Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, August 28, 2013

လက်ရှိ မြန်မာ ပြည်မှာ သမ္မတ လုပ်ချင်တယ်လို့ ပြောနေသူတွေ အတိတ်ကြောင်း ကို ပြန်ကြည့်ရအောင်။

 
Blue Peace
လက်ရှိ မြန်မာ ပြည်မှာ သမ္မတ လုပ်ချင်တယ်လို့ ပြောနေသူတွေ အတိတ်ကြောင်း ကို ပြန်ကြည့်ရအောင်။
ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလန်နိုင်ငံသားနှင့် အိမ်ထောင်ကြပြီး သား(၂)ယောက် ထွန်းကား ခဲ့တယ်။
ပြည်ပမှာနေစဉ် မြန်မာနိုင်ငံသား လက်မှတ်ကိုသာ ကိုင်ဆောင်ပြီး ရှစ်လေးလုံး အရေးတော်ပုံတွင် ဒီမိုကရေစီ တိုက်ပွဲတွင် ပါဝင်ခဲ့သလို နောက်ပိုင်း သူမအတွက်ရရှိတဲ့ ဆုကြေးများဖြင့် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး ဖောင်ဒေးရှင်းများ ထောင်ပြီး အများအကျိုး လုပ်နေတာ အများ အမြင်ဖြစ်တယ်။

ဦးသိန်းစိန် နဲ့ ဦးရွှေမန်း။
အရင်က သူတို့ ဘာတွေ လုပ်ခဲ့သလဲ။ လက်ရှိ ဘာတွေ လုပ်နေသလဲ။
တချိန်က တိုင်းပြည် ဖျက်ခဲ့တဲ့ ဦးနေ၀င်း-အာဏာရှင် လက်အောက်မှာ အမှုထမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေ။

ဦးသန်းရွှေလက်ထက်မှာတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်က ငပုတောမြို့နယ်၊ကျုံကူး ဆိုတဲ့ ရွာသား ဦးသိန်းစိန်က State Peace and Development Council မှာSecretary-2 ရာထူးကို 2003 မှာရခဲ့တယ်။ 2004, မှာ ဦးခင်ညွန့် ရာထူးဖြုတ် အဖမ်းခံ ၊ ထောင်နန်းစံရတော့ Secretary-1 ကို ရခဲ့တယ်။

12 October 2007 မှာရုတ်တရက် ကွယ်လွန်သွားတဲ့ ၀န်ကြီးချုပ် စိုးဝင်း( တရုတ်အစိုးရ ဆီမှာ မြန်မာပြည်တွင်းနေ တရုတ်တွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ အကာအကွယ် ပေးပါမယ်လို့ လက်မှတ်ထိုးခဲ့သူ) နေရာမှာ အစားထိုး နေရာရလိုက်တဲ့ စစ်ယူနီဖောင်းဝတ်- ၀န်ကြီးချုပ် ဖြစ်ပြန်ရော။

၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ(ဦး)ရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော် ပုံကြီးကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းတုန်းက ဗိုလ်မှူးအဆင့်ပဲ ရှိပါသေးတယ်။
၁၉၈၉ ခုနှစ်မှာတော့ ကရင်လက်နက်ကိုင်တွေကိုတိုက်ရာမှာ အစွမ်းပြနိုင်ခဲ့လို့ သူရ ဘွဲ့တံဆိပ်ကို ရခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အထိ ရာထူးဆက်တိုက် တိုးမြှင့်ခံခဲ့ရတယ်။
၁၉၉၁ မှာ တပ်မ ၆၆ ရဲ့ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ်မှာ ဗိုလ်မှူးချုပ်အဆင့် တိုးမြှင့်ခံရပြီး ရန်ကုန် လုံခြုံရးကို တာဝန်ယူတဲ့ တပ်မ ၁၁ ရဲ့ တပ်မမှူးဖြစ်လာတယ်။
နောက်တနှစ်အကြာ ဧရာဝတီတိုင်းပုသိမ်မြို့မှာ အနောက်တောင်တိုင်း တိုင်းမှူး ဖြစ်လာပြီး နအဖ စစ်ကောင်စီရဲ့ ယာယီအဖွဲ့ ၀င်ဖြစ်လာတယ်။
၂ဝဝဝ ပြည့်နှစ်မှာတော့ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့အမြဲတမ်းအဖွဲ့ ဝင် ဖြစ်လာခဲ့သူ။

