Popular Journal
" ကလေးတွေမရှိရင် ကမ္ဘာကြီးမဖြစ်ပါဘူးဆိုလာသူ
ဆရာမ အမရာ (ဆေး- ၁) "
============================
ကလေးသူငယ်လို့ ပြောလိုက်တာက ကမ္ဘာကြီးတစ်ခုလုံးကို ကိုယ်စားပြုသလိုပဲလို့ ဆိုလာသူကတော့ စာရေးဆရာမ အမရာ(ဆေး-၁)ပဲဖြစ်ပါတယ်။
" စပြီး သန္ဓေတည်ကတည်းက အရေးကြီးပါတယ်။ ဗီဇကအရေးကြီးသလား၊ ပတ် ဝန်းကျင်က အရေးကြီးသလား အမြဲအငြင်းပွားတဲ့ Issue တစ် ခုဖြစ်နေပါတယ်။ ဒါပေမဲ့ စပြီး သန္ဓေတည်ကတည်းက အရေး ကြီးပါတယ်။ ကလေးသူငယ် တွေရှိမလာဘဲ ကမ္ဘာမဖြစ်ပါ ဘူး။ We are the world, We are the children ဆိုသလိုပေါ့။ လူသားတွေ ဖြစ်လာအောင်
ကလေးဘဝကစပြီး အဖေ၊ အမေ၊ ပတ်ဝန်းကျင်ရဲ့ ပြုစု ပျိုးထောင်မှုဟာလိုပါတယ်။ ကလေးတွေကို ကောင်းတာပေး ရင် ကောင်းတာပြန်ရမှာပဲ။ တအား ကြီးလည်းတွန်းအားပေးလို့ မရ ...
ဘူး။ ဆယ်ကျော် သက်အရွယ်မှာလည်းလူငယ်တွေ အပေါ်မှာ အကိုင်အတွယ်တတ်ဖို့လိုပါ တယ်။

ကလေးသူငယ်ဘဝ ကတည်းက ပြုစုပျိုးထောင်လာပြီး ကောင်း
ကောင်းလေးပေးထားရင် ကောင်း တဲ့ကလေးတွေဖြစ်လာမှာပဲ" လို့ ဆိုသူဆရာမအမရာ(ဆေး- ၁) ကို ငယ်ရွယ်စဉ်ဘဝမှာ ကြောက်ရွံ့ ထိတ်လန့်ဖွယ် အဖြစ်ဆိုးတွေ နဲ့ ကြုံတွေ့ရတဲ့ ကလေးငယ်တွေ ရဲ့ စိတ်ဒဏ်ရာ အခြေအနေ တွေနဲ့ပတ်သက်ပြီး မေးကြည့် တော့ " နည်းနည်းလေးထိခိုက် တာမဟုတ်ဘူး။ အများကြီး ထိ ခိုက်တယ်။
ဒီလိုအဖြစ်ဆိုးတွေ က သူတို့အနေနဲ့ ဘယ်လိုမှ ဖျောက်ဖျက်လို့ရမှာ မဟုတ် သလို ပြန်အစားထိုးလို့လည်း ရနိုင်မှာမဟုတ်ဘူး။ မဖြစ်လာ အောင် တားဆီးဖို့ပဲလိုတယ်။ ဖြစ်လာပြီးပြီဆိုရင်တော့ အနည်း နဲ့အများ
ဒါတွေဟာ အတိတ် မည်းတွေလိုဖြစ်သွား ပြီ။ အဲဒီတော့ အန္တ ရာယ်ရှိတဲ့ ကလေး တွေ ဖြစ်လာနိုင် တယ်။ အဲဒီတော့ ဒီ အရေးကို ကြိုတင် ကာကွယ်ဖို့လိုတယ်။သို့သော်ထိခိုက်စရာ တွေလည်းရှိခဲ့တယ်။ အဲဒီတော့ ဒါမျိုးတွေ ထပ်မဖြစ်အောင် ကာကွယ်ဖို့ ပဲလိုတယ်" လို့ ကလေးတွေကို စောင့်ရှောက် ရမယ့် အကြောင်းကို အမရာ (ဆေး-၁)က ပြောပါတယ်။
ကလေးသူငယ်တွေအတွက် ပိုမို ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ကောင်း တစ်ခုဖန်တီးနိုင်ဖို့နဲ့ ပတ်သက်ပြီးလည်း အမရာ (ဆေး-၁)က " လူကြီးတွေက သူတို့ကိုယုံရမယ်၊ လေးစား ရမယ်၊ အားကိုးရမယ်။ ငါလူ ကြီးပဲ၊ ပြန်မပြောနဲ့ဆိုတာမျိုးက အောက် သွားပြီ။ မရတော့ဘူး။ သူတို့ကို ကိုင်တွယ်တတ်ရမယ်။
သူတို့ အချင်းချင်းတစ်ယောက်နဲ့
တစ်ယောက်ပြန်ပြီးမျှဝေတဲ့ စနစ် ကို သုံးရမယ်။ သူတို့အချင်းချင်း သူတို့တွဲခေါ်ပြီး ပြန်လည်ပျိုး ထောင်တဲ့ စနစ်မျိုးက ပိုမိုထိ ရောက်မယ်လို့ထင်ပါတယ်" ဆိုတာကို
ဆရာမ အမရာ (ဆေး- ၁) က ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး ပြောပြပေးခဲ့ပါတယ်။
ရဲရဲ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။