Nine Nine Sanay @ နိုင်းနိုင်းစနေ shared 楊士毅's photo.
မိတ်ဆွေတစ်ဦး နာနတ်သီးသွားဝယ်တော့ နာနတ်သီးဝယ်သူတစ်ဦးက နာနတ်သီးရောင်းတဲ့အဒေါ်ကြီးကို ဓာတ်ပုံရိုက်ယူနေတာကိုတွေ့မြင်ခဲ့ပါတယ်။
နာနတ်သီးဝယ်သူဟာ ဓာတ်ပုံရိုက်ယူရင်း တစ်ဘက်ကလည်း အားမနာတဲ့လေသံနဲ့ “Facebook ဆိုတာကို ခင်ဗျားသိလား” လို့ ပြောပါတယ်။
အဒေါ်ကြီးက မသိဘူးလို့ပြောတော့ ဝယ်သူက “ခင်ဗျားဆက်ဆံရေးအရမ်းညံ့တယ်၊ ခင်ဗျားဆိုင်မှာ လူတွေလာမဝယ်အောင် ကျွန်တော် Facebook ပေါ် ပို့စ်ရေးတင်လိုက်မယ်” လို့ဆက်ပြောပါတယ်။
အဒေါ်ကြီးဒီလိုအပြောခံရတာဟာ အသီးဝယ်သူသွားက အဒေါ်ကြီးကို ၅ဝတန် နာနတ်သီးတစ်လုံးရွေးပေးပါလို့ ဆိုတယ်။ ဝယ်သူစိတ်တိုင်းကျ အဒေါ်ကြီးလည်း ရွေးပေးလိုက်ပါတယ်။ ဒါပေမယ့် အလေးချိန်ချိန်တဲ့အခါ ၅ဝတန်နာနတ်သီးအတိအကျမရဘဲ ၇ကျပ်ပိုလို့ ၅၇ကျပ်ဖြစ်သွားပါတယ်။ ဒါကို ဝယ်သူက အဒေါ်ကြီးလူလည်ကျတယ်လို့ဆိုပြီး စိတ်ဆိုးတယ်။ ဈေးစစ်တယ်။ နောက်ဆုံးတော့လည်း အဒေါ်ကြီးက လိုက်လျောပြီး ၅ဝထားပေးလိုက်ပါတယ်။ ဒါကို ဝယ်သူကမကျေနပ်ခဲ့ပါဘူး။ ဒီလိုနဲ့ အဒေါ်ကြီးဟာ ဓာတ်ပုံရိုက်ခံပြီး “facebook” နဲ့ အရှင်းခံလိုက်ရပါတယ်။
ဝယ်သူထွက်သွားတော့ အဒေါ်ကြီးက သူ့ဘေးကလူတွေကို “Facebook ဆိုတာဘာလဲ” လို့ နားမလည်စွာမေးခဲ့ပါတယ်။
“Facebook ဆိုတာဘာလဲ”
အဒေါ်ကြီးမှာ စမတ်ဖုန်းလည်းမရှိသလို အင်တာနက်လည်းမသုံးပါဘူး။
“Facebook” ဆိုတာ မီဒီယာ၊ သတင်းအချက်အလက်တွေကို ဖြန့်လို့ရတယ်၊ ချိတ်ဆက်လို့ရတယ်ဆိုတာကို အဒေါ်ကြီးမသိပေမယ့် ကျွန်မတို့သိပါတယ်။ ဒါကြောင့် “မီဒီယာဆိုတာ အင်အား”၊ “မီဒီယာဆိုတာ ပညာရေး” ဆိုတာကို ကျွန်မတို့အားလုံးသိကြတယ်။ အကြောင်းက ယုံကြည်မှု၊ လူ့ဘောင်အဖွဲ့အစည်းကို အကျိုးသက်ရောက်စေတဲ့ဖန်တီးမှုတွေကို ဒီမီဒီယာက ဖန်တီးနိုင်လို့ဖြစ်တယ်။
