Thanlay Ko
"နာမည်လှလှ ရွေးကြမယ်"
ကျနော့်မိန်းမ ခင်နွဲ့နှောင်းက ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ဗျ။
အဲဒါ မိန်းမတို့ထုံးစံ၊ ဗေဒင်ဆရာမကို အိမ်ခေါ်ပြီး မွေးလာမယ့် ကလေးနာမည် ရွေးခိုင်းတယ်။...
ဗေဒင်ဆရာမကလည်း အာပလာရယ်။
အဲဒါ မိန်းမတို့ထုံးစံ၊ ဗေဒင်ဆရာမကို အိမ်ခေါ်ပြီး မွေးလာမယ့် ကလေးနာမည် ရွေးခိုင်းတယ်။...
ဗေဒင်ဆရာမကလည်း အာပလာရယ်။
'အောင်လံထူ စစ်သူကြီးသား ရမ်းကား' အဲလေ 'အောင်လံထူစစ်သူကြီးပွဲ' ဘာညာနဲ့ တောင်ခြစ်မြောက်ခြစ် လုပ်ပြီး ကလေးကိုနာမည်ပေးသွားတယ်…
“အေးဘုံ”…တဲ့
သူယုံကြည်တဲ့ ဗေဒင်ဆရာမဆိုတော့ မခင်နွဲ့နှောင်းက အဲဒီနာမည်ကို လက်ခံတယ်။
ကျနော်ကတော့ လုံးဝမကြိုက်ဘူး
ဘယ့်နှယ့်ဗျာ ကလေးနာမည်လေး လှလှပပတော့မမှည့်ဘူး 'အေးဘုံ' လို့ဘဲ
ဒါပေမယ့်...
မိန်းမကြောက်ရတဲ့ကောင်ဆိုတော့ မကြိုက်ကြောင်းမပြောရဲဘဲ အသာငြိမ်နေရတယ်
ဗေဒင်ဆရာမပြန်သွားတော့ ကျနော့်လာမေးတယ်... ...
"ကိုကိုး.. ဘယ်လိုလဲ နာမည်လေး ကြိုက်တယ်မလား" တဲ့
"ကြိုက်ပ့ါဗျာ၊ င့ါငယ်ရည်းစား အလွမ်းပြေလေး"
"ဘာ... ဘာလို့လဲ"
"င့ါငယ်ရည်းစား နာမည်ကလည်း အေးဘုံလေ"
"ဟင်..."
ဒါနဲ့ ကလေးနာမည် ချက်ခြင်းပြောင်းသွားတယ် ... ...
"နှင်းပွင့်ဖြူ"... တဲ့
ဘယ်ဗေဒင်ဆရာမမှ မမေးတော့ဘူးရယ်
ချက်ကောင်းကိုင်တတ်ရင် ရပါတယ် ဘော်ဒါတို့ရာ...
သန်၎ကို-ပေါက်ကရရေးသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။