" စာဖတ်ခြင်းဆိုတာ Lifelong learning ပဲ "
#ဂျူး
Q. လူငယ်တွေဟာ ကိုယ်လိုချင်တဲ့ ဘ၀ပန်းတိုင်ကို မှန်မှန်ကန်ကန်နဲ့ အောင်အောင်မြင်မြင်ရောက်အော င် လျှောက်လှမ်းနိုင်ဖို့ အကြံပြုစကားလေး ပြောပေးပါဦးဆရာမ။
A. ဆရာမရဲ့ အကြံပြုချက်ကတော့ အလွန်ရှင်းပါတယ်။ စာဖတ်ပါ။ ဂီတတွေကို နားထောင်ပါ။ စာဖတ်ခြင်း၊ ဂီတကို နားထောင်ခြင်းက ကိုယ့်ကိုယ်ကိုယ်သိအောင် လုပ်ပေးနိုင်လိမ့်မယ်။ လူတစ်ယောက်က စာဖတ်မှ ကိုယ်ဟာဘာလဲဆိုတာကို သိမှာ၊ စာမဖတ်လို့ရှိရင် ကိုယ်ဟာဘာလဲဆိုတာကို မသိတတ်ဘူး။ စာဖတ်ခြင်းမှာ အကျိုးကျေးဇူးတွေက အများကြီးရှိတယ်။ စာဆိုတာက လူအကြောင်း ရေးတာကိုး။ လူအကြောင်းရေးတာ ဖြစ်တဲ့အတွက် လူအကြောင်း သိလာမယ်။ အဓိကက စာဖတ်ခြင်းအားဖြင့် လူဟာ ကိုယ့်ကိုယ်ကိုယ် သိလာမယ်။ ကိုယ်စိတ်ဝင်စားတာကို ကိုယ်သိလာမယ်။ နောက်တစ်ခုက စာဖတ်ခြင်းအားဖြင့် တွေးတတ်ခေါ်တတ်လာမယ်။ တွေးခေါ်မြော်မြင်ခြင်းကို စာကပဲ ကိုယ့်ကို တွန်းအားပေးမယ်။ စာဆိုတာမှာ ကျောင်းစာလည်း ပါတယ်။ ပြင်ပစာလည်း ပါတယ်။ သုတလည်းပါတယ်။ ရသလည်း ပါတယ်။ လူငယ်တွေဟာ ကျောင်းစာလည်း ဖတ်ရမယ်။ အပြင်စာလည်း ဖတ်ရမယ်။ အဲဒါဆိုရင် တွေးတတ်လာမယ်။ စာဖတ်တယ်ဆိုတာက တွေးတတ်အောင် လေ့ကျင့်ပေးတာ။ စာမဖတ်ရင် မတွေးတတ်ဘူး။ စာဖတ်တဲ့အခါ ယေဘုယျကျကျ Analytically တွေးတတ်လာမယ်။ စာကို စနစ်တကျလေ့လာပြီးတော့ ဖတ်လို့ရှိရင် ကိုယ်က တွေးစရာတွေ ပိုများလာမယ်။ ပျော်မွေ့မှုအနေနဲ့ ဖတ်ရင်လည်း စာဖတ်သက်ရလာတဲ့အခါကျတော့ အဲဒီပျော်မွေ့မှုထဲကနေပဲ ကိုယ်လိုချင်တဲ့
အကျိုးဆက်တွေ ရလာမယ်။ အဲဒါက လုံးဝစိတ်ချရတယ်။ သေချာတာကတော့ စာဖတ်နေဖို့ပဲ။ ငယ်ငယ်ကတည်းကဖတ်ရင် ပိုကောင်းတာပေါ့။ လေးတန်း၊ ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်းကတည်းက ဖတ်ရမယ်။ စာဖတ်ခြင်းဆိုတာ Lifelong learning ပဲ။ တစ်သက်လုံး ဖတ်နေရမှာလေ။ ငါတော့တော်ပြီ၊ မဖတ်တော့ဘူးလို့ မရဘူး။ တစ်သက်လုံးဖတ်ရမယ်။ တစ်သက်လုံး ဖတ်နေတာနဲ့အမျှ ကိုယ့်မှာ အတွေးတွေက တစ်ချိန်လုံး ၀င်နေမယ်။ အတွေးတွေက အသစ်တွေဖြစ်မယ်။ စာမဖတ်တော့ဘူးဆိုရင် အတွေးတွေက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က အတွေးပဲဖြစ်နေမယ်။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ဖတ်ထားတဲ့စာက ကိုယ့်အထဲမှာ ရှိနေတယ်။ အခု နောက်ထပ် စာမဖတ်ဘူးဆိုရင် နောက်ထပ်အတွေးကို ကိုယ်မရဘူး။ အရင် အတွေးပဲ ရှိမယ်။ အဲဒါကြောင့် တောက်လျှောက် စာဖတ်နေရမယ်။ လူငယ်တွေဟာ ဘ၀ပန်းတိုင်ကို မှန်မှန်ကန်ကန်နဲ့ အောင်အောင်မြင်မြင်ရောက်အော င် လျှောက်လှမ်းနိုင်ဖို့အတွက် စာဖတ်ခြင်းက ကောင်းကောင်းအထောက်အကူပြုနိုင်ပါတယ်။
(Eternal Light Magazine, December 2015 တွင် ဖော်ပြခဲ့သော " စာရေးဆရာမဂျူး၏ ဘ၀ကောက်ကြောင်း (၂) " အင်တာဗျူးဆောင်းပါးမှ ပြန်လည်ကောက်နုတ်ဖော်ပြပါသည်။ လွတ်လပ်စွာ Share နိုင်ပါသည်။)
