Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 23, 2016

လူကဲခတ်ကြသူတွေ

လူကဲခတ်ကြသူတွေ
+++++++++++++

တစ်ခါက စာပေကျမ်းဂန်နှံ့စပ်တဲ့ ပုဏ္ဏားတစ်ယောက်ရှိပါသတဲ့..။ သူဟာ စာပေ ကျမ်းဂန်နှံ့စပ်ရုံမျှမက အကျင့်သီလ ဖြူစင်သူ သူတော်စင်တစ်ယောက်လည်း ဖြစ်ပြန်သတဲ့..။ ဒါပေမယ့်လည်း ပုဏ္ဏားဟာ ဆင်းရဲလွန်းတဲ့အတွက် တဲအိမ်အစုတ်မှာသာ နေထိုင်ရပါသတဲ့..။ ပုဏ္ဏားရဲ့ အ၀တ်အစားတွေဟာလည်း အင်မတန်မှ ဟောင်းနွမ်းနေတဲ့အပြင် လဲလှယ်စရာ အ၀တ်အပို တစ်စုံတစ်ရာမျှ မရှိဘဲ ဖြစ်နေခဲ့တယ်။ အဲဒီလို ဆင်းရဲလှတဲ့ ပညာရှိ ပုဏ္ဏားဟာ အိမ်တကာကိုလှည့်လည်ပြီး အလှူခံစားသောက်ရပြန်တယ်.။

ပုဏ္ဏားဟာ တစ်အိမ်တက်ဆင်းလှည့်လည်ပြီး "အ၀တ်အထည် အစားသောက်များ စွန့်ကြဲလှူဒါန်းကြပါ အိမ်ရှင်တို့" လို့ ရွတ်ဆို အလှူခံလေ့ရှိတယ်။ ဒါပေမယ့်လည်း အလှူခံတဲ့ အိမ်တွေကလူတွေဟာ သူ့ရဲ့ စုတ်ချာလှတဲ့ အ၀တ်အစားတွေကြောင့် ပုဏ္ဏားကို အရူးတစ်ယောက်လို့သာ ထင်နေကြပြန်တယ်..။ အဲဒီလို မောင်းထုတ်ပေမယ့်လည်း ပုဏ္ဏားဟာ ၀မ်းရေးအခက်အခဲကြောင့် သူဌေးကြီးတစ်ဦးရဲ့ အိမ်ရှေ့မှာရပ်ပြီး အလှူခံပြန်တယ်..။

"စားဖွယ်နဲ့၊ အ၀တ် အပိုလေးများရှိရင် စွန့်ကြဲပါသူဌေးကြီး" လို့ ပုဏ္ဏားက ခြံဝမှာရပ်နေတဲ့သူဌေးကြီးဆီမှာအလှူခံလိုက်တယ်။ အဲဒီအခါ သူဌေးကြီးက
"ဟဲ့အရူး .. သွား.. သွား။ သွားစမ်း" လို့ ပုဏ္ဏားကို မောင်းထုတ်လိုက်ပြန်တယ်..။

ပုဏ္ဏားဟာ စိတ်ပျက်လက်ပျက်နဲ့ ဆက်လက်ထွက်ခွာလာခဲ့တယ်..။ သူဟာ နေအိမ်တော်တော်များများကို ဆက်ပြီး အလှူခံပေမယ့်လည်း လူတိုင်းက သူ့ကို ရိုင်းစိုင်းစွာပဲ မောင်းထုတ်လိုက်ကြပြန်တယ်..။ အဲဒီလိုနဲ့ ပုဏ္ဏားဟာ လမ်းဘေးတစ်နေရာမှာ စိတ်ပျက်လက်ပျက်နဲ့ ငေးငိုင်နေခဲ့ပါသတဲ့။ အဲဒီလို ငေးငိုင်နေတဲ့ ပုဏ္ဏားကို အ၀တ်အထည် တွေ ရောင်းဝယ်တဲ့ ကုန်သည်တစ်ဦးက တွေ့မြင်သွားခဲ့ပါသတဲ့..။ အဲဒီအခါမှာတော့ ကုန်သည်ဟာ သူ့မှာရှိတဲ့ အ၀တ်အထည်တွေထဲက အကောင်းစားအ၀တ်အထည် အချို့ကို ပုဏ္ဏားအတွက် လှူဒါန်းသွားခဲ့သတဲ့..။