၂၀၁၀ အရောက်မှာတော့ သူတို့ ၂ ဦးဟာ စစ်ယူနီဖောင်းလဲပြီး ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး အသင်းကြီးကို ထာဝရ လူမှုရေး လုပ်ငန်း လုပ်ပါမယ်လို့ တိုင်းပြည်ကို အကြိမ် ထောင်ချီ ဂတိပေးခဲ့ပေမယ့် လက်တွေ့ မှာတော့ ကြံခိုင်ရေး ပါတီ အဖြစ်မျက်နှာပြောင်တိုက် ပြောင်းလဲကာ စစ်တပ် အားကိုးနဲ့ သေနတ်မိုးပြီး ကြိုတင်မဲ ညစ် စနစ်နဲ့ ရွေးကောက်ပွဲနိုင်ကာ ၀န်ကြီးချုပ်နဲ့ လွှတ်တော် ဥက္ကဌ ဖြစ်လာခဲ့ကြ သူတွေပါ။

အင်တာနက်သတင်းတွေမှာရော၊ ဝေဖန်ရေးသမားတွေ နှုတ်ဖျားမှာရော သမ္မတကြီးဦးသိန်းစိန် နဲ့ ဇနီးဒေါ်ခင်ဝင်းရဲ့ သမီး သုံးယောက် ဘာလုပ်နေတယ်၊ ဘာတွေ ပိုင်ထားတယ် ဆိုတာ ဖော်ပြထားတာ မရှိပေမယ့် သူတို့ ပိုင် မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲဆိုင် ဆိုင်လေးတော့ ရောင်းကောင်းကြောင်း သတင်းကြားရတယ်။

သမ္မတကြီးဦးသိန်းစိန် ရဲ့ ဇနီးဒေါ်ခင်ဝင်းက အောင်မင်္ဂလာ အဝေးပြေးဝင်းထဲမှာ ဆိုင်ခန်းတစ်ခန်း လချုပ်နဲ့ငှါးပြီး ဆိုင်ဖွင့်ချင်တယ်လို့ ပြောတာကို ညွှန်းပြီး ရေးကြ၊ ပြောကြတာလို့လဲ သတင်းထွက်တယ်။

မြန်မာပြည်မှာ (၂၀၁၁)သြဂုတ်လအထိ တာဝန်ထမ်းခဲ့တဲ့ အမေရိကန်သံတမန် လယ်ရီဒင်ဂါက "စစ်တပ်နဲ့ နီးစပ်တဲ့လူတွေကြားထဲမှာ ဦးသိန်းစိန်ဟာ တခြားလူတွေထက်စာရင် လူကောင်းတယောက် ဖြစ်တယ်၊ အဂတိလိုက်စားမှုကင်းတဲ့ လူလို့ ယူဆကြတယ်" လို့ ပြောကြောင်း (နယူးယော့ခ်တိုင်းမ် ပင်တိုင် ဆောင်းပါးရှင် THOMAS FULLER ရေးသည့် A Most Unlikely Liberator in Myanmar (March 14, 2012 )ဆောင်းပါးမှာ ရေးတယ်၊

ဦးရွှေ မန်း သတင်းကတော့ အနံ့ထွက် လွန်း လှတယ်။
ဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်း ကတည်းက သားကြီး သြရသ အောင်သက်မန်းရဲ့ ဧရာရွှေဝါကုမ္ပဏီဟာ ဧရာဝတီတိုင်း တတိုင်းလုံး အတွက်မြေသြဇာ ရောင်းချခွင့် လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ဝင်ငွေလမ်းဖြောင့်ခဲ့တယ်။
၂၀၀၁ ခုနှစ်မှာ လယ်ဧကသုံးသောင်းကျော်ကို ကုမ္ပဏီပိုင်လုပ်ခဲ့လို့ လယ်သမား တချို့ အလုပ်လက်မဲ့ဖြစ်ခဲ့တယ်။
၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူးလက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ဘင်္ဂလားဒေရှ့် ကို ဆန်တင်ပို့ရောင်းချခွင့် လိုင်စင်ရခဲ့ပါတယ်။

