Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 26, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁)

 
 
ကျနော် ဆယ်တန်းအောင်ပြီး ဒေသကောလိပ်မတက်ခင် အိမ်နီးချင်းသူငယ်ချင်း ကိုကျော်ဇော(ကွယ်လွန်) တို့ ညီအကိုတွေနဲ့ ညဘက်တွေမှာ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေရှေ့သီချင်းသွားဆိုကြတာ လိုက်လိုက်သွားတဲ့ အဆောင်ညတွေ ၁၉၇၉ ခုနှစ်။



ကိုကျော်ဇောအကိုက ကိုအုန်းမြင့် (ခိုင်ထူးနဲ့ တေးမြံငှက်အခွေမှာ လူစိမ်း သီချင်းဆိုတဲ့ ရီဇော်) ခု သူလည်းကွယ်လွန်သွားပါပြီ၊ ၁၉၇၉ ရဲ့ဆောင်းတညမှာ အင်ကြင်းဆောင်နောက်မှာ သီချင်းဆိုကြဘို့ရောက်သွားတော့ သက္ကလပ်ကောင်းဘွိုင်ဦးထုပ်ဆောင်းထားတဲ့သူတယောက်က ဂစ်တာတလက်ကို ကိုင်ထားရင်း ဟယ်လို ..အိုင်ပီ..လို့ ကိုအုန်းမြင့်ကိုနှုတ်ဆက်တယ်..ဟေး...ကိုတိုး လို့ကိုအုန်းမြင့်ကပြန်နှုတ်ဆက်ရင်း ကျနော်နဲ့ကိုတိုးကိုမိတ်ဆက်ပေးပါတယ်၊ နောက် သူနဲ့ပါလာတာ ကိုရဲ (ကိုရဲလွင်)၊ အဲဒီကာလက စာရေးဆရာ ဆရာမင်းသိင်္ခနာမည်ကြီးနေချိန်၊ ကိုတိုးက ကိုအုန်းမြင့်ကို အိုင်ပီ လို့အမြဲခေါ်တယ်၊ ကိုရဲ နဲ့မိတ်ဆက်ပေးတော့ ကိုရဲက မင်းကျော်ခိုင်ဆိုတော့ မိုင်ကျော်ခင်းပေါ့ ဆိုပြီး စသိကျွမ်းခဲ့ကြတာ၊ ကိုရဲက စကားတွေကို သူ့အထာနဲ့ ပြောင်းပြန်ယူယူပြီးပြောတတ်တယ်၊ အဲဒီကတည်းက ကျနော့ကို ကိုရဲက မိုင်ကျော်ခင်းလို့ခေါ်ခဲ့တာ။ လွဲချင်တာ့ ရဲလွင်နဲ့တွေ့တော့တာပေါ့၊ မုတ်ဆိတ်ထားတာ မိတ်စုတ်တွေနဲ့မတွေ့ချင်လို့....ကျည်ဆံတွေနဲ့ ကြံစည်နေကြပြန်ပြီ...အဲလိုစကားတွေပြောတာ....

အဲဒီကာလတုန်းက ကိုတိုးက သူ့ အဉ္ဇလီအတွက် ဂီတဉ္ဇလီသီချင်းခွေအတွက် အင်ကြင်းဆောင်နောက်မှာ ညစဉ်လာဆိုနေကြ၊ ရန်ကုန်လာရင် ကီလီလမ်းက သားထွေးတို့ အိမ်မှာအမြဲတည်းတယ်၊ အဆောင်နောက်ကို သားထွေးလည်း လာလာဆိုတယ်၊ ကိုယ်ပိုင်သံစဉ်တွေစပ်ကြဆိုကြပေါ့၊ ကျနော်က ဝေလေလေ..ဂစ်တာလည်းမတီးတတ်၊ ရတဲ့သီချင်းဆို ဝင်ဝင်အော်တာ၊ ပျော်စရာကာလတွေပါ။