အဲဒီိလိုနဲ့ ပုဏ္ဏားဟာ မြစ်ကမ်းတစ်ခုမှာရေချိုးပြီး ကုန်သည်လှူဒါန်းထားတဲ့ အ၀တ်သစ်အစားသစ်တွေကို သိုက်မြိုက်စွာ ၀တ်စားပြီး သူ့ကို မောင်းထုတ်ခဲ့တဲ့ သူဌေးကြီးရဲ့ အိမ်ဝကို တစ်ဖန်ပြန်လည်သွားရောက်ခဲ့ပါသတဲ့..။ အဲဒီနောက်မှာတော့ ယခင်နည်းအတိုင်း

"စားဖွယ်နဲ့၊ အ၀တ် အပိုလေးများရှိရင် စွန့်ကြဲပါသူဌေးကြီး" လို့ အလှူခံပြန်ပါသတဲ့..။ အဲဒီအခါမှာတော့ သူဌေးကြီးက
"ကြည်ညိုဖွယ် အဆင်းနဲ့သူတော်စဉ်ပုဏ္ဏားပါလား..။ အိမ်ထဲကို ကြွပါဦးဗျာ။ စားဖွယ်တွေ သုံးဆောင်ပြီး ကျွန်တော့်အိမ်အတွက်ရွတ်ဖတ်ဆုတောင်းမှုတွေ ပြုပေးပါ" လို့ မေတ္တာရပ်ခံခဲ့ပါသတဲ့..။

အိမ်ထဲကို ရောက်တဲ့အခါမှာလည်း သူဌေးကြီးဟာ မုန့်ချိုတွေ၊ ဟင်းလျာကောင်းတွေ ပြည့်နေတဲ့ ထမင်းပွဲနဲ့ ပုဏ္ဏားကို ဧည့်ခံပါသတဲ့..။ ပုဏ္ဏားဟာ သူဌေးကြီးတည်ခင်းတဲ့ စားသောက်ပွဲမှာ ကျနစွာထိုင်ပြီး သူဝတ်ဆင်လာတဲ့ အ၀တ်သစ် တွေကို ချွတ်ခါ စားပွဲပေါ်မှာပုံလိုက်သတဲ့..။ ပြီးတဲ့အခါ သူဌေးကြီးတည်ခင်းတဲ့အစားအသောက်တွေကို တစ်စွန်းပြီးတစ်စွန်း ခပ်ယူပြီး သူ့ရဲ့ အ၀တ်တွေပေါ်မှာ စုပုံ ထားပါသတဲ့။ ပုဏ္ဏားရဲ့ နှုတ်ကလည်း

"စားကြပါဟ..။ အားမနာနေကြပါနဲ့.. အားရပါးရစားလိုက်ကြစမ်းပါ အ၀တ်သစ်တွေရ"

လို့ အော်ဟစ်ပြောဆိုနေပါသတဲ့..။ ပုဏ္ဏားရဲ့ ထူးဆန်းတဲ့အပြုအမူကိုမြင်တဲ့အခါ သူဌေးကြီးက
"ပုဏ္ဏားကြီး. ဘာတွေလုပ်နေတာလဲဗျ..။ ခင်ဗျား ရူးနှမ်းနေပြီနဲ့တူတယ်။ ခင်ဗျားရဲ့အ၀တ်တွေက အစားအသောက်တွေ မစားနိုင်ဘူးလေ၊ ပေါက်ကရတွေ မလုပ်ပါနဲ့ ပုဏ္ဏားကြီး" လို့ပြောလိုက်တယ်..။ အဲဒီအခါ ပုဏ္ဏားက