ဒါဟာ ပုဂ္ဂလိကကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါ ကုမဏီနဲ့လက်ခွဲ ကုမ္ပဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသော ကုမ္ပဏီတို့နဲ့အပြိုင် စပါးပေး (စိုက်ပျိုးစရီတ်ချေးငွေ) ကို လယ်သမားများထံ ထုတ်ချေးပြီး နိုင်ငံတော်မှ ချေးသလို စာချုပ်ချုပ် ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့ လယ်များကို တရားရုံးမှ တစ်ဆင့်သိမ်းယူသော အလုပ်များ (ခေတ်သစ် ချစ်တီးကဲ့သို့) အများအပြား လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်တယ်။

ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ ထူးကုမ္ပဏီနဲ့ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်းဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများတင်သွင်းခြင်း၊ ရွှေတူးဖော်ရေးလုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန်စတဲ့ ပစ္စည်းတွေကို တင်ပို့ရေး အပြင် လောင်စာဆီ တင်သွင်း ရောင်းဝယ်ခြင်း လုပ်ငန်းတွေကိုလုပ်ကိုင်နေပါပြီ။

မိုးကုတ်နဲ့ဖားကန့်မှာလည်း ကျောက် တူးဖော်ရေးလုပ်ငန်းတွေအကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက် အမြောက်အမြားပိုင်ထား တယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့သြစတြေးလျမှာ ကွန်ဒိုတွေဝယ်ထားပြီး အမေရိကန်ရဲ့ဆန်ရှင် ကိုရှောင်ဖို့ မလေးရှားနဲ့ထိုင်းကဘဏ်တွေမှာ ငွေစာရင်းဖွင့်ထားတယ်လို့ အတွင်းသိတွေကဆိုတယ်။

--ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း( ခေါ်) မန်းကိုကို ကလည်း စီးပွားရေးအသိုင်းအ၀န်းနဲ့ အဆက် အသွယ်ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာကြွယ် ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီး ဇေဇင်လတ် နဲ့ထိမ်းမြား ထားတာ မဟုတ်လား။ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။ ဦးခင်ရွှေ ဟာ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း စသည့်စီးပွားရေး လုပ်ငန်းအများအပြား ပိုင်ဆိုင်ထားသည်မှာ တိုင်းပြည်က မသိချင်အဆုံးဖြစ်နေတယ်။

ကိုင်း - နိုင်ငံတော် သမ္မတ ရွေးကောက် ခံမယ့်သူတွေကို ပိုင်ဆိုင်မှု စစ်တမ်းကောက်ရင် အမှန်ကိုဖော်ပြ နိုင်ကြပါမလား။
သမ္မတကြီး ဦးသိန်းစိန်နဲ့ မိသားစုက မုန့် ဟင်းခါး ဆိုင်လေး ပိုင်ပါတယ် ဆိုရင် ယုံကြပါ့မလား။

လွှတ်တော်ဥက္ကဋ္ဌကြီးအနေနဲ့ တကယ်လို့များ ပိုင်ဆိုင်မှုစာရင်းကိုကြေညာတဲ့အခါ “ကျနော့်သားတွေပိုင်တာ ကျနော်ပိုင်တာ မဟုတ်ဘူး”လို့ အရူးကွက်နင်းရင်တော့ အကောင်းဆုံး ပျက်လုံးကြားရမယ့် လူတိုင်းက ကမ္ဘာမှာ ရီစရာ အကောင်းဆုံး ဖြစ်တော့မယ်။