နောက် ကိုနေဝင်းလည်းရောက်လာတော့ ဝိုင်းကပိုစည်လာတယ်၊ ကိုနေဝင်းကို မောင့်လပြည့်ဝန်း ကိုနေဝင်းလို့လူသိများတဲ့အချိန်၊ သူကလည်း သက္ကလပ်ကောင်းဘွိုင်ဦးထုပ်နဲ့ပဲ၊ ကိုတိုးက စကားနည်းတယ်၊
သူ့သီချင်းပဲ စိတ်ထဲထားပြီးဆိုနေတာ၊ အင်ကြင်းဆောင်နောက်မှာ တခြားမိန်းကလေးကျောင်းသူအဆောင်တွေဖြစ်တဲ့ နှင်းဆီ၊ ကံ့ကော်ဆောင်တွေကိုကူးတဲ့ အမိုးနဲ့ ကော်ရဒါစင်္ကြန်လမ်းတွေရှိတယ်၊ ကျနော်တို့ ကိုတိုးတို့အုပ်စုက အဲဒီစင်္ကြန်လမ်းအမိုးပေါ်တက်ထိုင်ပြီးတီးကြဆိုကြတာ၊ ကိုတိုး၊ ကိုရဲတို့က အသက်၃ဝ ကျော်၊ ကျနော်က ၂ဝ၊

ကိုတိုးက ညဦးပိုင်းဆိုရင် အဉ္ဇလီအတွက်ဂီတဉ္ဇလီ၊ စိုးစိတ်စွေစံစားစေ၊ ဒို့ရင်ထဲ၊ လင်းပါလေရှင်နေမင်း၊ ညဥ့်နက်လာမှ သဇင်ည၊ စောင်းကြိုးရှိုက်သံ၊ အရွယ်လွန်ရွေ့လျား...သီချင်းအေးလေးတွေဆိုတာ...
ကိုတိုး ခဏနားလို့ ကိုရဲဆိုတော့မယ်ဆိုရင် ကိုရဲကို ကျနော်အမြဲဂျီကျတယ်၊ ကိုရဲ....အချစ်မဲ့တဲ့သဘော သီချင်းဆိုဗျာ..ပြီးရင် အင်္ဂလိပ်သီချင်း Let it Be၊ ကိုရဲက Let it Be သီချင်း အပါအဝင် Beatles သီချင်းတွေဆိုတတ်တယ်။

တခြားအဆောင်ကျောင်းသားတွေလည်း သီချင်းလာဆိုကြတယ်၊ ကျောင်းသားလူငယ်တို့သဘာဝ ကြူကြတာ၊ ကြိုးစာနေဆဲသူတွေ၊ အဖြေစောင့်နေတဲ့သူတွေ၊ သမီးရည်းစားဖြစ်ခါစတွေ၊ အမျိုးမျိုးပေါ့၊ ဒါပေမယ့် တဖွဲ့နဲ့တဖွဲ့ အလှည့်ကျဆိုကြတာ၊ စည်းကမ်းရှိကြတယ်၊ တချို့ကျောင်းသားတွေကလည်း အပြင်မှာသောက်စားလာကြပြီး အဆောင်အပြန် မိန်းကလေးအဆောင်သူတွေကို လှမ်းအော်ပြီး စ ကြ နောက်ကြတာတွေရော အစုံပေါ့၊ ကျောင်းသားတွေအများစုက ပုဆိုးတွေခြုံပြီးလွတ်လွတ်လပ်လပ်သွားလာနေနိုင်ကြတဲ့ကာလတွေ၊ ကျောင်းသူအဆောင်တွေနဲ့ ကျောင်းသားအဆောင်တွေဖြစ်တဲ့ ခပေါင်း၊ ဒူးယား၊ အုန်းတော၊ ပုပ္ပါး အဆောင်တွေကြားမှာ မိုးလင်းဖွင့်တဲ့ စားသောက်ဆိုင်တန်းရှိတယ်၊ ကိုတိုးတို့ ကိုရဲတို့က စက်မှုတက္ကသိုလ်ကဆရာ (နံမည်မမှတ်မိတော့ဘူး) ဖွင့်ထားတဲ့ ကန်သာယာ စားသောက်ဆိုင်မှာထိုင်ဖြစ်ကြတာများတယ်။
 
