Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 31, 2014

အရှက်ကုန် ကိုယ်ကျိုးစီးပွားကာကွယ်သူများ


အရှက်ကုန် ကိုယ်ကျိုးစီးပွားကာကွယ်သူများ
------------------------------------------------
ကိုယ်ကျိုးစီးပွားဆိုသည်မှာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံ စသည်ဖြင့်တွင်ရှိကြသည်ချည်းဖြစ်ပါသည်။ လောကပါလတရားများကိုဆန့်ကျင် ထိခိုက်ခြင်းမရှိဘဲ မိမိနှင့် သက်ဆိုင်ရထိုက်သည့် ကိုယ်ကျိုးစီးပွားကိုရယူခြင်းဖြင့်သာ မိမိတို့၏ လူသားဆန်မှုကို ဖော်ပြရာရောက်ပါမည်။ လူသားစင်စစ်ဖြစ်ပါလျှက် လောကပါလတရား၏ပြဋ္ဌာန်းချက်ထက်ကျော်လွန်ဆန့်ကျင်သော ကိုယ်ကျိုးစီးပွားများကို ရယူထားသည့်အပြင် ထိုသို့ရယူထားရာတွင်လည်းကျန်သူ၊ ကျန်အဖွဲ့အစည်း၊ ကျန်တိုင်းပြည်နိုင်ငံတို့၏တရားသဖြင့်ရပိုင်ခွင့်ရှိမှုကို မလေးစားစော်ကား၊ ဥပဒေကိုမျက်ကွယ်ပြုပြီးမှ အစွမ်းကုန်ဆန့်ကျင်ပြီးမှ ရယူပိုင်ဆိုင်ထားခဲ့သည်ဆိုလျှင်ကား.....။

ချင်းတောင်တန်းပေါ်က သာမောဖွယ်ရာ အသည်းနှလုံးပုံသဏ္ဌာန် ရိဒ်ရေကန်


ချင်းတောင်တန်းပေါ်က သာမောဖွယ်ရာ အသည်းနှလုံးပုံသဏ္ဌာန် ရိဒ်ရေကန်
==============================================

AB

ပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့နယ်ခွဲရှိ ချင်းတောင်တန်း ပေါ်တွင် ရိဒ်ရေကန်ကြီးသည် မြောက်လတ္တီတွဒ်၂၃ဒီဂရီ ၁ဝမိနစ်နှင့်၂၃ဒီဂရီ ၂၃မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၄မိနစ်နှင့် ၉၃ဒီဂရီ ၃၂မိနစ်ကြားတွင် တည်ရှိ ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၉၆၆ပေမြင့် သော တောင်တန်းများအကြားတွင် ထူးဆန်းစွာ သဘာဝ အလျောက်ဖြစ်ပေါ်တည်ရှိကာ အသည်းနှလုံးပုံသဏ္ဌာန် သဖွယ် မြင်တွေ့ရသည်မှာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ ပေါ်တွင်ရှိသမျှ ရေကန်များနှင့်မတူဘဲ တစ်မူထူးခြားစွာ ဆန်းကြယ်လှသည့် ရေကန်ကြီးဖြစ်သည်။

အကြင်နာအင်အား


အကြင်နာအင်အား
____________

အိန္ဒိယနိုင်ငံမြောက်ဘက်ဒေသမှာ ကယ်ရီမားလို့ခေါ်တဲ့ ရွာတစ်ရွာရှိတယ်။ အဲဒီရွာကမြေဟာ ကျတ်တီးမြေဖြစ်တာကြောင့် ဘာမှစိုက်ပျိုးမဖြစ်ထွန်းခဲ့ဘူး။ ရွာသားတွေဟာ ဆင်းရဲလွန်းလို့ နပ်မှန်အောင် မနည်းကြိုးစားရတယ်။ ရွာနဲ့မနီးမဝေးတစ်နေရာမှာ လမ်းမကြီးတစ်ခုရှိပြီး အဲဒီလမ်းမကြီးမှာ ကားတွေဟာ မကြာခဏဆိုသလို ပျက်နေခဲ့တယ်။

တစ်ခါက စည်သွပ်ဗူးတွေတင်ထားတဲ့ကားတစ်စီးဟာ အဲဒီလမ်းမတစ်နေရာမှာ တိမ်းမှောက်ပြီး ချောင်းထဲကျသွားခဲ့တယ်။ ကားဆရာဒဏ်ရာရလို့ ကားတစ်စင်းနဲ့ ဆေးရုံကိုပို့နေတုန်းမှာ ကားပေါ်ကကုန်တွေကို ကြည့်မယ့်လူ မရှိခဲ့ဘူး။ ဒါကို ရွာသားတွေတွေ့တော့ စည်သွပ်ဗူးတွေကို အိမ်ခိုးသယ်ကြတယ်။ အဲဒီလိုနဲ့ အိမ်တိုင်းအိမ်တိုင်း ရက်တော်တော်ကြာ စားစရာတွေရှိခဲ့ကြတယ်။

