Myanmar News Update
မေးခွန်း : 'အချစ် (၁၅၀၀)'ဆိုသည်မှာ အဘယ်နည်း?
အ သေး စိတ် ရှင်း ပြ ပါ (၁၀ မှတ်)
အ ဖြေ
အ သေး စိတ် ရှင်း ပြ ပါ (၁၀ မှတ်)
အ ဖြေ
ပုံမှန်ကျောင်းသား
အချစ်သည် ဘဝဖြစ်သည်
သို့သော် အချစ်ကနာကျင်စေသည်
( ရမှတ်=၂ မှတ် )
ပုံမမှန်ကျောင်းသား (ဆေးကျောင်းသား):D
အချစ်ဆိုသည်မှာ
မိန်းမ တစ်ယောက်နှင့်ယောင်္ကျားတစ်ယောက် ကြားဖြစ်ပေါ်လေ့ရှိသော နှလုံးသားချင်း ဆက်သွယ်မှု အ ခြေ အ နေ တစ် ခု ဖြစ် သည်
အ ခြေ အ နေ ပေါ် မူတည်ပြီး အချစ်က ပျော် ရွှင် စေ သည် ။ နာကျင် စေ တတ် သည် ။
တစ်ခါတစ် ရံ အသက်ကိုပါ အန္တရာယ် ဖြစ်စေသည်။
အမျိုးအစား
နှစ်မျိုးရှိသည်
၁။တစ်ဖက်သတ် အချစ်
၂။နှစ်ဖက်သတ် အချစ်
အသက်အရွယ်
များသောအားဖြင့် လူငယ်တွေမှာ တွေ့ရ လေ့ ရှိပြီး အခုခေတ်မှာတော့ အသက်အရွယ် မ ရွေး
တွေ့မြင် လာ နိုင် ပါ ပြီ
(ရောဂါ)လက္ခဏာများ
၁။ညအိပ် မ ပျော် ဖြစ် ခြင်း
၂။စိတ်ဖိစီးမှုဖြစ်ခြင်း
၃။စိတ်ကူးယဉ်ခြင်း
၎။ဖုန်းစွဲလန်းခြင်း
အချစ် ရှိမရှိကို အောက်ပါ အရာများဖြင့် စမ်းသပ်သိ ရှိ နိုင် သည် (Diagnosed By)
၁။ ဖုန်း
၂။ ရည်းစားစာ
၃။အမှတ်တရ နှစ်ယောက်တွဲဓါတ်ပုံများ (သို့)
တစ်ဖက်သတ် ခိုးယူထားသော ဓါတ်ပုံများ
ကုသနည်း
အ ဖေ ဖြစ် သူ ၏ ခါးပတ်ဖြင့်သော်လည်းကောင်း သို့တည်းမဟုတ် အ မေ ဖြစ် သူ ၏ ဖိနပ် ဖြင့်သော်လည်းကောင်း ရိုက်နှက် ဆုံးမ ကုသနိုင် သည်
(ရမှတ် = ၁၀ မှတ် )
ဘဝ အ မော ပြေ နိုင်ကြပါစေ
ဒိုင်ယာရီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။