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
#ဂျူး
Q. လူငယ်တွေဟာ ကိုယ်လိုချင်တဲ့ ဘ၀ပန်းတိုင်ကို မှန်မှန်ကန်ကန်နဲ့ အောင်အောင်မြင်မြင်ရောက်အော
A. ဆရာမရဲ့ အကြံပြုချက်ကတော့ အလွန်ရှင်းပါတယ်။ စာဖတ်ပါ။ ဂီတတွေကို နားထောင်ပါ။ စာဖတ်ခြင်း၊ ဂီတကို နားထောင်ခြင်းက ကိုယ့်ကိုယ်ကိုယ်သိအောင် လုပ်ပေးနိုင်လိမ့်မယ်။ လူတစ်ယောက်က စာဖတ်မှ ကိုယ်ဟာဘာလဲဆိုတာကို သိမှာ၊ စာမဖတ်လို့ရှိရင် ကိုယ်ဟာဘာလဲဆိုတာကို မသိတတ်ဘူး။ စာဖတ်ခြင်းမှာ အကျိုးကျေးဇူးတွေက အများကြီးရှိတယ်။ စာဆိုတာက လူအကြောင်း ရေးတာကိုး။ လူအကြောင်းရေးတာ ဖြစ်တဲ့အတွက် လူအကြောင်း သိလာမယ်။ အဓိကက စာဖတ်ခြင်းအားဖြင့် လူဟာ ကိုယ့်ကိုယ်ကိုယ် သိလာမယ်။ ကိုယ်စိတ်ဝင်စားတာကို ကိုယ်သိလာမယ်။ နောက်တစ်ခုက စာဖတ်ခြင်းအားဖြင့် တွေးတတ်ခေါ်တတ်လာမယ်။ တွေးခေါ်မြော်မြင်ခြင်းကို စာကပဲ ကိုယ့်ကို တွန်းအားပေးမယ်။ စာဆိုတာမှာ ကျောင်းစာလည်း ပါတယ်။ ပြင်ပစာလည်း ပါတယ်။ သုတလည်းပါတယ်။ ရသလည်း ပါတယ်။ လူငယ်တွေဟာ ကျောင်းစာလည်း ဖတ်ရမယ်။ အပြင်စာလည်း ဖတ်ရမယ်။ အဲဒါဆိုရင် တွေးတတ်လာမယ်။ စာဖတ်တယ်ဆိုတာက တွေးတတ်အောင် လေ့ကျင့်ပေးတာ။ စာမဖတ်ရင် မတွေးတတ်ဘူး။ စာဖတ်တဲ့အခါ ယေဘုယျကျကျ Analytically တွေးတတ်လာမယ်။ စာကို စနစ်တကျလေ့လာပြီးတော့ ဖတ်လို့ရှိရင် ကိုယ်က တွေးစရာတွေ ပိုများလာမယ်။ ပျော်မွေ့မှုအနေနဲ့ ဖတ်ရင်လည်း စာဖတ်သက်ရလာတဲ့အခါကျတော့ အဲဒီပျော်မွေ့မှုထဲကနေပဲ ကိုယ်လိုချင်တဲ့
အကျိုးဆက်တွေ ရလာမယ်။ အဲဒါက လုံးဝစိတ်ချရတယ်။ သေချာတာကတော့ စာဖတ်နေဖို့ပဲ။ ငယ်ငယ်ကတည်းကဖတ်ရင် ပိုကောင်းတာပေါ့။ လေးတန်း၊ ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်းကတည်းက ဖတ်ရမယ်။ စာဖတ်ခြင်းဆိုတာ Lifelong learning ပဲ။ တစ်သက်လုံး ဖတ်နေရမှာလေ။ ငါတော့တော်ပြီ၊ မဖတ်တော့ဘူးလို့ မရဘူး။ တစ်သက်လုံးဖတ်ရမယ်။ တစ်သက်လုံး ဖတ်နေတာနဲ့အမျှ ကိုယ့်မှာ အတွေးတွေက တစ်ချိန်လုံး ၀င်နေမယ်။ အတွေးတွေက အသစ်တွေဖြစ်မယ်။ စာမဖတ်တော့ဘူးဆိုရင် အတွေးတွေက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က အတွေးပဲဖြစ်နေမယ်။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ဖတ်ထားတဲ့စာက ကိုယ့်အထဲမှာ ရှိနေတယ်။ အခု နောက်ထပ် စာမဖတ်ဘူးဆိုရင် နောက်ထပ်အတွေးကို ကိုယ်မရဘူး။ အရင် အတွေးပဲ ရှိမယ်။ အဲဒါကြောင့် တောက်လျှောက် စာဖတ်နေရမယ်။ လူငယ်တွေဟာ ဘ၀ပန်းတိုင်ကို မှန်မှန်ကန်ကန်နဲ့ အောင်အောင်မြင်မြင်ရောက်အော
(Eternal Light Magazine, December 2015 တွင် ဖော်ပြခဲ့သော " စာရေးဆရာမဂျူး၏ ဘ၀ကောက်ကြောင်း (၂) " အင်တာဗျူးဆောင်းပါးမှ ပြန်လည်ကောက်နုတ်ဖော်ပြပါသည
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။