"ကောင်းသော စေ့ဆော်မှုဖြင့် ဘဝကို ထိန်းခြင်း "


"ကောင်းသော စေ့ဆော်မှုဖြင့် ဘဝကို ထိန်းခြင်း "

လူဆိုတာ မိမိဘဝကို တိုးတက်အောင် လုပ်ရင်း ပတ်ဝန်းကျင်ကို ဖြတ်ကျော် ကြရတယ်။ အဲဒီလိုအခါမျိုးမှာ ပတ်ဝန်း ကျင်ကလူတွေကို သင်ယုံကြည် ကြောင်း၊ လေးစားကြောင်း၊ ဂရုစိုက်ကြောင်းကို အခါမလပ် ပြသနေသင့် တယ်။ မိမိရဲ့ ဂရုစိုက်မှုကြောင့် မိမိပတ်ဝန်းကျင်က မိမိကို ဝန်းရံကူညီပေးဖို့ ရှိနေကြမှာ ဖြစ်တယ်။
သူတို့ကို အသိအမှတ်ပြုပါ။ သူတို့ ဆီက သဘောထားတွေ၊ အကြံဥာဏ် တွေကို မှတ်သားရယူပါ။ သူတို့ရဲ့ အစွမ်းအစ တွေကို ဖော်ထုတ်ခွင့်ပြု သလို မိမိအနေဖြင့် အသိအမှတ်ပြု ကြောင်း ကိုလည်း ပြသဖို့မမေ့ပါနဲ့။ ဒီလို စေ့ဆော်မှုကြောင့် ပတ်ဝန်းကျင်ကလူ တွေအနေနဲ့ မိမိအတွက် ထူးထူးချွန်ချွန် ဆောင်ရွက် ပေးချင်စိတ် တွေဖြစ် ပေါ်လာမှာ ဖြစ်တယ်။

Wednesday, October 29, 2014

ဒေါ်လာဈေးတက်လို့ အကျိုးဆက် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ


ဒေါ်လာဈေးတက်လို့ အကျိုးဆက် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ
================================================

- မောင်သန်းနိုင်၊ အာကာ

လေးနှစ်တာကာလအတွင်း ကျပ် ၈၃ဝ မှ ကျပ် ၉ဝဝ ကျော်ဝန်းကျင်အ တွင်းရှိ ပြည်တွင်းနိုင်ငံခြားသုံးငွေ(အမေရိကန်ဒေါ်လာ)ဈေးကွက်တွင် ယခုအောက်တို ဘာနောက်ဆုံးပတ်မှစတင်ကာ ကျပ်၁ဝဝ၅ ကျပ်ဝန်းကျင်ခန့်သို့ မြင့်တက်လာသည်။

ယခင်က မြန်မာနိုင်ငံတွင် နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားများကို တရားဝင် ခြောက်ကျပ်နှုန်းဖြင့်သာ ဆောင် ရွက်ခဲ့ရသည်။ သို့သော် အစိုးရသစ်လက်ထက် တွင် နိုင်ငံခြားသုံးငွေ လဲလှယ်ရေးကောင်တာ များကို တရားဝင်ဖွင့်လှစ်ခွင့်ပေးပြီးနောက်ပိုင်းတွင် သမ္မတရုံးဝန်ကြီးတစ်ဦးက ပြည်တွင်း ဒေါ်လာဈေးနှုန်းများကို ယခင်ခြောက်ကျပ် အဖြစ်သုံးစွဲရာမှ ကျပ်တစ်ထောင်ဝန်းကျင် သို့ ပြောင်းလဲသုံးစွဲမည်ဟု ဆိုခဲ့သည်။ 

ကောလာဟလ မရှိလို့ အခုချိန်ထိ အေးဆေးပဲ ဆိုတဲ့ အိုင်းရင်းဇင်မာမြင့်


အဆိုတော် အိုင်းရင်းဇင်မာမြင့် (ဓာတ်ပုံ - Pyi Chan (PCP – Studio)
အိုင်းရင်းဇင်မာမြင့်ဟာ ဂီတလောကမှာ “ယိမ်းလိုက်” ဆိုတဲ့ တကိုယ်တော်အခွေ ထွက်ရှိထားပြီး "  နှလုံးသား အရင်းအနှီး" ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလာခဲ့ပါတယ်။ သူမရဲ့ ပါဝါအားကောင်းကောင်း၊ ကိုယ်ပိုင်ဟန်အပြည့်နဲ့ သီဆိုဟန်ကြောင့် ပရိသတ်က အချိန်တိုအတွင်း သတိထားမိခဲ့တာ ဖြစ်ပါတယ်။  ဒါကြောင့်  အနုပညာလောကမှာ သူမ ကျင်လည်ရတဲ့ အခက်အခဲ၊ ရုန်းကန်မှုတွေ၊ သူမရဲ့ ခံယူချက်တွေနဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းထောက် မြတ်သူအောင်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဘ၀မှာ