သမ္မတကြီး ကောင်းကွက် ရှာကြည့်လျှင် --
နိုင်ငံတော်သမ္မတ၏ လစာနှင့် ပတ်သက်ပြီး Myanmar Post Journal မှ မေးမြန်းချက်။ကို ဖြေကြားရာမှာ။။-
"သမ္မတလစာဘယ်လောက်ရလဲ မေးရရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိန်းငါးဆယ် ရပါတယ်။ ကျွန်တော်သာ သိန်းငါးဆယ်ယူလိုက်ရင်တော့ ဒီနေ့ယူ မနက်ဖြန် ပြုတ်မယ် နဲ့တူတယ် ကြည့်ရတာ။ တိုင်းပြည်က ဒီလောက် စီးပွားရေးက ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ အခါမှ ကျွန်တော်ဘယ်လိုလုပ် ယူရက်မလဲ။ အရင် နယက အစိုးရလက်ထက် ပေးနေတဲ့ လစာတွေ ရှိပါတယ်။ နိုင်ငံအကြီးအကဲက ကျွန်တော်ထင်တယ် ဆယ့်ငါးသိန်း ထင်တယ်။ ဆယ့်ငါးသိန်းပါပဲ။ ဆယ့်ငါးသိန်းနဲ့ သိန်းငါးဆယ် ဆိုရင် အင်မတန်မှ ကွာပါတယ်။ အဲဒီတော့ ဒါဆိုရင်ရပါပြီ ဟုတ်လား"- ဟုဆိုခဲ့ပြန်သည်။
အမှန်ပင်လော။
သမ္မတကြီးကိုယ်တိုင်နှင့် နတ်ဒေဝါ တန်ခိုးရှင်တို့သာ သိနိုင်မည် ထင်၏။

ထိုအချက်ကိုထောက်၍ ဦးသိန်းစိန်အားသမ္မတ ရွေးချယ်လျှင်သင့်လျှော် မည်လား။
ကျန်းမာရေး မကောင်းလို့ သမ္မတ ရာထူး ဆက်မယူပါဘူး ပြောလို့ပြီး ကာမှ၊ ပြည်သူက ဆက်တာဝန် ယူစေချင်ရင် (ကျန်းမာရေးလည်း ကောင်းရင်)သမ္မတ ဆက်လုပ်ပါဦးမယ်ဟု အရူးချေးပန်း ရှေ့ နောက်မညီ၊ လှေနံ နှစ်ဘက်နင်း ဆိုပြန်သည်ကို လေးစားဖွယ်ကောင်းလေသဖြင့် သမ္မတအဖြစ် ကို ပြန်လည် ရွေးချယ်လျှင်သင့်လျှော် မည်လား။

ဦးရွှေမန်းက သမ္မတဖြစ်မှ ပြည်သူ၏ အကျိုးကို ပိုမိုဆောင်ရွက်နိုင်မည် အကြောင်းပြ ပြောဆိုသဖြင့် သမ္မတအဖြစ် ကို ရွေးချယ်လျှင်သင့်လျှော် မည်လား။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် အကျိုး ပြည်သူ့ အကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်ရန်အတွက် ပိုမို လုပ်ပိုင်ခွင့်ရှိရန် ဆိုလေသဖြင့် သမ္မတအဖြစ် ကို ရွေးချယ်လျှင်သင့်လျှော် မည်လား။


အို-- မြန်မာပြည်သား အပေါင်းတို့-။
အကယ်၍ ဦးရွှေမန်း သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် တဦးဦး သမ္မတ ဖြစ်ခဲ့ပါက ဇူဇကာထုံး နှလုံးမူကာ လက်သံပြောင်ပြောင်နှင့် လယ်သမားတို့ မြေကို သိမ်းယူခြင်း၊ ခရိုနီအဖြစ် မိဘ ရာထူးဝိတ်၊ မလျှော်သြဇာကို သုံးကာ နိုင်ငံ စီးပွါးရေး လုပ်ငန်းများကို လက်ဝါးကြီးအုပ်ခြင်း၊ ပြည်ပဘဏ်များသို့ ငွေကဲ့ ခိုးဝှက်အပ်နှံခြင်း၊ တိုင်းပြည်နှင့် လူမျိုးအပေါ် အရှက်မဲ့စွာဖြင့် ဦးရွေမန်း၏ သား ၂ ယောက်က လုပ်နိုင်ကြမည်လော၊
ဒေါ်အောင်ဆန်းစုကြည်သား ၂ ယောက်က လုပ်နိုင်ကြမည်လော။

(((ဖိုးသောကြာ))))

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။