နှင်းနုလေးက နာမည်နဲ့လိုက် အောင် ဖြူဖွေးသန့်စင်ပြီး ယဉ်နွဲ့ လန်းဆန်းသူဖြစ်သည်။ အပျိုဖျန်း လည်းမက အပျိုကြီးလည်းမကျ၊ အစွမ်းကုန်ပွင့်လန်းဖို့ အားယူနေတဲ့ ပန်းကလေးလို သန်စွမ်းသည်။ အပြောအဆိုသွက်လက် ချက်ချာပြီး အနေအထိုင်ကျစ်လျစ် သိမ်မွေ့ သည်။ မုဆိုးမမိခင်၏ အိမ်ဆိုင်လေး မှာ ဝင်ကူပြီး သားအ မိနှစ်ေ ယာက် မရှိမရှား နေထိုင်သူလေးဖြစ်သည်။
”သမဝါယမ အသင်းစာရင်း တွေစစ်ရတာ အရမ်းစိတ်ညစ်ဖို့ ကောင်းတာပဲ”
”စာရင်းရုံးက ကလေးမလေးက မုံရွာအလုံကဆို”
သူငယ်ချင်းတွေ ညှင်းဆဲသဖြင့် မင်္ဂလာမဆောင်မီ သောက်ဝိုင်း စားဝိုင်း တည်ခင်းဧည့်ခံရသည်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို ပြော၊ ငယ်ကျိုးငယ်နာတွေ ဖော် လို ဖော်ဖြင့် ပျော်ဖို့တော့ ကောင်းသည်။ ထိုသောက်ဝိုင်းစားဝိုင်းတွင် ပြောခဲ့ သော သူငယ်ချင်းတိရစ္ဆာန်ဆေးကု ဆရာဝန်၏စကားကို နောင်နှစ် ပေါင်း များစွာကြာသည် ထိ ကြား ယောင်နေမိသည်။
”ဟဲ့ သား နှင်းနုနဲ့က ဆွေမျိုး အရင်းကြီးရှိသေးတာနော်၊ သွားပြီး သရိုးသရီမကြံစည်လိုက်ပါနဲ့ မယူ ကောင်းဘူး”
ဘယ်ကဘယ်လို သတင်းကြား လာသည်မသိ။ နှင်းနုတို့အိမ် တစ်ခါ လား နှစ်ခါလားလည်ပတ်ဖူးရုံရှိ သေး၊ နှင်းနုတို့အိမ်ရှေ့ တစ်ကြိမ် လား နှစ်ကြိမ်လား လျှောက်ပြန် သံ ပေး သွားလာဖူးရုံရှိသေး။ မေမေက ထုံးစံအတိုင်း ဆွေမျိုးဆိုသည့်ခြံစည်း ရိုးခတ်ပြီး ကာဆီးကာဆီးလုပ်တော့ သည်။
ကျွန်တော်တို့မြို့ကလေးက ငယ်လည်းငယ်၊ အခြားမြို့များနှင့် လည်း အလှမ်းဝေးပြီး ထီးတည်း ကလေးတည်နေသည်။ မြို့နေလူဦး ရေကလည်း မများတော့ အတူနေ အချင်းချင်း အိမ်ထောင်ရက်သား ကျသည်က များသည်။ ကြာလာ တော့ သူစိမ်းရယ်လို့ မရှိ၊ ဟိုဘက်က လှည့်တော်၊ ဒီဘက်က လှည့်တော် နှင့် ဆွေမျိုးတွေချည်းလို လို ဖြစ်နေ သည်။ ဒါကြောင့်လည်း မြို့အရှေ့ ပိုင်းက မာမာဦးတုန်းကလည်း ”နှစ်ဝမ်းကွဲ မောင်နှမ၊ ဘယ်လိုလုပ် လက်ထပ်လို့ ရပါ့မလဲ” ဟု မေမေက အသည်း အသန်ကန့်ကွက်ဖူးသလို မြို့ အနောက်ဘက်ပိုင်းက မြမြင့် သူကျတော့လည်း ”သူက သား အဖေရဲ့ အမျိုး”တဲ့၊ မြို့မြောက်ပိုင်းက နီလာမြင့်ကိုတော့ ”အမေ့ဘက် က ဆွေမျိုး”တဲ့၊ မြို့တောင်ပိုင်းက ဝေဝေလွင်ကိုလည်း ”သားဦးလေးရဲ့ တူမတစ်ဝမ်းကွဲ” တဲ့။ ကျွန်တော်တို့ မြို့နယ်နိမိတ်အတွင်းက လှတပတ ကောင်မလေးတိုင်း အမေ့ဆွေမျိုး စာရင်းထဲ မဝင်သူမရှိ။