 
 

ဘ၀မှာ ကိုယ့်ထက် မြင့်မားတယ်ဆိုတဲ့လူတွေက ခေါင်းတစ်လုံးပိုမမြင့်ပါဘူး၊ ကိုယ့်ထက် ရှေ့ ရောက်တဲ့လူတွေက ခြေတစ်ဖက်မပိုပါဘူး၊ ကိုယ့်ထက်
ပိုပြီးရယူပိုင်ဆိုင်နိုင်တဲ့လူတွေက လက်တစ်ဖက်ပိုမပါပါဘူး။ ကိုယ့်ထက် ပိုပြီးတိုးတက်ပြောင်းလဲတဲ့လူတွေက တကယ်တော့လူထူး၊ လူဆန်းတွေမဟုတ်
ကြပါဘူး။ သူတို့ မှာ ကိုယ့်ထက်ပိုတာဆိုလို့  စိတ်အားပြင်းပြထက်သန်မှုတော့ရှိတယ်။

“တကယ့်အချစ်စစ်က လူကိုမရူးသွပ်စေပါ”


“တကယ့်အချစ်စစ်က လူကိုမရူးသွပ်စေပါ”

တလောက နော်ဝေးနိုင်ငံကို ကျွန်မသွားလည်ခဲ့ပါတယ်။ ကျွန်မကို စွဲစွဲမြဲမြဲအမှတ်ရစေခဲ့တာကအဲဒီနိုင်ငံရဲ့လှပတဲ့သဘာဝရှုခင်းတွေ
မဟုတ်ခဲ့သလို မြောက်ပိုင်းဥရောပက ဆယ်ကျော်သက်တွေရဲ့အလှကြောင်
လည်း မဟုတ်ခဲ့ပါဘူး။ လေယာဉ်ပေါ်မှာ နားထောင်ခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကြောင့်ဖြစ်ပါတယ်။

မိတ်ကပ်မကြိုက်တဲ့ သီချင်းများ - ဝေလ


မိတ်ကပ်မကြိုက်တဲ့ သီချင်းများ - ဝေလ
---------------------------------------

အခုတလော မြှီးကောင်ပေါက်မလေးတွေနဲ့ လူငယ်တွေကြားမှာ သူ့သီချင်းတွေက အလွန်ရေပန်းစားနေပါတယ် ။ အစက သူခွေကာဗာကြီးပြီး ဘာလဲဟ ပုံစံက Rapper အထာနဲ့ အယ်လ်ဘမ် Title ကလဲ ‘မိတ်ကပ်မကြိုက်သောသီချင်းများ’ ဆိုတော့ ဘယ်လိုကြီးမှန်းလဲ မသိဘူးပေါ့။ ကိုယ်နားထောင်ချင်တဲ့ ပုံစံမျိုးတွေမဟုတ်လောက် ဘူးဆိုပြီး အဲဒီအခွေကိုဝယ်ဖို့ မပြောနဲ့ တို့တောင် မကြည့်ခဲ့ပါဘူး။ ပြီးမှ သူငယ်ချင်းတယောက်က မိုက်တယ်ဟ နားထောင်ကြည့်ဆိုတာနဲ့ စမ်းကြည့်လိုက်တာ အားပါး ဂွတ် တယ်ဗျ။

Tuesday, October 28, 2014

ထူးထူးခြားခြားမှတ်သားစရာများ


ထူးထူးခြားခြားမှတ်သားစရာများ
======================

၁) ပန်းပွင့်တွေဟာ ဂီတသံတွေကြားရရင် ပိုပြီးမြန်မြန်ကြီးလာပါတယ်...

၂) အင်းဆက်ပိုးကောင်တွေကိုဖမ်းယူစားသောက်တဲ့ Venus fly trap အပင်တစ်ပင်ဟာ Cheeseburger တစ်လုံးကို တောင် အစာချေချက်နိုင်ပါတယ်...

၃) ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂ နှစ်ရှိပါတယ်...

၎) ငှက်ပျောသီးဟာ ရေဒီယိုသတ္တုကြွတဲ့ အသီးဖြစ်ပါတယ်...

