးတွေကြည့်ရတဲ့
အခါကျတော့ သီချင်းလေးနဲ့ အရုပ်လေးတွေတွဲပြီး ကြည့်တဲ့အခါကျတော့
စဉ်းစားပါဆိုတာ တိပ်၊ စီဒီတုန်းက သိပ်ပြီးစဉ်းစားစရာအများကြီ
မရှိပေမယ့် ဒီအရုပ်ကလေးနဲ့တွဲပြီး ကြည့်တဲ့အခါကျတော့
လေးလေးနက်နက်စဉ်းစားရမယ့် အကြောင်းအရာလေးတွေ
ပေါ်လာပါတယ် ”

အဆိုပါ လေးဖြူရဲ့ စကားက စဉ်းစားစရာကောင်းတာကြောင့်လင်းလင်းရဲ့ 
ဒီဗီဒီကိုကြည့်ပြီး စဉ်းစားကြဖို့ လိုမယ်ထင်ပါတယ်။

လင်းလင်းရဲ့ အရူးတစ်ပိုင်းနဲ့ ဝင်္ကပါသီချင်းတွေကို အကြိုက်ဆုံးလို့ဆိုခဲ့တဲ့
လေးဖြူက ကျန်တဲ့သီချင်းတွေကိုလည်း ကြိုက်တယ်လို့ မမေ့မလျော့
ဆိုခဲ့ပါသေးတယ်။

လင်းလင်းအတွက် အဆုံးသတ်စကားပြောကြားပေးခဲ့တဲ့ လေးဖြူရဲ့ 
စကားတွေထဲမှာတော့ လေးဖြူရဲ့ ဂီတသမားလူငယ်တွေအပေါ်
ထားတဲ့သဘောထား၊ ဂီတနဲ့ပတ်သတ်တဲ့ အယူအဆနဲ့ ဘဝဖြတ်သန်းမှု
တစ်ခုတစ်လေကို ခပ်ပါးပါးမြင်ရမှာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ လင်းလင်းကို ဘာကြောင့်ကြိုက်ရလဲဆိုတာလေးကိုလည်း
ပြောခဲ့ချင်ပါတယ်။ ကျွန်တော်တို့တစ်ဖွဲ့လုံး Iron Cross ညီအစ်ကိုတွေ
တစ်ဖွဲ့လုံးက တူညီတဲ့အချက်တွေ ရှိပါတယ်။ ဘာလဲဆိုတော့
ဝန်ထမ်းသားသမီးတွေ ဖြစ်နေလို့ပါပဲ။ ဝန်ထမ်းသားသမီးတွေဖြစ်တော့
ကျွန်တော်တို့ဖြတ်သန်းခဲ့သမျှလမ်းမှာ အစစအရာရာ ပေါပေါများများမရှိပါဘူး။
လင်းလင်းက ကျွန်တော်တို့နဲ့ သွားတူနေပါတယ်။ ကျွန်တော်တို့ရဲ့ ဖြတ်သန်းပုံနဲ့
ဝန်ထမ်းသားသမီးတွေရဲ့ ဘဝမျိုး သူ့မှာ ရှိပါတယ်။ အဲဒီအခြေခံအချက်အလက်က
ကျွန်တော်တို့နဲ့ သွားတူတာပါ။

လင်းလင်းဟာ အသက်အားဖြင့် ကျွန်တော်တို့နဲ့အများကြီး ငယ်ပါတယ်။
ဒါပေမယ့် သူကြိုက်ခဲ့တဲ့ Music Stye တွေ၊ သူကြိုက်တဲ့ Music အမျိုးအစား
သူကြိုက်တဲ့ သီချင်းအသွားအလာတွေက ကျွန်တော်တို့နဲ့ နီးနီးစပ်စပ်တူပါတယ်။
အဲဒီအတွက် ကျွန်တော်တို့က လင်းလင်းကို ကြိုက်ပါတယ်။ Music ဆိုတာလည်း
အမြဲတမ်း စီးဆင်းနေကြတဲ့သဘော ဖွံ့ဖြိုးတိုးတက်တဲ့သဘာဝ ရှိတဲ့အတွက်
နောက်များမှာ တစ်ယောက်နဲ့တစ်ယောက် သဘောကွဲလွဲနိုင်သောလည်း
အခြေခံအားဖြင့်တော့ ပေါင်းလို့လည်းရတယ်။ သင်းလို့လည်းရတယ်။
တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ ထိထိစပ်စပ် ဖြစ်နေတဲ့သဘော
ရှိပါတယ်။

ကျွန်တော်တို့ ဒီလောကထဲမှာနေတာ ကြွေးဟောင်းလေးတွေဆပ်၊
ကြွေးသစ်လေးတွေယူသွားရတာဆိုတော့ နောင်နောင်တို့
Metal Zone က ညီအစ်ကိုတွေက လင်းလင်းအပေါ်မှာ ကြွေးသစ်လေးတွေ
အများကြီးတင်သွားပါပြီလို့ နောက်ဆုံးပြောချင်ပါတယ် ”

အေးမွန်
April , 2011
မုခ
New Faces magazine

Ko naing
Rock နှင့် ပတ်ဝန်းကျင် fb group

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။