Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 26, 2013

တရုတ်ချေးငွေနှင့် အသက်ပြန်သွင်းမည့်သမ၀ါယမ

 
Burma-Newselite
တရုတ်ချေးငွေနှင့် အသက်ပြန်သွင်းမည့်သမ၀ါယမ
(ထားထားမြင့်။ ဆဲဗင်ဒေးသတင်းစာပါဆောင်းပါး)

မြန်မာအစိုးရ၏ ဆင်းရဲ မွဲတေမှုလျှော့ချရေး
အစီအစဉ်အရ ကျေးလက်ဒေသ ပြည်သူများလယ်သမားများကို ငွေထုတ် ချေးပေးမည်ဟုဆိုကာ သမ၀ါယမ၀န်ကြီးဌာနက တရုတ်နိုင်ငံမှာ ဒေါ်လာငွေသန်း၁၀၀ ကို ချေးယူရန် နေပြည်တော်ရှိလွှတ်တော်က အတည်ပြုသဘောတူခွင့်ပြုလိုက်ပါသည်။
လွှတ်တော်ထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် တခြားအတိုက်အခံများက ကန့်ကွက်ခဲ့ သော်လည်း မဲခွဲဆုံးဖြတ်ရာတွင်အစိုးရ၏နောက်ခံ အင်အားကြီးပါတီဖြစ်သောပြည်ထောင်စုကြံခိုင်းရေးနှင့်ဖွံဖြိုးရေးပါတီနှင့် စစ်တပ်အမတ်များအများစုက သမ၀ါယမ၀န်ကြီးဦးကျော်ဆန်းတင်သွင်းသည့် ထိုအဆိုကို ထောက်ခံခဲ့ ကြသည်။
မြန်မာကို ဒေါ်လာသန်း ၁၀၀ထုတ်ချေးသည့်ဘဏ်မှာ တရုတ်ထုတ်ကုန်သွင်းကုန်ဘဏ်ဖြစ်ပြီး သမ၀ါယမဦးစီးဌာနမှ သမ၀ါယမအသင်းများအတွက် ထိုဘဏ်မှ ချေးငွေရရှိအောင်ဆက်သွယ်ကြိုးပန်းနေသည်မှာကြာပြီဖြစ်သည်ဟု မြန်မာအစိုးရ သမ၀ါယမ၀န်ကြီးဌာ၏အင်တာနက်စာမျက်နှာတွင်ဖော်ပြထားပါသည်။

ကမ္ဘာဘဏ်ထက်ပင် ချေးငွေပိုထုတ်ချေးနိုင်သော ငွေရင်းတောင့်တင်းသည့် တရုတ် ထွက်ကုန်သွင်းကုန်ဘဏ်သည်အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၁၁၀ ဘီလီယံခန့်ကို ဖွံဖြိုးတိုးတက်ဆဲနိုင်ငံများကို ချေးငှားထားသော ဘဏ်တခုဖြစ်ပါသည်။ ငွေရင်းတောင့်သလို ဘဏ်တိုးနှုန်းကလည်း ကမ္ဘာဘဏ်နှင့် တခြားနိုင်ငံတကာချေးငွေများထက် ပိုများပါသည်။သို့ သော်လည်း ယခင်တုန်းက ကမ္ဘာဘဏ်နှင့်နိုင်ငံတကာငွေကြေးအဖွဲ့ များ၏ ဖယ်ကြဉ်ခြင်းကို ခံခဲ့ ရသည့် မြန်မာနိုင်ငံအတွက် အတိုးများသော်လည်း တရုတ်နိုင်ငံထံမှ အောင့်ကာချေးယူခဲ့ ရသည်။

၂၀၁၂ခုနှစ်တုန်းက အမေရိကန်နိုင်ငံတွင်ကမ္ဘာဘဏ်တာဝန်ရှိသူများနှင့် လာရောက်တွေ့ ဆုံသည့်ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် ကမ္ဘာဘဏ်နှင့်အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ ( IMF) လို အဖွဲ့ အစည်းများနှင့်အဆက်အဆံပြန်ရလာလျှင် ယခင်ကဲ့ သို့ အတိုးနှုန်းကြီးကြိးဖြင့် တရုတ်နိုင်ငံဆီက ချေးငှားရန်မလိုကြောင်း လက်ရှိချေးထားသော အတိုးနှုန်းများအလွန်ကြီးကြောင်း မေရီလန်ပြည်နယ်ရှိ မြန်မာများနှင့်တွေ့ ဆုံရာတွင်ပြောကြားခဲ့ သည်။

