ဗိုလ် နေ ဝင်း ကို ၁၉၄၅ ခု နှစ် က တည်း က စစ် တပ် က နေ ထုတ် ပစ် ဖို့
ဗိုလ် ချုပ် အောင် ဆန်း ကိုယ် တိုင် စီ စဉ် ခဲ့ တဲ့ အ ကြောင်း ရဲ ဘော် သုံး ကျိပ် ဝင်
ဗိုလ် မှူး ချုပ် ကျော် ဇော က သူ့ ရဲ့ ကိုယ် တိုင် ရေး အ တ္ထု ပ္ပ တ္တိ ဖြစ် တဲ့
`` ဆိုင်း စု မှ သည် မန် ဟိုင်း ဆီသို့ ´´ ဆို တဲ့ စာ အုပ် မှာ အောက် ပါ အ တိုင်း
မှတ် တမ်း တင် ထား ပါ တယ် .... ။...
`` ဖက်ဆစ်တော်လှန်ရေး ပြီးခါနီး နှင့် ပြီးခါစ ရန်ကုန်မှာ တော်လှန်ရေး
ခေါင်းဆောင်တွေ အတော်စုံသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်နေဝင်းကို
အတော်ပင် မကျေမနပ် ဖြစ်နေသည်။ စစ်တပ်က လုံးဝ ထုတ်ပစ် ၊ ဖယ်ရှားပစ်ဖို့
ဆုံးဖြတ်ခဲ့ပြီး အခြားခေါင်းဆောင်တွေနဲ့ တိုင်ပင် စိုင်းပြင်းခဲ့သည်။ တိတိကျကျ
အကြောင်းရင်းတွေ ကျွန်တော်တို့ မသိရသော်လည်း ကျွန်တော်တို့ ထင်သာမြင်သာ
အကြောင်းတွေက ဗိုလ်နေဝင်းသည် ရာထူးဌာန တည်ငြိမ်လာသည့် ဂျပန်ခေတ်
အတွင်းပိုင်းကစပြီး အပျော်အပါး လိုက်စား ၊ စာရိတ္တပျက်လာမှု၊ တပ်တွင်း ၌လည်း
ဂိုဏ်းခွဲမှုတွေ လုပ်လာတာ ၊ နောက် ဖက်ဆစ်တော်လှန်ရေး အတွင်းမှာလည်း
ထိထိရောက်ရောက် မလုပ်ဘဲ သူအုပ်ချုပ်တဲ့တပ်ဟာ ဒေသခံ လူထုတွေနဲ့ ၄င်း ၊
ဒေသခံ နိုင်ငံရေးကေဒါတွေနဲ့ လည်းကောင်း အဆင်မပြေမှုတွေ ဖြစ်တာတွေကို
ထိုစဉ်က ကျွန်တော်တို့ ကြားသိခဲ့ရတာတွေ မှတ်မိနေသည်။ နောက် ကျွန်တော်
မသိတဲ့ကိစ္စတွေလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ သိနားလည်ထားကြသည် ဟု
ထင်ရသည်။
ထိုအကြောင်းတွေကြောင့် နောင်အခွင့်အရေး ရလျှင် နယ်ချဲ့တို့နှင့် ပေါင်းပြီး
အာဏာရှင်စနစ် ဂိုဏ်းခွဲရေး နှင့် ဆိုးဝါးတဲ့ကိစ္စတွေ လုပ်လာနိုင်တယ်။ စစ်တပ်ရော
တိုင်းပြည်ပါ များစွာ ထိခိုက် နစ်နာဖွယ်တွေ ဖြစ်လာန်ုင်တယ်လို့ တွက်ချက်ပုံရပြီး
ဒီလိုလူမျိုး စောစောကတည်းက ဖယ်ရှားပစ်မှ ကောင်းမယ်လို့ တွက်ချက်ယူဆပုံ
ရသည်။ ထိုကိစ္စကို ထိုစဉ်က တော်လှန်ရေးခေါင်းဆောင်အမျာ
ကျွန်တော် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးနယ် ရောက်ပြီး
နှစ်အတန်ကြာပြီးနောက်ပိုင်း
ကျွန်တော့်ကိုပြောတာက ဖက်ဆစ်တော်လှန်ရေး ပြီးခါစ ဗိုလ်ချုပ်အောင်ဆန်းက
ဗိုလ်နေဝင်းအပေါ် အတော် တူးတူးခါးခါး မကျေနပ်မှုတွေ ဖြစ်ပြီး စစ်တပ်ကနေ
အပြီးအပိုင် ဖယ်ရှား ထုတ်ပစ်ချင်နေတာတွေကို နိုင်ငံရေးခေါင်းဆောင် အချို့ နှင့်
တိုင်ပင်ကြောင်းကို သခင်သန်းထွန်းက ဗဟိုကော်မတီတချို့ကို ပြောခဲ့ကြောင်း