ဤသို့ဖြင့် အမေ့ဆွေမျိုးနယ်နိ မိတ်က လွတ်ကင်းသူရယ်လို့ မရှိ တော့။ ကျွန်တော်၏ မြှားနတ်မောင် ပင်လျှင် ပစ်ကွင်းမရှိသောအရပ်မှာ ပစ်ခတ်ရန် ပစ်မှတ်မရှိ ဘဲ နေ ရပုံ ပေါ်ယံသည်။ မြှားနတ်မောင်၏ လေးနှင့်မြှားသည်လည်း အသုံးမပြု ရတာ ကြာလေသောကြောင့် မှိုတက် လေပြီလား မသိ။ ကျွန်တော့်အသက် သုံးဆယ်သီသီ စွန်းလေပြီ။
ယခုလည်း ဆွေမျိုးစာရင်းက လွတ်ကင်းလောက်ပြီဟု ယူဆထား သော နှင်းနုလေးခမျာ အမေ့ဆွေမျိုး စာရင်းက မလွတ်ကင်းပြန်။
”ဘယ်လိုကဘယ်လို နှင်းနုနဲ့ ဆွေမျိုးတော်ရပြန်တာလဲ အမေ ရယ်”
”ဟဲ့ ဘယ်မတော်ဘဲ ရှိပါ့မလဲ၊ သူ့အမေ ဒေါ်ဂျမ်းဘုံက သားဦးကြီး မိန်းမရဲ့ ညီမဝမ်းကွဲလေ”
”ဟာ အမေကလည်း ဦးကြီး ဘက်ကဆို ဆွေမျိုးတော်မှာပေါ့၊ ခုဟာက ဦးကြီးမိန်းမဘက်ကဆို တော့ ဘယ်လိုလုပ် ဆွေမျိုးစပ်လို့ ရမှာလဲ”
”ဒါကတော့ကွယ် နှစ်နံစပ် ပုဆိုးလိုပေါ့၊ တစ်စနဲ့တစ်စ တစ်ဆက် တစ်ဆက် တည်းမဟုတ် ပေမယ့် နှစ်နံစပ်လိုက်တော့ ပုဆိုး တစ်ကွင်းဖြစ်လာသလို တစ်ဖက် ဆွေမျိုး ဆိုပေမယ့် သားဦးကြီးနဲ့ ကံချင်းစပ်လို့ သားဦးကြီးရဲ့မိန်းမက သားရဲ့ဒေါ်ကြီးဖြစ်လာတာပဲကွယ်၊ ဆွေမျိုးမတော်ဘဲ ဘယ်ရှိပါ့မလဲ၊ ကံစပ်ဆွေမျိုးခေါ်တယ်”အမေ ကတော့ ကြံကြံမှဖန်ဖန် ကံချင်းစပ်လို့တဲ့၊ ဆွေစာရင်းမျိုးစာ ရင်းထဲ သွင်းပဲသွင်းတတ်ပလေ။ ဒီလိုသာဆို တစ်မြို့လုံး ဆွေမျိုး စာရင်းက ကင်းမည့်သူမရှိနိုင် တော့။
***”သမဝါယမ အသင်းစာရင်း တွေစစ်ရတာ အရမ်းစိတ်ညစ်ဖို့ ကောင်းတာပဲ”
စီးပွားရေးတက္ကသိုလ်က ကျောင်းဆင်းပြီး မြို့နယ်စာရင်းရုံး တွင် အလုပ်ဝင်စဖြူဖြူနုနု သွယ် သွယ်နွဲ့နွဲ့ကောင်မလေး၏ ငြီးပြော လေးအပြောကို သဘောကျနေမိ သည်။ ဒါတောင် မြို့ပေါ်က အသင်း တွေ စစ်ရလို့။ မြို့နှင့်အလှမ်းဝေး သောတောကျေးလက်က သမဝါယမ အသင်းတွေလိုဆို စာရင်းမြင်တွေ့ရုံ နှင့် အလုပ်က တစ်ခါ တည်း ထွက် ပြေးချင်စိတ် ပေါက်သွားလေမလား