"သူဌေးကြီး. ကျွန်ုပ်ဟာ အ၀တ်အထည်အဟောင်းအစုတ်တွေကို ၀တ်ဆင်ပြီး ဒီမနက်ပဲ သင့်အိမ်ရှေ့မှာ အလှူခံခဲ့ပါသေးတယ်..။ အဲဒီတုန်းက ကျွန်ုပ်ကို ခုအတိုင်း မကျွေးမွေးတဲ့အပြင် အရူးတစ်ယောက် ကို မောင်းထုတ်သလို မောင်းထုတ်ခဲ့တယ်။ ခု အ၀တ်အစားအသစ်တွေ ၀တ်ပြီးလာတဲ့အခါတော့ သင်ဟာ စားကောင်းသောက်ဖွယ်တွေနဲ့ တည်ခင်း ဧည့်ခံပြန်တယ်။ အ၀တ်အစား ပြောင်လဲခြင်းဟာ၊ အသင်သူဌေးကြီးရဲ့ ကျွေးမွေးခြင်း၊ မကျွေးမွေးခြင်းနဲ့ တိုက်ရိုက် ဆက်စပ်ပတ်သက်နေတယ်။ တကယ်တော့ သင်ဟာ ကျွန်ုပ်ကို စားကောင်းသောက်ဖွယ်တွေ ကျွေးမွေးတာ မဟုတ်ပေဘူး။ အ၀တ်အစားတွေကိုသာ ကျွေးမွေးတာဖြစ်တယ်လို့ ကျွန်ုပ်ယူဆပါတယ်။ ဒါကြောင့် သင့်အလှူဒါန ပြည့်မြောက်ဖို့အတွက် အ၀တ်သစ်တွေကို ကျွန်ုပ်အစာကျွေးခြင်းဖြစ်ပါတယ်"လို့ပြန်ပြောလိုက်တယ်။

အဲဒီအခါမှာတော့ သူဌေးကြီးဟာ ရှက်ရွံ့မှုနဲ့အတူ တိတ်ဆိတ်နေခဲ့ပါတော့သတဲ့..။

ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြထားတာတွေရှိတယ်။ တကယ်တော့ လူတွေရဲ့ မသိစိတ်ဟာ ကိုယ့်အလုပ်အကိုင်၊ ပတ်ဝန်းကျင် စတဲ့နယ်ပယ်တွေမှာ ထိတွေ့လာတဲ့လူမှန်သမျှကို အစဉ်မပြတ် အကဲခတ်၊ မှတ်ချက်ချလေ့ရှိကြတယ်လို့ဆိုတယ်။ သဘောကတော့ ဈေးသည်တစ်ယောက်ဟာ ကိုယ့်ဆိုင်ထဲဝင်လာတဲ့ လူတစ်ယောက်ရဲ့ သွင်ပြင်ကိုကြည့်ပြီး "လူကောင်းလား၊ သူခိုးလား၊ သူဌေးလား၊ ကပ်စေးနည်းမယ့်သူလား၊ လက်ဖွာမယ့်သူလား" စတဲ့အချက်တွေပေါ်မူတည်ပြီး တမဟုတ်ခြင်း လျင်မြန်စွာ အကဲခတ်လေ့ရှိတယ်လို့ ဆိုတယ်။ အဲဒီလို အကဲခတ်တဲ့အခါမှာတော့ သာမန်အားဖြင့် ပုံပြင်ထဲကသူဌေးကြီးလိုမျိုး အကဲခတ်သူရဲ့ အ၀တ်အစား၊ အသွင်ပြင်ပေါ်မှာ မူတည်ပြီး အကောင်းအဆိုး သတ်မှတ်ချက် ကွာခြားသလို ပြောဆိုဆက်ဆံပုံတွေ ကွာခြားလေ့ ရှိကြတယ်လို့ဆိုတယ်။ အဖိုးတန်အ၀တ်အစားတွေ၊ အဆောင်အယောင်တွေနဲ့ သူကို ပြောဆို ဆက်ဆံပုံနဲ့၊ နုံချာနွမ်းပါးစွာ ၀တ်စားလာသူအပေါ် ပြောဆို ဆက်ဆံပုံတွေဟာလည်း ကွာခြားသွားတတ်တယ်လို့ဆိုတယ်။ ကောင်းမွန်စွာ ၀တ်စားသူကို "ဘာအလိုရှိလဲ ဆရာ" လို့ မေးမြန်းပေမယ့်၊ စုတ်ချာစွာဝတ်စားလာသူကိုတော့ "ဘာယူမလဲ" ဆိုတဲ့စကားနဲ့ နှုတ်ဆက်ကြမှာပဲဖြစ်တယ်။