ကျွန်မတို့က မီဒီယာကို အမှီအခိုပြုခဲ့သလို မျှော်လင့်ချက်လည်းထားခဲ့တယ်။ တကယ်လို့ မီဒီယာက လူ့ဘောင်အဖွဲ့အစည်းကို အင်အားတွေမပေးဘဲ ပွဲဆူအောင်ထိုးဆွတဲ့အခါ အဲဒီမီဒီယာဆိုတာကို အပြစ်တင်တာလောက်ပဲ ကျွန်မတို့တတ်နိုင်ခဲ့တယ်။ ဒါဟာ ဟိုးအရင်တုန်းက မီဒီယာဆိုတာ လူနည်းစုလက်ထဲမှာပဲရှိခဲ့တုန်းက၊ တရားမမျှတမှန်း လူတွေသိပေမယ့် ဘာမှမတတ်နိုင်ခဲ့ကြဘူး။ ကိုယ်ကိုယ်တိုင်လည်းမှာ အင်အားရှိဖို့ မျှော်လင့်တောင့်တခဲ့ကြတယ်။
နောက်ပိုင်း အင်တာနက်ပေါ်လာပြီးတဲ့နောက် ကျွန်မတို့မှာ ဆိုရှယ်နက်ဝေါ့တွေပေါ်ထွက်လာခဲ့တယ်။ facebook ရှိလာခဲ့တယ်။ ပြည်သူတစ်ဦးတိုင်းက မီဒီယာဖြစ်တဲ့ခေတ်ကိုရောက်လာခဲ့တယ်။ မီဒီယာဟာ လူနည်းစုရဲ့လက်ထဲမှာပဲမရှိတော့ဘဲ လူတိုင်းရဲ့လက်ထဲ အင်အားအဖြစ်နဲ့ ရောက်လာခဲ့တယ်။ ကျွန်မတို့ဟာ အရင်ကလို အပြစ်တင်၊ လက်မှိုင်ချနေစရာမလိုတော့ဘူး။ ကိုယ်ကိုယ်တိုင် လူ့ဘောင်အဖွဲ့အစည်းထဲ ဘယ်လိုသတင်းအချက်တွေပေးပို့မလဲ၊ ဘယ်လိုဖန်တီးမှုမျိုးနဲ့ လူတွေကို အကျိုးသက်ရောက်စေမလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ခဲ့ပြီဖြစ်တယ်။
အကယ်၍ ပိုကောင်းမွန်ပျော်ရွှင်တဲ့ဘဝ၊ ပိုတိုးတက်လှပတဲ့ လူ့လောကကို ကျွန်မတို့မျှော်လင့်တောင့်တရင် အခုပဲ ပိုကောင်းပြီး ပိုမျှော်လင့်ချက်ရှိတဲ့ခေတ်တစ်ခေတ်ကို ကျွန်မတို့ ဖန်တီးသင့်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ မီဒီယာ၊ သင်ဟာ အင်အားဖြစ်နေပါပြီ။ ဒီလောကရဲ့အကောင်းအဆိုးကို သင်က ကိုယ်စားပြုနေပါပြီ။ ရှောင်လွှဲမရတဲ့တာဝန်ဝတ္တရားတွေ လူတိုင်းမှာရှိပါတယ်။ အကြောင်းက ကျွန်မတို့က မီဒီယာနည်းလမ်းကိုအသုံးပြုပြီး လူ့ဘောင်အဖွဲ့အစည်းရဲ့ပုံသဏ္ဍာန်ကို အဆုံးအဖြတ်ပေးနိုင်လို့ပါပဲ။
အင်တာနက်ခေတ်၊ ပြည်သူတိုင်း မီဒီယာဖြစ်တဲ့ခေတ်မှာ ကိုယ့်လက်ထဲအင်အားအာဏာရှိဖို့ထက် အဲဒီအင်အားကို ဘယ်လိုအသုံးပြုမယ်၊ လူ့အဖွဲ့အစည်းထဲ ဘယ်လိုနည်းနဲ့ ခြေဆန့်ဝင်မယ်၊ ကိုယ့်နံဘေးကလူတွေကို ဘယ်လိုပြုမူဆက်ဆံမယ်ဆိုတာက ပိုအရေးကြီးတဲ့အရာဖြစ်သွားပါပြီ။
“Facebook ဆိုတာဘာလဲ” တဲ့.. အဒေါ်ကြီးမေးတဲ့မေးခွန်းကို ကျွန်မတို့အားလုံး သေချာပြန်စဉ်းစားကြည့်ရအောင်…..
--- နိုင်းနိုင်းစနေ ခံစားဘာသာပြန်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။