ပြောပြသည်ကို ကျွန်တော် မှတ်မိနေသည်။
ဒီလို ထုတ်ပစ်ဖို့ စိုင်းပြင်းနေရင်း နောက်ပိုင်း မထုတ်ပစ်နိုင်ခဲ့ချေ။ ယင်းတွင်
အကြောင်းရင်း နှစ်ခုရှိသည်ဟု ထင်ရသည်။ ပထမအကြောင်းက ဗိုလ်နေဝင်းရဲ့
အကင်းပါးပြီး ကောက်ကျစ် လှည့်စားနိုင်မှု ဖြစ်သည်။ ဘယ်အချိန် ဘယ်သူတွေနှင့်
ပေါင်းပြီး ဘယ်သူတွေကို ခွာရမည်။ ဘယ်သူတွေကို ကန်ထုတ် နင်းချေရမည်
တို့ကို နားလည်ကျင့်သုံးတတ်သူဖြစ်ခြ
ဗိုလ်နေဝင်းကို မထုတ်ပစ်နိုင်သည့်အကြောင်းန
ကျွန်တော့်အထင် ထိုအချိန် ဗိုလ်ချုပ်အောင်ဆန်းမှာ တော်လှန်ရေးအပြီး ရန်ကုန်
ပြန်ရောက်တော့ နေစရာ အိုးအိမ် မရှိဘဲ အိမ်ထောင်နှင့် ကလေးတွေနှင့် များစွာ
အခက်အခဲ ဖြစ်နေသည်။ ထိုအချိန် ဗိုလ်နေဝင်းမှာ သူဦးစီးချုပ်ဘဝက တိုက်အိမ်ကြီး
နှစ်လုံးကို ဘယ်လိုနည်းနာနှင့်မသိ ပိုင်ဆိုင်ထားသည်။ တစ်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်း
နေထိုင်ခဲ့၍ ယခု ပြတိုက်လုပ်ထားသော တာဝါလိန်းကုန်းပေါ်က တိုက်အိမ်ကြီးဖြစ်ပြီး
တော်လှန်ရေးပြီးခါစက သူတက်နေသည်။ နောက်တစ်လုံးမှာ ထို တာဝါလိန်းကုန်း
အိမ်ကြီး၏ ခြေရင်း ကားလမ်းဘေးရှိ တိုက်အိမ် ဖြစ်သည်။ ၄င်းအိမ်မှာ အပေါ်အိမ်ကြီး
လောက် မကောင်းပေ။ ဗိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းကို ဆွဲခေါ်လာပြီး
တာဝါလိန်းကုန်းပေါ်ရှိ တိုက်အိမ်ကြီးကို အတင်းထိုးပေးပြီး သူကိုယ်တိုင်က ထိုအိမ်
လောက် မကောင်းသော ကုန်းအောက်ခြေက တိုက်အိမ်တွင် ဆင်းနေသည်။
ဤတွင် ရိုးသားသော ဗိုလ်ချုပ်အောင်ဆန်းအဖို့ ဗိုလ်နေဝင်းသည် စိတ်ရင်းမဆိုး ၊
မကောင်းသည့် အကျင့်စရိုက်အချို့ကြောင့် တချို့ အားနည်းချက်တွေ ရှိနေတာ
ဖြစ်သည်။ ပြုပြင်သွားလျှင် ရနိုင်သည်။ အထူးသဖြင့် သူ့အပေါ် ဒီလောက်လေးစား
သဖြင့် သူကြိုးကိုင်သွားလို့ ရနိုင်သည်။ စွန့်ပစ်လိုက်ရအောင်အထိ မဆိုး ဟု
တွက်ချက်ပုံရသွားသည်ဟု ထင်ရသည်။
ဒုတိယအကြောင်းမှာ ထိုအချိန် ဖဆပလ အဖွဲ့ချုပ်ကြီးထဲ နိုင်ငံရေးသမားဟောင်း
လက်ယာသမားများ ဝင်လာကြရာ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးတိုက်ပွဲအတွက်
ထပ်တိုက်ပွဲဝင်ရေး ချောချောမောမောဖြစ်ဖို့ အခက်အခဲတွေ ပေါ်ပေါက်နိုင်နေသည်။
ဤအတွင်း မိမိတို့ တော်လှန်ရေးလုပ်ခဲ့ကြသူ လူငယ်တွေထဲက မညီမညွတ်ကွဲကြရင်
ပို၍ အခက်အခဲတွေ့နိုင်ပြီး ဖဆပလအတွင်း မညီညွတ်မှုတွေနဲ့ အားနည်းသွားနိုင်သည်။
တို့ အချင်းချင်း ညီညွတ်ရေးဟာ သော့ချက်ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်း ယူဆ
