Enthusiasm
စိတ်အားထက်သန်မှုပေါ့။ ကျွန်တော့်ရဲ့ ဘဝနဲ့ယှဉ်ပြီး ပြောရရင် ဒီကိစ္စက တော်တော် အရေးပါတယ်။ ကျွန်တော့်ရဲ့ အသက်မွေးဝမ်း ကျောင်းအလုပ်က Designer ပေါ့။ ငယ်ငယ် တုန်းကတော့ ဒီလိုအလုပ်လုပ်မယ်ပြောရင် ဘယ်သူက လက်ခံမှာလဲနော်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း Design ဆရာဆိုတာမျိုး ကရှိတာ မဟုတ်ဘူးလေ။ ဒါပေမဲ့ Design နဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှု က တော်တော်ပြင်းထန်ခဲ့ပါတယ်။ ကျွန်တော့် အဖေက ကျောင်းဆရာ။ ကျောင်းက လက်ကမ်း စာစောင်လေးတွေ ဘာတွေဆိုရင် အဖေက ဦးဆောင်ပြီးလုပ်ရတယ်။ ကျွန်တော်က လက်ရေး လက်သားလှတယ်။ ဒီတော့ အဖေက ရေးခိုင်း တယ်။ ငါးတန်းကျောင်းသားကတည်းက ကျွန်တော်က ကျောင်းက လက်ကမ်းစာစောင်တွေ နံရံကပ်စာစောင်တွေမှာ စာတွေရေးပေးရတယ်။ ကျွန်တော်တို့ ကျောင်းကို ဂျပန်ကျောင်း တစ်ကျောင်းက လက်ဆောင်ပေးတဲ့ Pental Color Pen လေးတွေ ကျောင်းမှာရတော့ ကျွန်တော့်ကို ပေးတယ်။ ကျွန်တော်က အဲဒီ ရောင်စုံလေးတွေနဲ့ စာလုံးလေးတွေကို အလှ ဖန်တီးပေးတယ်။ တအားပျော်တယ်။ တအားစိတ် အားထက်သန်တယ်။ ၁ဝ တန်းအောင်ပြီး မုံရွာ ကောလိပ်ရောက်တော့လည်း Tutorial အဖြစ် ကိုကြည့်ပြီး ဆရာက ကျွန်တော့်ကို လက်ရေးလှ တယ်ဆိုပြီး မင်းမုံရွာကောလိပ်ရဲ့ နံရံကပ်စာစောင် တွေရေးပေးပါတဲ့။ ကျွန်တော်ကလည်း ငယ်ငယ် ကတည်းက မစိမ်းခဲ့တဲ့ အလုပ်ဆိုတော့ လွယ် လွယ်ပဲလက်ခံပြီး လုပ်ပေးခဲ့တယ်။ နောက်ဆုံး မုံရွာကောလိပ် မဂ္ဂဇင်းလည်း ကိုယ်ပဲ လုပ်ခဲ့ရ တယ်။
http://yatimagazine.com/archives/9188
မန္တလေးတက္ကသိုလ်ရောက်တော့လည်း မန္တလေးတက္ကသိုလ် မဂ္ဂဇင်းတို့ နံရံကပ်စာစောင် တို့ကို ကျွန်တော်ပဲ လုပ်ခဲ့ရတယ်။ ဘဝတစ် လျှောက်လုံး ကျွန်တော်ရဲ့ စိတ်အားထက်သန်မှုက Design တွေပဲ။ ကျွန်တော်တို့ ငယ်ငယ်က ကွန်ပျူတာ မပေါ်သေးတော့ လက်ရေးလှတာက Design လုပ်မယ့် လူအတွက်အရေးပါနေခဲ့တယ်။ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုကြောင့် ကျွန်တော် အခု အကျိုးအမြတ်အသီးအပွင့် ရခဲ့ တယ်။ ကျွန်တော် ဒီအလုပ်ကို စိတ်အားထက်သန် ပြီး ဝါသနာပါခဲ့လို့လည်း အခုချိန်မှာဒီအလုပ်နဲ့ အသက်မွေးဝမ်း ကျောင်းအလုပ်အနေနဲ့ ရပ်တည် နိုင်တာပဲ။ စိတ်အားထက်သန်မှုက တစ်ဦးချင်းစီမှာ တူမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင်နဲ့ တော့ ဆိုင်တယ်။ ကျွန်တော်ဆိုရင် လက်ရေးလှလို့ ဆိုပြီး ပတ်ဝန်းကျင်က အခွင့်အရေးတွေပေးခဲ့လို့ ဒီစာအုပ်ပေါ်မှာ စိတ်အားထက်သန်ခဲ့တာ။ ကျွန်တော်ရဲ့ စိတ်အားသန်မှုက ကျွန်တော့်အတွက် သဟဇာတဖြစ်တယ်။
Education
Education က ပညာရေး။ ဒါက အရေးကြီး တယ်။ အခုလက်ရှိမြန်မာပြည် ပညာရေးသင်ကြား တဲ့ စနစ်ကိုလည်း ပြောင်းသင့်ပြီ။ ဆရာဗဟိုပြု သင်ကြားရေး စနစ်လေ။ ကလေးတစ်ယောက်က သူရဲ့ဆရာ၊ ဆရာမကိုကျော်ပြီး စဉ်းစားလို့၊ တွေးခေါ် လို့မရဘူး။ ကျွန်တော်တို့ ငယ်ငယ်က စာတွေကို မျက်စိမှတ်ပြီးအော်ကျက်ပဲ။ ဂျပန်နိုင်ငံ ကို ကျွန်း ၄ ကျွန်းနဲ့ဖွဲ့စည်းထားပါတယ်။ ဘာသင် ထောက်ကူပစ္စည်းမှမပါဘဲ ဒီအတိုင်းသာ အော်ကျက်ပဲ။ တောင်သူကြီးဒုံးချင်း သင်တာလည်း ခေတ် အဆက်ဆက်ပဲ။ အမှန်ကအသစ်တွေကို သင်ပေးတော့လေ။ ဦးပုညထဲမှာပဲ လည်နေရတာ။ ဒါတို့ပညာရေးပဲ။ Parrot Learning ပေါ့။ ဒါကြောင့် လွန်ခဲ့တဲ့ ၁၁ ရာစုက ခင်ဦးကို မွန်မင်း သမီးလို့ပဲ ယုံကြတယ်။ Thinking ပိုင်းကို မသင် ကြားခဲ့ဘူး။ ၁၂ ရာစု မြန်မာစကားပြေက မချော ဘူး။ ကျောက်စာတွေက သက်သေပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အနန္တသူရိယအမတ်ကြီးရဲ့ မျက်ဖြေလင်္ကာဆိုတာကို သင်ရတယ်။ လင်္ကာ ချောချောနဲ့။ ကျောင်းသားတွေကို စဉ်းစားခွင့်မပေး ဘူး။ ကျွန်တော်တို့တွေ Logical Thinking ကို မသင်ခဲ့ရဘူး။ ကိုယ့်နိုင်ငံရဲ့ ရေမြေတောတောင် သဘာဝကို ကျွန်တော်တို့တွေ မသိကြဘူး။ ဘာလို့လဲ သင်ကြားရေးမှားခဲ့လို့ပေါ့။ အခု နိုင် ငံ ခြားမှာ ကျောင်းသွားတက်လို့ရတယ်။ဒီမှာလည်း အဆင့်မြင့်ပုဂ္ဂလိက ကျောင်းတွေရှိတယ်။ ဒါပေမဲ့ နိုင်ငံသားတစ်ယောက်ရဲ့ Idenity ဆိုတာ ရှိတယ်။Id ပေါ် တာပေါ့၊ အဲဒါတွေပျောက်ကုန်တယ်။ ကိုယ့်နိုင်ငံရဲ့ ပထဝီအနေအထားရဲ့သမိုင်းကြောင်း ကို နိုင်ငံသားတိုင်းက သိထားရမယ်။ ကျွန်တော် တို့ တစ်ခေတ်လုံးက စမ်းသပ် ပညာရေးပဲ။ ကျွန်တော်တို့ခေတ်မှာ ခဏခဏစနစ်ပြောင်း တယ်။ ဝိဇ္ဇာ၊ သိပ္ပံခွဲလိုက်၊ မခွဲလိုက်၊ ဒေသ ကောလိပ်ရှိလိုက်၊ မရှိလိုက်နဲ့။ လက်တွေ့အသုံး ပြုလို့ရတဲ့ ပညာရေးစနစ် မဖြစ်ခဲ့ဘူး။ ကျွန်တော် ကိုယ်တိုင် မြန်မာစာသင်ပေးရတဲ့ ဆရာဘဝဖြစ်တဲ့ အချိန်မှာ ကိုယ့်ကျောင်းသူ၊ ကျောင်းသားတွေကို Self Study လုပ်စေချင်လို့ စနစ်လေးပြောင်းပြီး သင်ပေးဖူးတယ်။ ဒါပေမဲ့ တစ်ဖက်က အမှတ်ပေး စည်းမျဉ်းဆိုတာကြီး ရှိနေပြန်ရော။ ဘယ်လောက် ပဲသင်သင်။ ကျောင်းသားဘယ်လောက် ပဲ တော် တော် ပေးခွင့်ရအမှတ်ဆိုတာရှိတယ်။ ဒီစည်းမျဉ်း ကိုကျော်ပြီး ပေးလို့မရဘူး။ ဒီတိုင်းပြည်မှာ အရေးတကြီး လိုအပ်နေတာ ပညာရေးပါပဲ။
Efficient
Efficient ဆိုတာ ခပ်ရှင်းရှင်းပြောရရင် တော့ စွမ်းဆောင်ရည်ပါပဲ။ ဒါပေမဲ့ စွမ်းဆောင် ရည်က ကမ္ဘာလောကကြီးအတွက် အကျိုးတော့ ရှိရမှာပေါ့။ စွမ်းဆောင် ရည်သက်သက်နဲ့ တန်ဖိုး ဖြတ်ရင်တော့ သူ့အတွက် အရမ်းမြင့်ပေမယ့် တစ်ဖက်မှာ ဆိုးကျိုးတွေ ရှိသွားတာမျိုးလည်းရှိ တယ်။ ဒီလိုလူမျိုးဆိုရင် ဟစ်တလာပေါ့။ ကြောက် စရာ ကောင်းတာပေါ့။ နယူတန်ရဲ့စွမ်းဆောင်ရည်၊ အိုင်းစတိုင်းရဲ့ စွမ်းဆောင်ရည်ကျတော့ မတူတော့ ဘူး။ စာပုံနှိပ်စက်ကို တီထွင်နိုင်တဲ့ ဂူတင်ဘတ်ရဲ့ စွမ်းဆောင် ရည်ကျတော့ တစ်ကမ္ဘာလုံးအတွက် အကျိုးအများကြီး ရသွားတယ်။ လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ဆိုတာ သူဖြတ်သန်းလာခဲ့ရ သူ ဘဝအတွေ့အကြုံနဲ့လည်း အများကြီးဆိုင်တယ်။ ကျွန်တော်တို့ရဲ့ ဂီတလောကမှာဆိုရင် စွမ်းဆောင် ရည်မြင့်တဲ့သူကို ပြောပါဆိုရင် ကျွန်တော်တို့ အားလုံး ချစ်စနိုးနဲ့ ကိုငှက်လို့ခေါ်တဲ့ ထူးအိမ်သင် ပေါ့။ ထူးအိမ်သင်ဆိုတာ မပေါ်လာခင်တုန်းက ကျွန်တော်တို့က Family Chords တွေနဲ့သွား တာ။ ထူးအိမ်သင်ကကျတော့ Genius ပဲ သူက စပြီး Chords အသစ်တွေလုပ်တယ်။ ကျွန်တော် တို့ရဲ့ ဂီတလောကမှာ ပုံစံလုံးဝပြောင်းသွားတာ ပဲ။ သူ ၉ တန်းကျောင်းသားဘဝမှာ ရေးတာ ”ဝေးသွားတဲ့အခါ” သီချင်းတဲ့။ သူ့ရဲ့စွမ်းဆောင် ရည်က ဘယ်လောက်မြင့်လဲဆိုတာ အဲဒါပေါ့။ Chords ဖွဲ့စည်းမှုကို အရမ်းနားလည်တယ်။ ကျွမ်းကျင်တယ်။ ဒီလိုစွမ်းဆောင်ရည်တွေ က စေ့ဆော် မှုကနေ လာတယ်ပြောရမယ်။ စွမ်းဆောင်ရည်ဆိုတာ တန်ဖိုးထားရတဲ့ လူအပေါ် လည်း မူတည်တယ်။
ဖြိုးစုပိုပို http://yatimagazine.com/archives/9188
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။