သို့ သော်လည်း ယခုအခါ တရုတ်ဘဏ်ဆီက အတိုးနှုန်းတနှစ်ကို ၄.၅ ရာခိုင်နှုန်းနီးပါးဖြင့် ဆယ်နှစ်အတွင်းပြန်ဆပ်မည့်စာချုပ်ဖြင့် မြန်မာ သမ၀ါယမ၀န်ကြီးဌာနက ချေးယူတော့မည်ဖြစ်သည်။
အများသိကြသည့်အတိုင်း မြန်မာနိုင်ငံကတိုးတက်မှုလည်းမရှိစီမံကိန်းများ မအောင်မမြင်ဖြစ်အရှုံးပေါ် နေသော ၀န်ကြီးဌာနများတွင် သမ၀ါယမ၀န်ကြီးဌာနက တခုအပါအ၀င်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၀၄ခုနှစ်တွင် ပြင်ဦးလွင်မြို့တွင် သမ၀ါယမမင်းကြီးရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး သမ၀ါယမစနစ်ကို အကောင်အထည်ဖော်ခဲ့ သော်လည်း အကျင့်ပျက်ခြစားမှုများကြောင့် ခေတ်အဆက်ဆက် နာမည်ပျက်ခဲ့ သည့် ၀န်ကြီးဌာနတခုဖြစ်သည်။

လက်ရှိသမ၀ါယမ၀န်ကြီးဦးကျော်ဆန်းကိုယ်တိုင် လွှတ်တော်၌ မြန်မာနိုင်ငံ၏ သမ၀ါယမစနစ်မအောင်မြင်ခဲ့ သည်ကို ၀န်ခံပြောကြားခဲ့ ပါသည်။ မြန်မာသမ၀ါယလုပ်ငန်း အတိတ်ကာလ၌ မအောင်မြင်ခဲ့သည့် အားနည်းချက်သည် အနာ ဂတ် ကာလ၏ အဖြေဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ၎င်းဌာန၏ ၀န်ထမ်းများ၊ အသင်းသားများ၊ အမှုဆောင် များကို ၎င်းကိုယ်တိုင် ဦးဆောင်၍ လမ်းမှန်ပေါ်မှ သွားလာနိုင်ရန် ကြပ်မတ် ဆောင်ရွက်ပေးနေသည်ဟု ဦးကျော်ဆန်းကဆိုပါသည်။

“နိုင်ငံခြားတိုင်းပြည်တွေမှာ အံ့သြလောက်အောင် အောင်မြင်နေတာပဲ၊ ဒါဟာ ကျနော်တို့အတွက် အဖြေပါပဲ၊ အဲဒီနိုင်ငံမှာ ရှိကြတာလည်း လူတွေပါပဲ၊ ကျနော်တို့လည်း လူတွေပါပဲ”ဟု ဆိုသည်။

ဦးကျော်ဆန်းပြောသကဲ့ သို့ လူချင်းတူသော်လည်း သမ၀ါယမစနစ်အောင်မြင်နေသည့် တိုင်းပြည်များလို မြန်မာနိုင်ငံမှာရှိမနေသည်က ပွင့်လင်းမြင်သာရှိမှုနှင့် စနစ်ကျသောစီမံခန့်ခွဲမှုဖြစ်ပါသည်။

သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ် (၈) ရပ်ချမှတ်၍ ၂၀၁၅ ခုနှစ်တွင်မြန်မာနိုင်ငံ ဆင်းရဲမှု ရာခိုင်နှုန်းကို ၁၆ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရန် ကြိုးပမ်းလျှက်ရှိပါသည်။

ထိုလုပ်ငန်းစဉ်မှာ သမ၀ါယမ၀န်ကြီးဌာနက ပါဝင်ပြီး ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေ အခြေခံ ပြည်သူများ လိုအပ်နေသော ငွေကြေး အရင်းအနှီး ပံ့ပိုးပေးနိုင်ရေး ကြိုးစားသည်မှာလည်း ကောင်းသောအားထုတ်မှုတခုဖြစ်သည်။

သို့ သော်လည်း ငွေအတိုးများသော တရုတ်ဘဏ်ကငွေချေးမှုနှင့် နာမည်ကောင်းမရှိခဲ့ သော မြန်မာ သမ၀ါယမလုပ်ငန်းများ၏ အတိတ်သမိုင်းတို့ ကြောင့် ထိုငွေများ ကျေးလက်ဒေသ ပြည်သူများလယ်သမားများဆီကို ထိထိရောက်ရောက် သုံးစွဲနိုင်ခြင်းရှိမရှိကိုမှု အများက စောင့်ဆိုင်းအကဲခတ်နေမည်ဖြစ်ပါသည်။

ထားထားမြင့်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။