ဘဲ။ အစိုးရဌာနဆိုင်ရာတွေမှာ ကျွမ်းကျင်ဝန်ထမ်းတွေ၏ စာရင်း အထိန်းအသိမ်း အထားအသိုမျိုးနှင့် သမဝါယမလို အသင်းအဖွဲ့၏ စာရင်းထိန်းသိမ်းထားသိုပုံချင်းက အကွာကြီးကွာပေလိမ့်မည်။ မြို့နယ် စာရင်းရုံးက စီးပွားရေး တက္ကသိုလ် ဆင်း အလုပ်ဝင်စကောင်မလေးအဖို့ သမဝါယမအသင်း စာရင်းများကို စိတ်ပျက်နေသည်မှာ သဘာဝကျပါ သည်။
ကျွန်တော်တို့အလုပ်ဝင်စက ပိုဆိုးသည်။ ပြေစာတွေကိုလည်း အိမ်ခေါင်မိုးမှာ ထိုးလိုထိုး၊ ထရံကပ် မှာ ညှပ်လိုညှပ်၊ စာရင်းစာအုပ်ထဲ တစ်လုံးမှ ရေးသွင်းထားခြင်းမရှိ။ တတ်သမျှ မှတ်သမျှ ရေးသွင်းထား ပြန်တော့လည်း မျက်ကလူးဆန်ပျာ ကိုဖြစ်လို့။
”တစ်ရက်တည်း ကုန်ရောင်းရ ငွေကလည်း များလှပါလား”
”မများပါဘူး ဆရာ”
”မများပါဘူး ဆရာ”
”မများဘဲ နေပါ့မလား၊ ဟောဒီ မှာကြည့်”
”ရောင်းရငွေ-၁ဝဝဝ၅ဝဝ ၅ဝ၅ိ/- ရေးထားသော ငွေစာရင်း စာအုပ်၏ စာမျက်နှာကို လှန်ပြလိုက် သည်။
”ဆရာတို့ ရေးသွင်းခိုင်းတဲ့ ငွေစာရင်းစာအုပ်ထဲ ရေးသွင်းရတာ မဆန့်လို့ ဒီတစ်ရက်ပဲ ရေးသွင်းထား တာပါ ဆရာ”
”တစ်ရက်တည်း သိန်းပေါင်း တစ်သောင်းကျော် ရောင်းရသတဲ့ လား၊ အံ့သြစရာပဲ”
အိမ်ခြေတစ်ရာပင် မပြည့် သော ကျေးရွာ၏ သက်ငယ်မိုးကပ် ကာ အသင်းဆိုင်လေး၏ တစ်နေ့ တာ ကုန်ရောင်းရငွေက သိန်းပေါင်း တစ်သောင်းကျော်သတဲ့လေ။
”ဟာ ဆရာကလည်း သိန်း အထိ မရောက်ပါဘူး၊ ဟောဒီမှာ တစ်ထောင့်ငါးရာ ငါးဆယ့်ငါးကျပ် ပါ”
လက်ကလေးကို ထောက်ကာ ထောက်ကာ သူရေးသွင်းထားသော စာရင်းကို ထောက်ပြသဖြင့် ခွက်ထိုး ခွက်လန် ဟက်ဟက်ပက်ပက်ရယ် မောနေမိသည်။
ကုန်ရောင်းရငွေ ၁၅၅၅ ကျပ်မရေးဘဲ ၁ဝဝဝ သပ် သပ် ၅ဝဝ သပ်သပ် ၅ဝ သပ်သပ် ၅ ကျပ်သပ်သပ် ၁ဝဝဝ,၅ဝဝ,၅ဝ,၅ ကျပ်လို့ ရေးသတဲ့လေ။ ဒီလိုသာ ရေးသွင်းလျှင် ဘယ်စာရင်းစာအုပ်မှ ရေးသွင်း၍ ဆန့်မည်မဟုတ်။ ယခု တော့ စာရင်းကိုင်သင်တန်းတွေပေး၊ စာရင်းရေးသွင်းနည်းတွေ လက်တွေ့ လုပ်ရလို့ သိပ်အဆိုးကြီးတော့ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ သမဝါယမစာရင်းစစ်တွေက အဲဒီလို ဖရိုဖရဲစာရင်းတွေကို လူမြင်ကောင်း အောင် စုစည်းပြီး အစမ်းရှင်းတမ်း၊ အရောင်းအဝယ်၊ အရှုံးအမြတ်၊ လက်ကျန်ရှင်းတမ်းထိ ဘဏ္ဍာရေး ရှင်းတမ်းကို ရေးဆွဲပေးရသည်။