၅) ခဲဖျက်တွေမပေါ်ခင်က ခဲတံနဲ့ ရေးသားထားတာတွေကို ဖျက်ဖို့ ပေါင်မုန့်ကို အသုံးပြုခဲ့ကြပါတယ်...

၆) အမျိုးသမီးတွေဟာ အမျိုးသားတွေထက်နှလုံးခုန်နှုန်းမြန်ပါတယ်...

၇) ငှက်ပျောသီးစားထားတဲ့သူတွေနားကို ခြင်တွေပိုလာပါတယ်...

" အောင်မြင်ခြင်းနောက်ကိုချည်းပဲ လိုက်မနေပါနဲ့


သင်အောင်မြင်လာရင် လူတွေ သတိထားမိကြလိမ့်မယ်
သင်ရှုံးနိမ့်သွားရင်တော့ ဘယ်သူမှ သတိထားမိကြမှာမဟုတ်ဘူး

အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ သင်ပေးဆပ်လိုက်ရတဲ့
အရင်းအနှီးကိုတော့ ဘယ်သူမှ စိတ်မ၀င်စားတတ်ကြဘူး 

လူတွေက သင့်ရဲ့ အောင်မြင်ခြင်း ဆိုတဲ့ အရာကိုသာ ကွက်ပြီး စိတ်ဝင်စားကြလိမ့်မယ်
ဒါကြောင့် ပညာရှိတွေပြောခဲ့ကြတဲ့စကားက 

ယောက္ခမကို တိုက်တဲ့ဆေး


 
 

ယောက္ခမကို တိုက်တဲ့ဆေး

အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရပြီး ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရ၊ ရန်ဖြစ်ရ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်သတဲ့။ ယဉ်ကျေးမှုအရလည်း ဖြစ်၊ ဘာသာရေးအရလည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်း ထမင်းခူးပေးရတယ်။ ပြင်ဆင်ပေးရ ပါတယ်။ 

Monday, October 27, 2014

အမေရိကန်နိုင်ငံထုတ် အီဘိုလာဗိုင်းရပ်စ် ရောင်းအားကောင်းဖွယ်ရှိ


Yangon Media Group added 2 new photos.

အမေရိကန်နိုင်ငံထုတ် အီဘိုလာဗိုင်းရပ်စ် ရောင်းအားကောင်းဖွယ်ရှိ
ဝါရှင်တန်
အီဘိုလာ ဗိုင်းရပ်စ်ပိုးဟာ တစ် ကမ္ဘာလုံးကို ထိတ်လန့် ချောက်ချားစေခဲ့ပေမယ့် စီးပွားရေးသမားတွေကတော့ ကြောက်လန့်မှုမရှိတဲ့အပြင် အီဘိုလာနဲ့ စီးပွားရှာ ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။
အမေရိကန် နာမည်ကြီးအရုပ်ကုမ္ပ ဏီ Giant Microbes က အီဘိုလာဗိုင်းရပ်စ် ပိုးကို အရုပ်လုပ်ပြီးရောင်းချခဲ့တဲ့ စိတ်ကူး က အံ့အားသင့်စရာပါ။

အလှစစ်ကို ဖော်ဆောင်နိုင်ခဲ့သူ Turia Pitt


အလှစစ်ကို ဖော်ဆောင်နိုင်ခဲ့သူ Turia Pitt
=============================

Turia Pitt လို့ အမည်ရတဲ့ အမျိုသမီးဟာ သတ္တုတွင်းအင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး သြစတေးလျက အလှပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မော်ဒယ် တစ်ဦး ဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ သူမဘဝမှာ အဆိုးရွားဆုံး ကံကြမ္မာ အခြေအနေ တစ်ခုကို ခံစားခဲ့ရ ပါတယ်။

ယင်းကတော့ မီးလောင်ခြင်းပါ။ ၆၅ ရာခိုင်နှုန်းသော သူမရဲ့ ခန္ဓာကိုယ်ဟာ မီးလောင်သွားပြီး ခွဲစိတ်ကုသမှုပေါင်း ၁၀၀ ကျော်ကို ဆေးရုံမှာ ၈၆၄ ရက်တိတိ ပြုလုပ်မှု ခံယူခဲ့ရ ပါတယ်။ နောက်ဆုံး သူမ ပြန်ရလိုက်တဲ့ ရုပ်ရည်ကတော့ ပုံမှာ မြင်တွေ့ရသလိုပါပဲ။ 

