ဦးခင်ညွန့်ဖော်ခဲ့သော
ဒီပဲယင်း အရေး အခင်း လုပ်ကြံ ခဲ့ကြသူများ
==========================
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ရေးသားချက် အရ ၂ဝဝ၃ မေလ ၃ဝ ရက် ဒီပဲယင်း လုပ်ကြံမှု အဓိက တရားခံ သုံးယောက်
(၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
(၂) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း
(၃) ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်
(၁) ဗိုလ်ချုပ် မှူးကြီး သန်းရွှေ (ငြိမ်း)
ဇနီး = ဒေါ်ကြိုင်ကြိုင်
၂-၂-၁၉၃၃ မွေး။
နဝတ ဥက္ကဋ္ဌ = ၁၉၉၂ မှ ၂ဝ၁၁ အထိ။ OTS ကျောင်းဆင်း။ ၁၁-၇-၁၉၅၃ မှ စပြီး အမှုထမ်း။ ၄-၁၁-၁၉၈၆ ဒုဗိုလ်ချုပ်။ ၄-၁၁-၁၉၈ ဗိုလ်ချုပ်။ ၂၇-၇-၁၉၈၈ ကာကွယ်ရေး ဒုဝန်ကြီး။ ၁၈-၉-၁၉၈၈ စစ်အာဏာသိမ်း ဒုခေါင်းဆောင်။ ၂၃-၄-၁၉၉၂ ဗခမက စောမောင်ကို ဖယ်ရှားပြီး ဥက္ကဋ္ဌလုပ်။ သမီး ၅ ယောက်ရှိ။ အေးအေးသစ်ရွှေ၊ ထားဝယ်ရွှေ၊ ခင်ပြုံးရွှေ၊ ကြည်ကြည်ရွှေ၊ သန္တာရွှေ၊ သား ၃ ယောက်ရှိ။ ကြိုင်စန်းရွှေ၊ သန့်ဇော်ရွှေ၊ ထွန်းနိုင်ရွှေ။ ကျန်းမာရေး= ဆီးချိုရောဂါ၊ လူကြီးရောဂါ။ ၂၇-၉-၂ဝဝ၇ သံဃာ့ အရေးအခင်း ကာလ ဒေါ်ကြိုင်ကြိုင်နဲ့ အဖွဲ့ လာအိုနိုင်ငံကို ရှောင်ထွက်ခဲ့။ လက်ရှိ ဟယ်လီကော့်ပတာ ၂ စီး ဝယ်ထား။ ရုရှား ပိုင်းလော့ ၂ ယောက် ထားရှိ။ နေပြည်တော်မှာ အဆင်သင့် လုပ်ထား။
(၂) ဗိုလ်ချုပ်ရဲမြင့်
ဒီပဲယင်း ရဲမြင့်ကို ရဲမြင့်ကြီးလို့ ခေါ်ကြတယ်။ သူ့ကတော်က ဒေါက်တာ တင်လင်းမြင့်။ ဒီပဲယင်း ဖြစ်တုန်းက ရဲမြင့်ကြီးက ဒုတိယ ဗိုလ်ချုပ်ကြီး၊ ၉ ကစထမှူး (ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူး အဖွဲ့မှူး)
မှတ်ချက်။ စရဖ ရဲမြင့် (ခ) ရဲမြင့်လေးက လက်ရှိ မန္တလေးတိုင်း ဝန်ကြီးချုပ် ဖြစ်ပါတယ်။
(၃) ဗိုလ်ချုပ်ကြီးစိုးဝင်း (သေဆုံး)
ဇနီး = ဒေါ်သန်းသန်းနွဲ့
ယခင်ဝန်ကြီးချုပ် ၁၉ - ၁ဝ - ၂ဝဝ၄ မှ ၁၂ - ၁ဝ - ၂ဝဝ၇ အထိ။
၁၉၆၅ မှာ DSA ကို တက်ခဲ့။ ဗခမက သန်းရွှေရဲ့ လူယုံလို့ ယူဆကြ။ ၁၉၉၇ မှာ နဝတ တွင်း (၂) ဖြစ်လာ။ ၂ဝဝ၃ ဖေဖေါ်ဝါရီ လမှာ တွင်း (၁) ဖြစ်လာ။ ၂ဝဝ၄ ဗခက ခင်ညွန့်ကို ဖြုတ် လိုက်တော့ သူ့ကို ဝန်ကြီးချုပ်ခန့်။ အရင်က အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး။ စစ်ကိုင်း တဝတ ဥက္ကဋ္ဌ။ ၁၉၈၈ အရေး အခင်းကို နှိမ်နင်း စဉ်က ခြေလျင် တပ်ရင်းကို ကွပ်ကဲခဲ့။ ရန်ကုန် ဆေးရုံကြီးမှာ ပစ်ခတ်မှုကို အမိန့်ပေးခဲ့။ ၁၂-၁ဝ-၂ဝဝ၇ မှာ လူကီးမီးယား သွေး ကင်ဆာနဲ့
သေဆုံး။ သူစင်္ကာပ ဆေးရုံ တက်နေစဉ် ၂ဝဝ၇ ဇန္နဝါရီ လထဲ ဗခမက သန်းရွှေ လာကြည့်။ သူသေတော့ အဆင့် (၅) နေရာမှာ သာရှိတဲ့ လက်ရှိ သမတ ဗခက သိန်းစိန်က ဝန်ကြီးချုပ် အဖြစ် ဆက်ခံ။
မှတ်ချက်။
၁၉၆၂ ကျောင်းသား သမဂ္ဂ အဆောက် အဦးကို ဒိုင်းနမိုက်နဲ့ ခွဲတဲ့ တရားခံကို ဗခက နေဝင်းနဲ့ ဗမခ အောင်ကြီးတို့က တယောက် အပေါ် တယောက် လွှဲချခဲ့ ကြတယ်။
ဒီပဲယင်း လုပ်ကြံ မှုမှာ မုံရွာ - ချောင်းဦးနား ကနေ အမိန့်ပေး ခဲ့တဲ့ စွမ်းအားရှင် (ကနေ့လက်ပတ်နီ) အဖွဲ့ကို မွေးထုတ် ခဲ့သူ ဦးအောင်သောင်း နာမည် ထည့်ထားတာ မတွေ့ရပါ။
ဒေါက်တာတင့်ဆွေ
ZN.H
Via..yuyu awi
ဒီပဲယင်း အရေး အခင်း လုပ်ကြံ ခဲ့ကြသူများ
==========================
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။