ထို့ကြောင့် သမဝါယမအသင်း တွေကို စာရင်းစစ်ဝင်တိုင်း မြို့နယ် စာရင်းရုံးက ကျွန်တော်တို့လို သမဝါယမစာရင်းကျွမ်းကျင်သူတွေ ကို အကူအညီတောင်းရလေ့ရှိ သည်။ ဤသို့ဖြင့် စီးပွားရေးတက္က သိုလ်ဆင်း စာရင်းစစ်ချောချောလေး နှင့် တွေ့ခွင့်ကြုံ၍ ဆုံခွင့်ရခဲ့လေ သည်။ ခုမှပဲ ကျွန်တော်၏ မြှား နတ်မောင်သည် ပစ်ကွင်းရှာ၍ လက်တည့်စမ်းဖော်ရလာလေတော့ သည်။
***”စာရင်းရုံးက ကလေးမလေးက မုံရွာအလုံကဆို”
”ဟုတ်ပါတယ် အမေ”
အမေ ဘယ်ပုံ ဆွေးမျိုးစပ်ဦး မည်မသိ။ ကျွန်တော်တို့ မြို့ကလေး နှင့် ဝေးလံလှသော အရပ်ဒေသကမို့ ဆွေမျိုးစပ်ရန်တော့ လုံးဝ ဖြစ်နိုင် လိမ့်မည်မဟုတ်ပေ။
”သား အဖေရဲ့အဘိုးက အလုံ သားကွဲ့ ။ ဘိုးရွှေကြူတဲ့ အလုံမြို့ ဝန်ရဲ့သားဆိုလား။ အဲဒါ အင်္ဂလိပ် တွေ အထက်ဗမာပြည်ကို သိမ်း တော့ မင်းပြစ်မင်းဒဏ်သင့်မှာစိုးလို့ အမေတို့မြို့ဆီ ပြေးလာရင်း သား အဖေရဲ့အဘွားနဲ့ အကြောင်းပါတာ၊ သားရဲ့အဘိုးကို မွေးပြီးတော့ အလုံ ပြန်သွားတာတဲ့၊ အလုံမှာ အဲဒီ ဖိုးရွှေကြူရဲ့အစ်မတွေ ဒေါ် ခိုဥ၊ ဒေါ်ခိုနုဆိုလား ရှိတယ်ပြောတာပဲ။ အဲဒီဆွေမျိုးစဉ်ဆက်က ဆင်းသက် လာတဲ့ ကလေးမဖြစ်နေရင်တော့ မယူကောင်းဘူးနော်”
အမေကတော့ ရှည်ကြာဝေးလံ လှတဲ့ ရှေးဟောင်းနှောင်းဖြစ်ဆွေမျိုး တွေကို တူးဖော်ကြည့်နေသေး သည်။
”အမေရယ် ဖိုးရွှေကြူတို့၊ ဒေါ်ခိုဥ၊ ဒေါ်ခိုနုတို့ဆိုတာ ပုံပြင် လိုလို၊ ဒဏ္ဍာရီလိုလို ကျန်ခဲ့ပါပြီ။ အလုံသူဆိုတိုင်း ဖိုးရွှေကြူရဲ့ အနွယ် လို့ ဘယ်လိုအထောက်အထားနဲ့ သတ်မှတ်နိုင်ပါ့မလဲ”
”ဟဲ့ ဆွေမျိုးဆိုတာ မခေါ်ချင် ဘဲ နေလို့ရတယ်၊ မတော်ချင်ဘဲ နေလို့မရဘူး၊ အဲဒီကလေးမက ဝေးဝေးလံလံ အရပ်ကဆိုပေမယ့် ဆွေမျိုးဖြစ်နေရင် မခက်ဘူးလား”
တစ်မြို့တည်းမဟုတ်တော့ ဆွေမျိုးစပ်ရခက်ပြီး ဆွေမျိုးနယ် နိမိတ် ရွှေကြိုးသတ်နယ်မြေအတွင်း အတင်းရောအဓမ္မပါ သွတ်သွင်းရန် ခက်ခဲနေပုံပေါ်ပါသည်။ ဆွေမျိုး စပ် ခြင်းကိစ္စ အမေလက်လျှော့လိုက် သောကြောင့် ကျွန်တော့်အသက် သုံးဆယ်ကျော်မှ ကံပေါ်လာခြင်း ဖြစ်သည်။