Sunday, October 26, 2014

ထိုင်းနိုင်ငံရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှတရားစွဲ


ထိုင်းနိုင်ငံရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှတရားစွဲ
******************************
ထိုင်းနိုင်ငံမှ ချူဖလာထိုင်းရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှ ဘတ်ငွေသန်း(၁၀၀)ကျော်အကုန်ကျခံရိုက်ကူးထုတ်လုပ်ထားသော မွေခိုင်းအသားပေးအက်ရှင်ဇာတ်ကားတစ်ကားကို မြန်မာနိုင်ငံမှ "မီးကျည်မင်းခေါင်"အမည်ဖြင့်ကြော်ငြာပိုစတာပုံစံတူ ဇာတ်လမ်းဇာတ်အိမ်တစ်ပုံစံတည်းခိုးချထားသည်ကို သိရှိသွားသဖြင့် လျော်ကြေးငွေဘတ်ငွေသန်း(၃၀)ကျော်ရရှိလိုကြောင်း အာဆီယံရုပ်ရှင်အစည်းအရုံးသို့ ဦးတိုက်လျှောက်ထားတိုင်ကြားထားသည်ကိုသိရှိရသည်။

သူနေ့ရာပြန်ထားပါ - Put Back to Original Place


သူနေ့ရာပြန်ထားပါ - Put Back to Original Place
စာရိတ္တကောင်းသူ၊ အောင်မြင်သူများရဲ့ အကျင့်ကောင်းတွေမှာ အတွင်းစိတ်က အဓိကပါ။ ဒါပေမဲ့ အပြင်သဏ္ဍန်ကလည်း လူအမြင်၊ ကိုယ့်အိမ်၊ ကိုယ်အလုပ်အတွက် အရေးကြီးပါတယ်။ သေသပ်ခြင်း၊ စကားပြော၊တိုရင်းလိုရှင်း၊ သူ့များမထိခိုက်စေသောဟာသစကားများ၊ သူ့ဖက်ကိုယ့်ဖက်ကြည့်တတ်ခြင်း ..စသဖြင့်များစွာ ရှိပါတယ်။
.
အခုရေးမဲ့ အကြောင်းကတော့ ". သူ့နေရာပြန်ထားခြင်း " ...ဆိုတဲ့ ရိုးစင်းတဲ့အချက်ကလေးပါ။ အောင်မြင်တဲ့ဘဝကို လျှောက်လှမ်းနေသူများဟာ ..တဆင့်ပြီးတဆင့်တက်ရပါတယ်။ ဘွဲ့ရအောင် ..ဆယ်တန်းအောင်ရပါတယ်။ ဆယ်တန်းအောင်ဖို့.. အလယ်တန်း၊ မူလတန်း ..နှစ်ပေါင်းများစွာ တဆင့်ပြီးတဆင့် တက်လှမ်းရပါတယ်။ 

Saturday, October 25, 2014

“ကိုပါကြီးအား စစ်တပ်မှ သတ်ဖြတ်မှု အသေးစိတ်ကို ဖေါ်လိုက်ပြီ”


ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ကိစ္စနဲ့  ပတ်သက်ပြီး သိန်းစိန်နဲ့  မင်းအောင်လှိုင် အမြန်ဆုံး အမှန်အတိုင်း ဖြေရှင်းပါ။

“ကိုပါကြီးအား စစ်တပ်မှ သတ်ဖြတ်မှု အသေးစိတ်ကို ဖေါ်လိုက်ပြီ”

ကိုပါကြီး စက်တင်ဘာ ၃၀ ရက်နေ့ ၁၁ နာရီ ၃၀ တွင် ဒီကေဘီအေ ကလို့ထူးဖေါ ဌာနမှ ကျိုက်မရောသို့ အဆင့်ဆင့် လာရောက်ခဲ့သည်။

လာရောက်ရသည့်အကြောင်းရင်းမှာ ရန်ကုန်ရှိ မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် ကျင်းပနေသော တိုင်းရင်းသားများလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံတော်အဆင့် အပစ်ခေတ်ရပ်စဲရေး ဆိုင်ရာ ညှိနိုင်းနေသော အစည်းဝေးသို့ အလွတ်တမ်း သတင်းထောက် အနေဖြင့် သတင်းယူရန် ခ၇ီးထွက်ခဲ့ခြင်းဖြစ်သည်။

“ဇလပ်ပုံပြင်”


Cynthia Lynn Lynn added 2 new photos — with Esther Lin Linand 2 others.

