Ko Nay Myo
"I have a Dream...."
**************
“ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်..”
***********************
ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်...။ တစ်ချိန်မှာ ကျနော်တို့နိုင်ငံမှာ အမှန်တရားတွေ နဲ့ လူတိုင်းဟာ အတူတူပါပဲ(ညီမျှတယ်)ဆိုတာ လက်ခံလာကြမယ်....။

ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်...။ ဂျော်ဂျီယာရဲ့ တောင်တန်းတွေမှာ တစ်ချိန်က 'ကျွန်' တွေရဲ့သားတွေ နဲ့ 'ကျွန်ပိုင်ရှင်' တွေရဲ့သားတွေဟာ ညီရင်းအစ်ကိုသဖွယ် စားပွဲတစ်လုံးထဲမှာ အတူစားသောက်ကြမယ်....။
ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်...။ အင်မတန် တရားမျှတမှု ကင်းမဲ့တဲ့ မစ္စစ္စပီပြည်နယ်ထဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ အေးရိပ်သာကြီး ဖြစ်လာမယ်....။
ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်...။ တစ်နေ့မှာ လူတွေကို အသားအရောင် နဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ သူတို့ရဲ့ အမူအကျင့်တွေ နဲ့ ဆုံးဖြတ်တဲ့ နိုင်ငံမှာ ကျနော့်ရဲ့ သားလေးယောက်ဟာ နေထိုင်ကြရမယ်....။
ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်...။ အယ်လ်ဘားမား မှာရှိတဲ့ မြို့တော်ဝန်ကလည်း ခွဲခြားတဲ့ စကားတွေကို မပြောတော့ဘဲ လူဖြူကလေးတွေဟာ လူမည်းကလေးတွေ နဲ့ လက်တွဲပြီး ကခုန်နိုင်ကြမယ်....။
ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်...။ ယနေ့ဖြစ်နေတဲ့ချိုင့်ခွက်တွေ..၊ တောင်တွေ..၊ ချောက်ကမ်းပါးတွေဟာ ပြေပြစ်ပြီး ချောမွေ့ တည့်မတ်သွားမယ်...။ ကျနော်တို့အားလုံး သွေးစည်းသွားကြမယ်....။
Martin Luther King.
မာတင်လူသာကင်း
((လွန်ခဲ့သော နှစ် ၅၀ တိတိ..၊ လူဖြုလူမည်း လက်တွဲဖို့ အိပ်မက်တောင် မမက်ရဲတဲ့ကာလ ၊ ၁၉၆၃ ခုနှစ် ၊ သြဂုတ်လ ၂၈ ရက်နေ့ က မာတင်လူသာကင်းဂျူနီယာ ၊ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မှာပြောသွားခဲ့ပြီး လူတွေ ရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်နိုင်ခဲ့သလို..၊ လူဖြူတွေရဲ့ ထောက်ခံမှုကိုပါ ရယူနိုင်ခဲ့တဲ့ ကမ္ဘာကျော် မိန့်ခွန်းမှ.....))
Daily Eleven သတင်းစာ ဒေါက်တာခင်မောင်ညို ၏ ဆောင်းပါးမှ....

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။