ကိုတိုးတို့ကို အဲဒီတုန်းက လူသိနည်းသေးတယ်၊ နာမည်မကြီးသေးခင်ကိုး၊ ကိုရဲကိုတော့ ဘေ့စ်ကိုရဲလွင်၊ ကိုနေဝင်းကိုတော့ မောင့်လပြည့်ဝန်း၊ ကိုမောင်ကတော့ အဉ္ဇလီမောင်မောင် နာမည်တွေသိကြပေမယ့် သူတို့ဘယ်သူတွေဆိုတာ လူနဲ့နာမည်တွဲမသိတဲ့သူများတယ်၊ စိုင်းထီးဆိုင်ရဲ့ မောင့်လပြည့်ဝန်းပါတဲ့ စိတ္တဇအလွမ်း၊ ခိုင်ထူးရဲ့ အဉ္ဇလီ အခွေတွေထွက်ပြီးတဲ့ ကာလတွေပါ။

တည ကိုမောင်(အဉ္ဇလီမောင်မောင်) ရောက်လာတယ်၊ အဲဒီည စင်္ကြန်အမိုးပေါ်မတက်ဖြစ်ကြဘူး၊ အမိုးအောက်ကနေပဲ သီချင်းဆိုကြတဲ့ည၊ အင်ကြင်းဆောင်နောက်ဘက်အခန်းတခန်းက ကျောင်းသူတယောက်က သူ့အခန်းမီးပိတ်ပြီးတညလုံးနားထောင်တယ်၊ ကျနော်က စာရွက်တရွက်မှာ စာရေးပြီးစက္ကူမြှား လုပ်ပြီးသားရေကွင်းနဲ့ပစ်တင်လိုက်တယ်၊ ကျောင်းသားလူငယ်တို့ဘာဝပေါ့၊ အဲဒီမှာတင်ပဲ ကိုမောင်က ကိုရဲကို ရဲကြီး၊ အဆောင်ရှေ့သွားတီးရအောင်ဆိုပြီးထ ထွက်သွားပါရော..ကိုရဲက ဘာမှ မပြောသေးပဲ ကျနော့ကိုကြည့်ပြီး မင်းကျော်ခိုင် ခုနက စာပစ်တင်လိုက်တဲ့ ကောင်မလေးက မောင်မောင့်ညီမအရင်းပဲတဲ့.....နောက်ပိုင်းကျနော်တို့ ခင်စရာကောင်းတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်၊ ကိုမောင့်ညီမကို မျက်မှန်နဲ့မို့ ကျနော်က ပြာလောင်လို့ခေါ်တယ်၊ ကိုမောင်ကလည်း ဘိုင်ကျရင် သူ့ညီမဆီသွားသွားပိုက်ဆံဆွဲလေ့ရှိတယ်၊ အင်ကြင်းဆောင်က ဘာနဲ့တူသလဲဆိုတော့ ခုခေတ် ကွန်ပြူတာ Flat မော်နီတာနဲ့တူတယ်၊ အခန်းနံပါတ်တွေက ရှေ့မျက်နှာစာမှာဆိုရင် ဘယ်ဘက်ကစပြီး စုံ ဂဏန်းတွေ ၂, ၄, ၆, ၈ .... အဲလိုစသွားတယ်၊ နောက်ဘက်အခြမ်းကျတော့ မ ဂဏန်းတွေ၊ ဘယ်ဘက်ကစ ရင် ၁, ၃, ၅, ၇....

(မင်းကျော်ခိုင်)
ဆက်ပါဦးမည်
 
http://www.lubo601.com/2013/08/blog-post_2184.html#more

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။