“ဇလပ်ပုံပြင်”

ကမ္ဘာပေါ်တွင် မျိုးစိတ်တစ်ထောင်ခန့်ရှိသည့် Rhododendrone ခေါ်ဇလပ်တွေ၌ ဖြူ၊နီ၊ ၀ါ၊ခရမ်း၊ လိမ္မော်၊ ပန်းရောင် စသည်ဖြင့် ရောင်ကွဲများရှိပါသည်။ ထိုဇလပ်ပန်းများကို သူ့ဝိသေသအလိုက် မျိုးစိတ်ကြီး (၅)မျိုးခန့် ခွဲခြားကြောင်းလည်း လေ့လာမှတ်သားမိဖူးသည်။ အာဖရိက၊အမေရိက နှင့် အာရှတွင်သာ ပွင့်တတ်သော ဇလပ်များသည် ချစ်ခင်ချင်စရာ။ အာရှရှိ ဟိမ၀န္တာတောင်ကြောကြီးတွေပေါ်မှာ အထူးသဖြင့် ပေါက်ရောက်သော၊ ဟိမ၀န္တာအတက်အလက် တစ်ခုဖြစ်သည့် ချင်းတောင်တန်းတွေပေါ်မှာ ပျော်မွေ့ရှင်သန်သော ဇလပ်ပန်းလေးများသည် ချင်းတောင်သဘာဝ အလှအပကိုခံစား ဖူးသူတိုင်းအတွက် ပြောပြစရာ ဇာတ်လမ်းတစ်ပုဒ်တော့ ဖြစ်နေပေလိမ့်မည်။

သင် ဘာကို နှစ်သက်လဲ ?


သင် ဘာကို နှစ်သက်လဲ ?
================
ပေးဆပ်ရတာကို နှစ်သက်ရင်
အကျိုးကျေးဇူးတွေ များသထက်များလာပါသတဲ့။
ကျေးဇူးသိတတ်ခြင်းကို နှစ်သက်ရင်
အဆင်ပြေမှုတွေ များသထက်များလာပါသတဲ့။
သူတစ်ပါးကိုကူညီရတာကို နှစ်သက်ရင်
ဖေးမစောင့်ရှောက်မှုတွေ များသထက်များလာပါသတဲ့။
မကျေမနပ်ညည်းတွားပြောဆိုရတာကို နှစ်သက်ရင်
ဦးနှောက်ခြောက်စရာတွေ များသထက်များလာပါသတဲ့။

Friday, October 24, 2014

ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း


 

(တို့ဗမာ ဖေ့စ်ဘွတ်မှ)

ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း
============================================

၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း။ အောက်ပါမိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်၊ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း တစ်ရပ် ဖြစ်သည်။

ရဲဘော်တို့

အိပ်ပျော်နေစဉ် ဘာ့ကြောင့် ဟောက်


Yangon Media Group added 5 new photos.

အိပ်ပျော်နေစဉ် ဘာ့ကြောင့် ဟောက်
===========================
ပေါက်ပေါက်
အမျိုးသမီးများထက် အမျိုးသားများက အိပ်ပျော် စဉ်ဟောက်တတ်ကြပြီး ပျမ်းမျှအားဖြင့် အရွယ်ရောက်သူ အမျိုးသား ၄၅ ရာခိုင်နှုန်းက ဟောက်လေ့ရှိကြပါတယ်။ အိပ်ပျော်နေစဉ်ကိုယ်ဟန်အနေအထား ပုံစံမမှန်ခြင်းကြောင့် နှာခေါင်း၊ လည်ချောင်းစတဲ့ အသက်ရှူလမ်းကြောင်းတစ် လျှောက် တစ်သျှူးများကျဉ်းသွားကာ ဟောက်သံထွက် လာပါတော့တယ်။

သိပ္ပံခေတ်ကိုစိန်ခေါ်နေသော အဖြေရှာ၍မရသော အရာများ


သိပ္ပံခေတ်ကိုစိန်ခေါ်နေသော အဖြေရှာ၍မရသော အရာများ
===========================================
လူသားတို့ သင်ယူလေ့လာနေသည့် သိပ္ပံပညာရပ်သည် သဘာဝတရား၏ လျှို့ဝှက်ချက် မေးခွန်းများကို အဖြေရှာနေသည့် အားထုတ်မှုများဟု ယူဆနိုင်မည် ဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင် ထင်ထင်ရှားရှား ဖြစ်တည်နေသော်လည်း သိပ္ပံပညာရှင်များ ဖြေရှင်းပြ၍ မရနိုင်သည့် သဘာဝ လျှို့ဝှက်ချက် အများအပြားလည်း ရှိနေဆဲဖြစ်သည်။ ယင်းတို့အနက်မှ အထင်ရှားဆုံး အခြေအနေ (၁၀)ခုကို Daily Mail သတင်းစာက ကောက်နုတ် ဖော်ပြခဲ့သည်။

အကြွေပန်း


 

yae Tay Za ဖေ့စ်ဘွတ်မှ..

အကြွေပန်း
***********
အကြွေရယ် စောပေမယ့်
သေငယ်ဇောနဲ့ မျောနေမယ့် အဖြစ်ထက်တော့
ခံသာပါသေးတယ်လေ...

