We Love Music
ငယ်နာမည်က “ အာဂ ”
ကိုဃကို ခင်ဗျားတို့နဲ့ မိတ်ဆက်ပေးရဦးမယ် ။
ငယ်နာမည်က “ အာဂ ” ။ အဲဒါ သူပြောတာပါ ၊...
ဆိုးလွန်းလို့ မင်းကတော့ အာဂကောင်ပဲကွာလို့ လူကြီးတွေပြောရာကနေ “ အာဂ ” ကနေ “ ဂ ” ၊ “ ဂ ” ကနေ “ ဃ ” အသံတော့ ဒီလိုထွက်ရမယ်ထင်တယ် ။

ရောခ့်ခေတ်ဦးတုန်းက စင်ပေါ်မှာ ဒေါက်တာမာတင်စီးထားတဲ့ ဘယ်ဖြေထောက်ကို မော်နီတာဆောင်းဘောက်စ်ပေါ် တင် ၊ ညာဘက်လက်က မိုက်ကိုင်ပြီး ဘယ်ဘက်လက်က ရွှေမန်းတင်မောင်ဖြန့်သလိုဖြန့် ၊ ဆံပင်ကြီးဖားလျားချပြီး
“ ကိုယ်တကယ်ရောက်လာမယ် အချစ်ရဲ့အိမ်ရှေ့ဦး ” လို့ ဆိုလိုက်တာနဲ့ အောက်ကလူတွေ ထွန့်ထွန့်လူးနေတော့တာ ၊
အဲဒါ ကိုဃ ပဲ ။
ဂကြီးရဲ့ ဂကြီးတို့၊ ဂြိုလ်သားတစ်ယောက်ရဲ့မျက်ရည်တို့ ၊ မနက်မနက် ထီသည်တွေ ကက်ဆက်ဆောင်းဘောက်ထဲက ထွက်ထွက်လာတဲ့ သူခေါ်ရင် လာပါ လာပါတို့ . . . အဲဒါတွေ ကိုဃ ပဲ ။ အဲဒါတွေ ကိုဃ ပဲ အများကြီးရှိသေးတယ် . . . ။
ဃနှင့်ဘကိုသောက်ခြင်း
မျိုးငြိမ်းဆွေ၏ ကြည်လင်သောရေ ၀တ္ထုတိုများစာအုပ်မှ ကောက်နုတ်ပါသည် ။
Credit: #ZinWaiLat
Photo: #DoneyMp

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။