***သူငယ်ချင်းတွေ ညှင်းဆဲသဖြင့် မင်္ဂလာမဆောင်မီ သောက်ဝိုင်း စားဝိုင်း တည်ခင်းဧည့်ခံရသည်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို ပြော၊ ငယ်ကျိုးငယ်နာတွေ ဖော် လို ဖော်ဖြင့် ပျော်ဖို့တော့ ကောင်းသည်။ ထိုသောက်ဝိုင်းစားဝိုင်းတွင် ပြောခဲ့ သော သူငယ်ချင်းတိရစ္ဆာန်ဆေးကု ဆရာဝန်၏စကားကို နောင်နှစ် ပေါင်း များစွာကြာသည် ထိ ကြား ယောင်နေမိသည်။
”တိရစ္ဆာန်တွေမှာတော့ မျိုးနီး သားစပ်ခြင်းနဲ့ မျိုးဝေးသားစပ်ခြင်း ဆိုတာ ရှိတယ်။ ဆွေရိပ်မကင်း မျိုးရိပ်မကင်း ဆွေမျိုးအချင်းချင်း သားစပ်ရင် ပေါက်ဖွားလာ တဲ့ နောက် သား နောင်လာလေးတွေ ဟာ မသန်မစွမ်းရင်လည်း ဖြစ်တတ် တယ်၊ ဥာဏ်ရည်အဆင့် မမြင့်မားတာမျိုးလည်း ရှိတတ်တယ်၊ ဆွေ မတော်မျိုးမစပ် သွေးချင်းဝေးတဲ့ သူစိမ်းတရံစာနဲ့ သားစပ်မှ သန်သန် စွမ်းစွမ်းလေးတွေ ထွန်းထွန်းကား ကားလေးတွေ ပေါက်ဖွားလာလေ့ ရှိတယ်၊ မင်းရဲ့အမေက အဲဒီသဘော တရားကို နားလည် ပုံပေါ်တယ်”
”ဟာဗျာ ချစ်ခြင်းမေတ္တာဆို တာ သမုဒယအနုအလှလေးတွေ ဖြစ်သင့်ပါတယ်၊ ခုတော့ သားစပ်တဲ့ လုပ်ငန်းနဲ့မှ တစ်တစ်ခွခွ နှိုင်းရက် ပလေ၊ တကယ်တော့ အမေက သူ့သားကြီးတွေ အသီးသီးအိမ် ထောင်ပြု အိမ်ခွဲသွားတော့ အငယ် ဆုံးသားကျွန်တော့်ကို သူ့အနားမှာ ကြာကြာလေး နေစေချင်လို့ ဆွေမျိုး ဆိုတဲ့အကြောင်းပြချက်နဲ့ ချစ်သူ ရည်းစားမထားသာအောင် ကာဆီး ကာဆီးလုပ်နေတာပါ၊ အဖေဆုံး သွားတာလည်း ကြာပြီဆိုတော့ အမေတစ်ယောက်တည်း အထီးကျန် ဖြစ်မှာကိုလည်း စိုးရိမ်နေပုံရပါ တယ်”
ယခုတော့ အမေဆုံးသွားတာ နှစ်ပေါင်းနှစ်ဆယ်မျှ ကြာခဲ့ပါပြီ။ ကျွန်တော်၏ သားသမီးများ မြင့်မြင့် မားမား ရည်မှန်းထားသည့်အတိုင်း ဖြစ်မလာသောအခါ သူငယ်ချင်း တိရစ္ဆာန်ဆရာဝန်၏ ပုံခိုင်းရိုင်းရိုင်း ကို ကြားယောင်လာမိသည်။ မုံရွာ အလုံသူချစ်ဇနီး၏ ဆွေစဉ်မျိုးဆက် အပေါ် သံသယဝင်ချင်လာမိ သည်။
”အချစ်ရေ အချစ်ရဲ့ဘိုးဘေး ဘီဘင်တွေထဲမှာ ဒေါ်ခိုဥ၊ ဒေါ်ခိုနု ရဲ့မောင် ဖိုးရွှေကြူဆိုတာများ ရှိခဲ့ဖူး ပါလားကွယ်”
ခြိမ့်သဲ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။