.......တောက်.........
တရားမဲ့ ခွေးမိစ္ဆာတွေကို
တွေးစိတ်က နာကျည်းရင်း
ဘေးချိတ်ထားတဲ့ ဥပဒေတွေက
ဘယ်သူ့အတွက်လဲလို့ မေးခွန်းထုတ်ပါရစေ..။

ဥပဒေမဲ့ ဖမ်းဆီးခြင်းနဲ့
ညှာတာမဲ့ နှိက်စက်ခြင်းအတွက်
ရင်းလိုက်ရတဲ့ တန်ဖိုးက
အဖြူရောင် အနာဂတ်တခုတည်း မဟုတ်ဘူး..
အပြစ်မဲ့ ပြည်သူလူထုရဲ့
မလုံခြုံတော့တဲ့ ရိုးသားမှုတွေ..
မတည်ငြိမ်တော့တဲ့ အနာဂတ်တွေ..
မအေးချမ်းတော့တဲ့ ဘ၀တွေ အတွက်
နိမိတ်ဖတ်ပေး နေသလို
တလောကလုံး
မျှတမှုကို ငံ့လင့်နေကြပြီ။

တပ်မတော်...
ဘာလဲ ? ဘယ်လဲ ?

တရုတ်ကျွန်ဘ၀ကနေ ဘယ်တော့လွတ်မြောက်မလဲ . . ."


ထက် ထိုက် added 2 new photos.

တရုတ်ကျွန်ဘ၀ကနေ ဘယ်တော့လွတ်မြောက်မလဲ . . ."
"ဧရာဝတီမြစ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်မြစ်ကို လက်ညှိုးထိုး ရောင်းစားခံနေရတဲ့ ကျွန်တော်တို့နိုင်ငံ အခြေအနေ၊ ကြွေးတင်ကျွန်ဖြစ်ဆိုတဲ့ စကားဟာ ကျွန်တော်တို့ နိုင်ငံအတွက်တော့ နှစ် ၂၀ အတွင်း မရိုးတဲ့ စကားပုံပါ။ ၁၉၉၅ ၀န်းကျင်က အတိုးမဲ့ချေးငွေဆိုပြီး ၀ယ်ခဲ့တဲ့ တရုတ်သကြားစက်တွေ အခုဘာဖြစ်နေပြီလဲ။ ဒေါ်လာ သန်း ၂၀၀ ပေးရတဲ့ ဒီစက်ရုံတွေလိုပဲ တရုတ်ရဲ့ အတိုးမဲ့ချေးငွေ အားလုံးဟာ တန်ဖိုးတစ်ဝက်သာရှိတဲ့ သူတို့ရဲ့ စက်ရုံအစုတ်တွေကို ဒီမှာလာဆင်ပြီး ရောင်းတာပါ။ ဘယ်နိုင်ငံက ကုမ္ပဏီတွေမှာမှ မရှိတဲ့ ပွဲခကို တရားဝင်ပေးပြီး သက်ဆိုင်ရာ အစိုးရကို လာဘ်ထိုးတာ၊ တရုတ်ကုမ္ပဏီတွေဟာ တရုတ်အစိုးရရဲ့တရားဝင် ခွင့်ပြုချက် ရနေသလားဆိုတာ စဉ်းစားစရာပါပဲ။ ပွဲခ (သို့) တရားဝင်လာဘ်ငွေဟာ Project တွေ ချေးငွေတွေရဲ့ ရာခိုင်နှုန်း ၂၀ နီးပါးအထိ ရှိနေတော့ ဒီတိုင်းပြည်မှ မမွဲရင် ဘယ်တိုင်းပြည်မွဲပြီး ကျွန်ဖြစ်မှာလဲ။

Helen Adams Keller (June 27, 1880 – June 1, 1968)


Helen Adams Keller (June 27, 1880 – June 1, 1968)
_______________

Helen Keller ဟာ အလင်းမမြင်၊ အသံမကြားတဲ့ အမှောင်လောကမှာသာ စမ်းတဝါးဝါးရှင်သန်ခဲ့ရသူဖြစ်တယ်။ ဒါပေမယ့် သူ့ရဲ့မဆုတ်မနစ်ဇွဲလုံ့လနဲ့အရှုံးမပေးတဲ့စိတ်ဓာတ်က ထူးဆန်းအံ့သြမှုတွေကို ဖန်ဆင်းပေးခဲ့ပါတယ်။