လာသည်။ ဒီ ဒုတိယအကြောင်းကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိ
ခေါ်ပြော၍ ဒီသဘောကို သိရတာ ဖြစ်သည်။
ထိုအထက်ပါ အကြောင်းနှစ်ခုကြောင့် ဗိုလ်နေဝင်းကို ထိုစဉ်က တပ်ကထုတ်ပစ်
ရေးကို မလုပ်ဖြစ်ကြတာဟု ယူဆပါသည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည်
ဗိုလ်နေဝင်းကို တစ်လျှောက်လုံး သတိထား ဆက်ဆံလာခဲ့ပုံ ရသည်။ ဗိုလ်နေဝင်းကို
စစ်ဦးစီချုပ်ရာထူး ပေးထားစဉ် ဗိုလ်စကြာ ဂျပန်သွားရသည့်အခါ ဗိုလ်လင်္ကျာ ကို
ဒုတိယ စစ်ဝန်ကြီး ခန့်ထားသည်။ နောက် တော်လှန်ရေးပြီးခါနီး တပ်မတော်
စစ်ဌာနချုပ်ကို တော်လှန်ရေးနယ်မှ ၁၉၄၅ ခုနှစ် ၊ ဇူလိုင်လ ( ၅ ) ရက်နေ့လောက်
ရန်ကုန်သို့ ရွှေ့ပြောင်းလာပြီး လောင်းဝစ်လမ်းစခန်းတွင် စစ်ဌာနချုပ်အသစ်ကို
ဗိုလ်ချုပ်အောင်ဆန်း ပြန်ဖွဲ့စည်းရာတွင် သူကိုယ်တိုင် စစ်သေနာပတိ နေရာကို
ယူထားပြီး ဒု စစ်သေနာပတိရာထူးကို ဗိုလ်မှူးကြီး လင်္ကျာ ကိုပင် ပေးထားသည်။
နောက်ဆုံး တော်လှန်ရေးပြီးနောက် ၁၉၄၅ ခုနှစ် ကုန်ခါနီး ကျွန်တော်တို့
တော်လှန်သည့် မျိုးချစ်တပ်မတော်ကို ဗြိတိသျှတို့နှင့် ပေါင်းပြီး ဗမာ့တပ်မတော်
Burma Army ကို ဖွဲ့စည်းတော့ ဗမာ့တပ်မတော် စစ်ဆေးရေး အရာရှိချုပ်အဖြစ်
အင်္ဂလိပ်အမျိုးသား ဗိုလ်ချုပ် ( မေဂျာ ဂျင်နရယ် ) သောမတ်စ်ကို အင်္ဂလိပ်တို့က
ခန့်ထားပြီး ကျွန်တော်တို့ တော်လှန်သည့် မျိုးချစ်တပ်မတော်ဘက်မှ တပ်မတော်
ဒု စစ်ဆေးရေး အရာရှိချုပ် ဗိုလ်မှူးကြီး တစ်ဦး နှင့် အိန္ဒိယသို့ ပါသွားသော မြန်မာ
တပ်များဘက်မှလည်း တပ်မတော် ဒု စစ်ဆေးရေး အရာရှိချုပ်တစ်ဦး ဗိုလ်မှူးကြီး
စမစ်ဒွန်းကို ၄င်းတို့က ခန့်ခဲ့သည်။ မျိုးချစ်တပ်မတော်ဘက်မှ ဒု စစ်ဆေးရေး
အရာရှိချုပ်ကိုမူ ဗိုလ်ချုပ်အောင်ဆန်းက သူ တပ်ပြင် ထွက်နေမည် ဖြစ်၍
ဗိုလ်မှူးကြီး လင်္ကျာ ကို သူ့ ကိုယ်စား ခန့်အပ်ခဲ့သည်။ ထိုစဉ်က ဗိုလ်နေဝင်းမှာ
ကျွန်တော်တို့ နှင့်အတူ ဒု ဗိုလ်မှူးကြီး အဆင့်နှင့် ခြေလျှင် တပ်ရင်းမှူးသာ
ဖြစ်စေခဲ့သည်။
နောက်မကြာမီ ဗိုလ်လင်္ကျာသည် ဖဆပလ အစိုးရ ကာကွယ်ရေးဝန်ကြီး
ဖြစ်လာပြီး ဗိုလ်မှူးကြီး စမစ်ဒွန်းမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရသောအခါ
ဗိုလ်ချုပ်အဆင့်ဖြင့် ဗမာ့တပ်မတော် စစ် ဦးစီးချုပ် ဖြစ်လာပါသည်။ ဗိုလ်နေဝင်း
ကတော့ ဗိုလ်မှူးချုပ် အဆင့်ဖြင့် မြောက်ပိုင်းတိုင်းမှူး ဖြစ်လာသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။