အဲဒီအချက်ဟာ"အပေါ် အဆင်းပေါ်မူတည်ပြီး ကောင်းဆိုး၊ ဆုံးဖြတ်တတ်ခြင်း" ဆိုတဲ့ လူတွေရဲ့ စရိုက်သဘာဝအရပဲဖြစ်တယ်။
အဲဒီလို အ၀တ်အစားပေါ်မူတည်ပြီး ဆုံးဖြတ်တဲ့ လူတွေရဲ့ ဓလေ့ကြောင့်ပဲ "ပွဲတက်ဝတ်စုံ၊ ပါတီဝတ်စုံ၊ အိမ်နေရင်းဝတ်စုံ၊ အပြင်သွားတဲ့ဝတ်စုံ" စတဲ့ သင့်တော်ရာ ခွဲခြားဝတ်ဆင်တတ်တဲ့ အလေ့အထကို ကျင့်သုံးကြသူတွေလည်း အများကြီးရှိနေကြပြန်တယ်။
အဲဒီလို အ၀တ်အစားပေါ်မူတည်ပြီး ခွဲခြားဆက်ဆံတတ်တဲ့ သူတွေကို အပြစ်မြင်၊ အပြစ်တင်နေမယ့်အစား၊ အ၀တ်အစားကို နေရာကိုလိုက်ပြီး သန့်ရှင်းသပ်ယပ်စွာ ၀တ်စားခြင်းဟာလည်း ကောင်းမွန်တဲ့၊ ပြုလုပ်သင့်တဲ့ အချက်တစ်ခုပဲဖြစ်တယ်။ တကယ်လည်းပဲ လူ့လောက၊ လူ့ဝန်းကျင်မှာ ၀င်ဆန့်ချင်သူ၊ အောင်မြင်ချင်သူ၊ အပေါင်းအသင်းမိတ်ဆွေ များလိုသူတွေဟာလည်း မိမိနဲ့ သင့်တော်ရာ အ၀တ်အစားကို သန့်ရှင်းစွာနဲ့၊ သေသပ်စွာ ၀တ်ဆင်တတ်ဖို့လိုမှာပဲဖြစ်တယ်။ အ၀တ်အစားတင်မက မိမိရဲ့ ဟန်ပန်အမူအယာနဲ့၊ စကားအပြောဆို၊ မိမိကိုယ့်က ထွက်တဲ့ အနံ့အသက်ကပါ မိမိအပေါ် အထင်ကြီးခြင်း၊ သေးခြင်း တွေကို များစွာ အကျိုးသက်ရောက်မှာပဲဖြစ်တယ်..။ အ၀တ်အစားဘယ်လောက်ပဲ သပ်ယပ်သန့်ရှင်းနေပါစေ ချိုင်းချွေးနံ့တထောင်းထောင်းဖြစ်နေတဲ့ ပုဂ္ဂိုဟ်တစ်ဦးကို ဘယ်သူကမှ အနားကပ်ပြီး ရင်းနှီးစွာ စကားပြောဆိုလိုမှာမဟုတ်ပါဘူး..။