၁၉၆၈ခုနှစ် ဇွန်လ၁ရက်နေ့ညနေမှာ Helen Kellerဟာ အိပ်စက်ရင်းနဲ့ ကွယ်လွန်သွားခဲ့တယ်။ သူကွယ်လွန်ချိန် အသက်၈၇နှစ်ဖြစ်ပါတယ်။ Kellerဟာ မွေးဖွားပြီး ၁၉လသားအရွယ်တည်းက မျက်မမြင်၊ ဆွံ့အနားမကြားသူဖြစ်ခဲ့တယ်။ ဒါတောင် သူတစ်သက်ကို ထူးခြားဆန်းကြယ်မှုအပြည့်နဲ့ ဖြတ်သန်းခဲ့ပါတယ်။

Thursday, October 23, 2014

ခရစ်ဝင်ကျမ်း(၄)ခုအကြောင်း - ဆက်နွယ်နေသောအကြောင်းအရာနှစ်ခု (ပထမနှင့်ဒုတိယ)


 
 

ခရစ်ဝင်ကျမ်း(၄)ခုအကြောင်း - ဆက်နွယ်နေသောအကြောင်းအရာနှစ်ခု (ပထမနှင့်ဒုတိယ)
မာကုဧဝံဂေလိကျမ်းသည် ပထမဆုံးရေးသားသော ကျမ်းဖြစ်ဟန်ရှိသည်။ မာကုသည် အာရှမိုင်းနားမြောက်ပိုင်းမှတဆင့် နောက်ဆုံးရောမမြို့အထိ သာသနာလုပ်ငန်း၌ တမန်တော်ပေတရုကို ကူညီခဲ့သူဖြစ်သည်။ (၁ပေ၁း၁၊ ၅း၁၃) ။ ပိုမိုလေးလံသော ခရီးသွားလာရန် ပေတရုထွက်ခွာသွားသောအခါ မာကုသည် ခဏတာနေရစ်ခဲ့သည်။ ရောမခရစ်ယာန်များသည် ပေတရုထံမှ သူတို့ကြားခဲ့သည့်အတိုင်း ယေရှုအကြောင်းများကို ရေးသားရန် မာကိုကို တောင်းဆိုကြသည်။ ၄င်း၏ရလဒ်မှာ မာကုဧဝံဂေလိကျမ်းဟု ကျန်ုပ်တို့သိရသည်။ 

ကျွန်မဖတ်ဖို့



ကျွန်မဖတ်ဖို့
________

ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကြတယ်။ ယောက်ျားမှာ စုထားတဲ့ငွေ သိန်း ၂၅ဝရှိတယ်၊ မိန်းမမှာက သိန်း ၂ဝဝရှိတယ်။ (ကိန်းဂဏန်းတစ်ခုအဖြစ် ရေးပါတယ်)

မင်္ဂလာမဆောင်ခင် ယောက်ျားရဲ့ပိုက်ဆံနဲ့ အိမ်ခန်းတစ်ခန်း အရစ်ကျဝယ်လိုက်တယ်၊ မိန်းမရဲ့ပိုက်ဆံကို အိမ်အပြင်အဆင် အသုံးအဆောင်တွေအတွက် သုံးလိုက်တယ်။

မင်္ဂလာဆောင်ပြီးတဲ့နောက် ယောက်ျားက သူရတဲ့လခထဲကနေ လစဉ်အိမ်ခန်းခအရစ်ကျဆပ်တယ်၊ကျန်ငွေကိုစုတယ်။ မိန်းမက သူရတဲ့လခနဲ့ နေအိမ် စားဝတ်နေရေးအတွက်သုံးတယ်၊ ကျန်တာကိုစုတယ်။

အမေ့ စာတစ်စောင် (ဖြစ်ရပ်မှန်)


အမေ့ စာတစ်စောင် (ဖြစ်ရပ်မှန်)

အမေရိကန်- ဗီယက်နန် စစ်ပွဲပြီးတဲ့အချိန် ဗီယက်နမ်နိုင်ငံဟာ ဆင်းရဲတွင်းထဲ ရောက်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာ စစ်ထဲမှာ ကျဆုံးသွားပြီး သားအမိ နှစ်ယောက်သာ ကျန်တော့သတဲ့။ ရုပ်ရည်အားဖြင့်ကော၊ စိတ်ထားလှ မှုကြောင့် မုဆိုးမ ဘဝသို့ ရောက်ရတဲ့ အမျိုးသမီးတစ်ဦးဟာ နောက် အိမ်ထောင် ပြုမယ်ဆို ဆက်ပြုနိုင်ပါသေးတယ်။ ဒါပေမယ့် တစ်ကိုယ်တည်း ရုန်းကန်ပြီး သားလေးကို ခေတ်ပညာနဲ့ မပြတ်ပဲ ထားပေးဖို့ပဲ သူဆုံးဖြတ်ခဲ့ပါတယ်။