Burma-Newselite
တရုတ်နိုင်ငံရဲ့ အင်တာနက်ကို ပြီးခဲ့တဲ့ သတင်းပတ်ကုန်က အကြီးဆုံးဆိုင်ဘာ တိုက်ခိုက်တာ ခံလိုက်ရပါတယ်။
တရုတ်ပြည်က အင်တာနက်သုံးသူတွေ အင်တာနက်ပေါ်လုံးဝ တက်လို့ မရတော့ဘူးလို့ ဆိုပါတယ်။ အင်တာနက်ပေါ် တက်ခွင့်မပြုဘူးဆိုတဲ့ နာမယ်နဲ့ တိုက်ခိုက်မှုမျိုးလို့ ဆိုပါတယ်။ တနင်္ဂနွေနေ့မနက်၂ နာရီကနေ ၄ နာရီကြားမှာ ဖြစ်ပွားခဲ့ပြီး ဒုတိယတကျော့ တိုက်ခိုက်မှုက ပိုကြာပြီး ပိုမိုပြင်းထန်တယ်လို့ အစိုးရသတင်းမှာ ဖော်ပြလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ အစိုးရရဲ့ ဆိုင်ဘာ ဒိုမိန်းနဲ့ ဘလောက်ကာတွေကြား အသုံးများတဲ့ Sina Weibo နှစ်ခုစလုံးကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ သတင်းအချက်အလက်တွေကို ဟက်လုပ်တာမဟုတ်ဘဲ ၀ဘ်ဆိုဒ်တွေကို ၀င်ရောက်တောင်းဆိုစာတွေ အဆက်မပြတ်ပို့တာမျိုးဖြစ်လို့ ၀ဘ်ဆိုဒ်တွေ အလုပ်မလုပ်တော့ဘဲ ရပ်သွားရတာပါ။ တိုက်ခိုက်တဲ့သူတွေက ဗိုင်းရပ်ဝင်နေတဲ့ ကွန်ပြူတာအများအပြားကို သုံးပြီး တပြိုင်နက်တည်း ပို့လွှတ်တာ ဖြစ်မယ်လို့ ဆိုပါတယ်။
ဘယ်သူတွေက ဘာကြောင့်လုပ်တယ်ဆိုတာကို မသိရသေးပေမဲ့ ဆိုင်ဘာတိုက်ခိုက်မှုသမိုင်းမှာ အကြီးမားဆုံးလို့ ပြောပါတယ်။ Z
Source: cnn

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။