ကျွန်တော်တို့ဗုဒ္ဓဘုရားရှင်တောင်မှ သူ့တပည့်သားရဟန်းတွေကို သင်္ကန်းရုံတဲ့အခါ ရှေ့နောက်ဝဲယာ အ၀န်းညီစွာဝတ်ရုံဖို့၊ မြို့ရွာအတွင်းသွားတဲ့အခါ သင်္ကန်းရုံဖို့၊ သင်္ကန်းကိုမပြီး မသွားလာ မနေထိုင်ဖို့၊ သင်္ကန်းကို တစ်လထက်ပိုပြီး မချုပ် မဆိုးဘဲ မထားဖို့ စတဲ့ပညတ်ချက်ဝိနည်းတွေနဲ့ ရဟန်းတော်များရဲ့ ကိုယ်ရေကိုယ်သွေး အနေအထိုင်ကို ကန့်သတ်ဆုံးမခဲ့တယ်။
မိမိအကြောင်းကို သိပြီးသူ၊ မိမိရဲ့အရည်အချင်းကို သိပြီးသူတွေအတွက် အ၀တ်အစားဟာ အရေးမကြီးပေမယ့်၊ အသစ်ဆက်ဆံရမယ့် ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေကောင်းတွေဟာ မိမိကို စတွေ့တွေ့ခြင်း၊ မြင်မြင်ချင်းမှာတော့ မိမိရဲ့ကိုယ်ရည်ကိုယ်သွေး၊ ၀တ်စားဆင်ယင်မှု personality ကိုကြည့်ပြီးသာ မိမိကို မှတ်ချက်ချကြမှာပဲဖြစ်တယ်။ အဲဒီအချိန်မှာ မိမိရဲ့မကောင်းတဲ့ အကျင့်စရိုက်ကို သတိထားမိပြီး၊ မိမိကို မကောင်းသောသူအဖြစ် မှတ်ချက်ချခဲ့ရင်တော့ အသစ်ရလာမယ့် အခွင့်အရေး၊ မိတ်ဆွေကောင်းတွေကို ဆုံးရှုံးရမှာပဲဖြစ်တယ်။
ကျွန်တော်တို့တွေဟာလည်း ပုံပြင်ထဲက ပုဏ္ဏားရဲ့ဖြစ်အင်ကို နမူနာယူပြီး မိမိရဲ့ ၀တ်စားဆင်ယင်ပုံ နဲ့ အမူအကျင့်ကို ကောင်းမွန်စွာပြောင်းလည်းမွေးမြူကြရမှာပဲဖြစ်တယ်။

"An ugly personality destroys a pretty face" ဆိုတဲ့စကားလို ဆိုးရွားပြီးအရုပ်ဆိုးတဲ့ အမူအကျင့်ဟာ၊ ချောမောလှပတဲ့ ရုပ်သွင်ကိုတောင်ဖျက်ဆီးပစ်နိုင်တယ်" လို့ဆိုလိုတာဖြစ်တယ်။ ဆိုလိုတာကတော့ ဘယ်လောက်ပဲ ချောမောလှပတဲ့ ရုပ်ရည်ရှိနေပါစေ အနေအထိုင် ညစ်ပတ်ရင်၊ မသပ်ယပ်ရင် ချောမောလှပခြင်းဟာ အလကား အချည်းနှီးပဲဖြစ်တယ်လို့ဆိုလိုတာဖြစ်တယ်။ ကျွန်တော်တို့ဟာလည်းပဲ လူ့လောက၊ လူ့ဝန်ကျင်မှ ကျဉ်လည်နေကြတဲ့ လူထဲက လူတွေပဲဖြစ်တဲ့အတွက် လူတွေရဲ့ နှစ်လိုမှု ခင်မင်မှု၊ အရေးတယူဆက်ဆံမှု၊ နေရာပေးမှုတွေကို လိုချင်ကြသူတွေပဲ ဖြစ်တယ်။ အဲဒီလို လူဝင်ဆံ့ခြင်းတွေကို လိုချင်တဲ့အခါမှာတော့ အထက်ကပြောခဲ့တဲ့ ပုဏ္ဏားရဲ့ ဥပမာအတိုင်း သူ့နေရာနဲ့သူ သင့်တော်တဲ့ အ၀တ်အထည်၊ အ၀တ်အစားတွေကို သပ်ယပ်စွာ ၀တ်ဆင်ကြရမှာပဲ ဖြစ်တယ်..။
လူချစ်လူချင်များကြပါစေဗျာ..

မေတ္တာဖြင့်
(ဖြိုးသုတ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။